သြားတိုက္ေဆးကို အလွအေပအတြက္ အသုံးျပဳနည္း ၅ မ်ိဳး

သြားတိုက္ေဆးကို အလွအေပအတြက္ အသုံးျပဳနည္း ၅ မ်ိဳး

အမ်ားစုက သြားတိုက္ေဆးကို သြားက်န္းမာေရးအတြက္သာ အသုံးျပဳတတ္ၾကပါတယ္။ တကယ္ေတာ့ သြားတိုက္ေဆးက သြားက်န္းမာေရးအျပင္ အလွအပေရးရာ အတြက္ပါ မ်ားစြာ အသုံးဝင္တယ္ ဆိုတာကို ဗဟုသုတ ရရွိေစရန္ႏွင့္ ကိုယ္တိုင္ လက္ေတြ႕ စမ္းသပ္ႏိုင္ရန္အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လက္သည္း အလွအတြက္ အသုံးျပဳနည္း

သြားတိုက္ေဆး အနည္းငယ္ကို ခြက္ေလးတစ္ခုထဲသို႔ထည့္ပါ။ ထို႔ေနာက္ ဂြမ္းစေလးျဖင့္ ယူ၍ လက္သည္းခြံ/ ေျခသည္းခြံေပၚ ပြတ္တိုက္ေပးပါ။ ထိုသို႔ မၾကာခဏ ျပဳလုပ္ေပးျခင္းျဖင့္ သင့္ရဲ႕ လက္သည္းေလးမ်ား ေတာက္ေျပာင္ လွပ လာပါလိမ့္မယ္။ အလြယ္တကူ က်ိဳးပဲ့ျခင္း မွလည္း ကာကြယ္ေပးႏိုင္ပါတယ္။

(၂) ႏႈတ္ခမ္းသားအတြက္ အသုံးျပဳနည္း

သြားတိုက္ေဆးကို ဝါဂြမ္း အနည္းငယ္ေပၚတင္ၿပီးေနာက္ ႏႈတ္ခမ္းသားေပၚသို႔ သုတ္လိမ္းေပးပါ။ ထို႔ေနာက္ သြားတိုက္တံ (အႏု) ျဖင့္ ၅ မိနစ္ခန႔္ ပြတ္တိုက္ေပးပါ။ ထို႔ေနာက္ ေရေအးေလးျဖင့္ ေဆးေပးပါ။ သင့္ ႏႈတ္ခမ္းသာ ညိဳျခင္း၊ အသားအေရ မညီျခင္းကို သိသိသာသာ သက္သာေစပါလိမ့္မယ္။

(၃) ဝက္ၿခံ အတြက္ အသုံးျပဳနည္း

ဝက္ၿခံကို ကုသဖို႔အတြက္လည္း သြားတိုက္ေဆးကို အသုံးျပဳလို႔ ရပါတယ္။ နားၾကပ္ေတာင္ေလးျဖင့္ သြားတိုက္ေဆးကို တို႔ယူ ၿပီး ဝက္ၿခံ ရွိေသာေနရာ၊ မ်က္ႏွာေပၚရွိ အမာ႐ြတ္မ်ားကို တို႔လိမ္းေပးပါ။ မိနစ္ ၂၀ ခန႔္ ထားၿပီးေနာက္ မ်က္ႏွာကို ေရေအးျဖင့္သာ သစ္ေပးပါ။

(၄) မ်က္ႏွာေပါင္းတင္ေဆးအျဖစ္ အသုံးျပဳနည္း

အဆီျပန္ေသာ မ်က္ႏွာအသားေရအတြက္ သြားတိုက္ေဆးကို မ်က္ႏွာေပါင္းတင္ေဆးအျဖစ္ အသုံးျပဳလို႔ ရပါတယ္။ သြားတိုက္ေဆးႏွင့္ ဆား အနည္းငယ္ ကို ပန္းကန္အေသးေလးထဲသို႔ ထည့္၍ သမေအာင္ ေမႊပါ။ ထို႔ေနာက္ မ်က္ႏွာေပၚသို႔ မ်က္လုံးနားတစ္ဝိုက္အားေရွာင္၍ သုတ္လိမ္းေပးပါ။ ၁၀ မိနစ္ခန႔္ ထားၿပီးေနာက္ ေရေအးျဖင့္ မ်က္ႏွာ သစ္ေပးပါ။

(၅) ဆားဝက္ၿခံမ်ား အတြက္ အသုံးျပဳနည္း

နားေခါင္းနားတစ္ဝိုက္မွာ ျဖစ္တတ္တဲ့ ဆားဝက္ၿခံေတြေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္ရတတ္ပါတယ္။ ဒါ့ေၾကာင့္ သြားတိုက္ေဆးကို ႏူးညံ့ေသာ သြားတိုက္တံေပၚ တင္ၿပီေနာက္ ဆားဝက္ၿခံရွိေသာ နားေခါင္းနား တစ္ဝိုက္ ၂ မိနစ္ခန႔္ ညင္သာစြာ ပြတ္တိုက္ေပးပါ။ ထို႔ေနာက္ ေရေအးျဖင့္ ေဆးေပးပါ။ ထိုသို႔ မၾကာခဏ ျပဳလုပ္ေပးပါက ဆားဝက္ၿခံမ်ား သိသိသာသာ သက္သာေပ်ာက္ကင္းပါလိမ့္မယ္။

