ကားမောင်းရင်ဖုန်းသုံးနေခဲ့တဲ့ဘတ်စ်ဒရိုင်ဘာကြောင့် နောက်ခြမ်းတစ်ခုလုံးစုတ်ပျက်အောင်အတိုက်ခံလိုက်ရတဲ့အဖြစ်

အကယ်လို့ ကိုယ်ကကားမောင်းမယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ဖုန်းလေးကို ခဏလေးပိတ်ထားဖို့တော့လိုပါတယ်။ မဟုတ်ရင်တော့ ကိုယ့်ကြောင့်သူတစ်ပါးထိခိုက်နိုင်သလို ကိုယ်လည်းဒုက္ခရောက်ဖို့ ရာခိုင်နှုန်းကအမြင့်ဆုံးမှာပါ။ မဟုတ်ရင်တော့ အခုဖြစ်သွားတဲ့ ကာဒရိုင်ဘာလို ကိုယ့်ကြောင့်သူတစ်ပါး ဒုက္ခရောက်သွားနိုင်ပါတယ်။

လူမှုကွန်ရက်မှာ ပံျ့နှံ့နေခဲ့တဲ့ မိုင်ဗီကားတစ်စီးနောက်ခြမ်းတစ်ခုလုံး စုတ်သွားအောင် အတိုက်ခံလိုက်ရတဲ့ ဓာတ်ပုံဟာ လူပြောများနေပါတယ်။ ကားရဲ့နောက်ခြမ်းကို ဘတ်စကားက ဝင်တိုက်လိုက်ချိန်မှာ အကုန်လုံးရှေ့ကိုရောက်သွားတာဖြစ်ပြီး ကားကတစ်ဝက်ပဲရှိပါတော့တယ်။ ကားလေးရဲ့ရှေ့မှာ လော်ရီကားတစ်ဟီးရှိသလို အေနာက်မှာဘတ်စတားနဲ့ပါ။

လော်ရီကားက ရှေ့မှာ ကားလမ်းမလွတ်လို့ အရှိန်လျှော့လိုက်ချိန် နောက်ကကားလေးကလည်း အရှိန်လိုက်လျှော့လိုက်ပါတယ်။ ဒါပေမဲ့ ကားမောင်းရင်းဖုန်းသုံးနေတဲ့ ဒရိုင်ဘာက ကားလေးအရှိန်လျှော့လိုက်တာကိုမမြင်ဘဲ ရှေ့ကားမောင်းနေတဲ့အရှိန်အတိုင်းပဲ နောက်ကအလိုက်သင့်လိုက်နေခဲ့တာပါ။ ဖုန်းကိုအာရုံရောက်နေတဲ့အတွက် ဘရိတ်အုပ်တာမမီလိုက်ချိန်မှာတော့ အနောက်ကနေ

ဖင်ဖက်ခြမ်းကို ဝင်တိုက်ခဲ့ပါတယ်။ အရှိန်နဲ့လာတဲ့ ဘတ်စကားက အရှိန်လျှော့လိုက်တဲ့ ကားလေးကိုဝင်တိုက်လိုက်တဲ့အတွက် ရှေ့ကလော်ရီကားနဲ့ညှပ်သွားပြီး ရှေ့နောက်နှစ်ဖက်ပိတ်သလို ဖြစ်ခဲ့ပါတယ်။ ကံကောင်းတာက ကားနောက်ခန်းမှာဘယ်သူမှမရှိခဲ့တဲ့အတွက် လူအသေအပျောက်တော့မရှိခဲ့ပါဘူး။ ကားရှေ့ခန်းကမောင်းတဲ့သူ ဒဏ်ရာရလားကိုတော့ ပို့စ်မှာမဖော်ပြထားပေမဲ့

ကားမောင်းတဲနေရာဟာ ကြားထဲမှာကျန်ခဲ့တဲ့အတွက် ထိခိုက်မယ့်ပုံတော့မပေါ်ပါဘူး။ လက်ရှိမှာ ဒရိုင်ဘာကို ဥပဒေအရအရေးယူဖို့ပြင်နေပြီး ဘတ်စ်ကားကုမ္ပဏီကိုအကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

သူရေး (ဆန်းသစ်စ)

ကားေမာင္းရင္ဖုန္းသံုးေနခဲ့တဲ့ဘတ္စ္ဒရိုင္ဘာေၾကာင့္ ေနာက္ျခမ္းတစ္ခုလံုးစုတ္ပ်က္ေအာင္အတိုက္ခံလိုက္ရတဲ့အျဖစ္

