ဉီးပၪၨင္း ေနဖို႔ ေက်ာင္း မရွိလို႔ အဖြားရဲ႕ လက္ဝတ္ရတနာေတြကို ေရာင္းၿပီးလႉမယ္ ဆိုတဲ့ အသက္ ၈၀ ေက်ာ္ အဖြား

ဉီးပၪၨင္း ေနဖို႔ ေက်ာင္း မရွိလို႔ အဖြားရဲ႕ လက္ဝတ္ရတနာေတြကို ေရာင္းၿပီးလႉမယ္ ဆိုတဲ့ အသက္ ၈၀ ေက်ာ္ အဖြား

ဉီးပၪၨင္း ေနဖို႔ ေက်ာင္း မရွိလို႔ အဖြားရဲ႕ လက္ဝတ္ရတနာေတြကို ေရာင္းၿပီးလႉမယ္ ဆိုတဲ့ အသက္ ၈၀ ေက်ာ္ အဖြား

အင္းစိန္က သိကၡာ ထပ္ထားတဲ့ ရဟန္း ဒါယိကာမႀကီး ေဒၚေစာႏြဲ႕က တိုးတိုးေလးကပ္ၿပီး ေျပာပါတယ္ ။ ‘ေမာင္ပၪၨင္း

အဖြားလည္း အသက္ ၈၀ ေက်ာ္ၿပီ အဖြားရဲ႕ ေနာက္ဆုံး အခ်ိန္က်ရင္ လာျဖစ္ေအာင္ လာေနာ္’ ဆိုေတာ့ လာမွာေပါ့ လို႔ပဲ ျပန္ေျပာ လိုက္ပါတယ္ ။ အဖြားက ဆက္ေျပာတယ္ ‘ေမာင္ပၪၨင္းေနဖို႔ ေက်ာင္းမရွိ လို႔ အဖြားရဲ႕ လက္ဝတ္ ရတနာေတြကို
ေမာင္ပၪၨင္းကို လႉဖို႔ စာေရး ထားခဲ့မွာ ။ ဟာ အဲဒါ ဆိုရင္ေတာ့ မလာခ်င္ဘူး ။ အဖြားမရွိရင္ မိဘ ပစၥည္း သားသမီး ပိုင္ရမွာ

သူတို႔ စိတ္ထဲ တစ္မ်ိဳး ျဖစ္ေနရင္ မေကာင္းဘူး အဖြားရဲ႕ သားသမီးေတြ သေဘာအတိုင္း လုပ္ပါေစလို႔ ေျပာလိုက္ေတာ့

ေအးပါ ေအးပါ လို႔ေျပာၿပီး ျပန္သြား ပါတယ္ ။ ေနာက္ တစ္ပါတ္ေလာက္ ၾကာေတာ့ ျပန္ေရာက္လာၿပီး ေမာင္ပၪၨင္း သားသမီးေတြ

ေျပာၿပီးၿပီ ပိုေတာင္ အဆင္ေျပပါတယ္ ။ သူတို႔က ေျပာပါတယ္ အေမရယ္ ေသမွ လႉတာက အေမ့အတြက္ မေသခ်ာပါဘူး ။

အေမ လႉခ်င္တာကို အခု တည္းက လႉသြားပါလို႔ ေျပာၾကလို႔ ခြဲျခမ္း စီစဥ္ လိုက္ပါၿပီ ။ အဖြားက သိန္း ၁၀၀ အဖြား သူငယ္ခ်င္း ေဒၚလြမ္းက သိန္း ၅၀ ျမန္ျမန္ လႉခ်င္လွပါၿပီ လႉရမယ့္ ရက္သာ ျမန္ျမန္ သတ္မွတ္ပါ ခဏခဏေလ်ာက္လို႔ ဒီေန႔ အာဇာနည္ေန႔မွာ

