လစာမေလာက္ဌတဲ့ဘ၀ကို မျဖတ္သန္းႏုိင္တဲ့အဆံုး တိုက္ေပၚကေန ခုန္ခ်ေသဆံုးခဲ့တဲ့အမ်ိဳးသား

ပံုမွန္အေရာင္း၀န္ထမ္းဘ၀နဲ႔ ျဖတ္သန္းေနတဲ့ အမ်ိဳးသားတစ္ဦးဟာ လုပ္ငန္းခြင္မွာအဆင္မေျပမႈေတြနဲ႔ လစာေလာက္ဌမႈမရွိတဲ့ ကိစၥေတြေၾကာင့္ သူေနထုိင္တဲ့တုိက္ေပၚကေန ခုန္ခ်ခဲ့ျပီး ကိုယ့္ကိုယ္ကို အဆံုးစီရင္ခဲ့တဲ့အမႈတစ္ခု မေလးရွားႏုိင္ငံမွာ ျဖစ္ပြားခဲ့တယ္လို႔ China Press သတင္းစာကေန ေဖာ္ျပလိုက္ပါတယ္။

အသက္(၃၂)ႏွစ္အရြယ္ ခုန္ခ်သြားတဲ့အဆိုပါ အမ်ိဳးသားဟာ လက္ရွိအခ်ိန္မွာ အေရာင္း၀န္ထမ္းလုပ္ေနသူပါ။ ခရစ္ဒစ္ကတ္ေတြ သတ္မွတ္ထားတဲ့ပမာဏအတိုင္းေရာင္းႏုိင္မွ လစာအျပည္႔ရမယ့္ အမ်ိဳးသားဟာ သူမကၽြမ္းက်င္တဲ့အလုပ္ကို အရင္ေဖ်ာ္ေျဖေရး ၀န္ထမ္းဘ၀ကေန ေငြရွာခ်င္တဲ့အတြက္ ကူးေျပာင္းလာလဲ့ပါတယ္။

ေရာင္းအားမျပည္႔သလို ကာစတန္မာမရွာႏုိင္တဲ့အတြက္ တစ္လတစ္လ အိမ္ငွားခနဲ႔ အေၾကြးေတြက အလ်င္မမီျဖစ္လာခဲ့ပါတယ္။ သူငယ္ခ်င္းျဖစ္သူက အရင္အလုပ္ကို ျပန္သြားဖို႔တုိက္တြန္းခဲ့ေပမဲ့ အလုပ္ကိုဆက္လုပ္ခဲ့ခ်ိန္ တစ္လကို ရင္းဂစ္ (၁၀၀၀) ျမန္မာေငြ (၃၆၀၀၀၀)ပဲ အေျခခံလစာရတဲ့အမ်ိဳးသားဟာ တစ္လအသံုးစာရိတ္ေတြကို ဘယ္လိုမွမရွင္းႏုိင္ခဲ့ပါဘူး။

ေနာက္ေတာ့ အိမ္ေနရင္း ေဘာင္းဘီအတိုေလး၀တ္ထားတဲ့ ပံုစံနဲ႔ အေပၚအက်ၤီမပါတဲ့ အေနအထားနဲ႔ တိုက္ေပၚကေန ခုန္ခ်ခဲ့ျပီး၊ သူျပႆနာေတြကို မေျဖရွင္းႏုိင္ေတာ့ဘူးလို႔ ယူဆကာစိတ္ထြက္ေပါက္ရွာသြားခဲ့ပါတယ္။ ပတ္၀န္းက်င္က အသံၾကားေတာ့မွ သတိထားမိခဲ့ခ်ိန္ အမ်ိဳးသားတိုက္ေပၚကခုန္ခ်တာကိုသိခဲ့ရတာပါ။ အမ်ိဳးသားဟာ အဆင္ေျပတဲ့ မိသားစုတစ္ခုကလို႔ သိရျပီး

အရင္လုပ္ေနတဲ့အလုပ္ကေန ခရစ္ဒစ္ကတ္ေတြေရာင္းရင္ ေဘာနပ္နဲ႔ ပိုက္ဆံပိုရမယ့္ မက္လံုးကိုၾကည္႔ကာ အေျခခံလစာနည္းနည္းနဲ႔ ကုမၸဏီကိုျေပာင္းခဲ့တာျဖစ္ပါတယ္။ မိသားစုက အလုပ္ေျပာင္းတဲ့အတြက္ အမ်ိုးသားကိုအိမ္ေပၚကဆင္းခိုင္းခဲ့သလို အမ်ိဳးသားကလည္း သီးသန္႔ေနဖို႔ဆံုးျဖတ္ခဲ့ပါတယ္။ ေနာက္ေတာ့ဘယ္လိုမွအဆင္မေျပတဲ့အဆံုး ကိုယ့္ကုိယ္ကို အဆံုးစီရင္ခဲ့တာလို႔ သိရပါတယ္။ အမ်ိဳးသားရဲ႕မိသားစုနဲ႔ နာမည္ကိုေတာ့ သတင္းမွာေဖာ္ျပခဲ့ျခင္းမရွိပါဘူး။

