ဖားေအာက္ေတာရဆရာေတာ္ႀကီး မိန္႔တဲ့ အိမ္တစ္အိမ္မွာ စီးပြားေရးေတြေျပလည္ေနရတဲ့ အေၾကာင္းအရင္း

ဖားေအာက္ေတာရဆရာေတာ္ႀကီး မိန္႔တဲ့ အိမ္တစ္အိမ္မွာ စီးပြားေရးေတြေျပလည္ေနရတဲ့ အေၾကာင္းအရင္း

ဖားေအာက္ေတာရဆရာေတာ္ႀကီး မိန္႔တဲ့ အိမ္တစ္အိမ္မွာ စီးပြားေရးေတြေျပလည္ေနရတဲ့ အေၾကာင္းအရင္း

အိမ္တစ္အိမ္မွာ စီးပြားေရးေတြေျပလည္ၿပီး စားဝတ္ေနေရးေတြ ေျပလည္ေနၾကၿပီဆိုၾကပါေတာ့။ အိမ္သူအိမ္သားအားလုံးက

၁ ။ သူ႔အသက္လည္း ဘယ္သူမွမသတ္ဘူး ၊

၂ ။ သူ႔ပစၥည္းလည္းဘယ္သူမွ မတရားမယူၾကဘူး ၊

၃ ။ ကာေမသုမိစာၦေခၚတဲ့ မွားယြင္းတဲ့ အက်င့္ေတြလည္း ဘယ္သူမွ မက်င့္ၾကဘူး၊ ကိုယ္က်င့္တရား သိပ္ေကာင္းၾကတယ္ ။

၄ ။ မုသားလည္းမေျပာၾကဘူး ၊

၅ ။ မူးယစ္ေဆးဝါးလည္း သုံးစြဲတဲ့သူ အိမ္သူအိမ္သားထဲ တစ္ေယာက္မွမရွိဘူး၊ ဒီလိုဆိုရင္ အိမ္သူအိမ္သားေတြဟာ တစ္ဦးနဲ႔တစ္ဦးၾကည္ႏူးၿပီး ခ်မ္းခ်မ္းသာသာ မေနရဘူးလား။ ေနၾကရတယ္ ။

အိမ္ တစ္အိမ္မွာ ခ်မ္းသာ သလို ႐ြာတစ္႐ြာကို လွမ္းၾကည့္လိုက္ ၊ ငါးပါးသီလနဲ႔ျပည့္စုံၾကတယ္ ။ ဒီလိုဆို ဒီေက်း႐ြာဟာ အၿမဲ အိမ္တံခါး ဖြင့္ထားလို႔ မရႏိုင္ဘူးလား ။ ရႏိုင္ပါတယ္ ။ ေနာက္တစ္ခု ၿမိဳ႕တစ္ၿမိဳ႕ရွိ ၿမိဳ႕သူၿမိဳ႕သားအားလုံး ငါးပါးသီလနဲ႔ ျပည့္စုံၾကတယ္ ။ ဒီလိုဆိုရင္ ဒီၿမိဳ႕ ခ်မ္းသာမလား ဆင္းရဲမလား ၊ ခ်မ္းခ်မ္း သာသာ ေနၾကရမယ္ေနာ္ ။

တိုင္းျပည္ တစ္ခုမွာလည္း ဒီလို ငါးပါးသီလနဲ႔ ျပည့္စုံ ၾကတယ္ဆိုရင္ အကုန္မခ်မ္းသာရဘူးလား ။ ခ်မ္းသာ ရတယ္ ။

ညဘက္ေတာင္ ဘယ္ေနရာ သြားသြား အႏၲရာယ္ဆိုတာရွိလား ။ မရွိေတာ့ဘူး ။ အမ်ိဳးသမီးေတြ ဘယ္ေနရာ သြားသြား အႏၲရာယ္ဆိုတာ ရွိမလား ။ မရွိေတာ့ဘူး ။ သိပ္ေကာင္းတယ္ေနာ္ ။ ဒီေတာ့ ကိုယ္က်င့္သီလ ေကာင္းျခင္းသည္ တိုင္းျပည္တစ္ျပည္ တိုးတက္ေရး အတြက္ အေျခခံ အေၾကာင္းအရင္း ျဖစ္မေနဘူးလား ။ ျဖစ္ေနတယ္ ။

ကိုယ္က်င့္သီလ ပ်က္စီးလာၿပီ ၊ ကိုယ္က်င့္သီလ ပ်က္စီးေနတဲ့ အိမ္တစ္အိမ္မွာ ခ်မ္းသာသုခ ျဖစ္ႏိုင္ပါ့မလား ။ မျဖစ္ႏိုင္ဘူး ။ လင္ကလည္း သီလပ်က္တယ္ ၊ မယားကလည္း သီလပ်က္တယ္ ၊ သားသမီး ေတြကလည္း ပ်က္စီးၾကတယ္ ။ ဒီလိုဆိုရင္ ဒီအိမ္ခ်မ္းသာသုခ ျဖစ္ႏိုင္ပါ့မလား ၊ မျဖစ္ႏိုင္ေတာ့ဘူး ။ ဒီလိုဘဲ ကိုယ္က်င့္သီလေတြ ပ်က္စီးေနတဲ့ ပုဂၢိဳလ္ေတြ စုေပါင္း ေနထိုင္တဲ့ ၿမိဳ႕, ႐ြာတစ္႐ြာမွာ ဘယ္ေတာ့မွ ခ်မ္းသာ သုခေတြ မျဖစ္ႏိုင္ဘူး ။ ႐ုံးေတြမွာလည္း အင္မွာတန္အလုပ္ရႈပ္ေနလိမ့္မယ္ ။ ဒါေၾကာင့္ ကိုယ္က်င့္တရား ေကာင္းဖို႔ လိုအပ္ပါတယ္ ။

