





Unicode

ရုပ်ရှင်နှင့်၊ဗွီဒီယို သရုပ်ဆောင် ကစ်ကစ် ကွယ်လွန်

ဇာတ်ပို့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ကစ်ကစ်ကတော့ ဆီးချိုရောဂါကြောင့် ကျောက်ကပ်ပါပျက်စီးနေပြီး ရောဂါဝေဒနာကို အကြီးအကျယ်ခံစားနေရတာလည်း ပရိသတ်ကြီး သိရှိပြီးသားဖြစ်မှာပါ။ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် အနုပညာအလုပ်တွေကို မလုပ်နိုင်ဘဲ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေခဲ့တာလည်း အတော်လေးကိုကြာနေပါပြီ။

သရုပ်ဆောင်မင်းသမီးချောလေးဖြစ်တဲ့ ခင်သဇင်ကတော့ ကစ်ကစ်အတွက်ကို လစဉ်အလှူငွေတွေလှူဒါန်းပေးနေပါသေးတယ်။သရုပ်ဆောင်ကစ်ကစ်ဟာ ရောဂါဝေဒနာကိုခံစားနေရပြီး ကိုယ်တိုင်လည်း အလုပ်မလုပ်နိုင်တော့တာကြောင့် ရရှိလာတဲ့ ဆေးဖိုးအလှူငွေတွေနဲ့ရပ်တည်နေခဲ့ရပါတယ်

ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် 😢😢😢ဒီကနေ့ နိုဝင်ဘာလ ၂၆ရက်နေ့ မနက် ၁၀နာရီ မိနစ်၄၀ခန့်မှာ ဟာသသရုပ်ဆောင် ကစ်ကစ် ကွယ်လွန်သွားပြီဖြစ်ကြောင်းကို သရုပ်ဆောင် ခင်သဇင်၏ Fb မှာ Post တင်ခြင်းဖြင့် သတင်းရရှိခဲ့ပါသည်။ကောင်းရာ သုဂတိလားပါစေ လို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏🙏🙏

သရုပ်ဆောင်ကစ်ကစ်တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်