မလေးရှားကနေ ရေသန့်ဘူး(၁၇)သန်းကို နှစ်စဉ်တင်သွင်းနေရတဲ့ အခက်အခဲကိုဖြေရှင်းနိုင်ပြီဖြစ်တဲ့ စင်ကာပူ

water
water

တိုးတက်နေတဲ့ စင်ကာပူနိုင်ငံရဲ့အဓိက အခက်အခဲထဲမှာ သောက်သုံးရေမရှိတဲ့ပြဿနာကလည်း စိန်ခေါ်မှုတစ်ခုပါ။ ဖြေရှင်းနိုင်ပြီးသားဖြစ်ပေမဲ့ နှစ်တိုင်းရေသန့်ဘူးတွေတင်သွင်းရချိန်၊ ပလတ်စတစ်ထုတ်နှုန်းဟာ နိုင်ငံရဲ့ အဓိကအခက်အခဲထဲပါလာပါတယ်။ နှစ်တိုင်းကိုသန်းနဲ့ချီတဲ့ ပလတ်စတစ်ဘူးတွေစွန့်ပစ်နေရတဲ့အတွက် အစိုးရကစီစဉ်စရာရှိတာစီစဉ်ခဲ့ပါတယ်။

အနီးဆုံးနိုင်ငံဖြစ်တဲ့ မလေးရှားကနေ ရေသန့်ပိုက်လုံးကိုသွယ်ပြီး၊ တစ်နိုင်ငံလုံးမှာ ရေပိုက်ခေါင်းကနေ ဖွင့်လိုက်တာနဲ့ သောက်ရေသောက်လို့ရမယ့်စနစ်ပါ။ ဒီစနစ်ကိုအကောင်အထည်ဖော်ရတဲ့အကြောင်းအရင်းအနေနဲ့ မလေးရှားတစ်နိုင်ငံတည်းကနေ နှစ်စဉ်ရေသန်းဘူး (၁၇)သန်း တင်သွင်းနေရတဲ့ ဒုက္ခကိုဖြေရှင်းဖို့နဲ့ တခြားနိုင်ငံတွေကနေ ရေဝယ်နေရတဲ့ဒုက္ခကိုဖြေရှင်းဖို့ပါ။

သဘာဝနဲ့ ရေအရင်းအမြစ်ဝန်ကြီးဌာနဟာ သူတို့ကိုယ်ပိုင်ထုတ်တဲ့ ရေသန့်စစ်စစ်ကို အောင်မြင်အောင်လုပ်နိုင်ခဲ့ပြီလို့ ကြေညာကာ နိုင်ငံတကာကိုအသိပေးလိုက်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဂျိုးဖြူရေလို အစိုးရက ရေသန့်တွေကို ပိုက်ခေါင်းဖွင့်တာနဲ့ သောက်လို့ရတဲ့အထိသန့်စင်နိုင်ခဲပြီဖြစ်တဲ့အတွက် သူများနိုင်ငံက ရေသန့်ဘူးတွေသန်းနဲ့ ချီဝယ်တင်စရာမလိုတော့ပါဘူး။


သဘာဝနဲ့ ရေအရင်းအမြစ်ဝန်ကြီးဌာန ၀န္ၾကီး

ရေသောက်မယ့် လူတိုင်းဟာ ကိုယ်ပိုင်ရေဘူးကိုဆောင်ထားရမှာဖြစ်ပြီး ရေဆာလာတိုင်း ပိုက်ခေါင်းဖွင့်ကာ သောက်လိုက်ရုံပါပဲ။ ကျောင်းတွေမှာ ပညာပေးစနေပြီဖြစ်သလို ကလေးတွေကိုလည်း ကိုယ်ပိုင်ရေသန့်ဘူးတစ်ဘူးကို စွဲစွဲမြဲမြဲသုံးတဲ့အလေ့အထကို ကျောင်းမှာတခါတည်းသင်ကြားဖို့ ညွှန်ကြားပြီးပါပြီ။ ဒီလိုရေသန်ပေးနိုင်မယ့်အစီအစဉ်ကို (၂၀၀၉)ကတည်းက စီစဉ်နေခဲ့တာပါ။

ကနဦးက မလေးရှားကနေ ပိုက်လိုင်းနဲ့ရေသန့်တွေသွယ်ဖို့ စဉ်းစားခဲ့ပေမဲ့ အမှီအခိုကင်းရေးဦးပေးနဲ့ တည်ဆောက်ခဲ့တာဖြစ်သလို လက်ရှိမှာ အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

သူရေး (ဆန်းသစ်စ)

မေလးရွားကေန ေရသန္႔ဘူး(၁၇)သန္းကို ႏွစ္စဥ္တင္သြင္းေနရတဲ့ အခက္အခဲကိုေျဖရွင္းႏိုင္ျပီျဖစ္တဲ့ စင္ကာပူ

