ေရနစ္ ေနတာကို ဟန္လုပ္ေနတယ္ ထင္ၿပီး ဓာတ္ပုံပဲ ႐ိုက္ေနခဲ့ တာေၾကာင့္ အသက္ေသဆုံးသြားခဲ့တဲ့ အမ်ိဳးသား

ေရနစ္ ေနတာကို ဟန္လုပ္ေနတယ္ ထင္ၿပီး ဓာတ္ပုံပဲ ႐ိုက္ေနခဲ့ တာေၾကာင့္ အသက္ေသဆုံးသြားခဲ့တဲ့ အမ်ိဳးသား

သူငယ္ခ်င္း ျဖစ္သူေတြနဲ႔ အတူ ေရကူးသြားခဲ့တဲ့ အမ်ိဳးသား တစ္ဦးဟာ ေရနစ္ေနခ်ိန္ အကူအညီ ေတာင္းခဲ့ေပမဲ့ ဟန္လုပ္ ေနတယ္လို႔ အထင္ခံ ရၿပီး ဖုန္းနဲ႔႐ိုက္ကူးမႈ ခံခဲ့ရတာေၾကာင့္ ေရနစ္ၿပီး ေသဆုံးသြား ခဲ့တဲ့ ကိစၥတစ္ခု အိႏၵိယ ႏိုင္ငံမွာ ျဖစ္ပြားခဲ့ပါတယ္ ။

ေသဆုံးခဲ့တဲ့ အမ်ိဳးသား အသက္ ( ၁၉ ) ႏွစ္ အ႐ြယ္ ဂ်က္ဖာ ေအရက္ ( Jaffer Ayub ) ဟာ သူငယ္ခ်င္း ႏွစ္ဦးနဲ႔ အတူ ေရကူးဖို႔ သြားခဲ့ ပါတယ္ ။ ေရကူးခ်ိန္မွာ ေရထဲ ကိုဒိုက္ထိုး ခဲ့ၿပီး ကမ္းေျခနဲ႔ အနည္းငယ္ ေဝးတဲ့ ေနရာအထိ ယုံၾကည္ခ်က္ရွိရွိ သြားခဲ့ပါတယ္ ။

သြားခဲ့ၿပီး ေမာတဲ့ အတြက္ ကမ္းဘက္ကို ျပန္တက္ လာစဥ္မွာ ေရေအာက္မွာ ရွိေနတဲ့ ေျခေထာက္ဟာ ကမ္းေျခနား ေရတိမ္ေလးမွာ သြားညႇိ ေနခဲ့ၿပီး အထက္ကို တက္လို႔မရ ျဖစ္ခဲ့ပါတယ္ ။ သူငယ္ခ်င္း ျဖစ္သူကို အကူအညီ ေတာင္းခဲ့ေပမဲ့ တစ္ဦးကကင္မရာနဲ႔ ဆက္႐ိုက္ေနခဲ့ၿပီး က်န္တဲ့ သူငယ္ခ်င္းတစ္ဦးက စေနတယ္ အထင္နဲ႔ ရယ္ေနခဲ့ပါတယ္ ။

ေနာက္ေတာ့ တကယ္ ေရနစ္ေနမွန္း သိခဲ့ရကာ လက္ကမ္း ခဲ့ေပမဲ့ အမ်ိဳးသားက ေရမႊန္းၿပီး အသက္ မရႈႏိုင္ျဖစ္ကာ ေနရာမွာ တင္ပဲ ေရနစ္ ေသဆုံးသြားခဲ့ တယ္လို႔ ဆိုပါတယ္ ။ အနားမွာ ေရကူးေနတဲ့ သူေတြရွိေပမဲ့ သူငယ္ခ်င္း သုံးေယာက္ အတူတူ လာခဲ့တဲ့အေပၚ စေနာက္ ေနၾကတယ္ပဲ ထင္ၿပီး ၊ အကူအညီ လွမ္းေတာင္းခ်ိန္ မွာ ေရာက္လာကာ ေရေပၚ ျပန္ဆယ္ခဲ့ေပမဲ့ ဂ်က္ဖာေအရက္ဟာ အသက္ ေသသုံးသြားခဲ့တယ္လို႔ သိရပါတယ္ ။

အျဖစ္အပ်က္ အလုံးစုံကို ဖုန္းနဲ႔ ဓာတ္ပုံ ႐ိုက္ထားႏိုင္ခဲ့တဲ့အတြက္ ရဲအရာရွိေတြက တကယ္ပဲဒီလူငယ္ႏွစ္ဦးဟာ ေရနစ္ေနတာကို မသိခဲ့ဘဲ သူငယ္ခ်င္းေတြအၾကားစေနာက္ေနခဲ့တယ္လို႔ပဲ ထင္ခဲ့တာလို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ အျဖစ္အပ်က္ျဖစ္ပြားခဲ့တဲ့ ေနရာကိုေတာ့ အိႏၵိယႏိုင္ငံ၊ ကာနာတာကာ( Karnataka) ျပည္နယ္၊ ကယ္ဘာဂီ ( Kalburgi) မွာလို႔ Media drum world သတင္းဌာနကေန ေဖာ္ျပထားတာေတြ႕ရပါတယ္။

