

တို့ဆေး(Ketamine)”










ယခုပြည်တွင်းမျာ အများဆုံးသုံးနေတာ တို့ဆေးဆိုပြီး ရွှေ တွေဆင်ထားတဲ့ သူတွေ ခလေးတွေ ကို အနားကပ်ပြီး ဆေးထည့်ထားတဲ့ အပ်နဲ့ပုတ်ထိုးခြင်း လိုက်ခြင်းဖြစ်သည် ခံရတဲ့သူက အဆိုပါမူး ရစ် ဆေးအသားတွင်းရောက်သည်အခါ ချက်ချင်း ဆေးရှိန်တက်လာလို့ယိုင်လည်းခွေကျ သွားနိုင် ၏၊ ဘာမှမသိတော့အောင် မျှောသွားပြီးကိုယ်အတွင်း ပိုင်းကြွက်သားများ လှုပ်မရအောင်ထုံနေ ပါသည်။



GHB ၏ အာနိသင်များ

အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူး ဖြစ်ခြင်း မူးဝြေခင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ဝေဝါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း





Unicode

တို့ဆေး (သို့) Katamine အကြာင်း အများသိအောင်မျှဝေပေးကြပါ

တို့ဆေး(Ketamine)”

တို့ဆေးဟု လူပြောများနေသော်လည်း အမှန်မှာအထူးပြုလုပ်ထားသည့်အပ်အသေးစားက လေးဖြင့် လူကိုယ်တွင်းသို့ လျှက်တပျက်ထိုးသွင်းလိုက်ခြင်းဖြစ်သည်။ခြင်ကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊ ၎င်းဆေးအသားတွင်း ဝင်သွားသည်နှင့် စက္ကန့်ပိုင်းအတွင်းမှာ မူးဝေလာမည်။အမြင်အာရုံဝေးဝါးကာ သတိလွတ်သွားမည်။ထိုအချိန်မှာ သင့်ကိုအနားမှာအလိုက်သင့်တွဲခေါ်သူနောက်ပါသွားရတာပါ။သည်ဆေးဝါးတွေကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။ခွဲစိတ်ရာမှာ သုံးတဲ့သူ မေ့ဆေးအမျိုးစား တွေ date of rape သည့် မိန်းခလေးများအား ဆေးခတ် မုဒိန်းကျင့်နိုင်သောတားမြစ် မူးရစ်ထုံထိုင်း ဆေး တွေကို များသောအားဖြင့်သုံးကြသည်။

အဆိုပါဆေးဝါးတွေဟာ အမှုန့်၊ အဆီ၊ အရည် အမျိုးမျိုးထုတ်လုပ်ပြီးဒုစရိုက်သမားများ သုံးနေကြ သည်။သူအဆက်သွယ်သွယ်နဲ့ ရှာရပါတယ်။မူးရစ်ဆေးဝါးရှာရသည်ထက် လောက် မခက်လှပါ။ရန်ကုန်တွင်ကား အဌားယဉ်မောင်းသူ ဇိမ်းခမ်းနဲ့ကွမ်းယာဆိုင်တွေမှာပင် မျက်မှန်းတန်းမိလျှင်အလွယ်တကူဝယ်ရနိုင်၏။

တို့ဆေးများကို ဒုစရိုက်လောကသားများ အသုံးပြုနေပုံ

ဥပမာ ဘန်ကောက်မြို့ကိုစရောက်လာပြီး နိုက်ကလပ်လိုနေရာမျိုးအားတဦးတည်း တယောက်ထဲ သွားမိသူတွေ အများဆုံး ခံရသည်။ညကပွဲရုံမှာ သားကောင်ရှာသူ အမျိုးသမီးနှင့်တွဲကမိရင်ရင်းနှီးကြ/အတူသောက်ပြီးရင် ကောင်မလေးက“အကိုနောက်လိုက်ခဲ့မယ်နော်” ဟုပြောကာ လူရှင်းသည့် တည်းခိုခန်းတွင်းရောက်သွားသည့်အခါအမျိုးသားအား ရေချိုးခိုင်း ပါလိမ့်မယ်။

အတူချိုးမယ်ဆိုလည်းလိုက်မည်မဟုတ်ပါ၊ မိန်းခလေးရေချိုးသည့်အလှည့်တွင် သူမ ဖွတ်ယူလာသည့် ဆေးအဆီရည်ပုလင်းလေးတွင်းမှ ဆေးရည်စက်များကို လက်ဝါးပေါ်ထည့်၍ သူမရင်သားပေါ်မှာလိမ်းထားပါလေသည်၊ဒါအပြင် ဘီယာခွတ်အတွင်းမှာလည်းအစက်ချထားတတ်သည်။

ကုတင်ပေါ်အိပ်တဲ့ကြတဲ့အခါ မှာ သာမန်နဲ့မတူတဲ့ လိုက်လျှောမှုပေးပြီး သူမရင်သားကို ယောက်ကျားလေးမျက်နှာပေါ်ကပ်ရင်းမြူဆွယ်မည်၊မူးနေတဲ့ငနဲကတော့ သိတဲ့အတိုင်း…ရင်သားတွေကို လျှာဖြင့်လျှက်သည့်ဖြစ်စေ ပါးစပ်ဖြင့်စုတ်သည်ဖြစ်စေ ဆေးရည်အဆီမှာ အမျိုးသားပါစပ်တွင်းဝင်သွားပြီးနောက်မိနစ်ပိုင်းအတွင် ခေါင်းတွင်းချာချာလည်၍ အိပ်မောကြသွား ပါလိမ့်မယ်။

