စက္ဘီး အစီး ငါးရာ လာလႉေနၿပီဟု ဆိုကာ ေက်ာင္းအုပ္ႀကီး ဆီက ေငြလိမ္သြား

စက္ဘီး အစီး ငါးရာ လာလႉေနၿပီဟု ဆိုကာ ေက်ာင္းအုပ္ႀကီး ဆီက ေငြလိမ္သြား

စက္ဘီး အစီး ငါးရာ လာလႉေနၿပီဟု ဆိုကာ ေက်ာင္းအုပ္ႀကီး ဆီက ေငြလိမ္သြား

ေပါက္ေခါင္းၿမိဳ႕က အ.ထ.က ေက်ာင္းကို စက္ဘီး အစီး ၅၀၀ လႉမယ္လို႔ ဆိုၿပီး ဒုၿမိဳ႕နယ္ပညာေရးမႉးနဲ႔ ေက်ာင္းအုပ္ႀကီးတို႔ ဆီက ေငြလိမ္သြား

ပဲခူးတိုင္းေဒသႀကီး ( အေနာက္ပိုင္း ) ျပည္ခ႐ိုင္၊ ေပါက္ေခါင္းၿမိဳ႕ အ.ထ.က ေက်ာင္းရွိ ေက်ာင္းသား ၊ ေက်ာင္းသူ ေတြကို အဖြဲ႕အစည္း တခုက စက္ဘီး အစီး ၅၀၀ လႉဒါန္းမယ္လို႔ ေျပာဆိုၿပီး ဒုတိယၿမိဳ႕နယ္ ပညာေရးမႉးနဲ႔ ေက်ာင္းအုပ္ဆရာႀကီးတိုဆီက ေငြလိမ္မႈ မေန႔က ျဖစ္ပြား ခဲ့တယ္လို႔ ျပည္ခ႐ိုင္ ပညာေရးမႉး႐ုံးမွ သိရပါတယ္ ။

လိမ္လည္ သူမ်ားမွာ စက္ဘီးမ်ား တင္ေဆာင္လာသည့္ ကားမွာ လမ္းတြင္ ယာဥ္တိုက္မႈ ျဖစ္ပြား ေနလို႔ ေလွ်ာ္ေၾကး ေပးဖို႔ လက္တေလာ ေငြလိုသျဖင့္ ေငြလႊဲ ေပးရန္ ေျပာဆိုတာေၾကာင့္ Wave Money နဲ႔ ၁၇၀၀၀၀ က်ပ္ကို လႊဲေပးခဲ့ၿပီး ၊ ဒုတိယအႀကိမ္ ၂ သိန္းထပ္မံ လႊဲေပးရန္ ေျပာဆိုရာမွ သံသယ ျဖစ္လာၿပီး ေငြလႊဲမေပးႏိုင္ေတာ့ေၾကာင္း ေျပာဆိုၿပီးေနာက္ ၊ လိမ္လည္သြားသူေတြကို ဖုန္းဆက္သြယ္လို႔ မရေတာ့ျခင္း ျဖစ္ေၾကာင္း ျပည္ခ႐ိုင္ပညာေရးမႉး႐ုံး လက္ေထာက္ၫြန္ၾကားေရးမႉး ဆရာႀကီး ဦးဝင္းေဌးက ရွင္းျပပါတယ္ ။

“ မနက္ ၇ နာရီေလာက္က အဖြဲ႕အစည္း တခုက ခြင့္ျပဳခ်က္ မရွိပဲ ေပါက္ေခါင္းအထက ကို စက္ဘီအစီး ငါးရာ လႉမယ္ ေျပာဆိုၿပီး ေငြလိမ္ ေတာင္းသြားတာပါ ။ စက္ဘီးသယ္လာတဲ့ ကားက လမ္းမွာ ယာဥ္တိုက္မွႈုျဖစ္ပြားလို႔ အေရးေပၚ ေငြလိုတယ္ဆိုၿပီး Wave money နဲ႔ေငြလႊဲခိုင္းလို႔ တသိန္းခုႏွစ္ေသာင္းကိုလႊဲေပးလိုက္ၿပီး၊ ဒုတိယအႀကိမ္ထပ္ေတာင္းေတာ့မွ ဒီလူေတြဟာ လူလိမ္ေတြမွန္းသိသြားတာပါ ။ ” လို႔ ဆရာႀကီး ဦးဝင္းေဌးက ေျပာပါတယ္ ။

