ဖုန်းမသုံး၊ စကားမြပောဘူးဆိုရင် တစ်နေ့ကို(၅)နာရီပဲ အလုပ်လုပ်ဖို့ ဝန်ထမ်းတွေကိုစိန်ခေါ်ထားတဲ့ကုမ္ပဏီ

working (1)
working (1)

ကုမ္ပဏီ တော်တော်များများမှာ အလုပ်လုပ် နေတဲ့ ဝန်ထမ်းတွေ အတွက် အလုပ်ချိန်က တစ်နေ့ကို ( ၈ ) နာရီသတ်မှတ် ထားပါတယ် ။ များသောအားဖြင့် စနေနဲ့ တနင်္ဂနွေ ပိတ်တာများပြီး မြန်မာနိုင်ငံ မှာတော့ တနင်္ဂနွေတစ်ရက်တည်း အပိတ်များတာလည်းရှိပါတယ် ။ တွက်ကြည့်ရင် တစ်ပတ်ကို အလုပ်ချိန် ( ၅၆ ) နာရီလုပ်ရတဲ့ သဘောပါ ။

တစ်လဆိုရင်တော့ နာရီ ( ၂ ) ရာကျော် အလုပ်လုပ်မှ လစာ အပြည့်ရမှာပါ ။ ဝန်ထမ်းတွေရဲ့ လုပ်အားနှုန်းကို မကြည့်ဘဲ အလုပ်ချိန်နဲ့ပဲ ဆုံးဖြတ်ကြတာ များပါတယ် ။ ဒါပေမဲ့ ဂျာမနီနိုင်ငံက ကုမ္ပဏီကတော့ အခုလို မဟုတ်ပါဘူး ။ ဝန်ထမ်းရဲ့ လုပ်အားနှုန်းကို အဓိကထားတွက်ချက်ပြီး၊ အလုပ်ချိန်ကို ကန့်သတ် လိုက်ပါတယ် ။ အလုပ်မြန်မြန်ပြီးရင် တစ်နေ့ကို ( ၅ ) နာရီပဲလုပ်ရမှာပါ ။

ဝန်ထမ်းတစ်ယောက်ကို တစ်နေ့အလုပ်ချိန် ( ၈ ) နာရီစာ တွက်ချက်ပြီးသား ဖြစ်တဲ့ကုမ္ပဏီက သူ့ရဲ့ တွက်ချက်မှု ထဲမှာ ဖုန်းသုံးတာနဲ့ ဝန်ထမ်း အချင်းချင်း စကားပြောတာကိုပါ ထည့်တွက် ထားပါတယ် ။ ကုမ္ပဏီရဲ့ ပြောကြားချက်မှာ ဝန်ထမ်းဟာ ဖုန်းမသုံး ၊ စကားမြပောဘဲ အလုပ်ကိုလုပ်ရင် ( ၅ ) နာရီပဲလုပ်ရပြီး တစ်ပတ်ကို( ၅ ) ရက် (၂၅) နာရီနဲ့ တစ်လကိုနာရီ ( ၁၀၀ ) ကျော်ပဲ လုပ်ရမယ်လို့ ဆိုပါတယ် ။

ဒါပေမဲ့ ဝန်ထမ်းကရွေးချယ်ခွင့်ရှိပြီး ( ၅ ) နာရီလုပ်မယ့် ဝန်ထမ်းဟာ အီးမေးလ်စစ်တာ၊ ဖုန်းပြောတာကို ( ၁၅ ) မိနစ်ထက် မပိုတဲ့အချိန်နဲ့ ကတိပြု ထားရပါတယ် ။ ကုမ္ပဏီနာမည်ကိုတော့ Rheingans Digital Enabler လို့ခေါ်ပြီး အကြံပေး ကုမ္ပဏီတစ်ခုပါ ။ ဝန်ထမ်းဟာ လုပ်အားနှုန်းကို ပြနိုင်တာနဲ့ အလုပ်ဆင်း နိုင်ပါတယ် ။ ဖုန်းလုံးဝ မသုံးရတာက အဓိက အချက်အနေနဲ့ ပါတယ်လို့လည်း ဆိုပါတယ် ။

စီအီးအို

ဘယ်လိုတွက်ချက်လဲတော့ မသိပေမဲ့ ကုမ္ပဏီက ဝန်ထမ်းတွေဟာ တစ်နေ့ကို (၅) နာရီပဲလုပ်ကြရပါတယ် ။ ငါးနာရီအတွင်း လုပ်အားနှုန်းပြည့်တာနဲ့ ဖင်းဂါးပရင့် နှိပ်ပြီးပြန်ရုံပဲလို့ ဆိုထားပါတယ် ။ ကုမ္ပဏီရဲ့စီအီးအို ကိုယ်တိုင်က အတည်ပြု ထားတာဖြစ်ပြီး ကုမ္ပဏီကဝန်ထမ်း အများစုဟာ တစ်နေ့ကို ( ၅ ) နာရီပဲ လုပ်ကြရတယ်လို့ရှင်းပြထားပါတယ် ။

သူရေး (ဆန်းသစ်စ)

ဖုန္းမသုံး၊ စကားျမေပာဘူးဆိုရင္ တစ္ေန႔ကို(၅)နာရီပဲ အလုပ္လုပ္ဖို႔ ဝန္ထမ္းေတြကိုစိန္ေခၚထားတဲ့ကုမၸဏီ

