သိကၡာရွိစြာနဲ႔ပဲ လမ္းခြဲတတ္ၾကပါေစ

သိကၡာရွိစြာနဲ႔ပဲ လမ္းခြဲတတ္ၾကပါေစ

သိကၡာရွိစြာနဲ႔ပဲ လမ္းခြဲတတ္ၾကပါေစ

ေလာကႀကီးထဲမွာ ေယာက္်ားေလး ျဖစ္ေစ မိန္းခေလး ျဖစ္ပါေစ … ကိုယ့္ခ်စ္သူက ေနာက္ကြယ္မွာ ေဖာက္ျပန္ေနတာေတြ ၊ ေျခရႈပ္ေနတာေတြကို သိရက္နဲ႔ အႀကိမ္ႀကိမ္နားလည္ ခြင့္လႊတ္ ေပးၿပီး အတင္း လိုက္တြယ္ကပ္ ေနတာေတြဟာ ေလာကႀကီးထဲ ကိုယ္နဲ႔ တူတန္တဲ့ ေယာက်္ား ‘ မိန္းမ ရွား ေနလို႔ မ်ားထင္ေနလား ။ ေယာက်္ား ၊ မိန္းမ ဆိုတဲ့ လူသားေတြ ေပါပါတယ္

” သစၥာတရား ” ဆိုတာ ရွားပါးလို႔

” ေမတၱာတရား ပိုေပးမိလိုက္သူ ” ရွားလို႔

” သံေယာဇဥ္ေတြ ” ျဖတ္ရခက္ေနလို႔

” အခ်စ္ ” ဆိုတာကို တန္ဖိုးထားလို႔

” ကိုယ့္သိကၡာနဲ႔ ကိုယ္က်င့္တရားေတြ ” ကို ေစာင့္ထိန္း ေနၾကလို႔

ကိုယ့္အေပၚ မ်က္ရည္ မ်က္ခြက္နဲ႔ အသနားခံၿပီး လိုက္ဆြဲ ေနတိုင္း ဒီေယာက်္ား ၊ ဒီမိန္းမ ငါ့ကို မျပတ္ႏိုင္ပါဘူး ဆိုၿပီး သိပ္အထင္ ႀကီးမေနၾကနဲ႔ ။ အခ်ိန္တန္ရင္ ကိုယ္နဲ႔တန္ရာ ဘဝကို ေရာက္သြားမွာပါပဲ

သစၥာတရားကို တန္ဖိုးထားတတ္ သူေတြဟာ သူတို႔ ကိုယ္တိုင္ အမွားကို မက်ဴလြန္ မိေအာင္ ေစာင့္ထိန္းႏိုင္သလို သစၥာေဖာက္ ခံရရင္ေတာင္ အႀကိမ္ႀကိမ္ သေဘာထားႀကီးစြာ နားလည္ ခြင့္လႊတ္ေပးတယ္

ဘာလို႔လဲဆိုရင္ ကိုယ့္ဆီမွာ ရွိတဲ့ သစၥာတရားကို အသက္မက တန္ဖိုးထား ခဲ့ေတာ့ အလြယ္တကူ အပ်က္စီးမခံႏိုင္လို႔ဘဲ ။ ေမတၱာကို လူတိုင္း အေပၚ ထားမိေပမဲ့ ပိုေပးမိတဲ့သူကို ပိုျမတ္ႏိုးေတာ့ အလြယ္တကူ အဆုံးရႈံး မခံႏိုင္ၾကတာလည္း ပါတယ္ ။ အခ်စ္ ဆိုတဲ့ စိတ္ခံစားမႈကို ႏွလုံးသားနဲ႔ ရင္းၿပီး ထိုက္ထိုက္ တန္တန္ေပးခဲ့မိသူကို ကိုယ္ဘဲ ရယူ ပိုင္ဆိုင္ခ်င္တာက သဘာဝပါ ။

