မိရုိးဖလာ ဗုဒၶဘာသာဝင္ေတြ ယံုၾကည္ေနၾကတဲ့ ကုိးကြယ္မႈ အယူအဆအလြဲမ်ား

မိရုိးဖလာ ဗုဒၶဘာသာဝင္ေတြ ယံုၾကည္ေနၾကတဲ့ ကုိးကြယ္မႈ အယူအဆအလြဲမ်ား

ဗုဒၶံသရဏံ ဂစာၦမိ (၁)

ဗုဒၶျမတ္စြာဘုရားကို မ်က္မွန္တပ္ေပးထားတဲ႔အယူလြဲ logic…

မဟာသကၠရာဇ္ ၂၅၀မွာ သေရေခတၱရာမင္းဆက္ ဒြတၲေဘာင္မင္းႀကီးနဲ႔ ပိႆႏိုးမိဘုရား စႏၵာေဒဝီမိဘုရားတို႔ တည္ထား ခဲ႔တယ္။ ပိႆႏိုးမိဘုရားရဲ႕ အိပ္မက္အရတည္ထားခဲ႔တာဆိုပဲ။ဒြတၱေဘာင္မင္း မ်က္လံုးကန္းေတာ့ အဲ႔ဒီဘုရားႀကီးကို မွန္တစ္ခ်ပ္ပူေဇာ္တယ္ ။ ျပန္ေကာင္းတယ္လို႔ ပါးစပ္ရာဇဝင္ၾကားဖူးတယ္။

( ေရႊမ်က္မွန္ဘုရားမွာ ဒြတၳေဘာင္ ေက်ာက္စာ မရွိလို႔ ပါးစပ္ရာဇဝင္လို႔သံုးလိုက္တာ )အဲ႔ေခတ္က မ်က္မွန္မရွိႏိုင္ေလာက္ဖူး ။ ရိုးရိုးမွန္ေန မွာပါ။ ေခတ္ေတြ အလီလီ ေျပာင္းၿပီး ၂၁ရာစုအေရာက္မွာေရႊအေလးခ်ိန္ ၃၉ က်ပ္သားရွိတဲ႔ မ်က္မွန္ေတာ္ႀကီး ဆက္ကပ္ပူေဇာ္ခဲ႔ၾကတာေပါ့။ (ဘုရား သမိုင္းေရးတာမဟုတ္လို႔ သမိုင္းအျပည့္အစံုမေရးတာပါသမိုင္းအျပည့္အစံုသိခ်င္သူမ်ား သမိုင္းNoteခ်ေပးပါမယ္ )

ဟုတ္ၿပီ…အဓိကေျပာခ်င္တာ ေရွးလက္ရာကိုမဟုတ္ပါဘူး။ အခု ၂၁ရာစု အခ်ိဳ႕ဗုဒၶဘာသာဝင္ေတြရဲ႕ ဘာသာေရး logic အလြဲကို ေျပာခ်င္တယ္။ က်ေနာ္တို႔ သံုးေလာကထြဋ္ထားျမတ္ဘုရားဟာ ေလးသေခ်ၤနဲ႔ ကမာၻတစ္သိန္း ျဖည့္ခဲ႔တဲ႔ ပါရမီ ေၾကာင့္ သေဗၺညဳတဥာဏ္ရၿပီးသားပါ။ ၃၁ဘံုသာမက စၾကာဝဠာတိုက္တစ္ေသာင္းအထိ လွမ္းေမွ်ာ္ၾကည့္ႏိုင္တဲ႔ ဘုရားပါ။

ဒီလို သေဗၺညဳတဥာဏ္ရွင္ကို ဘာမဟုတ္တဲ႔စာၾကည့္မ်က္မွန္တပ္ေပးတယ္ဆိုတာ ဘုရားရဲ႕ ရွိရင္းစြဲပါဝါကို ေလ်ာ့က် ေစတယ္ ။ ေလးသေခ်ၤနဲ႔ကမာၻတစ္သိန္းျဖည့္ခဲ႔တဲ႔ပါရမီကို မယံုၾကည္ရာ ေရာက္တယ္။ ေျပာၾကေသးတယ္ “မ်က္မွန္ ခြ်တ္တာနဲ႔ ေလႀကီးမိုးႀကီးက်တာပဲ ” တဲ႔။သူတို႔ေျပာမွ ဗုဒၶဘုရားနဲ႔ ဘုရားေစာင့္နတ္ေတြက သူတို႔အလိုမလိုက္ရင္ လူေတြ ကို ဒုကၡေပးေနသလိုလိုဒါဟာ ဘာသာေရးကိုသိကၡာခ်တာပဲ။ဒါလည္း ပိဋကဒ္သံုးပံုထဲက(ဝိနည္း/သုတၱန္/အဘိဓမၼာ)မွာ ကံႀကီးထိုက္တာပဲ မဟုတ္လား ။

ဗုဒၶံသရဏံ ဂစာၦမိ (၂)

အေႂကြးေက်ဘုရားဆိုတဲ႔နာမည္လြဲ logic…

အဓိကေမးခ်င္တာ ဘယ္လိုအေႂကြးမ်ားေက်သလဲေလာကီေႂကြးလား ေလာကုတၲရာေႂကြးလား၊ ေလာကီေႂကြးဆိုတာ ၁လံုး/ ၂လံုး/၃လံုး/KTV/မာဆတ္/ေနာက္မီးလင္း/လူအထင္ႀကီးေအာင္အေႂကြးနဲ႔ ေခတ္ေပၚပစၥည္္းေတြဝယ္ တဲ႔အေႂကြးကို ဆိုလိုတယ္။ ဒီအေႂကြးဆိုရင္ေတာ့ ဘုရားကိုနားပူနားဆာမလုပ္ပါနဲ႔ဘုရားဟာ သံသရာဝဋ္ဆင္းရဲက လမ္းျပသူပါ။

အတိတ္ေပး နိမိတ္ေပး ယၾတာေခ်တဲ႔ ဘိုးေတာ္မဟုတ္ပါဘူး။ဘုရားက ငါဘုရားကိုရွိခိုးရင္ မင္းတို႔ဘာေတြရမယ္လို႔ ဘယ္တရား ထဲမွ ထည့္မေဟာဘူး။ဘုရားကို ေတမိအေလာင္းလ်ာဘဝ ျပန္ေရာက္ေအာင္ မလုပ္ၾကပါနဲ႔ ။‘