ကုမၸဏီ ေတာ္ေတာ္မ်ားမ်ားမွာ အလုပ္လုပ္ ေနတဲ့ ဝန္ထမ္းေတြ အတြက္ အလုပ္ခ်ိန္က တစ္ေန႔ကို ( ၈ ) နာရီသတ္မွတ္ ထားပါတယ္ ။ မ်ားေသာအားျဖင့္ စေနနဲ႔ တနဂၤေႏြ ပိတ္တာမ်ားၿပီး ျမန္မာႏိုင္ငံ မွာေတာ့ တနဂၤေႏြတစ္ရက္တည္း အပိတ္မ်ားတာလည္းရွိပါတယ္ ။ တြက္ၾကည့္ရင္ တစ္ပတ္ကို အလုပ္ခ်ိန္ ( ၅၆ ) နာရီလုပ္ရတဲ့ သေဘာပါ ။

တစ္လဆိုရင္ေတာ့ နာရီ ( ၂ ) ရာေက်ာ္ အလုပ္လုပ္မွ လစာ အျပည့္ရမွာပါ ။ ဝန္ထမ္းေတြရဲ႕ လုပ္အားႏႈန္းကို မၾကည့္ဘဲ အလုပ္ခ်ိန္နဲ႔ပဲ ဆုံးျဖတ္ၾကတာ မ်ားပါတယ္ ။ ဒါေပမဲ့ ဂ်ာမနီႏိုင္ငံက ကုမၸဏီကေတာ့ အခုလို မဟုတ္ပါဘူး ။ ဝန္ထမ္းရဲ႕ လုပ္အားႏႈန္းကို အဓိကထားတြက္ခ်က္ၿပီး၊ အလုပ္ခ်ိန္ကို ကန႔္သတ္ လိုက္ပါတယ္ ။ အလုပ္ျမန္ျမန္ၿပီးရင္ တစ္ေန႔ကို ( ၅ ) နာရီပဲလုပ္ရမွာပါ ။

ဝန္ထမ္းတစ္ေယာက္ကို တစ္ေန႔အလုပ္ခ်ိန္ ( ၈ ) နာရီစာ တြက္ခ်က္ၿပီးသား ျဖစ္တဲ့ကုမၸဏီက သူ႔ရဲ႕ တြက္ခ်က္မႈ ထဲမွာ ဖုန္းသုံးတာနဲ႔ ဝန္ထမ္း အခ်င္းခ်င္း စကားေျပာတာကိုပါ ထည့္တြက္ ထားပါတယ္ ။ ကုမၸဏီရဲ႕ ေျပာၾကားခ်က္မွာ ဝန္ထမ္းဟာ ဖုန္းမသုံး ၊ စကားျမေပာဘဲ အလုပ္ကိုလုပ္ရင္ ( ၅ ) နာရီပဲလုပ္ရၿပီး တစ္ပတ္ကို( ၅ ) ရက္ (၂၅) နာရီနဲ႔ တစ္လကိုနာရီ ( ၁၀၀ ) ေက်ာ္ပဲ လုပ္ရမယ္လို႔ ဆိုပါတယ္ ။

ဒါေပမဲ့ ဝန္ထမ္းကေ႐ြးခ်ယ္ခြင့္ရွိၿပီး ( ၅ ) နာရီလုပ္မယ့္ ဝန္ထမ္းဟာ အီးေမးလ္စစ္တာ၊ ဖုန္းေျပာတာကို ( ၁၅ ) မိနစ္ထက္ မပိုတဲ့အခ်ိန္နဲ႔ ကတိျပဳ ထားရပါတယ္ ။ ကုမၸဏီနာမည္ကိုေတာ့ Rheingans Digital Enabler လို႔ေခၚၿပီး အႀကံေပး ကုမၸဏီတစ္ခုပါ ။ ဝန္ထမ္းဟာ လုပ္အားႏႈန္းကို ျပႏိုင္တာနဲ႔ အလုပ္ဆင္း ႏိုင္ပါတယ္ ။ ဖုန္းလုံးဝ မသုံးရတာက အဓိက အခ်က္အေနနဲ႔ ပါတယ္လို႔လည္း ဆိုပါတယ္ ။

ဘယ္လိုတြက္ခ်က္လဲေတာ့ မသိေပမဲ့ ကုမၸဏီက ဝန္ထမ္းေတြဟာ တစ္ေန႔ကို (၅) နာရီပဲလုပ္ၾကရပါတယ္ ။ ငါးနာရီအတြင္း လုပ္အားႏႈန္းျပည့္တာနဲ႔ ဖင္းဂါးပရင့္ ႏွိပ္ၿပီးျပန္႐ုံပဲလို႔ ဆိုထားပါတယ္ ။ ကုမၸဏီရဲ႕စီအီးအို ကိုယ္တိုင္က အတည္ျပဳ ထားတာျဖစ္ၿပီး ကုမၸဏီကဝန္ထမ္း အမ်ားစုဟာ တစ္ေန႔ကို ( ၅ ) နာရီပဲ လုပ္ၾကရတယ္လို႔ရွင္းျပထားပါတယ္ ။

သူေရး (ဆန္းသစ္စ)