မီးလောင်ချိန်မှာ မိဘတွေကိုအရင်ကယ်တင်ဖို့ကြိုးစားရင်း ကိုယ်တိုင်ကမီးလောင်သေဆုံးသွားတဲ့ မိန်းကလေး

မီးေလာင္ေသဆုံးသြားတဲ့ မိန္းကေလး
မီးေလာင္ေသဆုံးသြားတဲ့ မိန္းကေလး

မီးေလာင္ခ်ိန္မွာ မိဘေတြကို အရင္ကယ္တင္ဖို႔ ႀကိဳးစားရင္း ကိုယ္တိုင္က မီးေလာင္ေသဆုံးသြားတဲ့ မိန္းကေလး

မိဘေတြနဲ႔ အတူေနထိုင္တဲ့ အသက္ (၂၆) ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးဟာ အေဆာက္အဦး မီးေလာင္စဥ္ မီးေဘးကေန မိဘေတြ အရင္လြတ္ေျမာက္ဖို႔ ဦးစားေပး ကယ္တင္ခဲ့ရင္း ကိုယ္တိုင္က မီးေလာင္ေသဆုံးခဲ့တဲ့ အမႈတစ္ခု ၿပီးခဲ့တဲ့ ရက္ပိုင္းက ေဟာင္ေကာင္မွာ ျဖစ္ပြားခဲ့ပါတယ္။

ေဟာင္ေကာင္ရဲ႕ နာမည္ႀကီး ပ႐ိုဂရမ္တစ္ခုမွာ သ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္တင္ဆက္ေနတဲ့ Zeng Yingxin ဟာ ႏိုဝင္ဘာလ (၇) ရက္ေန႔ မနက္အေစာပိုင္း (၄) နာရီေလာက္မွာ သူမေနထိုင္တဲ့အေဆာက္အဦး မီးေလာင္မႈကေန လြတ္ေျမာက္ဖို႔ ႀကိဳးစားရင္း မီးေလာင္ေသဆုံးခဲ့ပါတယ္။ မီးေလာင္စဥ္မွာ ကိုးလႊာမွာေနတဲ့ လူတစ္စုဟာ ေအာက္ကို မဆင္းႏိုင္ဘဲ ပိတ္မိေနခဲ့ပါတယ္။

ကိုးလႊာမွာ မီးစေလာင္တာကို သိကတည္းက တိုက္ေအာက္ကေန မိဘေတြရွိတဲ့ အခန္းကို အေရာက္သြားကာ အခန္းထဲထိ ျပန္သြားခဲ့တဲ့ မိန္းကေလးဟာ မီးေတာက္က ႀကီးေနၿပီ ျဖစ္တဲ့အတြက္ ျပန္ထြက္မရတဲ့အဆုံး မီးေတာက္ေတြ အခန္းထဲထိ မလာႏိုင္ေအာင္ မိဘေတြအတြက္ ကာကြယ္ေပးေနခဲ့ပါတယ္။

မီးေလာင္ၿပီးၿပီးခ်င္း ငါးမိနစ္အတြင္း မီးသတ္သမားေတြ အခ်ိန္မီေရာက္လာခဲ့ေပမဲ့ ျပင္းထန္တဲ့ မီးေလာင္မႈကို ထိန္းခ်ဳပ္ မရတဲ့အဆုံး မီးသတ္သမားေတြဟာ အေဆာက္အဦထဲထိကို ဝင္ကယ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

မီးသတ္သမားေတြ အခန္းထဲထိ လာကယ္ခဲ့ခ်ိန္ မိဘေတြကို အရင္ကယ္ထုတ္သြားခဲ့ၿပီး လုံၿခဳံတဲ့အထပ္အေရာက္မွာ သူမကို ျပန္လာ ကယ္ခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္က်သြားၿပီ ျဖစ္သလို ခႏၶာကိုယ္တစ္ခုလုံးမွာ မီးစြဲေနတဲ့ဒဏ္ရာနဲ႔ ေသဆုံးေနၿပီ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

