Unicode
မျက်နှာလေးက ချစ်ဖို့ကောင်းပေမယ့် မယုံနိုင်စရာ ခန္ဓာကိုယ်ပုံစံကို ထုတ်ဖော်ပြလိုက်တဲ့ ဆရာဝန်မလေး
ချစ်စဖွယ် မျက်နှာနဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင် ထားတဲ့ မိန်းကလေး ချောချောလေးတွေကို ပရိသတ်ကြီး မြင်ဖူး ကြမယ် ထင်ပါတယ် … ။
တရုတ် နိုင်ငံက ယွမ်ဟီရုံလို့ ခေါ်တဲ့ မိန်းကလေး ကတော့ သာမန် မဟုတ်ပဲ တစ်မူ ထူးခြား သူလေးပါ ။
သူမမှာ ချစ်စဖွယ် မျက်နှာလေး အပြင် ထူးခြားတဲ့ ကိုယ်ကာယ အလှပါ ပိုင်ဆိုင်ထားတာကြောင့် လူမှု ကွန်ယက်ပေါ်မှာ နာမည် ကျော်ကြား နေတာပဲ ဖြစ်ပါတယ် … ။
သူမဟာ အားကစား ခန်းမမှာ လေ့ကျင့် နေတဲ့ သူရဲ့ ဓာတ်ပုံတွေနဲ့ အလှဓာတ်ပုံ တွေကို လူမှု ကွန်ယက် ပေါ်မှာ မျှဝေ လေ့ရှိပြီး သူ့ကို အားပေးတဲ့ ပရိသတ်တွေ အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ် … ။
တောင့်တင်းတဲ့ ကိုယ်ကာယအလှနဲ့ ချစ်စဖွယ် မျက်နှာရှိတဲ့ သူမကို နာမည်ကြီး street fighter ဂိမ်းဇာတ်ကောင် ချွန်းလီနဲ့ တင်စား နေကြတာလည်း ဖြစ်ပါတယ် … ။
ဒီလို လှပ တောင့်တင်းတဲ့ ခန္ဓာကိုယ် ရှိပေမယ့် သူမဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို အချိန်ပိုင်း မော်ဒယ် အဖြစ်လည်း လုပ်ဆောင် နေသူ တစ်ဦးပါ … ။
ထူးထူးဆန်း ပုံစံနဲ့ နာမည်ကြီး နေတဲ့ မိန်းကလေး တစ်ဦးဖြစ်လို့ ပရိသတ်ကြီး အတွက် တင်ဆက်ပေးလိုက် ပါတယ်နော် … ။ ။
လေးစားစွာဖြင့် ခရက်ဒစ် Shwe Yaung Lann