သင္ အေနနဲ႔ အိပ္ယာဝင္ေနာက္က်ျခင္းေၾကာင့္ ျဖစ္လာမယ့္ က်န္းမာေရးျပႆနာ (၆) ခု

သင္ အေနနဲ႔ အိပ္ယာဝင္ေနာက္က်ျခင္းေၾကာင့္ ျဖစ္လာမယ့္ က်န္းမာေရးျပႆနာ (၆) ခု

ေနာက္က်မွ အိပ္ၿပီး ေနာက္က်မွ အိပ္ယာထျခင္းက က်န္းမာေရးအတြက္ မသင့္ေတာ္ေၾကာင္း က်န္းမာေရးပညာရွင္မ်ား အႀကံျပဳုၿပီးဖစ္ပါတယ္။ ေနာက္က်မွ အိပ္ယာဝင္ျခင္းက လူတစ္ဦးရဲ႕ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာပါ ထိခိုက္ေစႏိုင္တာေၾကာင့္ တတ္ႏိုင္သမွ် အိပ္ခ်ိန္ကို ေစာေစာမွန္မွန္ ျဖစ္ေအာင္ ႀကိဳးစားသင့္ၾကပါတယ္။ အိပ္ယာဝင္ေနာက္က်ျခင္းရဲ႕ ေအာက္ပါဆိုးက်ိဳး (၆)ခ်က္ကေတာ့ သင္ဘာေၾကာင့္ ေစာေစာအိပ္သင့္လဲဆိုတာ သက္ေသျပေနမွာပါ

(1) ေခါင္းကိုက္ျခင္း၊ ခါးကိုက္ျခင္း

အိပ္ယာဝင္ေနာက္က်တာဟာ ဦးေႏွာက္ကို အဓိကထိခိုက္ေစပါတယ္။ အိပ္ယာဝင္ေနာက္က်ၿပီး ေနာက္ေန႔မွာ တစ္ေန႔လုံး ေခါင္းမၾကည္တာမ်ိဳး၊ ေခါင္းကိုက္တာမ်ိဳး ျဖစ္ေနေစမွာျဖစ္ၿပီး အာ႐ုံေၾကာနဲ႔ ဆက္စပ္ေနတဲ့ ခါးကိုပါ ကိုက္ခဲလာေစမွာပါ … ။

(2) အဝလြန္ျခင္း

ေနာက္က်မွ အိပ္တဲ့သူေတြဟာ မနက္စာ လြတ္တတ္တာေၾကာင့္ ေန႔လည္စာကို ပုံမွန္ထက္ ပိုစားျဖစ္ၾကပါတယ္။ ညေနာက္က်မွ အိပ္ရင္လည္း မအိပ္ခင္ ညဥ့္နက္ခ်ိန္ထိ ဗိုက္ဆာတာမ်ိဳးျဖစ္တတ္ၿပီး အခ်ိန္မေတာ္ အစားအစာေတြ စားတတ္ၾကပါတယ္။ ဒီအမူအက်င့္ေတြဟာ ခႏၶာကိုယ္တြင္း ဇီဝျဖစ္စဥ္ေတြကို ေႏွးေကြးေစၿပီး ဝိတ္ပိုတက္လာေစပါတယ္ … ။

(3) မ်က္ႏွာအေရျပားျပႆနာမ်ား

အိပ္ခ်ိန္မမွန္တာေတြနဲ႔ ညအိပ္ယာဝင္ေနာက္က်တာေတြဟာ ေနာက္ေန႔မနက္မွာ သင့္ကို ပန္ဒါတစ္ေကာင္ျဖစ္ေနေစမွာပါ။ အိပ္ခ်ိိန္နည္းပါးတာဟာ သင့္ကို မ်က္ကြင္းညိဳ႐ုံေစမွာသာမက ဝက္ၿခံနဲ႔ အျခားအေရျပားျပႆနာေတြကို ေပၚေပါက္လာေစႏိုင္ပါတယ္ … ။

