






ကျေးဇူးဆပ်တာပါတဲ့


ဇော်ထူးအောင်


Unicode

အကောင့်ထဲ မှားဝင်လာတဲ့ သိန်း တစ်ရာကျော်ကို ရိုးသားစွာ ပြန်ပေးခဲ့သူူ

KBZ ဘဏ်အကောင့်ထဲမှားဝင်တဲ့ ပိုက်ဆံ ၁၃၆ သိန်း ၃ သောင်းကို ပြန်ထုတ်ပြီး ပိုင်ရှင်ထံပေးအပ်ခဲ့သူ

ရွှေ ငွေနဲ့ ဂုဏ်ဒြပ်တို့ မရှိလည်း နေနိုင်ပါတယ် တစ်သက်လုံး အလိုအပ်ဆုံးက ဘဝမှာ အရိုးသားဆုံးနေဖို့

ကျနော့် KBZ Bank Account ထဲမှားဝင်တဲ့ ပိုက်ဆံ ၁၃၆ သိန်း ၃သောင်း ကို ပိုင်ရှင်ဖြစ်တဲ့ ဟုမ္မလင်းက အမကြီးကို ပြန်လည်ထုတ်ယူပြီး ပေးအပ်ခဲ့ပါတယ်

တော်သေးတယ်ရှင့် မောင်လေးလိုလူမျိုးနဲ့တွေ့လို့ ပြန်ရတာတဲ့ကျေးဇူးတင်ပါတယ် ဘယ်လိုမှ မအောင်းမေ့ပါနဲ့ ဆိုပြီး ပိုက်ဆံ ၁၀ သိန်း ထုတ်ပေးပေမယ့် တစ်ပြားမှ မယူပါရစေနဲ့ ရိုးသားတဲ့ဂုဏ် တစ်သက်စား မကုန်ပါဘူး အစ်မရယ် ဆိုတော့

အားနာပါတယ် ကျမ အဲ့သဘောမဟုတ်ပါဘူးတဲ့….

ကျေးဇူးဆပ်တာပါတဲ့

ကျနော့်ကိုပေးမယ့် ပိုက်ဆံ လိုအပ်တဲ့နေရာမှာ လှူပေးပါလို့ ပြုံးပြုံးလေးနဲ့ ပြောပြီး ပြန်ခဲ့လိုက်ပါတယ်

ဇော်ထူးအောင်

တကယ်လေးစားပါတယ်….လို့ပဲ ဂုဏ်ပြုပါရစေ