ကိုယ္က်င့္သိကၡာကို ေစာင့္ထိန္းသူတိုင္း ဒီတေယာက္နဲ႔ ျပတ္လိုက္ ဟိုတေယာက္နဲ႔ တြဲလိုက္ ဆိုတဲ့ စ႐ိုက္မရွိသလို ဘယ္ေတာ့မွ မလုပ္ဘူး ။ ဒီတေယာက္သာ ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ လက္ခံထားတတ္ၾကပါတယ္ ။

တခ်ိဳ႕ ေျပတာၾကားဖူးတယ္ ” ငါ့ေလာက္ မင့္အေပၚ ဘယ္သူမွ အနစ္နာမခံဘူး ” ဆိုတဲ့ စကားရယ္ ” မင္းအေပၚ ငါ့ေလာက္ ဘယ္သူမွ မခ်စ္ႏိုင္ဘူး ” ဆိုတဲ့ စကားနဲ႔ ခ်ည္ေႏွာင္ ခ်င္ေသးတာ ။ အေတာ္ေလး ရယ္စရာေကာင္းလွပါတယ္ ။

ကိုယ္ေတာင္ သူ႔ထက္ သာတယ္ ထင္တဲ့ သူနဲ႔ ေဖာက္ျပန္ ေနေသးတာပဲ သူ႔မွာလည္း သူ႔အိုးနဲ႔ သူ႔ဆန္ တန္တဲ့သူ မရွိႏိုင္ဘူးတဲ့လား ေတြးၾကည့္ပါ ။ ကိုယ္ေတာင္ သူ႔ထက္ ပို ဂ႐ုစိုက္တဲ့သူ အနား ခ်ဥ္းကပ္ေန ေသးတာဘဲ သူ႔မွာလည္း ကိုယ့္ထက္သာတဲ့သူ မရွိႏိုင္ ေတာ့ဘူးလား ေမးလိုက္ခ်င္မိတယ္ ။

ကိုယ့္အေပၚ သစၥာရွိရွိနဲ႔ ခ်စ္တဲ့ ခ်စ္သူအေပၚ သစၥာေဖာက္သူေတြ အေနနဲ႔ မိမိ မေကာင္းတာေတာင္ ခခယယ တြဲကပ္ေနတဲ့ ခ်စ္သူဟာ ဘဝ တေလွ်ာက္လုံး လက္မလႊတ္သင့္တဲ့ ခ်စ္သူဆိုတာ သိေစခ်င္ပါတယ္ ။

သစၥာမဲ့သူေတြ အေနနဲ႔ ကိုယ့္အေပၚ ေမတၱာႀကီးမားစြာ ထားေပးတဲ့ တဖက္လူကို ပမာမခန႔္ မလုပ္ပါနဲ႔ ။ အရမ္း ခံရခက္ေစ ပါတယ္ ။ သစၥာႀကီးသူေတြကို မျဖစ္ႏိုင္လို႔ သစၥာေဖာက္ရင္ ေဖာက္သြားပါ ၊ ႐ိုးသားခ်င္ေယာင္ေဆာင္ၿပီး ဆက္လိမ္ညာ မေနပါနဲ႔ေတာ့ ။

တဖက္လူ အတြက္ သိသိရက္ႀကီး ဆက္ဆံရတာ ေသမတတ္ မြန္းၾကပ္ေစ ပါတယ္ ။ ကိုယ့္ခ်စ္သူက အေရွ႕မွာ ခ်စ္တယ္ ေျပာၿပီး ေနာက္ကြယ္မွာ ေဖာက္ျပန္ တာသိရင္ ႏွလုံးသားေတြ နာက်င္မႈမ်ိဳး ဘာနဲ႔ မတူေအာင္ အရမ္းနာက်င္ရပါတယ္ ။

သစၥာတရား ဆိုတာ တခါတေလ ေငြဆိုတဲ့ အရာနဲ႔ ယွဥ္လာရင္ ဒူးေထာက္လိုက္ရတာေတြ ရွိပါသလို တခါတေလေတာ့လည္း သာယာ ရွာသူေတြ အတြက္ လွည့္စားခံရတာေတြ ရွိပါတယ္ ။ ဘယ္လိုနည္းနဲ႔ သစၥာေဖာက္မိသြားပါေစ ေလွနံ ႏွစ္ဖက္ နင္းေနတဲ့ ေျခပိုင္ရွင္ မျဖစ္မိပါေစနဲ႔ ။