ေရစက္ ခ်ဖို႔ သတ္မွတ္ လိုက္ပါတယ္ ။ ေရစက္ မခ်ခင္မွာ အဖြားကို တစ္ခုေလာက္ ေျပာခ်င္ပါေသးတယ္ အဖြားက ေမာင္ပၪၨင္းအတြက္ ေက်ာင္းေဆာက္ဖို႔ ရည္မွန္း ေပမယ့္ ေမာင္ပၪၨင္း အတြက္ေတာ့ မေဆာက္ခ်င္ပါဘူး ။ မုံ႐ြာမွာ ပညာဒါန သုံးထပ္ေက်ာင္းေဆာင္ ေဆာက္ေနတယ္ ။ မတည္ အလႉရွင္က သိန္း ၃၅၀ လႉထားပါတယ္ ။ ေက်ာင္းက လုပ္ရင္း လုပ္ရင္းနဲ႔ သိန္း ၈၀၀ ေက်ာ္ပါမယ္ ။

အဲဒီမွာ ထည့္လိုက္ ရမလား ဆိုေတာ့ ေမာင္ပၪၨင္း လိုအပ္တဲ့ ေနရာ လုပ္ပါလို႔ ေျပာၿပီး ဒီေန႔ပဲ ေရစက္ခ် လိုက္ပါတယ္ ။

ခ်မ္းသာေလးမ်ိဳးနဲ႔ သူေတာ္ေကာင္း တို႔ ဆုေတာင္း တရား အက်ဥ္းေလး ေဟာေပးခဲ့ပါတယ္ ။ ခ်မ္းသာ ေလးမ်ိဳးက

၁ ။ အတၳိသုခရွိသင့္တာရွိရင္ ခ်မ္းသာတယ္ ။

၂ ။ ပရိေဘာဂသုခသုံးေဆာင္ခံစားရမွ ခ်မ္းသာတယ္ ။

၃ ။ အာနဏ္သုခ ။ ေႂကြးကင္းရင္ ခ်မ္းသာတယ္ ။

၄ ။ အနဝဇၨသုခ ဝါ ဝိမုတၱိသုခအျပစ္ကင္းေသာခ်မ္းသာ စြန႔္လႊတ္မႈ ခ်မ္းသာ ဆိုၿပီး ေလးမ်ိဳးရွိပါတယ္ ။

အဲဒီ ေလးမ်ိဳးထဲမွာ ေရွ႕ သုံးမ်ိဳးက တဏွာ မကင္းလို႔ ခ်မ္းသာ အတုပါ ။ အျပစ္ကင္းေသာ စြန႔္လႊတ္မႈ ခ်မ္းသာ သည္သာ နိဗၺာန္ကို ဦးတည္တဲ့ ခ်မ္းသာ အစစ္ပါ ။

ဘုရားေလာင္းကဏွရေသ့ကိုသိၾကားမင္းက ျဖည့္ဆည္းေပးပါမယ္။ ဘာလိုခ်င္လဲလို႔ ေမးေတာ့ ။ ကဏွရေသ့က ဆု ၆မ်ိဳး ေျပာဆိုလိုက္ပါတယ္ ။

၁ ။ ဘယ္သူ႔ကိုမွ စိတ္မဆိုးပါရေစနဲ႔ ။

၂ ။ ဘယ္သူ႔ကိုမွ မျပစ္မွားပါရေစနဲ႔ ။

၃ ။ မည္သည့္အရာကိုမွ် လိုခ်င္ေလာဘ မျဖစ္ပါရေစနဲ႔ ။

၄ ။ မည္သည့္အရာကိုမွ် ျပင္းစြာ စြဲလန္းျခင္းမျဖစ္ပါရေစနဲ႔ ။

၅ ။ သူေတာ္ေကာင္းတရား အားထုတ္ခြင့္ မရမွာစိုးလို႔ အနာေရာဂါကင္းရပါလို၏ ။

၆ ။ ကိုယ့္ေၾကာင့္ သူတစ္ပါးတို႔ ကိုယ္ဆင္းရဲျခင္း စိတ္ဆင္းရဲျခင္းမျဖစ္ၾကပါေစနဲ႔လို႔ ဆု ၆ မ်ိဳး ေတာင္းဆိုလိုက္ပါတယ္ ။

