Myanmar Idolအစီအစဥ္မွ voating resultေတြကို ရွင္းလင္းစြာ ထုတ္ျပန္မေပးပါက Myanmar Idol webdsite ႏွင့္ page မ်ားကို တိုက္ခိုက္မယ္လို႔ MYANMAR G21 ANONYMOUS HACKER အဖြဲ႕ကေၾကညာ

Myanmar Idolအစီအစဥ္မွ voating resultေတြကို ရွင္းလင္းစြာ ထုတ္ျပန္မေပးပါက Myanmar Idol webdsite ႏွင့္ page မ်ားကို တိုက္ခိုက္မယ္လို႔ MYANMAR G21 ANONYMOUS HACKER အဖြဲ႕ကေၾကညာ

ျမန္မာအိုင္ေဒါလ္ အဆိုၿပိဳင္ပြဲႀကီးရဲ႕ ဒီကေန႔ညမွာေတာ့ Bottom ထိုင္ခဲ့ရတဲ့သူေတြကေတာ့ အက္စတာ၊ ေအးျမျဖဴ နဲ႔ တန္ခြန္ေက်ာ္ တို႔ ျဖစ္ပါတယ္။ အဲဒီအျပင္ပရိသတ္အားေပးမႈ အခိုင္အမာရွိထားတဲ့ တန္ခြန္ေက်ာ္ဟာလည္း ၿပိဳင္ပြဲမွ ထြက္ခဲ့ရၿပီး ေနာက္ဆက္တြဲ Myanmar Idol မန္ေနဂ်ာနဲ႔ စကားမ်ားထားတယ္လို႔ သတင္းမ်ား

ထြက္ရွိခဲ့တာပါ။ Bottomထိုင္ခဲ့ရတဲ့ (၃)ဦးစလုံးဟာလည္း ပရိသတ္အမ်ားဆုံးရရွိထားတယ္လို႔ သတ္မွတ္ျခင္းခံရတဲ့သူေတြပါ။ ဒီလို အေျခအေနေတြ ျဖစ္ေပၚၿပီးေနာက္ပိုင္းမွာ ျမန္မာအိုင္ေဒါရဲ႕ မပြင့္လင္းတဲ့ voatingစနစ္ကို သတိေပးခ်က္ ထုတ္ျပန္လိုက္တဲ့ စာတစ္ေစာင္ ထြက္ေပၚလာခဲ့ပါတယ္။ အဲဒီ သတိေပးခ်က္ကေတာ့

Myanmar G21 Anonymous Hacker Groupမွ ဟက္ကာအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ပါ။ ဒီစာထဲမွာဆိုရင္ “Myanmar Idol လူႀကီးမင္းမ်ားႏွင့္ တာဝန္ရွိသူမ်ား သိေစရန္..ယေန႔ 23.11.2019 ရက္ေန႔တြင္ ကြၽႏ္ုပ္တို႔ Myanmar G21 Anonymous Hacker Groupမွ ေၾကညာခ်က္ထုတ္ျပန္သည္။ ယခုလက္ရွိက်င္းပေနေသာ Myanmar Idolပြဲစဥ္မ်ား၊

voating resultမ်ားႏွင့္ပတ္သက္၍ ျမန္မာျပည္တစ္ဝွမ္း ပရိသတ္မ်ားအေနႏွင့္ ရွင္းလင္းစြာ မသိရပဲ ကြၽႏ္ုပ္တို႔အား လိမ္လည္ေနသည္ဟု သံသယရွိသည္။ထို႔ေၾကာင့္ ယခုေၾကညာခ်က္ထုတ္ျပန္အၿပီး (၇၂)နာရီအတြင္း Myanmar Idol တာဝန္ရွိလူႀကီးမင္းမ်ားမွ ေအာက္ပါအခ်က္မ်ားအား လုပ္ေဆာင္ေပးႏိုင္မည္ဟု ေမွ်ာ္လင့္သည္။

(၁) ၿပီးခဲ့ေသာ အပတ္စဥ္ ပြဲစဥ္မ်ားတြင္ ၿပိဳင္ပြဲဝင္မ်ား ရရွိခဲ့ေသာ voating resultကို အရွင္းလင္းဆုံး ထုတ္ျပန္ရမည္။

(၂) online voatingမ်ားတြင္ ပရိသတ္အမ်ားဆုံး ရရွိထားေသာ ၿပိဳင္ပြဲဝင္(၃)ဦး အဘယ္ေၾကာင့္ Bottomထိုင္ရသည္ကို အရွင္းလင္းဆုံး ထုတ္ျပန္ရမည္။

(၃) Myanmar Idol ၿပိဳင္ပြဲ၏ အပတ္စဥ္ ၿပိဳင္ပြဲဝင္တိုင္း ရရွိေသာ voating resultကို အခ်ိန္ႏွင့္တေျပးညီ live ျပသထားႏိုင္မည့္ systemတစ္ခုကို ထည့္သြင္းထုတ္လႊင့္ရမည္။

ကြၽႏ္ုပ္တို႔ ေတာင္းဆိုေသာ အခ်က္မ်ားသည္ ပရိသတ္အမ်ား၏ ဆႏၵႏွင့္ ထပ္တူက်မည္ဟု ယုံၾကည္သည္။ယခုေတာင္းဆိုခ်က္မ်ားအား လိုက္ေလ်ာႏိုင္ျခင္း မရွိလွ်င္ျဖစ္ေစ၊ မသိက်ိဳးကြၽံျပဳသည္ျဖစ္ေစ ကြၽႏ္ုပ္တို႔ Myanmar G21 Anonymous Hacker Groupမွ