အေႂကြးတင္ ရွင္ဘုရင္ဆပ္ ‘ စကားပံုအတိုင္းပဲ။ အေႂကြးေက် သမၼတ / အေႂကြးေက် အစိုးရ လို႔ ရွိခိုးခ်င္ရွိခိုးပါ။ သံုးေလာက ထြဋ္ထား ျမတ္ဘုရားဟာ ကယ္တင္ရွင္မဟုတ္ဖူး ကိုယ္တိုင္လြတ္ေျမာက္ေၾကာင္းကိုက်င့္ဖို႔ တရားဖရိန္ခ်ေပးသူပါ။

ဒါကို ဘုရား ကိုယ္တိုင္အတိအလင္း ေဟာထားၿပီးသား။ ေလာကုတၲရာေႂကြးလား။ သံသရာမွာက်င္လည္သမွ် အတိတ္ဘဝ ဝဋ္ေႂကြး ေတြ ေျပေစတဲ႔ဘုရားလို႔ ညႊန္းဆိုခ်င္တာလား။

ဒါဆို ပိုၿပီး မျဖစ္ႏိုင္ပါဘူး…ဗုဒၶျမတ္စြာဘုရားကိုယ္ေတာ္တိုင္ ဘုရားျဖစ္တဲ႔ ဘဝမွာေတာင္ေနာက္ဆံုးလက္က်န္ဝဋ္ေႂကြးဆပ္ရင္း ပရိနိဗၺာန္စံသြားတာပါ။ ေဆးဆရာဘဝမွာျပဳဖူးတဲ႔အမွား ( ေဆးဖိုမ ေပးသူကို ဝမ္းႏႈတ္ေဆးတိုက္ခဲ႔တဲ႔ဝဋ္) ကို ေပးဆပ္ရင္း ပရိနိဗၺာန္စံခဲ႔တယ္။အရိယာျဖစ္ရင္ကို ဝဋ္ေႂကြးကုန္ၿပီဆိုၿပီး ျငင္းၾက တယ္။

ပါရမီပါလို႔က်င့္တာ ပါရမီကသက္သက္ ဝဋ္ေႂကြးကသက္သက္ပဲ။ အရိယာလည္း ဝဋ္ေႂကြးရွိရင္ ဆပ္ရမွာပဲ။ ပေစၥက လည္း ဝဋ္ေႂကြးရွိရင္ ဆပ္ရမွာပဲ။ပုထုဇဥ္ေတြအေနနဲ႔ ပိုေတာင္ဆပ္ရဦးမယ္ေလ ။

ပိုဆိုးတာကပံုပါ အေႂကြးေက်ဘုရားကို ေလာကီေႂကြးေတြ ေက်ခိုင္းတဲ႔သူမ်ားတယ္။ ဒါလည္း ပိဋကဒ္ သံုးပံု (ဝိနည္း/ သုတၱန္/အဘိဓမၼာ) မွာကိုးကြယ္မႈ အမွားပဲ မဟုတ္လား။

ဗုဒၶံသရဏံ ဂစာၦမိ ( ၃ )

အမေတာ္ ‘သုစိတ’ ေမာင္ေတာ္’နႏၵ’ အပိုင္စားရတဲ႔မင္းဘူးက နဂါးပြက္အိုင္

တကယ္ေတာ့ ေဂါကေတြေရာ အဲ႔ဒီလာတဲ႔နဂါးဖူးေတြပါ ပထဝီသင္ခဲ႔ၾကမွာပါ ။ ၅တန္း ၆တန္းေလာက္ဆို မီးေတာင္ အေၾကာင္း စာသင္ေနရၿပီ။ ရႊံ႕မီးေတာင္ / မီးေတာင္ေသ / မီးေတာင္ၿငိမ္း သင္ဖူးၾကမွာပါ။

အခုလို ရႊံ႕မီးေတာင္ အေပါက္ဝ ထဲ ႏြားႏို႔နဲ႔ၾကက္ဥေတြ ပစ္ထည့္ၾကတယ္။ အေမႊးတိုင္ေပါင္း ေသာင္းခ်ီပူေဇာ္ၾကတယ္။ အဲ႔ဒီီႏြားႏို႔နဲ႔ၾကက္ဥေတြကိုသာ မိဘမဲ႔ေဂဟာက ကေလးေတြကို တိုက္ေႂကြးမယ္ဆို ေတာ္ရံုေဂဟာတစ္ခုေတာ့ ေန႔စဥ္အာဟာရ မပူရေတာ့ဘူး။

သူတစ္ပါး ယံုၾကည္မႈကို ကဲ႔ရဲ႕တာမဟုတ္ပါဘူး။ ဆံုးရံႈးသြားတဲ႔ အလွဴေငြကို လိုအပ္တဲ႔ေနရာေရာက္ေစခ်င္တာပါ။

ေနာက္တစ္ခ်က္က ဒါဟာ ဘူမိေဗဒပညာရွင္ေတြအတြက္ အဖိုးမျဖတ္ႏိုင္တဲ႕ ေလ့လာေရးစခန္းျဖစ္ႏိုင္တယ္။ အဲ႔ဒီမီးေတာင္ကို စနစ္ တက် ေလ့လာရင္ ဘယ္လိုအဖိုးတန္ဓါတ္ေငြ႕ေတြထြက္ႏိုင္မလဲဘယ္လိုအက်ိဳးေက်းဇူး ရွိမလဲ သိခြင့္ရလာမယ္။

သူတို႔ကို ေစာ္ကားျခင္းထက္ က်ေနာ္ကေတာ့ ႏွေမ်ာတယ္။ ခ်ီလီနဲ႔အာဂ်င္တီးနားက မီးေတာင္ေသေတြ/ရႊံ႕မီးေတာင္ေတြ / မီးေတာင္ရွင္ေတြသာ ျမန္မာျပည္ေရာက္ခဲ႔ရင္၉ေတာင္ေလာက္ ေစတီတည္ၿပီး နတ္နဂါး ပံုျပင္တစ္ခုခုနဲ႔ ဇာတ္သြင္း ဖင္ဘူးေထာင္ ဦးခ်ဦးမယ္ထင္တယ္ ။