ေရစက္ခ်အၿပီးမွာ Hotpop City မွာ ေန႔ဆြမ္း ဆက္ကပ္ ၾကပါတယ္ ။ အဖြားက ၿပီးေတာ့ တိုးတိုးေလး ကပ္ေလ်ာက္ သြားေသးတယ္ ။

ငါးက်ပ္သား က်န္ ေသးတယ္ လႉထားခဲ့ ပါမယ္ တဲ့ ။ အားလုံး ဝမ္းသာ၍ ခ်မ္းသာၾကပါေစ ။

ေမတၱာရွင္ ေ႐ႊျပည္သာ

Unicode

ဉီးပဉ္ဇင်း နေဖို့ ကျောင်း မရှိလို့ အဖွားရဲ့ လက်ဝတ်ရတနာတွေကို ရောင်းပြီးလှူမယ် ဆိုတဲ့ အသက် ၈၀ ကျော် အဖွား

အင်းစိန်က သိက္ခာ ထပ်ထားတဲ့ ရဟန်း ဒါယိကာမကြီး ဒေါ်စောနွဲ့က တိုးတိုးလေးကပ်ပြီး ပြောပါတယ် ။ ‘မောင်ပဉ္ဇင်း

အဖွားလည်း အသက် ၈၀ ကျော်ပြီ အဖွားရဲ့ နောက်ဆုံး အချိန်ကျရင် လာဖြစ်အောင် လာနော်’ ဆိုတော့ လာမှာပေါ့ လို့ပဲ ပြန်ပြော လိုက်ပါတယ် ။ အဖွားက ဆက်ပြောတယ် ‘မောင်ပဉ္ဇင်းနေဖို့ ကျောင်းမရှိ လို့ အဖွားရဲ့ လက်ဝတ် ရတနာတွေကို
မောင်ပဉ္ဇင်းကို လှူဖို့ စာရေး ထားခဲ့မှာ ။ ဟာ အဲဒါ ဆိုရင်တော့ မလာချင်ဘူး ။ အဖွားမရှိရင် မိဘ ပစ္စည်း သားသမီး ပိုင်ရမှာ

သူတို့ စိတ်ထဲ တစ်မျိုး ဖြစ်နေရင် မကောင်းဘူး အဖွားရဲ့ သားသမီးတွေ သဘောအတိုင်း လုပ်ပါစေလို့ ပြောလိုက်တော့

အေးပါ အေးပါ လို့ပြောပြီး ပြန်သွား ပါတယ် ။ နောက် တစ်ပါတ်လောက် ကြာတော့ ပြန်ရောက်လာပြီး မောင်ပဉ္ဇင်း သားသမီးတွေ

ပြောပြီးပြီ ပိုတောင် အဆင်ပြေပါတယ် ။ သူတို့က ပြောပါတယ် အမေရယ် သေမှ လှူတာက အမေ့အတွက် မသေချာပါဘူး ။

အမေ လှူချင်တာကို အခု တည်းက လှူသွားပါလို့ ပြောကြလို့ ခွဲခြမ်း စီစဉ် လိုက်ပါပြီ ။ အဖွားက သိန်း ၁၀၀ အဖွား သူငယ်ချင်း ဒေါ်လွမ်းက

သိန်း ၅၀ မြန်မြန် လှူချင်လှပါပြီ လှူရမယ့် ရက်သာ မြန်မြန် သတ်မှတ်ပါ ခဏခဏလျောက်လို့ ဒီနေ့ အာဇာနည်နေ့မှာ

ရေစက် ချဖို့ သတ်မှတ် လိုက်ပါတယ် ။ ရေစက် မချခင်မှာ အဖွားကို တစ်ခုလောက် ပြောချင်ပါသေးတယ် အဖွားက မောင်ပဉ္ဇင်းအတွက်