(4) ေရာဂါမ်ား ျဖစ္ေစႏိုင္

အိပ္ယာဝင္ေနာက္က်ျခင္းက က်န္းမာေရး ျပႆနာမ်ားစြာ ျဖစ္ႏိုင္ေခ်ကို ျမင့္တက္ေစပါတယ္။ ေနာက္က်မွ အိပ္တာဟာ ခႏၶာကိုယ္တြင္း ေကာ္တီေဆာလို႔ေခၚတဲ့ ေဟာ္မုန္းတစ္မ်ိဳး ထုတ္လႊတ္ပါတယ္။ အဆိုပါေဟာ္မုန္းက ကင္ဆာ၊ ဆီးခ်ိဳေသြးခ်ိဳနဲ႔ ေသြးတိုးေရာဂါတို႔ကို ျဖစ္ေစပါတယ္ … ။

(5) အာ႐ုံစူးစိုက္မႈွု

ယခုည အိပ္ေရးပ်က္ထားၿပီး ေနာက္တစ္ေန႔မွာေတာ့ စာသင္တာ၊ အလုပ္လုပ္တာေတြမွာ ေကာင္းစြာ အာ႐ုံစိုက္ႏိုင္ေတာ့မွာမဟုတ္ပါဘူး။ အာ႐ုံစူးစိုက္မႈကို ေလ်ာ့က်ေစ႐ုံသာမက သင့္ရဲ႕ စိတ္ခံစားမႈအေနအထားေတြကိုပါ ထိခိုက္လြယ္လာေစပါတယ္။ ဒါေၾကာင့္ ဘာကိုမဆို ေသခ်ာအာ႐ုံစိုက္ႏိုင္ခ်င္ရင္ အိပ္ေရးမပ်က္သင့္ပါဘူး … ။

(6) စိတ္ဖိစီးမႈ

အိပ္ေရးပ်က္တာေတြ ရက္ဆက္လာၿပီဆိုရင္ စိတ္ဖိစီးမႈ ခံစားလာရတတ္ၾကပါတယ္။ အိပ္ခ်ိန္မမွန္ျခင္းေၾကာင့္ စိတ္က်ေရာဂါ၊ စိတ္ကစဥ့္ကလ်ားေရာဂါ၊ အယ္ဇိုင္းမားစတဲ့ စိတ္ေရာဂါေတြ ျဖစ္ပြားႏိုင္ပါတယ္။ အိပ္မေပ်ာ္လို႔ အိပ္ေဆးေတြ ေသာက္ရတဲ့အခါလည္း အိပ္ေဆးေတြက စိတ္ဖိစီးမႈကို ျမင့္တက္ေစပါတယ္ .. ။

Ref: topyaps

Unicode

သင် အနေနဲ့ အိပ်ယာဝင်နောက်ကျခြင်းကြောင့် ဖြစ်လာမယ့် ကျန်းမာရေးပြဿနာ (၆) ခု

နောက်ကျမှ အိပ်ပြီး နောက်ကျမှ အိပ်ယာထခြင်းက ကျန်းမာရေးအတွက် မသင့်တော်ကြောင်း ကျန်းမာရေးပညာရှင်များ အကြံပြုုပြီးဖစ်ပါတယ်။ နောက်ကျမှ အိပ်ယာဝင်ခြင်းက လူတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်စေနိုင်တာကြောင့် တတ်နိုင်သမျှ အိပ်ချိန်ကို စောစောမှန်မှန် ဖြစ်အောင် ကြိုးစားသင့်ကြပါတယ်။ အိပ်ယာဝင်နောက်ကျခြင်းရဲ့ အောက်ပါဆိုးကျိုး (၆)ချက်ကတော့ သင်ဘာကြောင့် စောစောအိပ်သင့်လဲဆိုတာ သက်သေပြနေမှာပါ