ႏြားႏို႔နဲ႔ၾကက္ဥေတြပစ္ထည့္ဦးမယ္ထင္တယ္။ (ပုပၸါးက မယ္ဝဏၰဆိုသထံုကေန နန္းမႈေရးရာ စိတ္ကုန္လို႔ တရားအားထုတ္ဖို႔လာတဲ႔သထံုဘုရင္မႏူဟာရဲ႕ ညီမ လူစစ္စစ္ပါသူတို႔နဲ႔ေတြ႕မွ ပန္းစား ဘီလူးမဆိုပီး အစြယ္ေပါက္ရရွာတယ္)

ဗုဒၶံသရဏံ ဂစာၦမိ (၄)

အပါယ္ေလးဘံုစာရင္းဝင္ တိရိစာၦန္ကို ကန္ေတာ့ေနရတဲ႔အယူလြဲ logic…

ျမန္မာျပည္အႏွံ႔အျပားမွာ ေႁမြရွင္ဘုရားဘယ္ႏွစ္ဆူရွိလည္းေတာ့မသိဘူးက်ေနာ္ေရာက္ဖူးတဲ႔ ဘုရားေတြက ပလိပ္/ သံုးေတာင္/ စစ္ကိုင္းမွာရွိတဲ႔ ေႁမြဘုရားသံုးဆူေရာက္ဖူးတယ္။

ေႁမြဆိုတာ အပာယ္ေလးဘံုစာရင္းဝင္ တိရိစာၦန္ပဲ။ နိမ့္က်တဲ႔ တိရိစာၦန္ကို ျမင့္ျမတ္တဲ႔ဗုဒၶဆင္းတုနဲ႔တြဲၿပီး ပူေဇာ္ေနရတဲ႔ က်ေနာ္တို႔ျမန္မာေတြ။ နတ္ေႁမြ/အိပ္မက္ စတဲ႔ပါးစပ္ရာဇဝင္နဲ႔ ၿဖဲေျခာက္ၿပီး ဗုဒၶဘာသာဝင္ေတြက နိမ့္က်တဲ႔တိရိစာၦန္ကို ဖင္ဘူးေထာင္ကန္ေတာ့ေနရတယ္။ အမယ္…အဲ႔ဒီေႁမြစာအတြက္ လစဥ္အလွဴရွင္ဆို အလုအယက္ဗ်။

စပါးက်ီ/စပါးအံု ေႁမြဆိုတာမ်ိဳးက အစာဝရင္ၿငိမ္သက္ေနတာေလ။ သူတို႔မွာ အစာခ်က္ ဖို႔လံုေလာက္တဲ႔အစာအိမ္အက္ဆစ္မရွိဘူး။ ဘိန္းေႂကြးလို႔ ဘိန္းမူးေနတဲ႔ေႁမြဟာ လူကိုဘယ္အႏၲရာယ္ျပဳပါ့မလဲ။

ေဂါပက ေတြကေျပာေသးတယ္ ( သူေတာ္စင္ေႁမြ )တဲ႔ ။ဟုတ္ၿပီ… သူေတာ္စင္ေႁမြဆိုရင္ သက္သက္လြတ္ေကြ်းၾကည့္ပါ။ တစ္ပတ္ တစ္ခါ ဥပုဒ္ေစာင့္ခိုင္းပါ။၁လေလာက္အစာမေႂကြးပဲထားၿပီး ေဂါပကကိုယ္တိုင္ ေႁမြေလွာင္အိမ္ထဲ ဝင္ထိုင္ေနပါ။

က်ေနာ္ မယံုၾကည္လို႔ အျပစ္တင္ျခင္းမဟုတ္ပါဘူးလြဲေနတဲ႔ ဘာသာေရးအသိကို တည့္မတ္ေစခ်င္တာပါ။ တကယ္လိုအပ္ေနတဲ႔ ဘာသာေရး သာသနိက အေဆာက္အံုေတြ အမ်ားႀကီးပါ။

ေႁမြဆိုတဲ႔ နိမ့္က်တဲ႔ တိရိစာၦန္ကို ကန္ေတာ့မယ့္ အစား ေရႊစည္းခံု/ မိထီၳလာကန္ /တန္႔ၾကည္ေတာင္ သမိုင္းေတြထဲပါတဲ႔လူေကာင္းေတြကိုကူညီတတ္တဲ႔ ဘီလူး/သဘက္ ကန္ေတာ့တာမွ ေတာ္ေသး။

ေႁမြအေကာင္ႀကီးလို႔ ကန္ေတာ့မယ္ဆိုေတာင္အေမရိကဖက္က အေမဇုန္ျမစ္က အန္နာကြန္နာ ေႁမြႀကီးေတြကို You Tubeမွာ ရွာၾကည့္။ ( ျမန္မာျပည္မွာသာ အန္နာကြန္နာေႁမြႀကီးေတြ ေတြ႕ခဲ႔ရင္ ျမန္မာလူမ်ိဳးေတြ ထြက္မေျပးပဲ ထိုင္ကန္ေတာ့ၾကမယ္ထင္တယ္ )

ေနာက္တစ္ခ်က္…( ဒီအပိုဒ္က အျငင္းပြားဖြယ္ရာရွိမယ္ )ျမန္မာျပည္အႏွံ႔အျပားမွာ ဘုရားကိုနဂါးမိုးထားတဲ႔ နဂါးရံုဘုရားအမ်ားႀကီးပဲ ။

ဘုရားကို နဂါးမိုးတဲ႔ဇာတ္လမ္းက ဘယ္ကစသလဲ…ဇာတ္လမ္းကေတာ့ ဘုရားရွင္လက္ထက္က စတာပဲ… ဆင္းထုေတာ္ေတြထဲ ( က်ေနာ္ျမင္ဖူးသမွ်)ေအဒီ ၁၁ရာစုမွ စတင္တယ္…သေဘာကေတာ့ ဘုရားရွင္ပြင့္ၿပီး ႏွစ္ ၁၆၀၀ေလာက္ၾကာမွ ဒီရုပ္ထုဇာတ္လမ္းက စတင္လာသလား။

တစ္ခုႀကိဳေျပာရရင္ က်ေနာ္ဟာ သမိုင္းပညာရွင္ မဟုတ္တဲ႔အတြက္ က်ေနာ္ေရာက္ဖူးတဲ႔နဂါးရံုဘုရားထဲ အေစာဆံုးဘုရားလို႔သံုးတာပါ။ က်န္စစ္သားရဲ႕ဇာတ္လမ္းထဲ ခရစ္ႏွစ္ ၁၀၈၄ခုႏွစ္ ရာဇဝင္တစ္ခုမွာ က်န္စစ္သားကို အေနာ္ရထာက အရိႏၵမာလွံနဲ႔ ပစ္ၿပီးသတ္တဲ့အခါ က်န္စစ္သား ထြက္ေျပးတယ္။

