ပိုးဟပ်ကိုကြောက်ပြီး မီးနဲ့သတ်ဖို့ကြိုးစားတဲ့အမျိုးသား ကားသုံးစီးမီးလောင်သွားတဲ့အဖြစ်

ပိုးဟတ္
ပိုးဟတ္

ပိုးဟပ်ကိုကြောက်ပြီး မီးနဲ့သတ်ဖို့ကြိုးစားတဲ့အမျိုးသား ကားသုံးစီးမီးလောင်သွားတဲ့အဖြစ်

မီးဖိုးချောင် ထဲမှာတွေ့တဲ့ ပိုးဟပ်တစ်ကောင်ကို ပိုးသတ်ဆေးဗူးနဲ့ မီးခြစ်ကို သုံးပြီး သတ်ဖို့ကြိုးစားခဲ့ ရာကနေတဆင့် ကားသုံးစီး မီးလောင်သွားတဲ့ ဖြစ်ရပ်ဆန်းတစ်ခု တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တယ်လို့ ဘေးဂျင်း တိုင်းမ် သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံ Fujian မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကားသုံးစီး မီးလောင်ခဲ့တဲ့ ပြဿနာရဲ့အစ ဇာစ်မြစ်ကို သတင်းဌာနက အခုလို ဖော်ပြခဲ့ပါတယ်။ အမျိုးသားဟာ မီးဖိုချောင် တံခါးနားမှာနေတဲ့ ပိုးဟပ်တစ်ကောင်ကို ဝင်ခါနီးမှာ တွေ့ခဲ့ပါတယ်။ တက်နင်းလိုက်ပြီး မသေမရှင်ဖြစ်နေတဲ့ ပိုးဟပ်ကို ကြောက်တဲ့အတွက် အသေသတ်ဖို့ မီးခြစ် ခြစ်လိုက်ပြီး ပိုးသတ်ဆေးဗူးနဲ့ နောက်ကနေ မှုတ်ခဲ့ပါတယ်။

ရုတ်တရက်ဆိုသလို မီးတောက်တစ်ခု ဖြစ်သွားရာကနေ မီးဖိုခန်းကို ချက်ချင်းဆိုသလို မီးစွဲသွားခဲ့တာပါ။ မီးညွှန့်က ပျံ့နေတဲ့အဆုံး မီးဖိုချောင်တစ်ခုလုံးကို မီးလောင်နေပြီး အယ်ကိုဟောလ်ပါတဲ့ လောင်စာဆီ ထည့်ထားတဲ့ သံပုံး တစ်ပုံးနဲ့ မီးနဲ့ သွားတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲထွက်သွားခဲ့ပြီး၊ မီးဖိုချောင် နောက်ဘက်မှာရှိတဲ့ လမ်းမတန်းဖက်ကို မီးစတွေ ကူးသွားခဲ့ပါတယ်။

အိမ်နီးနားချင်းတွေရပ်ထားတဲ့ ကားတွေရှိနေတဲ့ လမ်းမတန်းကို ဆီလောင်စာတွေနဲ့ ပျံ့သွားတဲ့မီးတောက်ဟာ ကားတစ်စီးကို စကူးခဲ့ပြီး တဖြည်းဖြည်းနဲ့ အနားက ကားတွေကို မီးဆက်ကူးခဲ့ပြီး သုံးစီးတိတိ မီးလောင်ခဲ့ပါတယ်။ အမျိုးသားကတော့ မီးခြစ်ပြီး မီးဖိုခန်း မီးလောင်ကတည်းက မီးလောင်တာကို ပတ်ဝန်းကျင်ကို အသိမပေးဘဲ ငြိမ်းဖို့ကြိုးစားရင်း ပေါက်ကွဲမှုဖြစ်မှ ပတ်ဝန်းကျင်က သိခဲ့တယ်ဆိုပါတယ်။

 

အမျိုးသားကတော့ ဒဏ်ရာမရခဲ့တဲ့အတွက် ကံကောင်းခဲ့ပြီး မီးလောင်သွားတဲ့ ကားပိုင်ရှင် သုံးယောက်ကတော့ ကာလတန်ဖိုးသိန်း (၇၀၀) နီးပါးလောက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ အမှုအနေနဲ့ စွဲချက်စတင်နေပြီ ဖြစ်သလို အမျိုးဟာ ပြောခဲ့တဲ့အတိုင်း ပိုးဟပ်ကို မီးနဲ့သတ်ဖို့ ကြိုးစားရာကနေ မီးလောင်ခဲ့တာကို အစဆုံး ဝန်ခံထားတယ်လို့ ဖော်ပြထားပါတယ်။

သူရေး (ဆန်းသစ်စ)

