အမရပူရၿမိဳ႕မွ မႏၲေလးေနျပည္ေတာ္ဆီပင့္္ေဆာင္စဥ္ ပင့္ေဆာင္မရေတာ့သျဖင့္္ အပူေဇာ္ခံထားရွိေတာ္မူခဲ့ရသည့္ ဆုေတာင္းျပည့္႐ုပ္ပြားေတာ္ႀကီး

အမရပူရၿမိဳ႕မွ မႏၲေလးေနျပည္ေတာ္ဆီပင့္္ေဆာင္စဥ္ ပင့္ေဆာင္မရေတာ့သျဖင့္္ အပူေဇာ္ခံထားရွိေတာ္မူခဲ့ရသည့္ ဆုေတာင္းျပည့္႐ုပ္ပြားေတာ္ႀကီး

မလြန္မင္းသားႀကီးေကာင္းမႈ ဆုေတာင္းျပည့္႐ုပ္ပြားေတာ္ႀကီး

မလြန္မင္းသားႀကီးေကာင္းမႈ ဆုေတာင္းျပည့္ဘုရားႀကီးဟာ မႏၲေလးၿမိဳ႕ ေဟမာဇလရပ္ ၂၆လမ္းနဲ႔ ၂၇ လမ္းၾကား၊ ၇၆လမ္းနဲ႔ ၇၇လမ္းၾကား ငပယင္းဝင္းထဲမွာတည္ရွိပါတယ္။

မႏၲေလးၿမိဳ႕တည္ ဘဝရွင္မင္းတုန္းမင္းၾတားႀကီးဟာ ခရစ္ႏွစ္ ၁၈၅၃ ခုႏွစ္မွာ ထီးနန္းသိမ္းပိုက္စိုးစံေတာ္မူၿပီးေနာက္ ၃ႏွစ္အၾကာ ခရစ္ႏွစ္ ၁၈၅၆ ခုႏွစ္ေရာက္ေတာ့ သားေတာ္မလြန္မင္းသားႀကီးကို ဆင္းတုေတာ္ႀကီးတစ္ဆူ ထုလုပ္ဖို႔ရာ ေစခိိုင္းေတာ္မူခဲ့ပါတယ္။

အဲ့ဲဒီအတြက္ မလြန္မင္းသားႀကီးက ဦးေဆာင္ၿပီး ပန္းပုပညာရွင္အေက်ာ္အေမာ္ေတြနဲ႔ ဉာဏ္ေတာ္ကိုးေပကိုးလက္မျမင့္တဲ့ ကြၽန္းသား႐ုပ္ပြားေတာ္ျမတ္ႀကီးကို အမရပူရေနျပည္ေတာ္မွာ ထုလုပ္ခဲ့ပါတယ္။

ခရစ္ႏွစ္ ၁၈၅၇ခုႏွစ္မွာ ဘဝရွင္မင္းၾတားႀကီးဟာ ရတနာပုံၿမိဳ႕သစ္တည္ၿပီး အမရပူရၿမိဳ႕ေတာ္ေဟာင္းကို စြန႔္ခြာကာ မႏၲေလးေနျပည္ေတာ္ကို ေျပာင္းေ႐ႊ႕စံံျမန္းေတာ္မူပါတယ္။

အဲဒီေနာက္ ၂ႏွစ္အၾကာ ခရစ္ႏွစ္ ၁၈၅၉ခုႏွစ္မွာ သားေတာ္မလြန္မင္းသားႀကီးကို ႀကီးၾကပ္ေစၿပီး ဆုေတာင္းျပည့္႐ုပ္ပြားေတာ္ႀကီးအား အမရပူရၿမိဳ႕ကေန မႏၲေလးေနျပည္ေတာ္ဆီ ပင့္ေဆာင္ေစခဲ့ပါတယ္။