အကယ္လို႔ ကုိယ္ကကားေမာင္းမယ္လို႔ ဆံုးျဖတ္လိုက္ျပီဆုိတာနဲ႔ ဖုန္းေလးကို ခဏေလးပိတ္ထားဖို႔ေတာ့လိုပါတယ္။ မဟုတ္ရင္ေတာ့ ကိုယ့္ေၾကာင့္သူတစ္ပါးထိခိုက္ႏိုင္သလို ကိုယ္လည္းဒုကၡေရာက္ဖို႔ ရာခိုင္ႏႈန္းကအျမင့္ဆံုးမွာပါ။ မဟုတ္ရင္ေတာ့ အခုျဖစ္သြားတဲ့ ကာဒရိုင္ဘာလို ကိုယ့္ေၾကာင့္သူတစ္ပါး ဒုကၡေရာက္သြားႏိုင္ပါတယ္။

လူမႈကြန္ရက္မွာ ပံ်႕ႏွံ႕ေနခဲ့တဲ့ မိုင္ဗီကားတစ္စီးေနာက္ျခမ္းတစ္ခုလံုး စုတ္သြားေအာင္ အတိုက္ခံလိုက္ရတဲ့ ဓာတ္ပံုဟာ လူေျပာမ်ားေနပါတယ္။ ကားရဲ႕ေနာက္ျခမ္းကို ဘတ္စကားက ၀င္တိုက္လိုက္ခ်ိန္မွာ အကုန္လံုးေရွ႕ကိုေရာက္သြားတာျဖစ္ျပီး ကားကတစ္၀က္ပဲရွိပါေတာ့တယ္။ ကားေလးရဲ႕ေရွ႕မွာ ေလာ္ရီကားတစ္ဟီးရွိသလို ေအနာက္မွာဘတ္စတားနဲ႔ပါ။

ေလာ္ရီကားက ေရွ႕မွာ ကားလမ္းမလြတ္လို႔ အရွိန္ေလွ်ာ႕လိုက္ခ်ိန္ ေနာက္ကကားေလးကလည္း အရွိန္လိုက္ေလွ်ာ႕လိုက္ပါတယ္။ ဒါေပမဲ့ ကားေမာင္းရင္းဖုန္းသံုးေနတဲ့ ဒရိုင္ဘာက ကားေလးအရွိန္ေလွ်ာ႕လိုက္တာကိုမျမင္ဘဲ ေရွ႕ကားေမာင္းေနတဲ့အရွိန္အတို္င္းပဲ ေနာက္ကအလိုက္သင့္လိုက္ေနခဲ့တာပါ။ ဖုန္းကိုအာရံုေရာက္ေနတဲ့အတြက္ ဘရိတ္အုပ္တာမမီလိုက္ခ်ိန္မွာေတာ့ အေနာက္ကေန

ဖင္ဖက္ျခမ္းကို ၀င္တုိက္ခဲ့ပါတယ္။ အရိွန္နဲ႔လာတဲ့ ဘတ္စကားက အရွိန္လေွ်ာ႔လိုက္တဲ့ ကားေလးကို၀င္တိုက္လိုက္တဲ့အတြက္ ေရွ႕ကေလာ္ရီကားနဲ႔ညွပ္သြားျပီး ေရွ႕ေနာက္ႏွစ္ဖက္ပိတ္သလို ျဖစ္ခဲ့ပါတယ္။ ကံေကာင္းတာက ကားေနာက္ခန္းမွာဘယ္သူမွမရွိခဲ့တဲ့အတြက္ လူအေသအေပ်ာက္ေတာ့မရွိခဲ့ပါဘူး။ ကားေရွ႕ခန္းကေမာင္းတဲ့သူ ဒဏ္ရာရလားကိုေတာ့ ပို႔စ္မွာမေဖာ္ျပထားေပမဲ့

ကားေမာင္းတဲေနရာဟာ ၾကားထဲမွာက်န္ခဲ့တဲ့အတြက္ ထိခိုက္မယ့္ပံုေတာ့မေပၚပါဘူး။ လက္ရွိမွာ ဒရိုင္ဘာကို ဥပေဒအရအေရးယူဖို႔ျပင္ေနျပီး ဘတ္စ္ကားကုမၸဏီကိုအေၾကာင္းၾကားထားတယ္လို႔လည္း သိရပါတယ္။

သူေရး (ဆန္းသစ္စ)