သူေရး ( ဆန္းသစ္စ )

Unicode

ရေနစ် နေတာကို ဟန်လုပ်နေတယ် ထင်ပြီး ဓာတ်ပုံပဲ ရိုက်နေခဲ့ တာကြောင့် အသက်သေဆုံးသွားခဲ့တဲ့ အမျိုးသား

သူငယ်ချင်း ဖြစ်သူတွေနဲ့ အတူ ရေကူးသွားခဲ့တဲ့ အမျိုးသား တစ်ဦးဟာ ရေနစ်နေချိန် အကူအညီ တောင်းခဲ့ပေမဲ့ ဟန်လုပ် နေတယ်လို့ အထင်ခံ ရပြီး ဖုန်းနဲ့ရိုက်ကူးမှု ခံခဲ့ရတာကြောင့် ရေနစ်ပြီး သေဆုံးသွား ခဲ့တဲ့ ကိစ္စတစ်ခု အိန္ဒိယ နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ် ။

သေဆုံးခဲ့တဲ့ အမျိုးသား အသက် ( ၁၉ ) နှစ် အရွယ် ဂျက်ဖာ အေရက် ( Jaffer Ayub ) ဟာ သူငယ်ချင်း နှစ်ဦးနဲ့ အတူ ရေကူးဖို့ သွားခဲ့ ပါတယ် ။ ရေကူးချိန်မှာ ရေထဲ ကိုဒိုက်ထိုး ခဲ့ပြီး ကမ်းခြေနဲ့ အနည်းငယ် ဝေးတဲ့ နေရာအထိ ယုံကြည်ချက်ရှိရှိ သွားခဲ့ပါတယ် ။

သွားခဲ့ပြီး မောတဲ့ အတွက် ကမ်းဘက်ကို ပြန်တက် လာစဉ်မှာ ရေအောက်မှာ ရှိနေတဲ့ ခြေထောက်ဟာ ကမ်းခြေနား ရေတိမ်လေးမှာ သွားညှိ နေခဲ့ပြီး အထက်ကို တက်လို့မရ ဖြစ်ခဲ့ပါတယ် ။ သူငယ်ချင်း ဖြစ်သူကို အကူအညီ တောင်းခဲ့ပေမဲ့ တစ်ဦးကကင်မရာနဲ့ ဆက်ရိုက်နေခဲ့ပြီး ကျန်တဲ့ သူငယ်ချင်းတစ်ဦးက စနေတယ် အထင်နဲ့ ရယ်နေခဲ့ပါတယ် ။

နောက်တော့ တကယ် ရေနစ်နေမှန်း သိခဲ့ရကာ လက်ကမ်း ခဲ့ပေမဲ့ အမျိုးသားက ရေမွှန်းပြီး အသက် မရှုနိုင်ဖြစ်ကာ နေရာမှာ တင်ပဲ ရေနစ် သေဆုံးသွားခဲ့ တယ်လို့ ဆိုပါတယ် ။ အနားမှာ ရေကူးနေတဲ့ သူတွေရှိပေမဲ့ သူငယ်ချင်း သုံးယောက် အတူတူ လာခဲ့တဲ့အပေါ် စနောက် နေကြတယ်ပဲ ထင်ပြီး ၊ အကူအညီ လှမ်းတောင်းချိန် မှာ ရောက်လာကာ ရေပေါ် ပြန်ဆယ်ခဲ့ပေမဲ့ ဂျက်ဖာအေရက်ဟာ အသက် သေသုံးသွားခဲ့တယ်လို့ သိရပါတယ် ။

အဖြစ်အပျက် အလုံးစုံကို ဖုန်းနဲ့ ဓာတ်ပုံ ရိုက်ထားနိုင်ခဲ့တဲ့အတွက် ရဲအရာရှိတွေက တကယ်ပဲဒီလူငယ်နှစ်ဦးဟာ ရေနစ်နေတာကို မသိခဲ့ဘဲ သူငယ်ချင်းတွေအကြားစနောက်နေခဲ့တယ်လို့ပဲ ထင်ခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဖြစ်အပျက်ဖြစ်ပွားခဲ့တဲ့ နေရာကိုတော့ အိန္ဒိယနိုင်ငံ၊ ကာနာတာကာ( Karnataka) ပြည်နယ်၊ ကယ်ဘာဂီ ( Kalburgi) မှာလို့ Media drum world သတင်းဌာနကနေ ဖော်ပြထားတာတွေ့ရပါတယ်။

သူရေး ( ဆန်းသစ်စ )