အဲဒီလိုပင့္ေဆာင္လာၾကတဲ့အခါ မႏၲေလးၿမိဳ႕ ေဟမာဇလရပ္ စစ္သူႀကီးသတိုးမဟာဗႏၶဳလရဲ႕ အမ်ိဳးအႏြယ္ကြၽန္ေတာ္ရင္းမ်ားေနထိုင္ၾကရာလည္းျဖစ္၊ မင္းတုန္းမင္းရဲ႕ ငပယင္းဝန္ေထာက္မင္းေနထိုင္ရာလည္းျဖစ္တဲ့ ငပယင္းဝင္းနားအေရာက္ ဆက္လက္ပင့္ေဆာင္လို႔ မရေတာ့တာေၾကာင့္ မင္းၾတားႀကီးအမိန႔္နဲ႔ အခုလက္ရွိ ေဟမဇလရပ္ ဆုေတာင္းျပည့္ဘုရားတည္ရွိရာေနရာမွာပဲ အမ်ားျပည္သူမ်ားကိုးကြယ္ရန္အလို႔ငွာ အပူေဇာ္ခံထားရွိေတာ္မူခဲ့ပါတယ္။

ပင့္္ေဆာင္လာသူ သားေတာ္မလြန္မင္းသားႀကီးခမ်ာေတာ့ ျမင္ကြန္းျမင္းခုံတိုင္အေရးမွာ သူပုန္လက္ခ်က္နဲ႔ ကံေတာ္ကုန္ခဲ့ရရွာပါတယ္။

ဆုေတာင္းျပည့္႐ုပ္ပြားေတာ္ႀကီးဟာ ရတနာပုံေခတ္မွာ အမ်ားဆုံးထုလုပ္ကိုးကြယ္ေလ့ရွိၾကတဲ့ ဘူမိဖႆမုျဒာ ဆုေတာင္းျပည့္ဘုရားအမ်ိဳးအစား ပုံေတာ္ျဖစ္ပါတယ္။ ကြၽန္းပင္ႀကီးတစ္ပင္တည္းကရတဲ့ ကြၽန္းသစ္လုံးႀကီးကို အမရပူရရွိ ျမန္မာမႈပညာရွင္ ပန္းပုအေက်ာ္မ်ားနဲ႔ ထုလုပ္ထားတဲ့ လက္ရာေျမာက္ ကြၽန္း႐ုပ္ပြားေတာ္ႀကီးတစ္ဆူျဖစ္ပါတယ္။ ဆင္းတုေတာ္ႀကီး ထုလုပ္ခ်ိန္ဟာ ၁၈လ ၾကာျမင့္ခဲ့တယ္လို႔ ဆိုပါတယ္။

မင္းတုန္းမင္းႀကီးလက္ထက္က မကိုဋ္၊ စလြယ္ေတာ္ေတြ မပါရွိဘဲ အခုျမင္ေနရတဲ့ မကိုဋ္စလြယ္ေတာ္ေတြဟာ ေႏွာင္းကုသိုလ္ရွင္ေတြကေန ထပ္မံတင္လႉပူေဇာ္ထားတာျဖစ္ေၾကာင္း သိရပါတယ္။

ဆုေတာင္းျပည့္ဘုရားအေရွ႕မုခ္ကေနဝင္ရင္ ေျမာက္ဘက္မွာ ဆုေတာင္းျပည့္ဘုန္းႀကီးေက်ာင္းကို ေတြ႕ရမွာျဖစ္ပါတယ္။ ဆုေတာင္းျပည့္ဘုရားအေနာက္မုခ္ ဝင္ရာလမ္းေျမာက္ဘက္မွာေတာ့ အေရွ႕ကုန္း႐ိုးဗလီရွိပါတယ္။ ဘုရားဝင္းအတြင္းအလယ္မွာ အုတ္ျပသာဒ္ဂႏၶာကုဋိတိုက္ႀကီးရွိၿပီး အထဲမွာေတာ့ ဆုေတာင္းျပည့္႐ုပ္ပြားေတာ္ျမတ္ႀကီး စံပါယ္ေတာ္မူလ်က္ရွိပါတယ္။

ဒါ့အျပင္ ဘုရားဒါယကာ မင္းတုန္းမင္းၾတားႀကီး၊ သားေတာ္မလြန္မင္းသားႀကီးနဲ႔ မိဖုရားတို႔ရဲ႕ ႐ုပ္တုေတြအျပင္ ငပယင္းသား သူရဲေကာင္း စစ္သူႀကီးသတိုးမဟာဗႏၶဳလတို႔ရဲ႕ ပုံတူ႐ုပ္တုေတြကိုပါ အမွတ္တရျပဳလုပ္ ျပသထားတာ ေတြ႕ရပါတယ္။