အခုလို အလိမ္ခံရမႈမ်ိဳး ထပ္မံ မျဖစ္ပြားေစရန္ ျပည္ခ႐ိုင္ အတြင္းရွိ ၿမိဳ႕နယ္မ်ားအား တိုင္း၊ ခ႐ိုင္ပညာေရးမႉး႐ုံးေတြရဲ႕ ခြင့္ျပဳခ်က္မရပဲ လူပုဂၢိဳလ္တဦးက ျဖစ္ေစ၊ အဖြဲ႕စည္းတခုက ျဖစ္ေစ လာေရာက္ လႉဒါန္းမႈမ်ားကို လက္မခံရန္ ၫႊန္ၾကားသြားမွာျဖစ္တယ္လို႔ ျပည္ခ႐ိုင္ ပညာေရးမႉး႐ုံးမွ သိရပါတယ္ ။

Source : ေျမလတ္အသံံ

Ye Htut Oo

unicode

စက်ဘီး အစီး ငါးရာ လာလှူနေပြီဟု ဆိုကာ ကျောင်းအုပ်ကြီး ဆီက ငွေလိမ်သွား

ပေါက်ခေါင်းမြို့က အ.ထ.က ကျောင်းကို စက်ဘီး အစီး ၅၀၀ လှူမယ်လို့ ဆိုပြီး ဒုမြို့နယ်ပညာရေးမှူးနဲ့ ကျောင်းအုပ်ကြီးတို့ ဆီက ငွေလိမ်သွား

ပဲခူးတိုင်းဒေသကြီး ( အနောက်ပိုင်း ) ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အ.ထ.က ကျောင်းရှိ ကျောင်းသား ၊ ကျောင်းသူ တွေကို အဖွဲ့အစည်း တခုက စက်ဘီး အစီး ၅၀၀ လှူဒါန်းမယ်လို့ ပြောဆိုပြီး ဒုတိယမြို့နယ် ပညာရေးမှူးနဲ့ ကျောင်းအုပ်ဆရာကြီးတိုဆီက ငွေလိမ်မှု မနေ့က ဖြစ်ပွား ခဲ့တယ်လို့ ပြည်ခရိုင် ပညာရေးမှူးရုံးမှ သိရပါတယ် ။

လိမ်လည် သူများမှာ စက်ဘီးများ တင်ဆောင်လာသည့် ကားမှာ လမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွား နေလို့ လျှော်ကြေး ပေးဖို့ လက်တလော ငွေလိုသဖြင့် ငွေလွှဲ ပေးရန် ပြောဆိုတာကြောင့် Wave Money နဲ့ ၁၇၀၀၀၀ ကျပ်ကို လွှဲပေးခဲ့ပြီး ၊ ဒုတိယအကြိမ် ၂ သိန်းထပ်မံ လွှဲပေးရန် ပြောဆိုရာမှ သံသယ ဖြစ်လာပြီး ငွေလွှဲမပေးနိုင်တော့ကြောင်း ပြောဆိုပြီးနောက် ၊ လိမ်လည်သွားသူတွေကို ဖုန်းဆက်သွယ်လို့ မရတော့ခြင်း ဖြစ်ကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွန်ကြားရေးမှူး ဆရာကြီး ဦးဝင်းဌေးက ရှင်းပြပါတယ် ။

“ မနက် ၇ နာရီလောက်က အဖွဲ့အစည်း တခုက ခွင့်ပြုချက် မရှိပဲ ပေါက်ခေါင်းအထက ကို စက်ဘီအစီး ငါးရာ လှူမယ် ပြောဆိုပြီး ငွေလိမ် တောင်းသွားတာပါ ။ စက်ဘီးသယ်လာတဲ့ ကားက လမ်းမှာ ယာဉ်တိုက်မှှုုဖြစ်ပွားလို့ အရေးပေါ် ငွေလိုတယ်ဆိုပြီး Wave money နဲ့ငွေလွှဲခိုင်းလို့ တသိန်းခုနှစ်သောင်းကိုလွှဲပေးလိုက်ပြီး၊ ဒုတိယအကြိမ်ထပ်တောင်းတော့မှ ဒီလူတွေဟာ လူလိမ်တွေမှန်းသိသွားတာပါ ။ ” လို့ ဆရာကြီး ဦးဝင်းဌေးက ပြောပါတယ် ။

အခုလို အလိမ်ခံရမှုမျိုး ထပ်မံ မဖြစ်ပွားစေရန် ပြည်ခရိုင် အတွင်းရှိ မြို့နယ်များအား တိုင်း၊ ခရိုင်ပညာရေးမှူးရုံးတွေရဲ့ ခွင့်ပြုချက်မရပဲ လူပုဂ္ဂိုလ်တဦးက ဖြစ်စေ၊ အဖွဲ့စည်းတခုက ဖြစ်စေ လာရောက် လှူဒါန်းမှုများကို လက်မခံရန် ညွှန်ကြားသွားမှာဖြစ်တယ်လို့ ပြည်ခရိုင် ပညာရေးမှူးရုံးမှ သိရပါတယ် ။

Source : မြေလတ်အသံံ

Ye Htut Oo