ဒီဆေးဟာ သုံးလေးနာရီလောက် သတိလစ်သွားစေနိုင်သဖြင့်၊နိုးလာလျှင်တော့ အတွင်းခံ ဘောင်း ဘီသာကျန်ပါလိမ့်မည် ။ သင်မှာတန်ဘိုးရှိတဲ့အရာအားလုံးဇိမ်နဲ့မွေနှောက်ယူသွားပါပြီ။

နောက်သုံးတဲ့တနည်းက အငွေ့ပါ -ရေမွေးဆပ်ပြာ အစရှိတဲ့ရူရှိုက်မည့် ပစ္စည်းတွေမှာ အသင့်လုပ်ထားကြသည်။သားကောင်တွေကတော့ပိုက်ဆံချမ်းသာတဲ့အိမ်မှာတယောက်ထဲနေတဲ့လူကြီးတွေ မိသားစုအပြင်ရောက်နေကြတုံး ဝတ်ကောင်းစားလှတွေဝတ်ပြီး အရောင်း စာရေး များကဲ့သို့ ဟန်ဆောင်ရင်း ဖေါ်ရည်စွာဆက်ဆံလျှက်အိမ်တွင်းသို့ ဝင်ဘို့ ကြိုးစားပါလိမ့်မည်။

နှစ်ယောက်သုံးယောက် အုပ်စုလိုက် လုပ်ကြသတဲ့ အလှပစ္စည်းအရောင်းကြော်ငြာပုံစံနဲ့ဝင်ပြီး ရေမွှေး(သို့ )ဆပ်ပြာအား လူကြီးရော အိမ်ဖေါ်ပါ မည်မျှအနံ့ကောင်းကြောင်း နမ်းကြည့်ခိုင်း တဲ့အခါ မူးဝေပီးမေ့သွားရော၊အဲဒိတော့မှ တအိမ်လုံးမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေအေးဆေးယူ သွားကြမည်။

ယခုပြည်တွင်းမျာ အများဆုံးသုံးနေတာ တို့ဆေးဆိုပြီး ရွှေ ေတွဆင်ထားတဲ့ သူတွေ ခလေးတွေ ကို အနားကပ်ပြီး ဆေးထည့်ထားတဲ့ အပ်နဲ့ပုတ်ထိုးခြင်း လိုက်ခြင်းဖြစ်သည် ခံရတဲ့သူက အဆိုပါမူး ရစ် ဆေးအသားတွင်းရောက်သည်အခါ ချက်ချင်း ဆေးရှိန်တက်လာလို့ယိုင်လည်းခွေကျ သွားနိုင် ၏၊ ဘာမှမသိတော့အောင် မျှောသွားပြီးကိုယ်အတွင်း ပိုင်းကြွက်သားများ လှုပ်မရအောင်ထုံနေ ပါသည်။

အများဆုံးသုံးနေသည့် ဆေးဝါးများ Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များ အတွက်မေ့ဆေး တစ်မျိုး အဖြစ် တရားဝင် သုံးစွဲကြ သည်။သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့် ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်းတရားဝင် အသုံးပြု တတ်ကြသည်။တိရစ္ဆာန်များတွင် အများဆုံး အသုံးပြု ကြသည်။တိရိစ္ဆာန် ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏလုယက် ခံကြရကြောင်း သိရသည်။

ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင်လာခြင်းကြွက်သားများ အားလျှော့ လာခြင်း သို့မဟုတ်) ကြွက်သားများအားထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း၊ အရက်မူး သကဲ့သို့ ဖြစ်ခြင်း၊မအီမသာနှင့် ပျို့ချင် /အန်ချင်စိတ် ဖြစ်ခြင်း၊စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း၊ အသိစိတ် ပျောက်ဆုံးခြင်း၊ ဇဝေဇဝါ ဖြစ်ခြင်း အမြင် ဝေဝါးလာခြင်း၊ မူးဝေခြင်း၊အစာအိမ်မအီမသာ ဖြစ်ခြင်းများဖြစ်ပါသည်။

GHB ၏ အာနိသင်များ

အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူး ဖြစ်ခြင်း မူးဝြေခင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ေ၀ဝါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း – coma) သေဆုံးခြင်း

Ketamine ၏ အာနိသင်များ

စိတ်အာရုံ ချောက်ခြားခြင်း အချိန်နှင့် အမှတ်အသား များအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြား အာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှား နိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ် ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း များဖြစ်ပါသည်။

ကြိုတင်၍ ကာကွယ်ဘို့ဆိုသည်မှာ အနီးပါတ်ဝန်ကျင်မှ လူစိမ်းများကို အခါမလပ် သတိဖြင့် စောင့်ကြ ည့်ရမည့် အပြင် အသွားအလာကို တဦးတယောက်ထဲသွားမည့်အစား အဖေါ်နှင့် သွားလာရပါမည်၊ ခလေးများအား တဦးတည်း မိမိမျက်စေ့အောက်မှ နာရီပိုင်းမိနစ်ပိုင် းသွား ရမည့် နေရာများအား မလွှတ်မိစေရန် လိုပါသည်။

ခေတ်ပျက် ကာလတွင် မသမာသူများ-ဒုစရိုက်သမားများ လူယုတ်မာများ ပေါသည်ထက်ပေါ လာပြီဖြစ်၍ သွားသတိ/စားသတိ/နေသတိရှိနိုင်ကြပါစေ။