အခုဆို သက္တမ္း အႏွစ္၁၆၂ႏွစ္ ရွိၿပီျဖစ္တဲ့ သမိုင္းဝင္ ဆုေတာင္းျပည့္ဘုရားႀကီးဟာ မႏၲေလးၿမိဳ႕တြင္းမွာပဲ တည္ရွိေပမယ့္ အေတာ္အတန္ဆိတ္ၿငိမ္တာေၾကာင့္ တရားဘာဝနာ ပြားမ်ားအားထုတ္လိုသူေတြအတြက္ အထူးသင့္ေလ်ာ္ပါေၾကာင္း လမ္းၫႊန္လိုက္ရပါတယ္။

Unicode

အမရပူရမြို့မှ မန္တလေးနေပြည်တော်ဆီပင့််ဆောင်စဉ် ပင့်ဆောင်မရတော့သဖြင့်် အပူဇော်ခံထားရှိတော်မူခဲ့ရသည့် ဆုတောင်းပြည့်ရုပ်ပွားတော်ကြီး

မလွန်မင်းသားကြီးကောင်းမှု ဆုတောင်းပြည့်ရုပ်ပွားတော်ကြီး

မလွန်မင်းသားကြီးကောင်းမှု ဆုတောင်းပြည့်ဘုရားကြီးဟာ မန္တလေးမြို့ ဟေမာဇလရပ် ၂၆လမ်းနဲ့ ၂၇ လမ်းကြား၊ ၇၆လမ်းနဲ့ ၇၇လမ်းကြား ငပယင်းဝင်းထဲမှာတည်ရှိပါတယ်။

မန္တလေးမြို့တည် ဘဝရှင်မင်းတုန်းမင်းတြားကြီးဟာ ခရစ်နှစ် ၁၈၅၃ ခုနှစ်မှာ ထီးနန်းသိမ်းပိုက်စိုးစံတော်မူပြီးနောက် ၃နှစ်အကြာ ခရစ်နှစ် ၁၈၅၆ ခုနှစ်ရောက်တော့ သားတော်မလွန်မင်းသားကြီးကို ဆင်းတုတော်ကြီးတစ်ဆူ ထုလုပ်ဖို့ရာ စေခိိုင်းတော်မူခဲ့ပါတယ်။

အဲ့ဲဒီအတွက် မလွန်မင်းသားကြီးက ဦးဆောင်ပြီး ပန်းပုပညာရှင်အကျော်အမော်တွေနဲ့ ဉာဏ်တော်ကိုးပေကိုးလက်မမြင့်တဲ့ ကျွန်းသားရုပ်ပွားတော်မြတ်ကြီးကို အမရပူရနေပြည်တော်မှာ ထုလုပ်ခဲ့ပါတယ်။

ခရစ်နှစ် ၁၈၅၇ခုနှစ်မှာ ဘဝရှင်မင်းတြားကြီးဟာ ရတနာပုံမြို့သစ်တည်ပြီး အမရပူရမြို့တော်ဟောင်းကို စွန့်ခွာကာ မန္တလေးနေပြည်တော်ကို ပြောင်းရွှေ့စံံမြန်းတော်မူပါတယ်။

အဲဒီနောက် ၂နှစ်အကြာ ခရစ်နှစ် ၁၈၅၉ခုနှစ်မှာ သားတော်မလွန်မင်းသားကြီးကို ကြီးကြပ်စေပြီး ဆုတောင်းပြည့်ရုပ်ပွားတော်ကြီးအား အမရပူရမြို့ကနေ မန္တလေးနေပြည်တော်ဆီ ပင့်ဆောင်စေခဲ့ပါတယ်။