အဲ႔ဒီမွာ မုဆုိးႀကီးငဆင့္က က်န္စစ္သားကိုကူညီၿပီးဖြက္ထားေပးတဲ့႐ြာ( ငဆင့္ကူညီလို႔ ငဆင့္ကူရြာ လို႔ေခၚၿပီး အခုေခတ္စကားသံေျပာင္းလဲမႈေၾကာင့္ ငဆင့္ကူကေန စဥ့္ကူဟုေျပာင္းလဲ) မွာက်န္စစ္သားအိပ္တဲ့အခါ နဂါး တစ္ေကာင္က ရံုၿပီးမိုးေပးထားတယ္ဆိုပဲ။

အဲ႔ဒီေနရာမွာ က်န္စစ္သားက အရိႏၵမာလွံနဲ႔ ေရွာက္သီးကိုခြဲစားတဲ့အခါခ်ိဳၿပီး ေရွာက္ခ်ိဳသီးျဖစ္သြားတဲ့ေနရာေပါ့ဗ်ာ။ မထီးတူမ သမၺဴလနဲ႔ ပထမဆံုးေတြ႕တဲ့ေနရာေပါ့။

သူဘုရင္ျဖစ္တဲ႔အခါ အဲ႔ဒီေနရာမွာ နဂါးရံုဘုရားတည္တယ္။ သူ႕ကိုနဂါးမိုးတာကိုအစြဲျပဳၿပီး ဘုရားဆင္းထုကိုပါ နဂါးမိုးေစခဲ႔တယ္။ ျမန္မာျပည္မွာ က်ေနာ္ ေရာက္ဖူးတဲ႔ နဂါးရံုဘုရားေတြထဲအဲ႔တာ အေစာဆံုးနဂါးပဲ။

ဘုရားလက္ထက္က စတဲ႔ဇာတ္လမ္းကို အျငင္းပြားေနတာ မဟုတ္ဖူး။ က်ေနာ္ျမင္ဖူးတဲ႔နဂါးရံုဘုရားထဲ မွတ္တမ္းအေစာဆံုးဘုရားကိုေျပာခ်င္တာ ။

ေတာင္သမန္အေနာက္ျခမ္းက နဂါးရံုဘုရားဆိုရင္ က်ေနာ္ျမင္ဖူးသမွ်ထဲ အႀကီးဆံုးပဲ ။ အဲ႔ဒီမွာ ဗုဒၶဘာသာဝင္ တစ္ေယာက္အေနနဲ႔ ဘာကိုသတိထားမိလည္းဆိုေတာ့ ျမန္မာအခ်ိဳ႕ဟာ ဘာသာတရားထက္ အေၾကာက္တရား ပိုေနၾကတယ္။

ၾကည္ညိဳဖြယ္အဆင္းနဲ႔ဗုဒၶထက္ အေနာက္ကမိုးထားတဲ႔နဂါးရဲ႕ ခမ္းနားမႈကို ရင္သပ္အံ႔ၾသၾကတယ္ ။ ဗုဒၶကိုျမင္တဲ႔အခါ ေအးခ်မ္းသြားရမယ့္အစား အေနာက္ကေႁမြနဂါးရဲ႕ သဏၰာန္ေၾကာင့္ တုန္လႈပ္တယ္/ ေၾကာက္စိတ္ဝင္ တယ္။

( ေဝါၿမိဳ႕က နဂါးရံုဘုရားဆို ဘုရားကစၾကာဝေတးမင္းအဆင္တန္ဆာနဲ႔ အေနာက္က နဂါးဟာ လက္ခ်္မီးဒီဇိုင္းနဲ႔) (မႏၱေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ရန္ကင္းေတာင္ေျခမွာရွိတဲ႔ အတုလမဟာျမေက်ာက္ေစတီပုရဝုဏ္ထဲက နဂါးရံုဘုရားဆိုရင္ ေၾကာက္စရာအေၾကးကြက္ေတြနဲ႔ လူကိုစားေတာ့မတတ္ )နဂါးရံုဘုရားအမ်ားစုက ဘုရားကို ျဖစ္သလို ထုပီး နဂါးကိုစနစ္တက်ထုလုပ္ထားၾကတာမ်ားတယ္။

ဘုရားေသးေသး နဂါးႀကီးႀကီး ဘာသာတရားကိုအေၾကာက္တရားက အုပ္မိုးထားသလိုမ်ိဳးအဲ႔ဒီဆင္းထုေတြမွာ ၾကက္ဥနဲ႔ႏြားႏို႕ပူေဇာ္ၾကတယ္။

ဘုရားက သူ႕သားရဟန္းေတြကိုေတာင္ လူေတြ အေၾကာက္တရားနဲ႔ကိုးကြယ္မွာမလိုခ်င္လို႔ တန္ခိုးမျပခိုင္းဘူး ။လူေတြလုပ္မွ အေၾကာက္တရားကို ဘာသာတရားထဲ ဇြတ္သြင္း ေနသလိုပဲ ။

က်ေနာ္ကေတာ့ အဟိတ္တိရိစာၦန္လည္း မကန္ေတာ့ႏိုင္သလို ဗုဒၶဆင္းထုျမင္တာနဲ႔ အေၾကာက္တရားျဖစ္ေစတဲ႔ နဂါးရံုေတြကို ေၾကာက္တယ္။

ဘုရားလက္ထက္က နဂါးဟာ သာသနာျပဳနဂါး အခုလူေတြ ထုဆစ္ေနတဲ႔နဂါး (ပံုေတြ ၾကည့္ပါ) ျမင္တာနဲ႔လူကို ဝါးစားမတတ္ Overျဖစ္ေအာင္ထုလုပ္ထားၾကတာ။ ၾကည္ညိဳသဒၵါတရားထက္ အေၾကာက္ တရားပိုျဖစ္ေစတယ္။

ေအးခ်မ္းခ်င္လို႔ ဘုရားသြားတာ ေအးေအးခ်မ္းခ်မ္းပဲ ရွိခိုးခ်င္တယ္။( ပံုေတြကိုေသခ်ာၾကည့္ပါ ပံုထဲကေႁမြနဂါးဟာ အေၾကာက္တရားလားသဒၵါတရားလား ေသခ်ာေတြးပါ )