ပိုးဟပ္ကိုေၾကာက္ၿပီး မီးနဲ႔သတ္ဖို႔ႀကိဳးစားတဲ့အမ်ိဳးသား ကားသုံးစီးမီးေလာင္သြားတဲ့အျဖစ္

မီးဖိုးေခ်ာင္ ထဲမွာေတြ႕တဲ့ ပိုးဟပ္တစ္ေကာင္ကို ပိုးသတ္ေဆးဗူးနဲ႔ မီးျခစ္ကို သုံးၿပီး သတ္ဖို႔ႀကိဳးစားခဲ့ ရာကေနတဆင့္ ကားသုံးစီး မီးေလာင္သြားတဲ့ ျဖစ္ရပ္ဆန္းတစ္ခု တ႐ုတ္ႏိုင္ငံမွာျဖစ္ပြားခဲ့တယ္လို႔ ေဘးဂ်င္း တိုင္းမ္ သတင္းဌာနက ေဖာ္ျပလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံ Fujian ၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ ကားသုံးစီး မီးေလာင္ခဲ့တဲ့ ျပႆနာရဲ႕အစ ဇာစ္ျမစ္ကို သတင္းဌာနက အခုလို ေဖာ္ျပခဲ့ပါတယ္။ အမ်ိဳးသားဟာ မီးဖိုေခ်ာင္ တံခါးနားမွာေနတဲ့ ပိုးဟပ္တစ္ေကာင္ကို ဝင္ခါနီးမွာ ေတြ႕ခဲ့ပါတယ္။ တက္နင္းလိုက္ၿပီး မေသမရွင္ျဖစ္ေနတဲ့ ပိုးဟပ္ကို ေၾကာက္တဲ့အတြက္ အေသသတ္ဖို႔ မီးျခစ္ ျခစ္လိုက္ၿပီး ပိုးသတ္ေဆးဗူးနဲ႔ ေနာက္ကေန မႈတ္ခဲ့ပါတယ္။

႐ုတ္တရက္ဆိုသလို မီးေတာက္တစ္ခု ျဖစ္သြားရာကေန မီးဖိုခန္းကို ခ်က္ခ်င္းဆိုသလို မီးစြဲသြားခဲ့တာပါ။ မီးၫႊန႔္က ပ်ံ႕ေနတဲ့အဆုံး မီးဖိုေခ်ာင္တစ္ခုလုံးကို မီးေလာင္ေနၿပီး အယ္ကိုေဟာလ္ပါတဲ့
ေလာင္စာဆီ ထည့္ထားတဲ့ သံပုံး တစ္ပုံးနဲ႔ မီးနဲ႔ သြားေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။ ေပါက္ကြဲထြက္သြားခဲ့ၿပီး၊ မီးဖိုေခ်ာင္ ေနာက္ဘက္မွာရွိတဲ့ လမ္းမတန္းဖက္ကို မီးစေတြ ကူးသြားခဲ့ပါတယ္။

အိမ္နီးနားခ်င္းေတြရပ္ထားတဲ့ ကားေတြရွိေနတဲ့ လမ္းမတန္းကို ဆီေလာင္စာေတြနဲ႔ ပ်ံ႕သြားတဲ့မီးေတာက္ဟာ ကားတစ္စီးကို စကူးခဲ့ၿပီး တျဖည္းျဖည္းနဲ႔ အနားက ကားေတြကို မီးဆက္ကူးခဲ့ၿပီး သုံးစီးတိတိ မီးေလာင္ခဲ့ပါတယ္။ အမ်ိဳးသားကေတာ့ မီးျခစ္ၿပီး မီးဖိုခန္း မီးေလာင္ကတည္းက
မီးေလာင္တာကို ပတ္ဝန္းက်င္ကို အသိမေပးဘဲ ၿငိမ္းဖို႔ႀကိဳးစားရင္း ေပါက္ကြဲမႈျဖစ္မွ ပတ္ဝန္းက်င္က သိခဲ့တယ္ဆိုပါတယ္။

အမ်ိဳးသားကေတာ့ ဒဏ္ရာမရခဲ့တဲ့အတြက္ ကံေကာင္းခဲ့ၿပီး မီးေလာင္သြားတဲ့ ကားပိုင္ရွင္ သုံးေယာက္ကေတာ့ ကာလတန္ဖိုးသိန္း (၇၀၀) နီးပါးေလာက္ ဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ အမႈအေနနဲ႔ စြဲခ်က္စတင္ေနၿပီ ျဖစ္သလို အမ်ိဳးဟာ ေျပာခဲ့တဲ့အတိုင္း ပိုးဟပ္ကို မီးနဲ႔သတ္ဖို႔ ႀကိဳးစားရာကေန မီးေလာင္ခဲ့တာကို အစဆုံး ဝန္ခံထားတယ္လို႔ ေဖာ္ျပထားပါတယ္။

သူေရး (ဆန္းသစ္စ)