အဲဒီလိုပင့်ဆောင်လာကြတဲ့အခါ မန္တလေးမြို့ ဟေမာဇလရပ် စစ်သူကြီးသတိုးမဟာဗန္ဓုလရဲ့ အမျိုးအနွယ်ကျွန်တော်ရင်းများနေထိုင်ကြရာလည်းဖြစ်၊ မင်းတုန်းမင်းရဲ့ ငပယင်းဝန်ထောက်မင်းနေထိုင်ရာလည်းဖြစ်တဲ့ ငပယင်းဝင်းနားအရောက် ဆက်လက်ပင့်ဆောင်လို့ မရတော့တာကြောင့် မင်းတြားကြီးအမိန့်နဲ့ အခုလက်ရှိ ဟေမဇလရပ် ဆုတောင်းပြည့်ဘုရားတည်ရှိရာနေရာမှာပဲ အများပြည်သူများကိုးကွယ်ရန်အလို့ငှာ အပူဇော်ခံထားရှိတော်မူခဲ့ပါတယ်။

ပင့််ဆောင်လာသူ သားတော်မလွန်မင်းသားကြီးခမျာတော့ မြင်ကွန်းမြင်းခုံတိုင်အရေးမှာ သူပုန်လက်ချက်နဲ့ ကံတော်ကုန်ခဲ့ရရှာပါတယ်။

ဆုတောင်းပြည့်ရုပ်ပွားတော်ကြီးဟာ ရတနာပုံခေတ်မှာ အများဆုံးထုလုပ်ကိုးကွယ်လေ့ရှိကြတဲ့ ဘူမိဖဿမုဒြာ ဆုတောင်းပြည့်ဘုရားအမျိုးအစား ပုံတော်ဖြစ်ပါတယ်။ ကျွန်းပင်ကြီးတစ်ပင်တည်းကရတဲ့ ကျွန်းသစ်လုံးကြီးကို အမရပူရရှိ မြန်မာမှုပညာရှင် ပန်းပုအကျော်များနဲ့ ထုလုပ်ထားတဲ့ လက်ရာမြောက် ကျွန်းရုပ်ပွားတော်ကြီးတစ်ဆူဖြစ်ပါတယ်။ ဆင်းတုတော်ကြီး ထုလုပ်ချိန်ဟာ ၁၈လ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

မင်းတုန်းမင်းကြီးလက်ထက်က မကိုဋ်၊ စလွယ်တော်တွေ မပါရှိဘဲ အခုမြင်နေရတဲ့ မကိုဋ်စလွယ်တော်တွေဟာ နှောင်းကုသိုလ်ရှင်တွေကနေ ထပ်မံတင်လှူပူဇော်ထားတာဖြစ်ကြောင်း သိရပါတယ်။

ဆုတောင်းပြည့်ဘုရားအရှေ့မုခ်ကနေဝင်ရင် မြောက်ဘက်မှာ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းကို တွေ့ရမှာဖြစ်ပါတယ်။ ဆုတောင်းပြည့်ဘုရားအနောက်မုခ် ဝင်ရာလမ်းမြောက်ဘက်မှာတော့ အရှေ့ကုန်းရိုးဗလီရှိပါတယ်။ ဘုရားဝင်းအတွင်းအလယ်မှာ အုတ်ပြသာဒ်ဂန္ဓာကုဋိတိုက်ကြီးရှိပြီး အထဲမှာတော့ ဆုတောင်းပြည့်ရုပ်ပွားတော်မြတ်ကြီး စံပါယ်တော်မူလျက်ရှိပါတယ်။

ဒါ့အပြင် ဘုရားဒါယကာ မင်းတုန်းမင်းတြားကြီး၊ သားတော်မလွန်မင်းသားကြီးနဲ့ မိဖုရားတို့ရဲ့ ရုပ်တုတွေအပြင် ငပယင်းသား သူရဲကောင်း စစ်သူကြီးသတိုးမဟာဗန္ဓုလတို့ရဲ့ ပုံတူရုပ်တုတွေကိုပါ အမှတ်တရပြုလုပ် ပြသထားတာ တွေ့ရပါတယ်။

အခုဆို သက်တမ်း အနှစ်၁၆၂နှစ် ရှိပြီဖြစ်တဲ့ သမိုင်းဝင် ဆုတောင်းပြည့်ဘုရားကြီးဟာ မန္တလေးမြို့တွင်းမှာပဲ တည်ရှိပေမယ့် အတော်အတန်ဆိတ်ငြိမ်တာကြောင့် တရားဘာဝနာ ပွားများအားထုတ်လိုသူတွေအတွက် အထူးသင့်လျော်ပါကြောင်း လမ်းညွှန်လိုက်ရပါတယ်။