ဂိမ်းဆော့လွန်းတာကြောင့် ကွန်ပျူတာဘေးနားအိပ်ရာပေါ်မှာ သေဆုံးသွားခဲ့တဲ့ကလေးငယ်

ကွန်ပျူတာဂိမ်းကို စွဲလန်း လွန်းနေတဲ့ ကလေးငယ် တစ်ဦးဟာ သူ့ အိပ်ရာဘေးမှာထားတဲ့ ကွန်ပျူတာကို ညပေါင်း များစွာ မအိပ်မနေ ဆော့ပြီးတဲ့ နောက်မှာ ဂိမ်းဆော့လွန်တဲ့ ရောဂါကြောင့် အိပ်ရာ ပေါ်မှာပဲ သေဆုံးလျက်သား အသက် မရှိခန္ဓာကိုယ်ကို တွေ့ခဲ့ ရတယ်လို့ သိရပါတယ် ။

အထက်တန်းကျောင်း သင်ခန်းစာတွေနဲ့ ကင်းပြီး အားလပ်ရက်ကို ရကတည်းက (၁၇) နှစ်သားလေးဟာ မအိပ်မနေ ဂိမ်းကို စွဲလန်းခဲ့ ပါတယ် ။ မိဘတွေက တချိန်လုံးလည်းအနားမှာ မစောင့်နိုင်တဲ့ အပေါ် ညလုံးပေါက် ဂိမ်းတွေ ဆော့ခဲ့ပြီး ၊ အစားစားတာက အစ ကွန်ပျူတာ ဘေးနားမှာပဲ စားခဲ့ပါတယ် ။ တားမရတဲ့ အဆုံးအစား အသောက်ကို မိဘတွေက ကိုယ်တိုင် အခန်းထဲထိ ပို့ပေးခဲ့ ပါတယ် ။

တစ်ရက် မှာတော့ သားဖြစ်သူကို အိပ်ရာဘေး ကြမ်းပြင်မှာ အိပ်ရာကို ခေါင်းမှီထားတဲ့ အနေအထားနဲ့ သေဆုံးလျက်သား တွေ့ခဲ့ရပြီး နိုဝင်ဘာ ( ၆ ) ရက်နေ့က ထုတ်ပြန်တဲ့ သတင်းအရ အဖေဖြစ်သူဟာ မြင်မြင်ချင်း ဒီဖြစ်စဉ်ကို မှတ်တမ်း ရယူထားခဲ့တယ် ဆိုပါတယ်။ နောက်တော့ အဖြစ်အပျက်ကို သိချိန်မှာ အသက်ကယ်ဖို့ ကြိုးစား ခဲ့ပေမဲ့ သေဆုံးခဲ့ပြီ ဖြစ်ပြီး

အနားမှာရှိတဲ့ နားကြပ်နဲ့ ဆိုဒါ အချိုရည်ဗူးဟာ ကြမ်းပေါ်မှာ လွင့်ကျ နေခဲ့တယ်လို့ သိရပါတယ် ။ ဆရာဝန်က ရုတ်တရက် အကြောတုံ့ဆိုင်းကာ သေသွားခဲ့တယ်လို့ ဆိုခဲ့တဲ့ အတွက် ကွန်ပျူတာဂိမ်းကို ရက်ရှည် လများ၊ ဒါမှမဟုတ် ဖုန်းဂိမ်းတွေကို ရက်ရှည်လများ ဆော့တဲ့ အခါမျိုးမှာ ဖြစ်တတ်တဲ့ လက္ခဏာ ဖြစ်ကြောင်းကိုသိခဲ့ရပါတယ် ။

ဂိမ်းစွဲလန်းခြင်း ပြဿနာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ရောဂါ အဖြစ်တရားဝင်သတ်မှတ်ထားပြီ ဖြစ်လို့ မိဘတွေ အနေနဲ့ ဒီထပ် ပိုဂရုစိုက်ဖို့ လိုပြီး ကလေးငယ်လို့ မဖြစ်ဖို့ ဂရုစိုက်ဖို့ လိုအပ်နေပါပြီ ။ ဖြစ်ပွားခဲ့တဲ့ နေရာက ထိုင်းနိုင်ငံ မြောက်ပိုင်းမှာလို့ သိရပါတယ် ။

သူရေး (ဆန်းသစ်စ)