သူေရး (ဆန္းသစ္စ)

Unicode

လစာမလောက်ဌတဲ့ဘဝကို မဖြတ်သန်းနိုင်တဲ့အဆုံး တိုက်ပေါ်ကနေ ခုန်ချသေဆုံးခဲ့တဲ့အမျိုးသား

ပုံမှန်အရောင်းဝန်ထမ်းဘဝနဲ့ ဖြတ်သန်းနေတဲ့ အမျိုးသားတစ်ဦးဟာ လုပ်ငန်းခွင်မှာအဆင်မပြေမှုတွေနဲ့ လစာလောက်ဌမှုမရှိတဲ့ ကိစ္စတွေကြောင့် သူနေထိုင်တဲ့တိုက်ပေါ်ကနေ ခုန်ချခဲ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့အမှုတစ်ခု မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တယ်လို့ China Press သတင်းစာကနေ ဖော်ပြလိုက်ပါတယ်။

အသက်(၃၂)နှစ်အရွယ် ခုန်ချသွားတဲ့အဆိုပါ အမျိုးသားဟာ လက်ရှိအချိန်မှာ အရောင်းဝန်ထမ်းလုပ်နေသူပါ။ ခရစ်ဒစ်ကတ်တွေ သတ်မှတ်ထားတဲ့ပမာဏအတိုင်းရောင်းနိုင်မှ လစာအပြည့်ရမယ့် အမျိုးသားဟာ သူမကျွမ်းကျင်တဲ့အလုပ်ကို အရင်ဖျော်ဖြေရေး ဝန်ထမ်းဘဝကနေ ငွေရှာချင်တဲ့အတွက် ကူးပြောင်းလာလဲ့ပါတယ်။

ရောင်းအားမပြည့်သလို ကာစတန်မာမရှာနိုင်တဲ့အတွက် တစ်လတစ်လ အိမ်ငှားခနဲ့ အကြွေးတွေက အလျင်မမီဖြစ်လာခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက အရင်အလုပ်ကို ပြန်သွားဖို့တိုက်တွန်းခဲ့ပေမဲ့ အလုပ်ကိုဆက်လုပ်ခဲ့ချိန် တစ်လကို ရင်းဂစ် (၁၀၀၀) မြန်မာငွေ (၃၆၀၀၀၀)ပဲ အခြေခံလစာရတဲ့အမျိုးသားဟာ တစ်လအသုံးစာရိတ်တွေကို ဘယ်လိုမှမရှင်းနိုင်ခဲ့ပါဘူး။

နောက်တော့ အိမ်နေရင်း ဘောင်းဘီအတိုလေးဝတ်ထားတဲ့ ပုံစံနဲ့ အပေါ်အင်္ကျီမပါတဲ့ အနေအထားနဲ့ တိုက်ပေါ်ကနေ ခုန်ချခဲ့ပြီး၊ သူပြဿနာတွေကို မဖြေရှင်းနိုင်တော့ဘူးလို့ ယူဆကာစိတ်ထွက်ပေါက်ရှာသွားခဲ့ပါတယ်။ ပတ်ဝန်းကျင်က အသံကြားတော့မှ သတိထားမိခဲ့ချိန် အမျိုးသားတိုက်ပေါ်ကခုန်ချတာကိုသိခဲ့ရတာပါ။ အမျိုးသားဟာ အဆင်ပြေတဲ့ မိသားစုတစ်ခုကလို့ သိရပြီး

အရင်လုပ်နေတဲ့အလုပ်ကနေ ခရစ်ဒစ်ကတ်တွေရောင်းရင် ဘောနပ်နဲ့ ပိုက်ဆံပိုရမယ့် မက်လုံးကိုကြည့်ကာ အခြေခံလစာနည်းနည်းနဲ့ ကုမ္ပဏီကိုြပောင်းခဲ့တာဖြစ်ပါတယ်။ မိသားစုက အလုပ်ပြောင်းတဲ့အတွက် အမျိုးသားကိုအိမ်ပေါ်ကဆင်းခိုင်းခဲ့သလို အမျိုးသားကလည်း သီးသန့်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တော့ဘယ်လိုမှအဆင်မပြေတဲ့အဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာလို့ သိရပါတယ်။ အမျိုးသားရဲ့မိသားစုနဲ့ နာမည်ကိုတော့ သတင်းမှာဖော်ပြခဲ့ခြင်းမရှိပါဘူး။

သူရေး (ဆန်းသစ်စ)