ဖားေအာက္ေတာရဆရာေတာ္

Unicode

ဖားအောက်တောရဆရာတော်ကြီး မိန့်တဲ့ အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်နေရတဲ့ အကြောင်းအရင်း

အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်ပြီး စားဝတ်နေရေးတွေ ပြေလည်နေကြပြီဆိုကြပါတော့။ အိမ်သူအိမ်သားအားလုံးက

၁ ။ သူ့အသက်လည်း ဘယ်သူမှမသတ်ဘူး ၊

၂ ။ သူ့ပစ္စည်းလည်းဘယ်သူမှ မတရားမယူကြဘူး ၊

၃ ။ ကာမေသုမိစ္ဆာခေါ်တဲ့ မှားယွင်းတဲ့ အကျင့်တွေလည်း ဘယ်သူမှ မကျင့်ကြဘူး၊ ကိုယ်ကျင့်တရား သိပ်ကောင်းကြတယ် ။

၄ ။ မုသားလည်းမပြောကြဘူး ၊

၅ ။ မူးယစ်ဆေးဝါးလည်း သုံးစွဲတဲ့သူ အိမ်သူအိမ်သားထဲ တစ်ယောက်မှမရှိဘူး၊ ဒီလိုဆိုရင် အိမ်သူအိမ်သားတွေဟာ တစ်ဦးနဲ့တစ်ဦးကြည်နူးပြီး ချမ်းချမ်းသာသာ မနေရဘူးလား။ နေကြရတယ် ။

အိမ် တစ်အိမ်မှာ ချမ်းသာ သလို ရွာတစ်ရွာကို လှမ်းကြည့်လိုက် ၊ ငါးပါးသီလနဲ့ပြည့်စုံကြတယ် ။ ဒီလိုဆို ဒီကျေးရွာဟာ အမြဲ အိမ်တံခါး ဖွင့်ထားလို့ မရနိုင်ဘူးလား ။ ရနိုင်ပါတယ် ။ နောက်တစ်ခု မြို့တစ်မြို့ရှိ မြို့သူမြို့သားအားလုံး ငါးပါးသီလနဲ့ ပြည့်စုံကြတယ် ။ ဒီလိုဆိုရင် ဒီမြို့ ချမ်းသာမလား ဆင်းရဲမလား ၊ ချမ်းချမ်း သာသာ နေကြရမယ်နော် ။

တိုင်းပြည် တစ်ခုမှာလည်း ဒီလို ငါးပါးသီလနဲ့ ပြည့်စုံ ကြတယ်ဆိုရင် အကုန်မချမ်းသာရဘူးလား ။ ချမ်းသာ ရတယ် ။

ညဘက်တောင် ဘယ်နေရာ သွားသွား အန္တရာယ်ဆိုတာရှိလား ။ မရှိတော့ဘူး ။ အမျိုးသမီးတွေ ဘယ်နေရာ သွားသွား အန္တရာယ်ဆိုတာ ရှိမလား ။ မရှိတော့ဘူး ။ သိပ်ကောင်းတယ်နော် ။ ဒီတော့ ကိုယ်ကျင့်သီလ ကောင်းခြင်းသည် တိုင်းပြည်တစ်ပြည် တိုးတက်ရေး အတွက် အခြေခံ အကြောင်းအရင်း ဖြစ်မနေဘူးလား ။ ဖြစ်နေတယ် ။

ကိုယ်ကျင့်သီလ ပျက်စီးလာပြီ ၊ ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ အိမ်တစ်အိမ်မှာ ချမ်းသာသုခ ဖြစ်နိုင်ပါ့မလား ။ မဖြစ်နိုင်ဘူး ။ လင်ကလည်း သီလပျက်တယ် ၊ မယားကလည်း သီလပျက်တယ် ၊ သားသမီး တွေကလည်း ပျက်စီးကြတယ် ။ ဒီလိုဆိုရင် ဒီအိမ်ချမ်းသာသုခ ဖြစ်နိုင်ပါ့မလား ၊ မဖြစ်နိုင်တော့ဘူး ။ ဒီလိုဘဲ ကိုယ်ကျင့်သီလတွေ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေ စုပေါင်း နေထိုင်တဲ့ မြို့, ရွာတစ်ရွာမှာ ဘယ်တော့မှ ချမ်းသာ သုခတွေ မဖြစ်နိုင်ဘူး ။ ရုံးတွေမှာလည်း အင်မှာတန်အလုပ်ရှုပ်နေလိမ့်မယ် ။ ဒါကြောင့် ကိုယ်ကျင့်တရား ကောင်းဖို့ လိုအပ်ပါတယ် ။

ဖားအောက်တောရဆရာတော်