








Ref : ဘီဘီစီ

#superသတင်းစုံ

Unicode

သက်ငယ် မုဒိမ်း ကျူးလွန်သူကို လွိုင်ကော် တွင် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်

ကယား ပြည်နယ် ၊ လွိုင်ကော် ခရိုင် တရားရုံးက မယားပါ သမီးကို အဓမ္မ ကျူးလွန် ခဲ့တဲ့ အမျိုးသား တဦးကို အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက် ပါတယ် ။

ဦးစောအေးလွိုင်စိန်ကို အသက် ၁၄ နှစ် အရွယ် မယားပါ သမီးအား ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၊ နိုဝင်ဘာ နဲ့ ၂၀၁၉ ခု ဇူလိုင်လ မှာ အဓမ္မပြုကျင့်မှုနဲ့ အခုနှစ် ဇွန်လမှာ ဖမ်းဆီးခဲ့ တာပဲ ဖြစ်ပါတယ် ။

ကယား ပြည်နယ် ဥပဒေ ဆိုင်ရာ အထောက် အကူပြု အဖွဲ့နဲ့ လွိုင်ကော် ခရိုင် ဥပဒေရုံး ကနေ ပူးပေါင်းပြီး ဒီအမှုနဲ့ ပတ်သက် လို့ ပူးပေါင်းပြီး ဒီအမှု ကို နစ်နာသူ ဘက်ကနေ တရား မျှတမှု ရရှိရေး အတွက် အမှု လိုက်ပါ ဆောင်ရွက် ပေးခဲ့တာ ဖြစ်ပါ တယ် ။

ကယား ပြည်နယ် ဥပဒေ ဆိုင်ရာ အထောက် အကူပြု အဖွဲ့ အတွင်းရေးမှူး ဦးစောဖားကြာက ဒီ အမှုဟာ သက်ငယ် မုဒိမ်းမှုအတွက် အမြင့်ဆုံးပြစ်ဒဏ် ချမှတ် လိုက်တာ ဖြစ်တယ်လို့ ပြောကြား ခဲ့တာပဲ ဖြစ်ပါ တယ် ။

ဒါ အမြင့်ဆုံးပြစ်ဒဏ်ပဲ ။ “ ကျနော်တို့ နစ်နာသူ ဘက်က လိုက်တဲ့ အခါမှာဦးစောအေးလွိုင်စိန်က အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ ကျတယ် ။ ပြည်နယ်က အထူးစိတ်ဝင်စားတဲ့ အမှုလည်း ဖြစ်တယ် ။

ပြီးတော့ ” ကယား ပြည်နယ်မှာ အခုလို သက်ငယ် မုဒိမ်းနဲ့ ပတ်သက်လို့ အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်တာ ဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ် လို့ ဆိုပါတယ် ။

Ref : ဘီဘီစီ

#superသတင်းစုံ