လူငယ်တွေမလုပ်တာကြောင့် အလုပ်အကိုင် (၆)သိန်းကျော် လစ်လပ်နေတဲ့နိုင်ငံ

အလုပ်အကိုင်ရှားပါးမှုပြဿနာဟာ မြန်မာနိုင်ငံမှာတော့ ပြဿနာတစ်ရပ်ပါပဲ။ ပြည်ပကို အလုပ်ထွက်လုပ်ရတဲ့ လုပ်သားဦးရေဟာသန်းနဲ့ချီရှိနေပြီး၊ အရှေ့တောင်အာရှနိုင်ငံတွေကိုထွက်လုပ်နေရတဲ့ လုပ်သားဦးရေဟာ ပိုများပါတယ်။ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူမှာ မြန်မာတွေအဓိက အလုပ်လုပ်ကိုင်နေပေမဲ့ အဲဒီနိုင်ငံတွေထဲက တစ်နိုင်ငံက အလုပ်အကိုင်တွေပေါနေတုန်းလို့ ထပ်ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်ဌာန ဝန်ကြီး မစ္စတာ အက်စတို အာဝါနီက မလေးရှားနိုင်ငံမှာ စက်ရုံတွေမှာ အလုပ်သမားလိုအပ်ချက်ဟာ အလုပ်အကိုင်ပေါင်း (၆)သိန်းကျော်ရှိနေယ်လို့ ဆိုလိုက်ပါတယ်။ လူူအများထင်နေကြတဲ့ အလုပ်ကြမ်းသမားမဟုတ်ဘဲ စက်ရုံမှူး၊ အုပ်ချုပ်ရေးမှူးလို နေရာတွေကဖြစ်ပြီး စီမံခန့်ခွဲမှုနေရာတွေက အများဆုံးလိုအပ်နေတယ်လို့ ဆိုတာပါ။

၀န္ၾကီးခ်ဳပ္

ခက်ခဲ၊ ညစ်ပတ်၊ အန္တရာယ်ရှိလို့ သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေထဲကတစ်ခုမှမဟုတ်ဘဲ ပရော်ဖက်ရှင်နယ်အလုပ်သမားကိုပဲ (၆)သိန်းလောက်လိုအပ်နေတာလို့ ဆိုပါတယ်။ ဒီအလုပ်အကိုင်တွေရရှိဖို့ ဝန်ကြီးဌာနက ဖန်တီးပေးထားတာဖြစ်ပေမဲ့ မလေးရှားလူငယ်တွေနဲ့ နိုင်ငံတကာက အလုပ်အကိုင်လုပ်လိုသူတွေက စိတ်ဝင်စားမှုမရှိဘဲ အလုပ်သမားလိုအပ်ချက်တွေဖြစ်နေတာပါ။

အလုပ်အကိုင်ကိုဝန်ကြီးဌာနကို ဆင့်ခေါ်နေရပြီး၊ စက်ရုံအလုပ်သမား (၇၉၄၄)ယောက်၊ စက်ရုံမှူး (၇၃၀၉)ယောက်၊ အရောင်းဝန်ထမ်း (၂၁၂၃)ယောက်၊ ဘ ဏ္ဍာရေးနဲ့ အာမခံလုပ်ငန်းအတွက် (၁၇၄၈)ယောက်၊ အစားအသောက်အတွက် (၁၀၄၉)ယောက်နဲ့ ဆက်သွယ်ရေးနဲ့ ဝန်ကြီးဌာနအတွက် (၆၇၉)ယောက်၊ စုစုပေါင်း (၁၈၀၀၀)ကျော်ကို လိုအပ်ချက်မြင့်မားနေတယ်လို့ဆိုလိုက်ပါတယ်။

ဒါပေမဲ့ မလေးရှားနိုင်ငံအတွင်းမှာလည်း ဘွဲ့ရတွေဟာ ကုမ္ပဏီလိုအလုပ်တွေပဲဝင်ချင်နေကြတဲ့အတွက် အခုလိုခေါ်တဲ့အလုပ်တွေကို စိတ်ဝင်စားမှုမရှိဘဲ ကုမ္ပဏီအလုပ်ကောင်းတွေကိုပဲ လျှောက်နေကြတယ်လို့ ဆိုပါတယ်။ ဝန်ကြီးဌာနကတော့ လူငယ်တွေကိုအလုပ်တွေဝင်လုပ်ကြဖို့ တိုက်တွန်းနေပြီး အလုပ်အကိုင် (၂)သောင်းကျော်ကို လက်ရှိမှာ ဆင့်ခေါ်နေပါတယ်။

သူရေး (ဆန်းသစ်စ)