ကျောင်းဆောက်ဖို့ ရည်မှန်း ပေမယ့် မောင်ပဉ္ဇင်း အတွက်တော့ မဆောက်ချင်ပါဘူး ။ မုံရွာမှာ ပညာဒါန သုံးထပ်ကျောင်းဆောင် ဆောက်နေတယ် ။ မတည် အလှူရှင်က သိန်း ၃၅၀ လှူထားပါတယ် ။ ကျောင်းက လုပ်ရင်း လုပ်ရင်းနဲ့ သိန်း ၈၀၀ ကျော်ပါမယ် ။

အဲဒီမှာ ထည့်လိုက် ရမလား ဆိုတော့ မောင်ပဉ္ဇင်း လိုအပ်တဲ့ နေရာ လုပ်ပါလို့ ပြောပြီး ဒီနေ့ပဲ ရေစက်ချ လိုက်ပါတယ် ။

ချမ်းသာလေးမျိုးနဲ့ သူတော်ကောင်း တို့ ဆုတောင်း တရား အကျဉ်းလေး ဟောပေးခဲ့ပါတယ် ။ ချမ်းသာ လေးမျိုးက

၁ ။ အတ္ထိသုခရှိသင့်တာရှိရင် ချမ်းသာတယ် ။

၂ ။ ပရိဘောဂသုခသုံးဆောင်ခံစားရမှ ချမ်းသာတယ် ။

၃ ။ အာနဏ်သုခ ။ ကြွေးကင်းရင် ချမ်းသာတယ် ။

၄ ။ အနဝဇ္ဇသုခ ဝါ ဝိမုတ္တိသုခအပြစ်ကင်းသောချမ်းသာ စွန့်လွှတ်မှု ချမ်းသာ ဆိုပြီး လေးမျိုးရှိပါတယ် ။

အဲဒီ လေးမျိုးထဲမှာ ရှေ့ သုံးမျိုးက တဏှာ မကင်းလို့ ချမ်းသာ အတုပါ ။ အပြစ်ကင်းသော စွန့်လွှတ်မှု ချမ်းသာ သည်သာ နိဗ္ဗာန်ကို ဦးတည်တဲ့ ချမ်းသာ အစစ်ပါ ။

ဘုရားလောင်းကဏှရသေ့ကိုသိကြားမင်းက ဖြည့်ဆည်းပေးပါမယ်။ ဘာလိုချင်လဲလို့ မေးတော့ ။ ကဏှရသေ့က ဆု ၆မျိုး ပြောဆိုလိုက်ပါတယ် ။

၁ ။ ဘယ်သူ့ကိုမှ စိတ်မဆိုးပါရစေနဲ့ ။

၂ ။ ဘယ်သူ့ကိုမှ မပြစ်မှားပါရစေနဲ့ ။

၃ ။ မည်သည့်အရာကိုမျှ လိုချင်လောဘ မဖြစ်ပါရစေနဲ့ ။

၄ ။ မည်သည့်အရာကိုမျှ ပြင်းစွာ စွဲလန်းခြင်းမဖြစ်ပါရစေနဲ့ ။

၅ ။ သူတော်ကောင်းတရား အားထုတ်ခွင့် မရမှာစိုးလို့ အနာရောဂါကင်းရပါလို၏ ။

၆ ။ ကိုယ့်ကြောင့် သူတစ်ပါးတို့ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းမဖြစ်ကြပါစေနဲ့လို့ ဆု ၆ မျိုး တောင်းဆိုလိုက်ပါတယ် ။

ရေစက်ချအပြီးမှာ Hotpop City မှာ နေ့ဆွမ်း ဆက်ကပ် ကြပါတယ် ။ အဖွားက ပြီးတော့ တိုးတိုးလေး ကပ်လျောက် သွားသေးတယ် ။

ငါးကျပ်သား ကျန် သေးတယ် လှူထားခဲ့ ပါမယ် တဲ့ ။ အားလုံး ဝမ်းသာ၍ ချမ်းသာကြပါစေ ။

မေတ္တာရှင် ရွှေပြည်သာ