(1) ခေါင်းကိုက်ခြင်း၊ ခါးကိုက်ခြင်း

အိပ်ယာဝင်နောက်ကျတာဟာ ဦးနှောက်ကို အဓိကထိခိုက်စေပါတယ်။ အိပ်ယာဝင်နောက်ကျပြီး နောက်နေ့မှာ တစ်နေ့လုံး ခေါင်းမကြည်တာမျိုး၊ ခေါင်းကိုက်တာမျိုး ဖြစ်နေစေမှာဖြစ်ပြီး အာရုံကြောနဲ့ ဆက်စပ်နေတဲ့ ခါးကိုပါ ကိုက်ခဲလာစေမှာပါ … ။

(2) အဝလွန်ခြင်း

နောက်ကျမှ အိပ်တဲ့သူတွေဟာ မနက်စာ လွတ်တတ်တာကြောင့် နေ့လည်စာကို ပုံမှန်ထက် ပိုစားဖြစ်ကြပါတယ်။ ညနောက်ကျမှ အိပ်ရင်လည်း မအိပ်ခင် ညဉ့်နက်ချိန်ထိ ဗိုက်ဆာတာမျိုးဖြစ်တတ်ပြီး အချိန်မတော် အစားအစာတွေ စားတတ်ကြပါတယ်။ ဒီအမူအကျင့်တွေဟာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေပြီး ဝိတ်ပိုတက်လာစေပါတယ် … ။

(3) မျက်နှာအရေပြားပြဿနာများ

အိပ်ချိန်မမှန်တာတွေနဲ့ ညအိပ်ယာဝင်နောက်ကျတာတွေဟာ နောက်နေ့မနက်မှာ သင့်ကို ပန်ဒါတစ်ကောင်ဖြစ်နေစေမှာပါ။ အိပ်ချိန်နည်းပါးတာဟာ သင့်ကို မျက်ကွင်းညိုရုံစေမှာသာမက ဝက်ခြံနဲ့ အခြားအရေပြားပြဿနာတွေကို ပေါ်ပေါက်လာစေနိုင်ပါတယ် … ။

(4) ရောဂါများ ဖြစ်စေနိုင်

အိပ်ယာဝင်နောက်ကျခြင်းက ကျန်းမာရေး ပြဿနာများစွာ ဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ နောက်ကျမှ အိပ်တာဟာ ခန္ဓာကိုယ်တွင်း ကော်တီဆောလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထုတ်လွှတ်ပါတယ်။ အဆိုပါဟော်မုန်းက ကင်ဆာ၊ ဆီးချိုသွေးချိုနဲ့ သွေးတိုးရောဂါတို့ကို ဖြစ်စေပါတယ် … ။

(5) အာရုံစူးစိုက်မှုှု

ယခုည အိပ်ရေးပျက်ထားပြီး နောက်တစ်နေ့မှာတော့ စာသင်တာ၊ အလုပ်လုပ်တာတွေမှာ ကောင်းစွာ အာရုံစိုက်နိုင်တော့မှာမဟုတ်ပါဘူး။ အာရုံစူးစိုက်မှုကို လျော့ကျစေရုံသာမက သင့်ရဲ့ စိတ်ခံစားမှုအနေအထားတွေကိုပါ ထိခိုက်လွယ်လာစေပါတယ်။ ဒါကြောင့် ဘာကိုမဆို သေချာအာရုံစိုက်နိုင်ချင်ရင် အိပ်ရေးမပျက်သင့်ပါဘူး … ။

(6) စိတ်ဖိစီးမှု

အိပ်ရေးပျက်တာတွေ ရက်ဆက်လာပြီဆိုရင် စိတ်ဖိစီးမှု ခံစားလာရတတ်ကြပါတယ်။ အိပ်ချိန်မမှန်ခြင်းကြောင့် စိတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါ၊ အယ်ဇိုင်းမားစတဲ့ စိတ်ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ အိပ်မပျော်လို့ အိပ်ဆေးတွေ သောက်ရတဲ့အခါလည်း အိပ်ဆေးတွေက စိတ်ဖိစီးမှုကို မြင့်တက်စေပါတယ် .. ။

Ref: topyaps