(ျမန္မာျပည္မွာသာ အန္နာကြန္နာေႁမြႀကီးေတြ ေတြ႕ခဲ႔ရင္ျမန္မာလူမ်ိဳးေတြ ထြက္မေျပးပဲ ထိုင္ကန္ေတာ့ၾကမယ္ထင္တယ္)

ဗုဒၶံသရဏံ ဂစာၦမိ

ဓမၼံသရဏံ ဂစာၦမိ

သံဃံရဏံ ဂစာၦမိ

(ဗုဒၶျမတ္စြာဘုရားကို ေဝဖန္ျခင္းမဟုတ္ၾကားထဲက ဘုရားကိုလိုရာယူေနသူေတြကို ေဝဖန္ျခင္းပါ။ ဘုရားရွင္ဟာ သူ႕ကို ေဝဖန္ရင္လည္း ခြင့္လႊတ္တယ္။ ခြင့္လႊတ္လို႔ ေအာင္ျခင္းရွစ္ပါးဆိုတာ ျဖစ္လာတာခြင့္မလႊတ္ရင္ ေအာင္ျခင္း ရွစ္ပါးထဲက လူဆိုးေတြအကြ်တ္တရားမရပဲ ေသျခင္းရွစ္ပါးနဲ႔ေတြ႕သြားမွာေပါ့ )

Credit/Writer – ဆန္းေက်ာ္စြာဝင္း(1991-2016)

Unicode

မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်နေကြတဲ့ ကိုးကွယ်မှု အယူအဆအလွဲများ

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ (၁)

ဗုဒ္ဓမြတ်စွာဘုရားကို မျက်မှန်တပ်ပေးထားတဲ့အယူလွဲ logic…

မဟာသက္ကရာဇ် ၂၅၀မှာ သရေခေတ္တရာမင်းဆက် ဒွတ္တဘောင်မင်းကြီးနဲ့ ပိဿနိုးမိဘုရား စန္ဒာဒေဝီမိဘုရားတို့ တည်ထား ခဲ့တယ်။ ပိဿနိုးမိဘုရားရဲ့ အိပ်မက်အရတည်ထားခဲ့တာဆိုပဲ။ဒွတ္တဘောင်မင်း မျက်လုံးကန်းတော့ အဲ့ဒီဘုရားကြီးကို မှန်တစ်ချပ်ပူဇော်တယ် ။ ပြန်ကောင်းတယ်လို့ ပါးစပ်ရာဇဝင်ကြားဖူးတယ်။

( ရွှေမျက်မှန်ဘုရားမှာ ဒွတ္ထဘောင် ကျောက်စာ မရှိလို့ ပါးစပ်ရာဇဝင်လို့သုံးလိုက်တာ )အဲ့ခေတ်က မျက်မှန်မရှိနိုင်လောက်ဖူး ။ ရိုးရိုးမှန်နေ မှာပါ။ ခေတ်တွေ အလီလီ ပြောင်းပြီး ၂၁ရာစုအရောက်မှာရွှေအလေးချိန် ၃၉ ကျပ်သားရှိတဲ့ မျက်မှန်တော်ကြီး ဆက်ကပ်ပူဇော်ခဲ့ကြတာပေါ့။ (ဘုရား သမိုင်းရေးတာမဟုတ်လို့ သမိုင်းအပြည့်အစုံမရေးတာပါသမိုင်းအပြည့်အစုံသိချင်သူများ သမိုင်းNoteချပေးပါမယ် )

ဟုတ်ပြီ…အဓိကပြောချင်တာ ရှေးလက်ရာကိုမဟုတ်ပါဘူး။ အခု ၂၁ရာစု အချို့ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေး logic အလွဲကို ပြောချင်တယ်။ ကျနော်တို့ သုံးလောကထွဋ်ထားမြတ်ဘုရားဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ခဲ့တဲ့ ပါရမီ ကြောင့် သဗ္ဗေညုတဉာဏ်ရပြီးသားပါ။ ၃၁ဘုံသာမက စကြာဝဠာတိုက်တစ်သောင်းအထိ လှမ်းမျှော်ကြည့်နိုင်တဲ့ ဘုရားပါ။

ဒီလို သဗ္ဗေညုတဉာဏ်ရှင်ကို ဘာမဟုတ်တဲ့စာကြည့်မျက်မှန်တပ်ပေးတယ်ဆိုတာ ဘုရားရဲ့ ရှိရင်းစွဲပါဝါကို လျော့ကျ စေတယ် ။ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းဖြည့်ခဲ့တဲ့ပါရမီကို မယုံကြည်ရာ ရောက်တယ်။ ပြောကြသေးတယ် “မျက်မှန် ချွတ်တာနဲ့ လေကြီးမိုးကြီးကျတာပဲ ” တဲ့။သူတို့ပြောမှ ဗုဒ္ဓဘုရားနဲ့ ဘုရားစောင့်နတ်တွေက သူတို့အလိုမလိုက်ရင် လူတွေ ကို ဒုက္ခပေးနေသလိုလိုဒါဟာ ဘာသာရေးကိုသိက္ခာချတာပဲ။ဒါလည်း ပိဋကဒ်သုံးပုံထဲက(ဝိနည်း/သုတ္တန်/အဘိဓမ္မာ)မှာ ကံကြီးထိုက်တာပဲ မဟုတ်လား ။

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ (၂)

အကြွေးကျေဘုရားဆိုတဲ့နာမည်လွဲ logic…

အဓိကမေးချင်တာ ဘယ်လိုအကြွေးများကျေသလဲလောကီကြွေးလား လောကုတ္တရာကြွေးလား၊ လောကီကြွေးဆိုတာ ၁လုံး/ ၂လုံး/၃လုံး/KTV/မာဆတ်/နောက်မီးလင်း/လူအထင်ကြီးအောင်အကြွေးနဲ့ ခေတ်ပေါ်ပစ္စည်းတွေဝယ် တဲ့အကြွေးကို ဆိုလိုတယ်။ ဒီအကြွေးဆိုရင်တော့ ဘုရားကိုနားပူနားဆာမလုပ်ပါနဲ့ဘုရားဟာ သံသရာဝဋ်ဆင်းရဲက လမ်းပြသူပါ။