Myanmar Idolအစီအစဥ္၏ တရားဝင္ websiteမ်ား facebook pageမ်ားအား စတင္ တိုက္ခိုက္မည္ျဖစ္ေၾကာင္း ေၾကညာအပ္သည္။Myanmar G21 Anonymous Hacker Group 23.11.2019″ ဆိုၿပီး ထုတ္ျပန္ထားခဲ့တာပါ။

ပရိသတ္ႀကီးေရာ ဘယ္လိုျမင္လဲ၊ ေျပာျပခဲ့ပါဦး။ Myanmar Idolအစီအစဥ္မွ voating resultေတြကို ရွင္းလင္းစြာ ထုတ္ျပန္ေပးမယ္လို႔ ထင္ပါသလား။

Unicode

Myanmar Idolအစီအစဉ်မှ voating resultတွေကို ရှင်းလင်းစွာ ထုတ်ပြန်မပေးပါက Myanmar Idol webdsite နှင့် page များကို တိုက်ခိုက်မယ်လို့ MYANMAR G21 ANONYMOUS HACKER အဖွဲ့ကကြေညာ

မြန်မာအိုင်ဒေါလ် အဆိုပြိုင်ပွဲကြီးရဲ့ ဒီကနေ့ညမှာတော့ Bottom ထိုင်ခဲ့ရတဲ့သူတွေကတော့ အက်စတာ၊ အေးမြဖြူ နဲ့ တန်ခွန်ကျော် တို့ ဖြစ်ပါတယ်။ အဲဒီအပြင်ပရိသတ်အားပေးမှု အခိုင်အမာရှိထားတဲ့ တန်ခွန်ကျော်ဟာလည်း ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး နောက်ဆက်တွဲ Myanmar Idol မန်နေဂျာနဲ့ စကားများထားတယ်လို့ သတင်းများ

ထွက်ရှိခဲ့တာပါ။ Bottomထိုင်ခဲ့ရတဲ့ (၃)ဦးစလုံးဟာလည်း ပရိသတ်အများဆုံးရရှိထားတယ်လို့ သတ်မှတ်ခြင်းခံရတဲ့သူတွေပါ။ ဒီလို အခြေအနေတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်းမှာ မြန်မာအိုင်ဒေါရဲ့ မပွင့်လင်းတဲ့ voatingစနစ်ကို သတိပေးချက် ထုတ်ပြန်လိုက်တဲ့ စာတစ်စောင် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ သတိပေးချက်ကတော့

Myanmar G21 Anonymous Hacker Groupမှ ဟက်ကာအဖွဲ့ရဲ့ ထုတ်ပြန်ချက်ပါ။ ဒီစာထဲမှာဆိုရင် “Myanmar Idol လူကြီးမင်းများနှင့် တာဝန်ရှိသူများ သိစေရန်..ယနေ့ 23.11.2019 ရက်နေ့တွင် ကျွန်ုပ်တို့ Myanmar G21 Anonymous Hacker Groupမှ ကြေညာချက်ထုတ်ပြန်သည်။ ယခုလက်ရှိကျင်းပနေသော Myanmar Idolပွဲစဉ်များ၊

voating resultများနှင့်ပတ်သက်၍ မြန်မာပြည်တစ်ဝှမ်း ပရိသတ်များအနေနှင့် ရှင်းလင်းစွာ မသိရပဲ ကျွန်ုပ်တို့အား လိမ်လည်နေသည်ဟု သံသယရှိသည်။ထို့ကြောင့် ယခုကြေညာချက်ထုတ်ပြန်အပြီး (၇၂)နာရီအတွင်း Myanmar Idol တာဝန်ရှိလူကြီးမင်းများမှ အောက်ပါအချက်များအား လုပ်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်သည်။

(၁) ပြီးခဲ့သော အပတ်စဉ် ပွဲစဉ်များတွင် ပြိုင်ပွဲဝင်များ ရရှိခဲ့သော voating resultကို အရှင်းလင်းဆုံး ထုတ်ပြန်ရမည်။

(၂) online voatingများတွင် ပရိသတ်အများဆုံး ရရှိထားသော ပြိုင်ပွဲဝင်(၃)ဦး အဘယ်ကြောင့် Bottomထိုင်ရသည်ကို အရှင်းလင်းဆုံး ထုတ်ပြန်ရမည်။

(၃) Myanmar Idol ပြိုင်ပွဲ၏ အပတ်စဉ် ပြိုင်ပွဲဝင်တိုင်း ရရှိသော voating resultကို အချိန်နှင့်တပြေးညီ live ပြသထားနိုင်မည့် systemတစ်ခုကို ထည့်သွင်းထုတ်လွှင့်ရမည်။

ကျွန်ုပ်တို့ တောင်းဆိုသော အချက်များသည် ပရိသတ်အများ၏ ဆန္ဒနှင့် ထပ်တူကျမည်ဟု ယုံကြည်သည်။ယခုတောင်းဆိုချက်များအား လိုက်လျောနိုင်ခြင်း မရှိလျှင်ဖြစ်စေ၊ မသိကျိုးကျွံပြုသည်ဖြစ်စေ ကျွန်ုပ်တို့ Myanmar G21 Anonymous Hacker Groupမှ

Myanmar Idolအစီအစဉ်၏ တရားဝင် websiteများ facebook pageများအား စတင် တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေညာအပ်သည်။Myanmar G21 Anonymous Hacker Group 23.11.2019″ ဆိုပြီး ထုတ်ပြန်ထားခဲ့တာပါ။

ပရိသတ်ကြီးရော ဘယ်လိုမြင်လဲ၊ ပြောပြခဲ့ပါဦး။ Myanmar Idolအစီအစဉ်မှ voating resultတွေကို ရှင်းလင်းစွာ ထုတ်ပြန်ပေးမယ်လို့ ထင်ပါသလား။