တစ္ခါတည္း မကယ္သြားႏိုင္တဲ့ အေၾကာင္းရင္းကို မသိရေပမဲ့ မီးေလာင္ေနခ်ိန္မွာ ျပည္သူေတြဟာ မီးခိုးမႊန္ၿပီး မီးရွိန္ေၾကာင့္ တစ္ဦးခ်င္းစီကို ထမ္းထုတ္ေနခဲ့ရတဲ့အတြက္ အခုလို ျဖစ္သြားတာကိုလည္း Sydney Today သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ မိဘေတြက ေဆးကုသေနၿပီး မိန္းကေလးကေတာ့ မီးေလာင္ေနစဥ္မွာပဲ ပြဲခ်င္းၿပီး ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

သူေရး (ဆန်းသဈစ)

Unicode

မီးလောင်ချိန်မှာ မိဘတွေကို အရင်ကယ်တင်ဖို့ ကြိုးစားရင်း ကိုယ်တိုင်က မီးလောင်သေဆုံးသွားတဲ့ မိန်းကလေး

မိဘတွေနဲ့ အတူနေထိုင်တဲ့ အသက် (၂၆) နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အဆောက်အဦး မီးလောင်စဉ် မီးဘေးကနေ မိဘတွေ အရင်လွတ်မြောက်ဖို့ ဦးစားပေး ကယ်တင်ခဲ့ရင်း ကိုယ်တိုင်က မီးလောင်သေဆုံးခဲ့တဲ့ အမှုတစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းက ဟောင်ကောင်မှာ ဖြစ်ပွားခဲ့ပါတယ်။

ဟောင်ကောင်ရဲ့ နာမည်ကြီး ပရိုဂရမ်တစ်ခုမှာ သရုပ်ဆောင်အနေနဲ့ ပါဝင်တင်ဆက်နေတဲ့ Zeng Yingxin ဟာ နိုဝင်ဘာလ (၇) ရက်နေ့ မနက်အစောပိုင်း (၄) နာရီလောက်မှာ သူမနေထိုင်တဲ့အဆောက်အဦး မီးလောင်မှုကနေ လွတ်မြောက်ဖို့ ကြိုးစားရင်း မီးလောင်သေဆုံးခဲ့ပါတယ်။ မီးလောင်စဉ်မှာ ကိုးလွှာမှာနေတဲ့ လူတစ်စုဟာ အောက်ကို မဆင်းနိုင်ဘဲ ပိတ်မိနေခဲ့ပါတယ်။

ကိုးလွှာမှာ မီးစလောင်တာကို သိကတည်းက တိုက်အောက်ကနေ မိဘတွေရှိတဲ့ အခန်းကို အရောက်သွားကာ အခန်းထဲထိ ပြန်သွားခဲ့တဲ့ မိန်းကလေးဟာ မီးတောက်က ကြီးနေပြီ ဖြစ်တဲ့အတွက် ပြန်ထွက်မရတဲ့အဆုံး မီးတောက်တွေ အခန်းထဲထိ မလာနိုင်အောင် မိဘတွေအတွက် ကာကွယ်ပေးနေခဲ့ပါတယ်။

မီးလောင်ပြီးပြီးချင်း ငါးမိနစ်အတွင်း မီးသတ်သမားတွေ အချိန်မီရောက်လာခဲ့ပေမဲ့ ပြင်းထန်တဲ့ မီးလောင်မှုကို ထိန်းချုပ် မရတဲ့အဆုံး မီးသတ်သမားတွေဟာ အဆောက်အဦထဲထိကို ဝင်ကယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မီးသတ်သမားတွေ အခန်းထဲထိ လာကယ်ခဲ့ချိန် မိဘတွေကို အရင်ကယ်ထုတ်သွားခဲ့ပြီး လုံခြုံတဲ့အထပ်အရောက်မှာ သူမကို ပြန်လာ ကယ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကျသွားပြီ ဖြစ်သလို ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးစွဲနေတဲ့ဒဏ်ရာနဲ့ သေဆုံးနေပြီ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

တစ်ခါတည်း မကယ်သွားနိုင်တဲ့ အကြောင်းရင်းကို မသိရပေမဲ့ မီးလောင်နေချိန်မှာ ပြည်သူတွေဟာ မီးခိုးမွှန်ပြီး မီးရှိန်ကြောင့် တစ်ဦးချင်းစီကို ထမ်းထုတ်နေခဲ့ရတဲ့အတွက် အခုလို ဖြစ်သွားတာကိုလည်း Sydney Today သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ မိဘတွေက ဆေးကုသနေပြီး မိန်းကလေးကတော့ မီးလောင်နေစဉ်မှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သူရေး (ဆနျးသဈစ)