လူငယ္ေတြမလုပ္တာေၾကာင့္ အလုပ္အကိုင္ (၆)သိန္းေက်ာ္ လစ္လပ္ေနတဲ့ႏိုင္ငံ
အလုပ္အကိုင္ရွားပါးမႈျပႆနာဟာ ျမန္မာႏုိင္ငံမွာေတာ့ ျပႆနာတစ္ရပ္ပါပဲ။ ျပည္ပကို အလုပ္ထြက္လုပ္ရတဲ့ လုပ္သားဦးေရဟာသန္းနဲ႔ခ်ီရွိေနျပီး၊ အေရွ႕ေတာင္အာရွႏုိင္ငံေတြကိုထြက္လုပ္ေနရတဲ့ လုပ္သားဦးေရဟာ ပိုမ်ားပါတယ္။ ထိုင္း၊ မေလးရွားနဲ႔ စင္ကာပူမွာ ျမန္မာေတြအဓိက အလုပ္လုပ္ကိုင္ေနေပမဲ့ အဲဒီႏုိင္ငံေတြထဲက တစ္ႏုိင္ငံက အလုပ္အကိုင္ေတြေပါေနတုန္းလို႔ ထပ္ေျပာလိုက္ပါတယ္။

မေလးရွားႏုိင္ငံရဲ႕ လူစြမ္းအားအရင္းအျမစ္ဌာန ၀န္ၾကီး မစၥတာ အက္စတို အာ၀ါနီက မေလးရွားႏုိင္ငံမွာ စက္ရံုေတြမွာ အလုပ္သမားလိုအပ္ခ်က္ဟာ အလုပ္အကိုင္ေပါင္း (၆)သိန္းေက်ာ္ရွိေနယ္လို႔ ဆိုလိုက္ပါတယ္။ လူူအမ်ားထင္ေနၾကတဲ့ အလုပ္ၾကမ္းသမားမဟုတ္ဘဲ စက္ရံုမွဴး၊ အုပ္ခ်ဳပ္ေရးမွဴးလို ေနရာေတြကျဖစ္ျပီး စီမံခန္႔ခြဲမႈေနရာေတြက အမ်ားဆံုးလိုအပ္ေနတယ္လို႔ ဆိုတာပါ။

ခက္ခဲ၊ ညစ္ပတ္၊ အႏၱရာယ္ရွိလို႔ သတ္မွတ္ထားတဲ့ အလုပ္အကိုင္ေတြထဲကတစ္ခုမွမဟုတ္ဘဲ ပေရာ္ဖက္ရွင္နယ္အလုပ္သမားကိုပဲ (၆)သိန္းေလာက္လိုအပ္ေနတာလို႔ ဆိုပါတယ္။ ဒီအလုပ္အကိုင္ေတြရရွိဖို႔ ၀န္ၾကီးဌာနက ဖန္တီးေပးထားတာျဖစ္ေပမဲ့ မေလးရွားလူငယ္ေတြနဲ႔ ႏုိင္ငံတကာက အလုပ္အကိုင္လုပ္လိုသူေတြက စိတ္၀င္စားမႈမရွိဘဲ အလုပ္သမားလိုအပ္ခ်က္ေတြျဖစ္ေနတာပါ။

အလုပ္အကိုင္ကို၀န္ၾကီးဌာနကို ဆင့္ေခၚေနရျပီး၊ စက္ရံုအလုပ္သမား (၇၉၄၄)ေယာက္၊ စက္ရံုမွဴး (၇၃၀၉)ေယာက္၊ အေရာင္း၀န္ထမ္း (၂၁၂၃)ေယာက္၊ ဘ ႑ာေရးနဲ႔ အာမခံလုပ္ငန္းအတြက္ (၁၇၄၈)ေယာက္၊ အစားအေသာက္အတြက္ (၁၀၄၉)ေယာက္နဲ႔ ဆက္သြယ္ေရးနဲ႔ ၀န္ၾကီးဌာနအတြက္ (၆၇၉)ေယာက္၊ စုစုေပါင္း (၁၈၀၀၀)ေက်ာ္ကို လိုအပ္ခ်က္ျမင့္မားေနတယ္လို႔ဆိုလိုက္ပါတယ္။

ဒါေပမဲ့ မေလးရွားႏုိင္ငံအတြင္းမွာလည္း ဘြဲ႔ရေတြဟာ ကုမၸဏီလိုအလုပ္ေတြပဲ၀င္ခ်င္ေနၾကတဲ့အတြက္ အခုလိုေခၚတဲ့အလုပ္ေတြကို စိတ္၀င္စားမႈမရွိဘဲ ကုမၸဏီအလုပ္ေကာင္းေတြကိုပဲ ေလွ်ာက္ေနၾကတယ္လို႔ ဆိုပါတယ္။ ၀န္ၾကီးဌာနကေတာ့ လူငယ္ေတြကိုအလုပ္ေတြ၀င္လုပ္ၾကဖို႔ တုိက္တြန္းေနျပီး အလုပ္အကိုင္ (၂)ေသာင္းေက်ာ္ကို လက္ရွိမွာ ဆင့္ေခၚေနပါတယ္။

သူေရး (ဆန္းသစ္စ)