အေသာက္မ်ားၿပီး ေခါင္းကိုက္ တတ္သူေတြ အတြက္ အလြယ္ကူဆုံး ကုထုံးမ်ား

အေသာက္မ်ားၿပီး ေခါင္းကိုက္ တတ္သူေတြ အတြက္ အလြယ္ကူဆုံး ကုထုံးမ်ား

အေသာက္မ်ားၿပီး ေခါင္းကိုက္ တတ္သူေတြ အတြက္ အလြယ္ကူဆုံး ကုထုံးမ်ား

ေအာက္မွာ ေဖာ္ျပထားတဲ့ နည္းလမ္း ေတြကေတာ့ အရက္နာ က်တတ္သူေတြ ၊ အေသာက္မ်ားၿပီး ေခါင္းမူး ေခါင္းကိုက္ ျဖစ္သူေတြ အတြက္ ႏိုင္ငံေပါင္း ( ၄ ) ႏိုင္ငံကအလြယ္ဆုံး ကုထုံး နည္းလမ္းေတြကို ေဖာ္ျပ ေပးထားပါတယ္ ။ သင့္ရဲ႕ ေသာက္တတ္ စားတတ္တဲ့ သူငယ္ခ်င္းေတြကို သတိေပး လိုက္ပါဦးေနာ္ ။

( ၁ ) ၾကက္ဥ အစိမ္းနဲ႔ဆားရည္ ( ႐ုရွား )

႐ုရွား ေတြဟာ ညဘက္ အေသာက္မ်ားလို႔ မနက္ခင္း မူးၿပီ ဆိုရင္ ဆား ေပ်ာ္ရည္ထဲကို ၾကက္ဥ အစိမ္း ေဖာက္ထည့္ကာ သမေအာင္ ေမႊလိုက္ ပါတယ္ ။ ေခါင္းကိုက္ေနတဲ့ အတိုင္း အတာေပၚ မူတည္ၿပီး ႏွစ္က်ိဳက္ သုံးက်ိဳက္ေလာက္ ေမာ့ခ် လိုက္ပါ ။ ေခါင္းကိုက္ ဇက္ေၾကာ တက္တာေတြ ေပ်ာက္သြား မွာပါ ။

( ၂ ) သခြားသီး ေဖ်ာ္ရည္ ( ပိုလန္ )

ပိုလန္ေတြကေတာ့ ဘီယာ အလြန္ အေသာက္ မ်ားၾကသူေတြပါ ။ သူတို႔ တစ္ေတြဟာ အေသာက္ မ်ားလို႔ ေခါင္းကိုက္ၿပီ ဆိုရင္ သခြားသီး ၊ ဖရဲသီး စတာေတြကို ဗီနီကာ ၊ ဆား ၊ ေရတို႔နဲ႔ ေရာစပ္ၿပီး ေသာက္သုံး ၾကပါတယ္ ။ သခြားသီး တို႔ ဖရဲသီး တို႔ဆိုတာ ေရဓာတ္ ခန္းေျခာက္မႈကို ေပ်ာက္ကင္း ေစပါတယ္ ။

( ၃ ) သံလြင္ဆီ ( တူရကီ )

အေသာက္ မ်ားၿပီး ေခါင္းကိုက္ တတ္တဲ့ တူရကီ ေတြကေတာ့ သံလြင္ဆီကို လက္ဖက္ရည္ဇြန္း ( ၃ ) ဇြန္း ေလာက္ကို ေသာက္တတ္ ၾကပါတယ္ ။ တစ္ခ်ိဳ႕ကေတာ့ သံလြင္ဆီ ကို ပ်ားရည္ ၊ ေရနဲ႔ ေရာစပ္ၿပီး ေသာက္တတ္ ၾကပါတယ္ ။ ဒီနည္းကေတာ့ အရက္ေၾကာင့္ အစာအိမ္ ေရာင္ရမ္းမႈ နဲ႔ ဝမ္းခ်ဳပ္ျခင္း ကိုလည္း ကာကြယ္ ေပးႏိုင္တယ္လို႔ သိရပါတယ္ ။

( ၄ ) လ်ားေစာင္းသီး ေဖ်ာ္ရည္ ( အေမရိကန္ )

ဆူးပါတဲ့ လ်ားေစာင္းပင္က အသီးကို အရက္နာ က်တတ္သူေတြ အတြက္ ေဆးေကာင္းပါဘဲ ။ ဒါေပမယ့္ တစ္ခ်ိဳ႕ ကလည္း ေခါင္းကိုက္ ဇက္ေၾကာတက္ မေပ်ာက္ဖူးလို႔ ဆိုၾက ပါတယ္ ။ အေမရိကန္ ေတြကေတာ့ အေသာက္မ်ားမယ့္ ညဆို လွ်ားေစာင္းသီးကို ေဖ်ာ္ၿပီး ႀကိဳေသာက္တတ္ ၾကပါတယ္တဲ့ ။

( ၅ ) ဇီးသီးေဖ်ာ္ရည္ ( ဂ်ပန္ )

