















နိုင်ငံခြားနဲ့ ပတ်သက်သောလုပ်ငန်း ၊ နိုင်ငံခြားသွားရောက်လုပ်ကိုင်ခြင်းများ အကျိုးပေးအောင်မြင်တတ်ပါတယ် ။














Unicode

၁ ဂဏန်းသမား မွေးရက်များရဲ့ ဂုဏ်သတ္တိများ

၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု ခေါ်သည်။

သင်ဟာ ပါးနပ်တယ် စကားကို ရှင်းရှင်းပြောတက်တယ် ဟာသဉာဏ်ရွှင်တယ် ခေါင်းမာတယ် ရိုးသားတယ် တဖက်သားကို မနာလို ဝန်တိုတက်တယ် ကြင်နာတက်တယ် ဒေါသလွယ်တယ်၊

ဖော်ရွေတယ် တာဝန်ယူလိုစိတ်ရှိတယ် အမြဲတမ်း ကျော်ကြားသူတစ်ယောက် ဖြစ်ချင်တယ် လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ် တစ်ခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ် သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး၊

မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်၊ ဒါပေမယ့် ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထပ် ဖြစ်ကြတာများပါတယ်၊

အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်၊ အငြိုးအတေးကြီးပြီး လက်စားချေတက်ကြတယ်၊ အသုံးအဖြုန်းကြီးသူတစ်ယောက်ဖြစ်ပေမယ့် မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်၊

သင်ဟာ အမျိုးသားဆိုရင် အရမ်းနာမည်ကျော်မယ် ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီး၊ လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်၊

နေရာစုံ ဝင်ဆန့်နိုင်တဲ့သူ တစ်ယောက်ဖြစ်တယ်၊ ရပ်ကွက်ထဲမှသည် ဟိုးအပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံ သွားနိုင်သူပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကိစ္စတော်တော်များများကို သင်က တဖတ်ကမ်းခတ်အောင် သိနေတက်တယ်လေ၊

ဒါပေမယ့် သင့်ရဲ့ဘဝမှာ တချို့လူတွေက ဘဝနိမ့်ကျသွားအောင် နာမည်ပျက်သွားအောင် လုပ်တာမျိုး ကြုံရတက်ပါတယ်၊

ဒါကလည်း မဆန်းပါဘူး၊ လူတွေရဲ့ မနာလိုမှုကြောင့်ပါပဲ၊ သင့်ရဲ့မိသားစုဘဝက အေးချမ်းလွန်းပါတယ် သင်ဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်၊

သင်ဟာ ရှေ့ဆောင်သူ လွတ်လပ်မှုကို မြတ်နိုးသူ ဘာသာတရားကို ကိုင်းရှိုင်းသူတယောက်ပါပဲ၊ သင့်ရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့ 4, 6, 8 သင့်တင့်တဲ့ သူတွေကတော့ 3, 5, 7 တွေပါ၊

၁ ဂဏန်းပိုင်ရှင်များက အချစ် မေတ္တာဟူသည် နှလုံးသားနှင့်ဦးနှောက် ပေါင်းစပ်ဆုံးဖြတ်ရသော အချင်းအရာဖြစ်သည်ဟု ယူဆကြသည်။

ဘဝအဖေါ်ကို ရွေးချယ်သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်းစဉ်းစားလေ့ရှိသည်။ မိမိအပေါ် နားလည်ခွင့်လွှတ်၍ ပံ့ပိုးကူညီခြင်းရှိသူကို ရွေးချယ်တတ်သည်။ ကံခေသည်မှာ အချစ်ဆုံးနှင့် ကွေကွင်းရတတ်ပြီး

ချစ်သူကတစ်ယောက်၊ လက်ထပ်ရသူကတစ်ဦး ဖြစ်တတ်သည်။ အသက် ၁၆ မှ ၂၂ နှစ်ကြား မေတ္တာကံခေ၍ ၂၂ ကျော်မှ ရင့်ကျက်သော နှလုံးသားဖြင့် ခိုင်မြဲသော ချစ်ခြင်းမေတ္တာ ပိုင်ဆိုင်ခွင့်ရှိမည်။

၁ ဂဏန်းသမားများဟာ အိုးအိမ် ၂ ကြိမ် ၃ ကြိမ်း ပြောင်းလဲ နေရတတ်ပါတယ်။ လုပ်ငန်း ၂ ခါပြောင်းရခြင်း ၊ လုပ်ငန်း ၂ ခု ၃ ခု လုပ်ရတတ်ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