တိုးတက္ေနတဲ့ စင္ကာပူႏုိင္ငံရဲ႕အဓိက အခက္အခဲထဲမွာ ေသာက္သံုးေရမရွိတဲ့ျပႆနာကလည္း စိန္ေခၚမႈတစ္ခုပါ။ ေျဖရွင္းႏုိင္ျပီးသားျဖစ္ေပမဲ့ ႏွစ္တုိင္းေရသန္႔ဘူးေတြတင္သြင္းရခ်ိန္၊ ပလတ္စတစ္ထုတ္ႏႈန္းဟာ ႏိုင္ငံရဲ႕ အဓိကအခက္အခဲထဲပါလာပါတယ္။ ႏွစ္တိုင္းကိုသန္းနဲ႔ခ်ီတဲ့ ပလတ္စတစ္ဘူးေတြစြန္႔ပစ္ေနရတဲ့အတြက္ အစိုးရကစီစဥ္စရာရွိတာစီစဥ္ခဲ့ပါတယ္။

အနီးဆံုးႏုိင္ငံျဖစ္တဲ့ မေလးရွားကေန ေရသန္႔ပိုက္လံုးကိုသြယ္ျပီး၊ တစ္ႏိုင္ငံလံုးမွာ ေရပိုက္ေခါင္းကေန ဖြင့္လိုက္တာနဲ႔ သောက္ေရေသာက္လို႔ရမယ့္စနစ္ပါ။ ဒီစနစ္ကိုအေကာင္အထည္ေဖာ္ရတဲ့အေၾကာင္းအရင္းအေနနဲ႔ မေလးရွားတစ္ႏိုင္ငံတည္းကေန ႏွစ္စဥ္ေရသန္းဘူး (၁၇)သန္း တင္သြင္းေနရတဲ့ ဒုကၡကိုေျဖရွင္းဖို႔နဲ႔ တျခားႏုိင္ငံေတြကေန ေရ၀ယ္ေနရတဲ့ဒုကၡကိုေျဖရွင္းဖို႔ပါ။

သဘာ၀နဲ႔ ေရအရင္းအျမစ္၀န္ၾကီးဌာနဟာ သူတို႔ကိုယ္ပိုင္ထုတ္တဲ့ ေရသန္႔စစ္စစ္ကို ေအာင္ျမင္ေအာင္လုပ္ႏုိင္ခဲ့ျပီလို႔ ေၾကညာကာ ႏုိင္ငံတကာကိုအသိေပးလုိက္ပါတယ္။ ရန္ကုန္ျမိဳ႕ရဲ႕ ဂိ်ဳးျဖဴေရလို အစုိးရက ေရသန္႔ေတြကို ပိုက္ေခါင္းဖြင့္တာနဲ႔ ေသာက္လို႔ရတဲ့အထိသန္႔စင္ႏုိင္ခဲျပီျဖစ္တဲ့အတြက္ သူမ်ားႏုိင္ငံက ေရသန္႔ဘူးေတြသန္းနဲ႔ ခ်ီ၀ယ္တင္စရာမလိုေတာ့ပါဘူး။

ေရေသာက္မယ့္ လူတိုင္းဟာ ကုိယ္ပိုင္ေရဘူးကိုေဆာင္ထားရမွာျဖစ္ျပီး ေရဆာလာတိုင္း ပိုက္ေခါင္းဖြင့္ကာ သောက္လိုက္ရံုပါပဲ။ ေက်ာင္းေတြမွာ ပညာေပးစေနျပီျဖစ္သလို ကေလးေတြကိုလည္း ကိုယ္ပိုင္ေရသန္႔ဘူးတစ္ဘူးကို စြဲစြဲျမဲျမဲသံုးတဲ့အေလ့အထကို ေက်ာင္းမွာတခါတည္းသင္ၾကားဖို႔ ညႊန္ၾကားျပီးပါျပီ။ ဒီလိုေရသန္ေပးႏုိင္မယ့္အစီအစဥ္ကို (၂၀၀၉)ကတည္းက စီစဥ္ေနခဲ့တာပါ။

ကနဦးက မေလးရွားကေန ပိုက္လိုင္းနဲ႔ေရသန္႕ေတြသြယ္ဖို႔ စဥ္းစားခဲ့ေပမဲ့ အမီွအခုိကင္းေရးဦးေပးနဲ႔ တည္ေဆာက္ခဲ့တာျဖစ္သလို လက္ရွိမွာ အေကာင္အထည္ေဖာ္ႏုိင္ခဲ့ျပီျဖစ္ပါတယ္။

သူေရး (ဆန္းသစ္စ)