Pls take note! ⚠⚠⚠
Pls take note! ⚠⚠⚠Turn Off Engine, Free Gear and Pull Hand Brake..
Posted by 我们是马来西亚人 We are Malaysians on Thursday, October 31, 2019
Jasmine (Mckzone Daily)
Unicode
ကိုယ့်ကားနဲ့ကိုယ် ၊ ကိုယ့်ပေါ့ဆမှုနဲ့ကိုယ် ကားတက်ကြိတ်ခံခဲ့ရတဲ့ အမျိုးသမီး (ရုပ်သံ)
ဒီတစ်ခေါက် အဖြစ်အပျက် မှာတော့ မလေးရှား နိုင်ငံက အမျိုးသမီးဟာ သူမကားပေါ်သို့ မတက်ခင် ကားသော့ ထိုးထည့်နေတုန်း တန်းလန်း ကားနောက်ပြန် လိမ့်သွားခဲ့လို့ မတော်တဆမှု တစ်ခု ဖြစ်ပျက်ခဲ့ ပါတယ် …. ။
Facebook စာမျက်နှာ တစ်ခုမှာ ဖော်ပြထားတဲ့ video ထဲမှာတော့ သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးဟာ သူမရဲ့ ကားဆီသို့ အေးအေး ဆေးဆေးလမ်းလျှောက် လာခဲ့ပြီးနောက် ၊ ကားပေါ်သို့ ခြေတစ်ဖက်သာ တက်ပြီး ကားသော့ကိုထိုးပြီး ကားစက်နိုးခဲ့ ပါတယ် …. ။ ထို့အပြင် သူမ ကားစက်နိုး နေချိန်မှာ သူမရဲ့စိတ်အာရုံ ဟာလည်း တခြားဖက်သို့ ရောက်နေပုံ ရပြီး ၊ သူမဟာ အခြား ဘေးတစ်ဖက်သို့ လှည့်ကြည့်နေခဲ့ တာပါ … ။
ရုတ်တရက် မှာပဲ ကားဟာ ဂီယာ ပြုတ်နေပုံ ရပြီး အနောက်ဖက်သို့ လိမ့်သွားကာ ၊ သူမဟာလည်း ကားပေါ်ကနေ ပြုတ်ကျပြီး အရှေ့ကားဘီး ဟာလည်း သူမရဲ့အောက်ပိုင်း ခန္ဓာကိုယ်ကို တက်ကြိတ် သွားခဲ့တာပဲဲ ဖြစ်ပါတယ် …. ။ သူမရဲ့အောက်ပိုင်း ခန္ဓာကိုယ်ကို တက်ကြိတ်မိတဲ့ အချိန်မှာမှ ကားလိမ့် နေတာဟာ ရပ်သွားခဲ့ပြီး အနီးအနားမှ လူများကလည်း သူမကို ကားအောက်ကနေ ကူဆွဲ ထုတ်ပေးခဲ့ကြပါတယ် … ။
သူမဟာ အတော်လေးကို ထိခိုက်သွားပုံရပေမဲ့လည်း ကံကောင်း ထောက်မစွာနဲ့ အနီးအနားမှာ သူမကို ကူညီခဲ့တဲ့သူ အများအပြားရှိနေခဲ့လို့ ပါပဲ … ။ ဒါကြောင့် ကားမမောင်းခင် အမြဲသတိဝီရိယ ထားပြီး စစ်ဆေးသင့်ကြောင့် သတိပေး ပြောဆိုလိုက်ရပါတယ် … ။
Jasmine (Mckzone Daily)