






သူရေး (ဆန်းသစ်စ)

အကျဉ်းသားကို စောင့်နေတဲ့ ကြားထဲက ကိုယ့်ကိုယ်ကို သတ်သေသွားမှု အပေါ် အစောင့် နှစ်ဦး တရားစွဲခံရ

ဗျူရိုက အထူး စောင့်ကြည့်ဖို့ စေလွှတ်ခြင်း ခံထားရတဲ့ အစောင့် ဝန်ထမ်း ရဲအရာရှိနှစ်ဦးကို စောင့်ကြည့် ခိုင်းထားတဲ့ အကျဉ်းသား ကိုယ့်ကိုယ်ကို ရအောင် သတ်သေခဲ့တဲ့ အပေါ် ရဲအရာရှိ နှစ်ဦးကို တရားစွဲဖို့ တော့မယ့် အမှု တစ်ခု အမေရိကန်နိုင်ငံ ၊ နယူးယောခ်မြို့မှာ ဖြစ်ပွားခဲ့ တယ်လို့ The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ် ။

ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနဲ့ တရားစွဲ ခံထားရပြီး အစိုးရရဲ့အထူး စောင့်ကြည့်ခံ တရားခံ ဖြစ်သူ မစ္စတာ ဂျက်ဖာရီ အက်စတိန်းဟာ နယူးယောခ်မြို့ မက်ထရိုပိုလီယန် ရဲစခန်း အကျဉ်းဌာနမှာ ထိန်းသိမ်း ခံထားရစဉ် ညမှာ ကိုယ့်ကိုယ်ကို သတ်သေ သွားခဲ့ပါတယ် ။ ဗျူရိုက အဆင့်မြင့် ရဲအရာရှိ နှစ်ဦးကို တရားခံကို ထိန်းသိမ်းဖို့ လွှတ်ထားပေမဲ့ အကျဉ်းသားက ကိုယ့်ကိုယ်ကို ရအောင် သတ်သေသွားခဲ့တာပါ ။

သတ်သေခဲ့တဲ့ ပုံစံ အသေးစိတ်ကို မသိရပေမဲ့ အမျိုးသား ဟာ လည်ပင်းမှာ ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင်လုပ်ခဲ့ပြီး၊ စောင့်ကြည့်နေတဲ့ကြားကနေ လုပ်သွားခဲ့တာဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့အတွက် စောင့်ကြည့်ဖို့ တာဝန်ပေးထားတဲ့ အရာရှိနှစ်ဦးကို တရားစွဲခဲ့သလို နာရီဝက်နေတိုင်းတစ်ခါစီအလှည့်ကျစစ်ရမယ့်တာဝန်ရှိတဲ့အတွက် တာဝန်ပျက်ကွက်ခဲ့ရင် တရားစွဲဆိုမှုက နှစ်ခုဖြစ်သွားမယ်လို့ ဆိုပါတယ် ။

သက်သေခဲ့တဲ့ တရားခံဟာ မသက်သေခင်တပတ်အလိုကတည်းက သူပြုလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ကျခံရမယ့်ပြစ်ဒဏ်အပေါ် စိတ်ကျရောဂါဝင်နေသူဖြစ်ပြီး ပြစ်ဒဏ်ဟာ တစ်သက်တာထောင်ကျခံရမယ့် အမှုနဲ့ တခြားဆက်စပ်အမှုတွေပါဝင်နေတဲ့အတွက် သက်သေဖို့ ကြိုးစားနေခဲ့တာပါ။

ရဲစခန်းရဲ့ထုတ်ပြန်ချက်မှာတော့ အမှုအတွက် စစ်ဆေးဖို့ လိုအပ်တဲ့အချက်တွေရှိနေသေးတဲ့အတွက် ထိန်းသိမ်းထားတာဖြစ်ပြီး၊ မစ္စတာ ဂျက်ဖာရီဟာ တခြားသောကလေးသူငယ်လိင်ပိုင်းနှောက်ယှက်မှုတွေကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရဲအရာရှိနှစ်ဦးကို တရားစွဲခဲ့တာဖြစ်ပြီး၊ တရားခံကတော့ သေဆုံးချိန်မှာ အသက် (၆၆)နှစ်ရှိပြီလို့ သိရပါတယ် ။

သူရေး (ဆန္းသစ္စ)