အတိတ်ပေး နိမိတ်ပေး ယတြာချေတဲ့ ဘိုးတော်မဟုတ်ပါဘူး။ဘုရားက ငါဘုရားကိုရှိခိုးရင် မင်းတို့ဘာတွေရမယ်လို့ ဘယ်တရား ထဲမှ ထည့်မဟောဘူး။ဘုရားကို တေမိအလောင်းလျာဘဝ ပြန်ရောက်အောင် မလုပ်ကြပါနဲ့ ။‘

အကြွေးတင် ရှင်ဘုရင်ဆပ် ‘ စကားပုံအတိုင်းပဲ။ အကြွေးကျေ သမ္မတ / အကြွေးကျေ အစိုးရ လို့ ရှိခိုးချင်ရှိခိုးပါ။ သုံးလောက ထွဋ်ထား မြတ်ဘုရားဟာ ကယ်တင်ရှင်မဟုတ်ဖူး ကိုယ်တိုင်လွတ်မြောက်ကြောင်းကိုကျင့်ဖို့ တရားဖရိန်ချပေးသူပါ။

ဒါကို ဘုရား ကိုယ်တိုင်အတိအလင်း ဟောထားပြီးသား။ လောကုတ္တရာကြွေးလား။ သံသရာမှာကျင်လည်သမျှ အတိတ်ဘဝ ဝဋ်ကြွေး တွေ ပြေစေတဲ့ဘုရားလို့ ညွှန်းဆိုချင်တာလား။

ဒါဆို ပိုပြီး မဖြစ်နိုင်ပါဘူး…ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် ဘုရားဖြစ်တဲ့ ဘဝမှာတောင်နောက်ဆုံးလက်ကျန်ဝဋ်ကြွေးဆပ်ရင်း ပရိနိဗ္ဗာန်စံသွားတာပါ။ ဆေးဆရာဘဝမှာပြုဖူးတဲ့အမှား ( ဆေးဖိုမ ပေးသူကို ဝမ်းနှုတ်ဆေးတိုက်ခဲ့တဲ့ဝဋ်) ကို ပေးဆပ်ရင်း ပရိနိဗ္ဗာန်စံခဲ့တယ်။အရိယာဖြစ်ရင်ကို ဝဋ်ကြွေးကုန်ပြီဆိုပြီး ငြင်းကြ တယ်။

ပါရမီပါလို့ကျင့်တာ ပါရမီကသက်သက် ဝဋ်ကြွေးကသက်သက်ပဲ။ အရိယာလည်း ဝဋ်ကြွေးရှိရင် ဆပ်ရမှာပဲ။ ပစ္စေက လည်း ဝဋ်ကြွေးရှိရင် ဆပ်ရမှာပဲ။ပုထုဇဉ်တွေအနေနဲ့ ပိုတောင်ဆပ်ရဦးမယ်လေ ။

ပိုဆိုးတာကပုံပါ အကြွေးကျေဘုရားကို လောကီကြွေးတွေ ကျေခိုင်းတဲ့သူများတယ်။ ဒါလည်း ပိဋကဒ် သုံးပုံ (ဝိနည်း/ သုတ္တန်/အဘိဓမ္မာ) မှာကိုးကွယ်မှု အမှားပဲ မဟုတ်လား။

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ( ၃ )

အမတော် ‘သုစိတ’ မောင်တော်’နန္ဒ’ အပိုင်စားရတဲ့မင်းဘူးက နဂါးပွက်အိုင်

တကယ်တော့ ဂေါကတွေရော အဲ့ဒီလာတဲ့နဂါးဖူးတွေပါ ပထဝီသင်ခဲ့ကြမှာပါ ။ ၅တန်း ၆တန်းလောက်ဆို မီးတောင် အကြောင်း စာသင်နေရပြီ။ ရွှံ့မီးတောင် / မီးတောင်သေ / မီးတောင်ငြိမ်း သင်ဖူးကြမှာပါ။

အခုလို ရွှံ့မီးတောင် အပေါက်ဝ ထဲ နွားနို့နဲ့ကြက်ဥတွေ ပစ်ထည့်ကြတယ်။ အမွှေးတိုင်ပေါင်း သောင်းချီပူဇော်ကြတယ်။ အဲ့ဒီနွားနို့နဲ့ကြက်ဥတွေကိုသာ မိဘမဲ့ဂေဟာက ကလေးတွေကို တိုက်ကြွေးမယ်ဆို တော်ရုံဂေဟာတစ်ခုတော့ နေ့စဉ်အာဟာရ မပူရတော့ဘူး။

သူတစ်ပါး ယုံကြည်မှုကို ကဲ့ရဲ့တာမဟုတ်ပါဘူး။ ဆုံးရှုံးသွားတဲ့ အလှူငွေကို လိုအပ်တဲ့နေရာရောက်စေချင်တာပါ။

နောက်တစ်ချက်က ဒါဟာ ဘူမိဗေဒပညာရှင်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လေ့လာရေးစခန်းဖြစ်နိုင်တယ်။ အဲ့ဒီမီးတောင်ကို စနစ် တကျ လေ့လာရင် ဘယ်လိုအဖိုးတန်ဓါတ်ငွေ့တွေထွက်နိုင်မလဲဘယ်လိုအကျိုးကျေးဇူး ရှိမလဲ သိခွင့်ရလာမယ်။

သူတို့ကို စော်ကားခြင်းထက် ကျနော်ကတော့ နှမျောတယ်။ ချီလီနဲ့အာဂျင်တီးနားက မီးတောင်သေတွေ/ရွှံ့မီးတောင်တွေ / မီးတောင်ရှင်တွေသာ မြန်မာပြည်ရောက်ခဲ့ရင်၉တောင်လောက် စေတီတည်ပြီး နတ်နဂါး ပုံပြင်တစ်ခုခုနဲ့ ဇာတ်သွင်း ဖင်ဘူးထောင် ဦးချဦးမယ်ထင်တယ် ။

နွားနို့နဲ့ကြက်ဥတွေပစ်ထည့်ဦးမယ်ထင်တယ်။ (ပုပ္ပါးက မယ်ဝဏ္ဏဆိုသထုံကနေ နန်းမှုရေးရာ စိတ်ကုန်လို့ တရားအားထုတ်ဖို့လာတဲ့သထုံဘုရင်မနူဟာရဲ့ ညီမ လူစစ်စစ်ပါသူတို့နဲ့တွေ့မှ ပန်းစား ဘီလူးမဆိုပီး အစွယ်ပေါက်ရရှာတယ်)