ဂိမ္းေဆာ့လြန္းတာေၾကာင့္ ကြန္ပ်ဴတာေဘးနားအိပ္ရာေပၚမွာ ေသဆုံးသြားခဲ့တဲ့ကေလးငယ္

ကြန္ပ်ဴတာဂိမ္းကို စြဲလန္း လြန္းေနတဲ့ ကေလးငယ္ တစ္ဦးဟာ သူ႔ အိပ္ရာေဘးမွာထားတဲ့ ကြန္ပ်ဴတာကို ညေပါင္း မ်ားစြာ မအိပ္မေန ေဆာ့ၿပီးတဲ့ ေနာက္မွာ ဂိမ္းေဆာ့လြန္တဲ့ ေရာဂါေၾကာင့္ အိပ္ရာ ေပၚမွာပဲ ေသဆုံးလ်က္သား အသက္ မရွိခႏၶာကိုယ္ကို ေတြ႕ခဲ့ ရတယ္လို႔ သိရပါတယ္ ။

အထက္တန္းေက်ာင္း သင္ခန္းစာေတြနဲ႔ ကင္းၿပီး အားလပ္ရက္ကို ရကတည္းက (၁၇) ႏွစ္သားေလးဟာ မအိပ္မေန ဂိမ္းကို စြဲလန္းခဲ့ ပါတယ္ ။ မိဘေတြက တခ်ိန္လုံးလည္းအနားမွာ မေစာင့္ႏိုင္တဲ့ အေပၚ ညလုံးေပါက္ ဂိမ္းေတြ ေဆာ့ခဲ့ၿပီး ၊ အစားစားတာက အစ ကြန္ပ်ဴတာ ေဘးနားမွာပဲ စားခဲ့ပါတယ္ ။ တားမရတဲ့ အဆုံးအစား အေသာက္ကို မိဘေတြက ကိုယ္တိုင္ အခန္းထဲထိ ပို႔ေပးခဲ့ ပါတယ္ ။

တစ္ရက္ မွာေတာ့ သားျဖစ္သူကို အိပ္ရာေဘး ၾကမ္းျပင္မွာ အိပ္ရာကို ေခါင္းမွီထားတဲ့ အေနအထားနဲ႔ ေသဆုံးလ်က္သား ေတြ႕ခဲ့ရၿပီး ႏိုဝင္ဘာ ( ၆ ) ရက္ေန႔က ထုတ္ျပန္တဲ့ သတင္းအရ အေဖျဖစ္သူဟာ ျမင္ျမင္ခ်င္း ဒီျဖစ္စဥ္ကို မွတ္တမ္း ရယူထားခဲ့တယ္ ဆိုပါတယ္။ ေနာက္ေတာ့ အျဖစ္အပ်က္ကို သိခ်ိန္မွာ အသက္ကယ္ဖို႔ ႀကိဳးစား ခဲ့ေပမဲ့ ေသဆုံးခဲ့ၿပီ ျဖစ္ၿပီး

အနားမွာရွိတဲ့ နားၾကပ္နဲ႔ ဆိုဒါ အခ်ိဳရည္ဗူးဟာ ၾကမ္းေပၚမွာ လြင့္က် ေနခဲ့တယ္လို႔ သိရပါတယ္ ။ ဆရာဝန္က ႐ုတ္တရက္ အေၾကာတုံ႔ဆိုင္းကာ ေသသြားခဲ့တယ္လို႔ ဆိုခဲ့တဲ့ အတြက္ ကြန္ပ်ဴတာဂိမ္းကို ရက္ရွည္ လမ်ား၊ ဒါမွမဟုတ္ ဖုန္းဂိမ္းေတြကို ရက္ရွည္လမ်ား ေဆာ့တဲ့ အခါမ်ိဳးမွာ ျဖစ္တတ္တဲ့ လကၡဏာ ျဖစ္ေၾကာင္းကိုသိခဲ့ရပါတယ္ ။

ဂိမ္းစြဲလန္းျခင္း ျပႆနာကို ကမာၻ႔က်န္းမာေရး အဖြဲ႕က ေရာဂါ အျဖစ္တရားဝင္သတ္မွတ္ထားၿပီ ျဖစ္လို႔ မိဘေတြ အေနနဲ႔ ဒီထပ္ ပိုဂ႐ုစိုက္ဖို႔ လိုၿပီး ကေလးငယ္လို႔ မျဖစ္ဖို႔ ဂ႐ုစိုက္ဖို႔ လိုအပ္ေနပါၿပီ ။ ျဖစ္ပြားခဲ့တဲ့ ေနရာက ထိုင္းႏိုင္ငံ ေျမာက္ပိုင္းမွာလို႔ သိရပါတယ္ ။

သူေရး (ဆန္းသစ္စ)