ဆေးရုံမှာ နောက်ဆုံးအချိန်အထိ မိုးလေဝသ သတင်းတွေ ယောင်ပြီး ပြောဆိုနေတဲ့ ဦးထွန်းလွင်ရဲ့ ရင်နင့်စရာ ဗီဒီယိုဖိုင်



ရုပ်သံကြည့်ရန်(၁)

Posted by Aung Thit Lwin on Monday, November 4, 2019

ရုပ်သံကြည့်ရန်(၂)

Posted by Aung Thit Lwin on Monday, November 4, 2019

ရုပ်သံကြည့်ရန် (၃)

Posted by Aung Thit Lwin on Monday, November 4, 2019


Unicode

ဆေးရုံမှာ နောက်ဆုံးအချိန်အထိ မိုးလေဝသ သတင်းတွေ ယောင်ပြီး ပြောဆိုနေတဲ့ ဦးထွန်လွင်ရဲ့ ရင်နင့်စရာ ဗီဒီယိုဖိုင်

ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ ၆ နာရီ ၅၇ မိနစ်အချိန်မှာပဲ မိုးလေဝသပညာရှင်ဒေါက်တာဦးထွန်းလွင်တစ်ယောက် ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဆရာကြီးဟာ မိုးလေဝသနယ်ပယ်မှာကျွမ်းကျင်လှသူလည်းဖြစ်သလို ကျွန်တော်တို့အတွက် ဘေးကင်းစေမယ့်မိုးလေဝသ ခန့်မှန်းသတင်းတွေကိုလည်း နှစ်ပေါင်းများစွာ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တင်ဆက်ပေးခဲ့သူပါ။

အနားယူပြီးချိန်မှာတောင် ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာကတဆင့် မိုးလေဝသထူးခြားသတင်းတွေကို စဉ်ဆက်မပြတ်တင်ဆက်ပေးနေခဲ့သည်အထိ ပြည်သူတွေကို တာဝန်မပျက်ကွက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။အခုတင်ဆက်ပေးလိုက်တဲ့ Video ဖိုင်လေးမှာတော့ ဆရာကြီးဟာ ရောဂါဝေဒနာခံစားနေရချိန်မှာတောင် မိုးလေဝသတင်းတွေကိုယောင်ယမ်းပြောဆိုနေတာကို ကြေကွဲဖွယ် တွေ့မြင်ရမှာပါ။ဆရာကြီးကောင်းရာသုဂတိရောက်ပါစေလို့ ဝမ်းနည်းစွာနဲ့ ဆုတောင်းလိုက်ပါတယ်နော်……။

Video Source – Aung Thit Lwin,CRD- Magic (Shwe Yaung Lan)