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ (၄)

အပါယ်လေးဘုံစာရင်းဝင် တိရိစ္ဆာန်ကို ကန်တော့နေရတဲ့အယူလွဲ logic…

မြန်မာပြည်အနှံ့အပြားမှာ မြွေရှင်ဘုရားဘယ်နှစ်ဆူရှိလည်းတော့မသိဘူးကျနော်ရောက်ဖူးတဲ့ ဘုရားတွေက ပလိပ်/ သုံးတောင်/ စစ်ကိုင်းမှာရှိတဲ့ မြွေဘုရားသုံးဆူရောက်ဖူးတယ်။

မြွေဆိုတာ အပာယ်လေးဘုံစာရင်းဝင် တိရိစ္ဆာန်ပဲ။ နိမ့်ကျတဲ့ တိရိစ္ဆာန်ကို မြင့်မြတ်တဲ့ဗုဒ္ဓဆင်းတုနဲ့တွဲပြီး ပူဇော်နေရတဲ့ ကျနော်တို့မြန်မာတွေ။ နတ်မြွေ/အိပ်မက် စတဲ့ပါးစပ်ရာဇဝင်နဲ့ ဖြဲခြောက်ပြီး ဗုဒ္ဓဘာသာဝင်တွေက နိမ့်ကျတဲ့တိရိစ္ဆာန်ကို ဖင်ဘူးထောင်ကန်တော့နေရတယ်။ အမယ်…အဲ့ဒီမြွေစာအတွက် လစဉ်အလှူရှင်ဆို အလုအယက်ဗျ။

စပါးကျီ/စပါးအုံ မြွေဆိုတာမျိုးက အစာဝရင်ငြိမ်သက်နေတာလေ။ သူတို့မှာ အစာချက် ဖို့လုံလောက်တဲ့အစာအိမ်အက်ဆစ်မရှိဘူး။ ဘိန်းကြွေးလို့ ဘိန်းမူးနေတဲ့မြွေဟာ လူကိုဘယ်အန္တရာယ်ပြုပါ့မလဲ။

ဂေါပက တွေကပြောသေးတယ် ( သူတော်စင်မြွေ )တဲ့ ။ဟုတ်ပြီ… သူတော်စင်မြွေဆိုရင် သက်သက်လွတ်ကျွေးကြည့်ပါ။ တစ်ပတ် တစ်ခါ ဥပုဒ်စောင့်ခိုင်းပါ။၁လလောက်အစာမကြွေးပဲထားပြီး ဂေါပကကိုယ်တိုင် မြွေလှောင်အိမ်ထဲ ဝင်ထိုင်နေပါ။

ကျနော် မယုံကြည်လို့ အပြစ်တင်ခြင်းမဟုတ်ပါဘူးလွဲနေတဲ့ ဘာသာရေးအသိကို တည့်မတ်စေချင်တာပါ။ တကယ်လိုအပ်နေတဲ့ ဘာသာရေး သာသနိက အဆောက်အုံတွေ အများကြီးပါ။

မြွေဆိုတဲ့ နိမ့်ကျတဲ့ တိရိစ္ဆာန်ကို ကန်တော့မယ့် အစား ရွှေစည်းခုံ/ မိထ္ထီလာကန် /တန့်ကြည်တောင် သမိုင်းတွေထဲပါတဲ့လူကောင်းတွေကိုကူညီတတ်တဲ့ ဘီလူး/သဘက် ကန်တော့တာမှ တော်သေး။

မြွေအကောင်ကြီးလို့ ကန်တော့မယ်ဆိုတောင်အမေရိကဖက်က အမေဇုန်မြစ်က အန်နာကွန်နာ မြွေကြီးတွေကို You Tubeမှာ ရှာကြည့်။ ( မြန်မာပြည်မှာသာ အန်နာကွန်နာမြွေကြီးတွေ တွေ့ခဲ့ရင် မြန်မာလူမျိုးတွေ ထွက်မပြေးပဲ ထိုင်ကန်တော့ကြမယ်ထင်တယ် )

နောက်တစ်ချက်…( ဒီအပိုဒ်က အငြင်းပွားဖွယ်ရာရှိမယ် )မြန်မာပြည်အနှံ့အပြားမှာ ဘုရားကိုနဂါးမိုးထားတဲ့ နဂါးရုံဘုရားအများကြီးပဲ ။

ဘုရားကို နဂါးမိုးတဲ့ဇာတ်လမ်းက ဘယ်ကစသလဲ…ဇာတ်လမ်းကတော့ ဘုရားရှင်လက်ထက်က စတာပဲ… ဆင်းထုတော်တွေထဲ ( ကျနော်မြင်ဖူးသမျှ)အေဒီ ၁၁ရာစုမှ စတင်တယ်…သဘောကတော့ ဘုရားရှင်ပွင့်ပြီး နှစ် ၁၆၀၀လောက်ကြာမှ ဒီရုပ်ထုဇာတ်လမ်းက စတင်လာသလား။

တစ်ခုကြိုပြောရရင် ကျနော်ဟာ သမိုင်းပညာရှင် မဟုတ်တဲ့အတွက် ကျနော်ရောက်ဖူးတဲ့နဂါးရုံဘုရားထဲ အစောဆုံးဘုရားလို့သုံးတာပါ။ ကျန်စစ်သားရဲ့ဇာတ်လမ်းထဲ ခရစ်နှစ် ၁၀၈၄ခုနှစ် ရာဇဝင်တစ်ခုမှာ ကျန်စစ်သားကို အနော်ရထာက အရိန္ဒမာလှံနဲ့ ပစ်ပြီးသတ်တဲ့အခါ ကျန်စစ်သား ထွက်ပြေးတယ်။

အဲ့ဒီမှာ မုဆိုးကြီးငဆင့်က ကျန်စစ်သားကိုကူညီပြီးဖွက်ထားပေးတဲ့ရွာ( ငဆင့်ကူညီလို့ ငဆင့်ကူရွာ လို့ခေါ်ပြီး အခုခေတ်စကားသံပြောင်းလဲမှုကြောင့် ငဆင့်ကူကနေ စဉ့်ကူဟုပြောင်းလဲ) မှာကျန်စစ်သားအိပ်တဲ့အခါ နဂါး တစ်ကောင်က ရုံပြီးမိုးပေးထားတယ်ဆိုပဲ။