လြယ္ကူ႐ိုးရွင္းေသာ နည္းလမ္းမ်ား ျဖစ္တာေၾကာင့္ စမ္းသပ္ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ ဒီအေၾကာင္းေတြကို မသိေသးတဲ့ သူငယ္ခ်င္းေတြကိုလည္း မွ်ေဝလိုက္ပါဦးေနာ္ … အားလုံးပဲ လွပေပ်ာ္႐ႊင္စရာေကာင္းေသာ ေန႔ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစ ရွင္ …

သတင္းအရင္းအျမစ္ – YouTube

Unicode

သွားတိုက်ဆေးကို အလှအပေအတွက် အသုံးပြုနည်း ၅ မျိုး

အများစုက သွားတိုက်ဆေးကို သွားကျန်းမာရေးအတွက်သာ အသုံးပြုတတ်ကြပါတယ်။ တကယ်တော့ သွားတိုက်ဆေးက သွားကျန်းမာရေးအပြင် အလှအပရေးရာ အတွက်ပါ များစွာ အသုံးဝင်တယ် ဆိုတာကို ဗဟုသုတ ရရှိစေရန်နှင့် ကိုယ်တိုင် လက်တွေ့ စမ်းသပ်နိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) လက်သည်း အလှအတွက် အသုံးပြုနည်း

သွားတိုက်ဆေး အနည်းငယ်ကို ခွက်လေးတစ်ခုထဲသို့ထည့်ပါ။ ထို့နောက် ဂွမ်းစလေးဖြင့် ယူ၍ လက်သည်းခွံ/ ခြေသည်းခွံပေါ် ပွတ်တိုက်ပေးပါ။ ထိုသို့ မကြာခဏ ပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ လက်သည်းလေးများ တောက်ပြောင် လှပ လာပါလိမ့်မယ်။ အလွယ်တကူ ကျိုးပဲ့ခြင်း မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) နှုတ်ခမ်းသားအတွက် အသုံးပြုနည်း

သွားတိုက်ဆေးကို ဝါဂွမ်း အနည်းငယ်ပေါ်တင်ပြီးနောက် နှုတ်ခမ်းသားပေါ်သို့ သုတ်လိမ်းပေးပါ။ ထို့နောက် သွားတိုက်တံ (အနု) ဖြင့် ၅ မိနစ်ခန့် ပွတ်တိုက်ပေးပါ။ ထို့နောက် ရေအေးလေးဖြင့် ဆေးပေးပါ။ သင့် နှုတ်ခမ်းသာ ညိုခြင်း၊ အသားအရေ မညီခြင်းကို သိသိသာသာ သက်သာစေပါလိမ့်မယ်။

(၃) ဝက်ခြံ အတွက် အသုံးပြုနည်း

ဝက်ခြံကို ကုသဖို့အတွက်လည်း သွားတိုက်ဆေးကို အသုံးပြုလို့ ရပါတယ်။ နားကြပ်တောင်လေးဖြင့် သွားတိုက်ဆေးကို တို့ယူ ပြီး ဝက်ခြံ ရှိသောနေရာ၊ မျက်နှာပေါ်ရှိ အမာရွတ်များကို တို့လိမ်းပေးပါ။ မိနစ် ၂၀ ခန့် ထားပြီးနောက် မျက်နှာကို ရေအေးဖြင့်သာ သစ်ပေးပါ။

(၄) မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုနည်း

အဆီပြန်သော မျက်နှာအသားရေအတွက် သွားတိုက်ဆေးကို မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုလို့ ရပါတယ်။ သွားတိုက်ဆေးနှင့် ဆား အနည်းငယ် ကို ပန်းကန်အသေးလေးထဲသို့ ထည့်၍ သမအောင် မွှေပါ။ ထို့နောက် မျက်နှာပေါ်သို့ မျက်လုံးနားတစ်ဝိုက်အားရှောင်၍ သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ထားပြီးနောက် ရေအေးဖြင့် မျက်နှာ သစ်ပေးပါ။

(၅) ဆားဝက်ခြံများ အတွက် အသုံးပြုနည်း

နားခေါင်းနားတစ်ဝိုက်မှာ ဖြစ်တတ်တဲ့ ဆားဝက်ခြံတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ဒါ့ကြောင့် သွားတိုက်ဆေးကို နူးညံ့သော သွားတိုက်တံပေါ် တင်ပြီနောက် ဆားဝက်ခြံရှိသော နားခေါင်းနား တစ်ဝိုက် ၂ မိနစ်ခန့် ညင်သာစွာ ပွတ်တိုက်ပေးပါ။ ထို့နောက် ရေအေးဖြင့် ဆေးပေးပါ။ ထိုသို့ မကြာခဏ ပြုလုပ်ပေးပါက ဆားဝက်ခြံများ သိသိသာသာ သက်သာပျောက်ကင်းပါလိမ့်မယ်။

လွယ်ကူရိုးရှင်းသော နည်းလမ်းများ ဖြစ်တာကြောင့် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီအကြောင်းတွေကို မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း မျှဝေလိုက်ပါဦးနော် … အားလုံးပဲ လှပပျော်ရွှင်စရာကောင်းသော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင် …

သတင်းအရင်းအမြစ် – YouTube