












Unicode

လူပိန်ချင်တာမျိုးမဟုတ်ပဲ ဗိုက်ခေါက်အဆီ ၊ ခါးဆီ ၊ ကျောဆီလို အဆီပိုတွေပဲ ကျချင်တယ်ဆိုသူများအတွက် ဆေးနည်းကောင်းလေးဝေမျှပေးပါ့မယ်ရှင်

အချိန်မကုန် လွယ်ကူသက်သာတဲ့ နည်းလမ်းဖြစ်ပေမယ့် နည်းလမ်းမှန်မှန်နဲ့တော့ ဇွဲရှိရှိ လုပ်ရပါမယ် ပါဝင်ပစ္စည်းများကတော့ သံပုရာသီး တစ်လုံး ဂျင်း လက် တစ်ဆစ်ခန့် နဲ့ပျားရည် ၂ ဇွန်းခန့် ပထမဆုံး

သံပုရာသီး နဲ့ဂျင်းလက် တစ်ဆစ်ကို အခွံမခွါပဲ ရေစင်စင်ဆေးပါ ပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက်ပါးပါးလေးလှီးပေးပါ ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ သို့ဖန်ခွက် တစ်ခွက်ထဲသို့ထည့်ပြီး

ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါ (ပျားရည် ကို ဆီးချိုရောဂါရှိတယ်ဆို လျှော့ထည့်ပါ အလွယ်ကူဆုံးအနေနဲ့ City Mart က Fame ပျားရည် ကို သုံးနိုင်ပါတယ် ) ပြီးရင် ရေနွေးဆူဆူ (လက်ဖက်ခြောက်မပါ ရိုးရိုးရေနွေး) လောင်းထည့်ပြီး အဖုံးအုပ်ထားပေးပါ

နာရီဝက်ခန့်နေလျှင် ရေနွေးနွေးလေးအနေအထားမှာ ဇွန်းဖြင့်မွှေပေးပြီး အရည် တစ်ခွက်လုံးသောက်ပါ အဖတ်တွေ ကိုလွှင့်ပစ်ရပါမယ် 😛 သတိထားရမှာကတော့ ညမအိပ်ခင် အစားအသောက်

အကုန်စားပြီးချိန်နဲ့နာရီဝက်ခန့်ခွါ ပြီး သောက် ရပါမယ် ဒီရေနွေးသောက်ပြီးအစာမစားတော့လျှင် အကောင်းဆုံးပါပဲ အနှစ်နှစ်အလအလ အဆီပိုတွေဖြစ်တဲ့ အတွက် အနည်းဆုံး ဆယ်ရက်ခန့်တော့ ပုံမှန်သောက်ကြည့်ပေးပါ

သိသာတယ်ဆို ဆက်သောက်ချင်လာပါလိမ့်မယ် ဖြူ သောက်တာ ရက် ၂၀ လောက်ရှိပါပြီ သိသာပါတယ် ညီမလေးတစ်ယောက်ဆီကရတဲ့ နည်းကို ပြန်ပြီး မျှဝေပေးတာပါ သိသာလို့ လက်တို့လိုက်ပါတယ်နော်

အမျိုးသမီးရော အမျိုးသားများပါ သောက်သုံးနိုင်ပါတယ် ဒါပေမယ့် နို့တိုက်မိခင်များ နဲ့ ကိုယ်ဝန်ရှိ အမျိုးသမီးများ မသောက်သင့်ပါဘူး လူနည်းစုအနေနဲ့ သောက်နေတုန်း အခန့်မသင့် ဗိုက်အောင့်ဗိုက်နာဖြစ်လာတာမျိုး

Pressure ကျလာတယ်ဆိုတဲ့ လူမျိုးတွေတော့ ဆက်မသောက်သင့်ပါဘူးရှင် ပျားရည်နဲ့ဂျင်း ပါဝင်တာကြောင့် သုံးမျိုးပေါင်းပြီး ထိန်းပေးသွားတယ်လို့ထင်ပါတယ် သောက်တာကလည်း ညအချိန် ဖြစ်တော့ အစာတွေ ရှိနေပြီလေ အစာအိမ်ကို မထိခိုက်နိုင်ပါဘူး

အလွန်အကျွံ ဘေးထွက်ဆိုးကျိုးတော့ ဖြူ မကြုံဖူးသေးပါဘူး ကိုယ်လိုချင် သလောက် အတိုင်းအတာရပြီဆိုရင် နေ့တိုင်းမသောက်ပဲ တစ်ပတ် မှာ ၃ ရက်လောက်ပဲ သောက်ပါရှင် စရိတ်နည်းတဲ့ နည်းမို့လို့ ထိန်းညှိ ပြီးလိုသလိုသုံးကြည့်ကြပေါ့

ပိုပြီးထိရောက်ချင်ရင်တော့ ဒါလည်းသောက်မယ် လေ့ကျင့်ခန်းလည်းလုပ်မယ် အစားလည်း အနည်းငယ် (အဆီများတဲ့အစားအစာ) ရှောင်မယ်ဆို သိပ်ကို ထိရောက်မှာပါ

ဒါသောက်တာက အဆီပြင်တွေကို ပျော့ပျောင်းလာစေပြီး လေ့ကျင့်ခန်းကြောင့် ကျစ်လစ်လာမှာပါ ကျေးဇူးပါ