အဲ့ဒီနေရာမှာ ကျန်စစ်သားက အရိန္ဒမာလှံနဲ့ ရှောက်သီးကိုခွဲစားတဲ့အခါချိုပြီး ရှောက်ချိုသီးဖြစ်သွားတဲ့နေရာပေါ့ဗျာ။ မထီးတူမ သမ္ဗူလနဲ့ ပထမဆုံးတွေ့တဲ့နေရာပေါ့။

သူဘုရင်ဖြစ်တဲ့အခါ အဲ့ဒီနေရာမှာ နဂါးရုံဘုရားတည်တယ်။ သူ့ကိုနဂါးမိုးတာကိုအစွဲပြုပြီး ဘုရားဆင်းထုကိုပါ နဂါးမိုးစေခဲ့တယ်။ မြန်မာပြည်မှာ ကျနော် ရောက်ဖူးတဲ့ နဂါးရုံဘုရားတွေထဲအဲ့တာ အစောဆုံးနဂါးပဲ။

ဘုရားလက်ထက်က စတဲ့ဇာတ်လမ်းကို အငြင်းပွားနေတာ မဟုတ်ဖူး။ ကျနော်မြင်ဖူးတဲ့နဂါးရုံဘုရားထဲ မှတ်တမ်းအစောဆုံးဘုရားကိုပြောချင်တာ ။

တောင်သမန်အနောက်ခြမ်းက နဂါးရုံဘုရားဆိုရင် ကျနော်မြင်ဖူးသမျှထဲ အကြီးဆုံးပဲ ။ အဲ့ဒီမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဘာကိုသတိထားမိလည်းဆိုတော့ မြန်မာအချို့ဟာ ဘာသာတရားထက် အကြောက်တရား ပိုနေကြတယ်။

ကြည်ညိုဖွယ်အဆင်းနဲ့ဗုဒ္ဓထက် အနောက်ကမိုးထားတဲ့နဂါးရဲ့ ခမ်းနားမှုကို ရင်သပ်အံ့သြကြတယ် ။ ဗုဒ္ဓကိုမြင်တဲ့အခါ အေးချမ်းသွားရမယ့်အစား အနောက်ကမြွေနဂါးရဲ့ သဏ္ဏာန်ကြောင့် တုန်လှုပ်တယ်/ ကြောက်စိတ်ဝင် တယ်။

( ဝေါမြို့က နဂါးရုံဘုရားဆို ဘုရားကစကြာဝတေးမင်းအဆင်တန်ဆာနဲ့ အနောက်က နဂါးဟာ လက်ချ်မီးဒီဇိုင်းနဲ့) (မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေမှာရှိတဲ့ အတုလမဟာမြကျောက်စေတီပုရဝုဏ်ထဲက နဂါးရုံဘုရားဆိုရင် ကြောက်စရာအကြေးကွက်တွေနဲ့ လူကိုစားတော့မတတ် )နဂါးရုံဘုရားအများစုက ဘုရားကို ဖြစ်သလို ထုပီး နဂါးကိုစနစ်တကျထုလုပ်ထားကြတာများတယ်။

ဘုရားသေးသေး နဂါးကြီးကြီး ဘာသာတရားကိုအကြောက်တရားက အုပ်မိုးထားသလိုမျိုးအဲ့ဒီဆင်းထုတွေမှာ ကြက်ဥနဲ့နွားနို့ပူဇော်ကြတယ်။

ဘုရားက သူ့သားရဟန်းတွေကိုတောင် လူတွေ အကြောက်တရားနဲ့ကိုးကွယ်မှာမလိုချင်လို့ တန်ခိုးမပြခိုင်းဘူး ။လူတွေလုပ်မှ အကြောက်တရားကို ဘာသာတရားထဲ ဇွတ်သွင်း နေသလိုပဲ ။

ကျနော်ကတော့ အဟိတ်တိရိစ္ဆာန်လည်း မကန်တော့နိုင်သလို ဗုဒ္ဓဆင်းထုမြင်တာနဲ့ အကြောက်တရားဖြစ်စေတဲ့ နဂါးရုံတွေကို ကြောက်တယ်။

ဘုရားလက်ထက်က နဂါးဟာ သာသနာပြုနဂါး အခုလူတွေ ထုဆစ်နေတဲ့နဂါး (ပုံတွေ ကြည့်ပါ) မြင်တာနဲ့လူကို ဝါးစားမတတ် Overဖြစ်အောင်ထုလုပ်ထားကြတာ။ ကြည်ညိုသဒ္ဒါတရားထက် အကြောက် တရားပိုဖြစ်စေတယ်။

အေးချမ်းချင်လို့ ဘုရားသွားတာ အေးအေးချမ်းချမ်းပဲ ရှိခိုးချင်တယ်။( ပုံတွေကိုသေချာကြည့်ပါ ပုံထဲကမြွေနဂါးဟာ အကြောက်တရားလားသဒ္ဒါတရားလား သေချာတွေးပါ )

(မြန်မာပြည်မှာသာ အန်နာကွန်နာမြွေကြီးတွေ တွေ့ခဲ့ရင်မြန်မာလူမျိုးတွေ ထွက်မပြေးပဲ ထိုင်ကန်တော့ကြမယ်ထင်တယ်)

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ

ဓမ္မံသရဏံ ဂစ္ဆာမိ

သံဃံရဏံ ဂစ္ဆာမိ

(ဗုဒ္ဓမြတ်စွာဘုရားကို ဝေဖန်ခြင်းမဟုတ်ကြားထဲက ဘုရားကိုလိုရာယူနေသူတွေကို ဝေဖန်ခြင်းပါ။ ဘုရားရှင်ဟာ သူ့ကို ဝေဖန်ရင်လည်း ခွင့်လွှတ်တယ်။ ခွင့်လွှတ်လို့ အောင်ခြင်းရှစ်ပါးဆိုတာ ဖြစ်လာတာခွင့်မလွှတ်ရင် အောင်ခြင်း ရှစ်ပါးထဲက လူဆိုးတွေအကျွတ်တရားမရပဲ သေခြင်းရှစ်ပါးနဲ့တွေ့သွားမှာပေါ့ )

Credit/Writer – ဆန်းကျော်စွာဝင်း(1991-2016)