














Unicode

အမြန်လမ်းမှာ စားစရာကို အမှတ်တမဲ့ စွန့်ပစ်မိလို့ ဒုက္ခရောက်ခဲ့ရတဲ့ အဖြစ်

အမြန်လမ်းကိုသွားရင် စားစရာတွေကိုအမှတ်တမဲ့မစွန့်ပစ်ကြပါနဲ့. သတိထားစေချင်လို့ပါ.

အားလုံးကို သတိထားစေချင်လို့ပါ.ဆရာတော်ကြီး အတူခရီးသွားခဲ့စဉ်ကဖြစ်ရပ်ပါ.

၁၉ ရက်နေ့စထွက်တဲ့ ခရီး ၂၁ ရက်နေ့ ညနေ မန္တလေးက ပြန်လာတော့ ကားက ၁၀ စီး လောက်တသီတတန်းကြီးနဲ့.ပျော်စရာလဲ ကောင်းပါတယ်.

နေပြည်တော်မရောက်ခင် ကိုယ်တို့ကားက ဘီးပေါက်တော့ ကား၃စီး ရပ်ပြီးပြင်ရင်းနဲ့ ကားတွေတစ်စီးနဲ့တစ်စီးအလှမ်းနဲနဲဝေးသွားကြတယ်.

မောင်းသွားနှင့်တဲ့ ကားတစ်စီးမှာက ခလေးလေး တစ်ယောက်ပါတယ်.အရမ်းချစ်ဖို့ကောင်းတယ်.တစ်ဖွဲ့လုံးချစ်ကြတာ.

သူတို့က ကားမောင်းရင်း ပါလာတဲ့ဒန်ပေါက်ထုပ်တွေကို စားပြီး အကျန်တွေကို လမ်းမှာစွန့်ပစ်မိ ကြသတဲ့.

ခဏကြာတော့ ကားထဲမှာပုပ်စော်နံလာပြီး ခလေးကလဲ မရပ်မနား ငိုလာတယ်. ဆရာတော်ကြီးကားနဲ့ကလဲနဲနဲဝေးနေတယ်.

ဒါပေမဲ့ ဆရာတော်ကြီးကအ‌ခြေအနေကိုလှမ်းသိပြီး အဲဒီကားကို စောင့်ခေါ်ခိုင်းတယ်.

ပြီးတော့ ပရိတ်ကြိုးလုပ်၊ချည်ပေးပြီးမှ မြန်မြန်ဆင်း၊မြန်မြန်ထွက်၊ မြန်မြန်အိပ်လို့ မိန့်သတဲ့.

အဲဒီတော့မှ အပုပ်နံ့လဲပျောက်၊ခလေးလဲ ငြိမ်ပြီးအိပ်ပျော်သွားရော.

ဒါကြောင့် အမြန်လမ်းကိုသွားရင် စားစရာတွေကိုအမှတ်တမဲ့မစွန့်ပစ်ကြပါနဲ့. သတိထားစေချင်လို့ပါ.

မေတ္တာသုတ်၊ပရိတ်တရားများ ပွားများပေးကြပါ.မေတ္တာလဲ ပို့ပေးကြပါ.ကိုယ်တွေ့ဖြစ်ရပ်လေးမို့ပါ.

အရဟံ သိဒ္ဓိကျန်းမာ ချမ်းသာ…..