ဂ်ပန္ ေတြကေတာ့ မေန႔ညက အေသာက္မ်ား ထားတယ္ဆို မနက္ လင္းတာနဲ႔ အူမီဘိုရွီလို႔ ေခၚတဲ့ ဇီးသီးကို အလုံး အတိုင္း စားတာပဲ ျဖစ္ျဖစ္ ၊ ေဖ်ာ္ရည္ လုပ္ၿပီးေသာက္တာပဲ ျဖစ္ျဖစ္ မွီဝဲ တတ္ၾကပါတယ္ ။ အူမီဘိုရွီ ဇီးသီးဟာ အရက္ေသာက္ျခင္းေၾကာင့္ ျဖစ္တတ္တဲ့ ေခါင္းမူး ေခါင္းကိုက္ ေဝဒနာကို သက္သာ ေစပါတယ္ ။

Credit: လင္းေဇာ္ကို ( MyanmarNote )

Unicode

အသောက်များပြီး ခေါင်းကိုက် တတ်သူတွေ အတွက် အလွယ်ကူဆုံး ကုထုံးများ

အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်း တွေကတော့ အရက်နာ ကျတတ်သူတွေ ၊ အသောက်များပြီး ခေါင်းမူး ခေါင်းကိုက် ဖြစ်သူတွေ အတွက် နိုင်ငံပေါင်း ( ၄ ) နိုင်ငံကအလွယ်ဆုံး ကုထုံး နည်းလမ်းတွေကို ဖော်ပြ ပေးထားပါတယ် ။ သင့်ရဲ့ သောက်တတ် စားတတ်တဲ့ သူငယ်ချင်းတွေကို သတိပေး လိုက်ပါဦးနော် ။

( ၁ ) ကြက်ဥ အစိမ်းနဲ့ဆားရည် ( ရုရှား )

ရုရှား တွေဟာ ညဘက် အသောက်များလို့ မနက်ခင်း မူးပြီ ဆိုရင် ဆား ပျော်ရည်ထဲကို ကြက်ဥ အစိမ်း ဖောက်ထည့်ကာ သမအောင် မွှေလိုက် ပါတယ် ။ ခေါင်းကိုက်နေတဲ့ အတိုင်း အတာပေါ် မူတည်ပြီး နှစ်ကျိုက် သုံးကျိုက်လောက် မော့ချ လိုက်ပါ ။ ခေါင်းကိုက် ဇက်ကြော တက်တာတွေ ပျောက်သွား မှာပါ ။

( ၂ ) သခွားသီး ဖျော်ရည် ( ပိုလန် )

ပိုလန်တွေကတော့ ဘီယာ အလွန် အသောက် များကြသူတွေပါ ။ သူတို့ တစ်တွေဟာ အသောက် များလို့ ခေါင်းကိုက်ပြီ ဆိုရင် သခွားသီး ၊ ဖရဲသီး စတာတွေကို ဗီနီကာ ၊ ဆား ၊ ရေတို့နဲ့ ရောစပ်ပြီး သောက်သုံး ကြပါတယ် ။ သခွားသီး တို့ ဖရဲသီး တို့ဆိုတာ ရေဓာတ် ခန်းခြောက်မှုကို ပျောက်ကင်း စေပါတယ် ။

( ၃ ) သံလွင်ဆီ ( တူရကီ )

အသောက် များပြီး ခေါင်းကိုက် တတ်တဲ့ တူရကီ တွေကတော့ သံလွင်ဆီကို လက်ဖက်ရည်ဇွန်း ( ၃ ) ဇွန်း လောက်ကို သောက်တတ် ကြပါတယ် ။ တစ်ချို့ကတော့ သံလွင်ဆီ ကို ပျားရည် ၊ ရေနဲ့ ရောစပ်ပြီး သောက်တတ် ကြပါတယ် ။ ဒီနည်းကတော့ အရက်ကြောင့် အစာအိမ် ရောင်ရမ်းမှု နဲ့ ဝမ်းချုပ်ခြင်း ကိုလည်း ကာကွယ် ပေးနိုင်တယ်လို့ သိရပါတယ် ။

( ၄ ) လျားစောင်းသီး ဖျော်ရည် ( အမေရိကန် )

ဆူးပါတဲ့ လျားစောင်းပင်က အသီးကို အရက်နာ ကျတတ်သူတွေ အတွက် ဆေးကောင်းပါဘဲ ။ ဒါပေမယ့် တစ်ချို့ ကလည်း ခေါင်းကိုက် ဇက်ကြောတက် မပျောက်ဖူးလို့ ဆိုကြ ပါတယ် ။ အမေရိကန် တွေကတော့ အသောက်များမယ့် ညဆို လျှားစောင်းသီးကို ဖျော်ပြီး ကြိုသောက်တတ် ကြပါတယ်တဲ့ ။

( ၅ ) ဇီးသီးဖျော်ရည် ( ဂျပန် )

ဂျပန် တွေကတော့ မနေ့ညက အသောက်များ ထားတယ်ဆို မနက် လင်းတာနဲ့ အူမီဘိုရှီလို့ ခေါ်တဲ့ ဇီးသီးကို အလုံး အတိုင်း စားတာပဲ ဖြစ်ဖြစ် ၊ ဖျော်ရည် လုပ်ပြီးသောက်တာပဲ ဖြစ်ဖြစ် မှီဝဲ တတ်ကြပါတယ် ။ အူမီဘိုရှီ ဇီးသီးဟာ အရက်သောက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ခေါင်းမူး ခေါင်းကိုက် ဝေဒနာကို သက်သာ စေပါတယ် ။

Credit: လင်းဇော်ကို ( MyanmarNote )

source : elitereaders.com