နိုင်ငံခြားနဲ့ ပတ်သက်သောလုပ်ငန်း ၊ နိုင်ငံခြားသွားရောက်လုပ်ကိုင်ခြင်းမာျး အကျိုးပေးအောင်မြင်တတ်ပါတယ် ။

ကိုယ်ပိုင် မူ ကိုယ်ပိုင်ဟန်ဖြင့် ကြိုးစား ကြံဆ လုပ်ကိုင် လျှင် ပိုမိုအောင်မြင်တတ်ပါတယ်။ လောကီပညာလေ့လာလိုက်စာမည် ဆိုလျှင် ဆရာကောင်းနဲ့ တွေ့တတ်ပြီး

အောင်မြင်ရတတ်ပါတယ် သာသနာပြုလုပ်ငန်းများလုပ်ကိုင်လျှင် အောင်မြင်တတ်ပါတယ် များသောအားဖြင့် ၁ ဂဏန်းသမားများ ဟာ နိုင်ငံအကြီး အကဲ ခေါင်းဆောင်ဖြစ်တာများပါတယ်။ စာပေ ဘက်မှာလည်း ထူးချွန်နာမည်ရကြပါတယ်။

ကမ္ဘာကျော်လက္ခဏာ ဆရာကြီး ကိုင်ရို (1-11-1861) သည်လည်း ၁ ဂဏန်းသမားဖြစ်ပါသည်။

မန္တလေးတောင်ကြီးကို တည်ဆောက်ပြုပြင်ခဲ့သော ရင်္သေ့ကြီး ဦးခန္ဒီ (19-8-1967 )သည်လည်း ၁ ဂဏန်းသမားဖြစ်ပါသည် ။

ကမ္ဘာကျော် (၁)ဂဏန်းသမား တွေက တော့..

ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဆိုတဲ့ သူဌေးကြီး ဘီလ်ဂိတ် က(၂၈)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် က(၁၉ရက်ဖွား)၊ ရုရှားနိုင်ငံရဲ့ ပထမဆုံးသမ္မတ ဘောရစ်ယဲ့ဆင် က(၁)ရက်ဖွား၊

ဟောလီဝုဒ် ရုပ်ရှင်မင်းသား ဘရုစ်ဝီလီ က(၁၉)ရက်ဖွား၊ ဝေလမင်းသမီးေ လဒီဒိုင်ယာနာ က(၁)ရက်ဖွား၊ ဆိုဗီယက်ဗိုလ်ချုပ်ကြီး မာရှယ်ဇူးကော့ က(၁)ရက်ဖွား၊

အင်အားကြီးလှတဲ့ အမေရိကန်တပ်တွေကို နိုင်ငံထဲက မောင်းထုတ်နိုင်ခဲ့တဲ့ ဗီယက်နမ်သမ္မတကြီး ဟိုချီမင်းက(၁၉)ရက် ဖွား၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အင်ဒီရာဂန္ဒီ က(၁၉)ရက်ဖွား၊

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က(၁၉)ရက်ဖွား ပါပဲ၊ စစ်နဲ့ငြိမ်းချမ်းရေးဝတ္တုကြီးနဲ့ ကမ္ဘာကျော်ခဲ့ရတဲ့ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း က(၂၈)ရက်ဖွား။

အမေရိကန် ဟောလိဝုဒ် ဘုရင်မဖြစ်ခဲ့တဲ့ မာရီလင်မွန်ရိုး က(၁)ရက်ဖွား၊ အမေရိကန်နိုင်ငံကို တုန်လှုပ်သွားစေတဲ့ အိုစမာဘင်လာဒင် က(၁ဝ)ရက်ဖွား၊ အီရတ်သမ္မတဟောင်း ဆဒမ်ဟူစိန် က(၂၈)ရက်ဖွား။

နောင်တော်ကြီးမင်း (၁-၈-၁၇၃၄ ) စဉ့်ကူးမင်း (10-7-1756) တို့ကလည်း ၁ ဂဏန်းသမားတွေပါပဲဗျာ ..

အားလုံး ကျန်းမာချမ်းသာကြပါစေ။

(လေးစားမှုဖြင့် ခရက်ဒစ်)