” ငါ့ေလာက္ မင္းအေပၚ ဘယ္သူေကာင္းလဲ ” ဆိုတဲ့ ပုံစံ ” နင့္နားမွာ ငါ မရွိလို႔ မျဖစ္ပါဘူး ” ဆိုတဲ့ အခ်ိဳးမ်ိဳးေတာ့ သြားမလုပ္မိ ေစနဲ႔ ။ သင္မရွိလည္း ႏွာေခါင္းေပါက္က အသက္ရႈႏိုင္ ေသးတယ္ … ေသမသြားဘူး ။ ေလာကႀကီးထဲ မျဖစ္ႏိုင္လို႔ လမ္းခြဲသြားၾကတဲ့ သူေတြ အမ်ားအျပား အခုခ်ိန္ထိ အသက္ဆက္ရွင္ေနၾကဆဲပါပဲ ။

လူတေယာက္ကို မခ်စ္ႏိုင္ေတာ့လို႔ ေရွ႕ဆက္ လက္တြဲဖို႔ မျဖစ္ႏိုင္ေတာ့လို႔ လမ္းခြဲမယ္ ဆိုရင္ေတာင္ သိကၡာမဲ့စြာ သစၥာေဖာက္ၿပီးမွ လမ္းခြဲျခင္းဟာ အယုတ္ညံ့ဆုံးပင္ ျဖစ္ပါတယ္။

ဒါေၾကာင့္ … လူ႔တန္ဖိုးကို နာလည္စြာ လမ္းခြဲျခင္းမ်ိဳး ေ႐ြးခ်ယ္တတ္ၾကပါေစေနာ္…….

Crd Original Writer

Unicode

သိက္ခာရှိစွာနဲ့ပဲ လမ်းခွဲတတ်ကြပါစေ

လောကကြီးထဲမှာ ယောက်ျားလေး ဖြစ်စေ မိန်းခလေး ဖြစ်ပါစေ … ကိုယ့်ချစ်သူက နောက်ကွယ်မှာ ဖောက်ပြန်နေတာတွေ ၊ ခြေရှုပ်နေတာတွေကို သိရက်နဲ့ အကြိမ်ကြိမ်နားလည် ခွင့်လွှတ် ပေးပြီး အတင်း လိုက်တွယ်ကပ် နေတာတွေဟာ လောကကြီးထဲ ကိုယ်နဲ့ တူတန်တဲ့ ယောကျ်ား ‘ မိန်းမ ရှား နေလို့ များထင်နေလား ။ ယောကျ်ား ၊ မိန်းမ ဆိုတဲ့ လူသားတွေ ပေါပါတယ်

” သစ္စာတရား ” ဆိုတာ ရှားပါးလို့

” မေတ္တာတရား ပိုပေးမိလိုက်သူ ” ရှားလို့

” သံယောဇဉ်တွေ ” ဖြတ်ရခက်နေလို့

” အချစ် ” ဆိုတာကို တန်ဖိုးထားလို့

” ကိုယ့်သိက္ခာနဲ့ ကိုယ်ကျင့်တရားတွေ ” ကို စောင့်ထိန်း နေကြလို့

ကိုယ့်အပေါ် မျက်ရည် မျက်ခွက်နဲ့ အသနားခံပြီး လိုက်ဆွဲ နေတိုင်း ဒီယောကျ်ား ၊ ဒီမိန်းမ ငါ့ကို မပြတ်နိုင်ပါဘူး ဆိုပြီး သိပ်အထင် ကြီးမနေကြနဲ့ ။ အချိန်တန်ရင် ကိုယ်နဲ့တန်ရာ ဘဝကို ရောက်သွားမှာပါပဲ

သစ္စာတရားကို တန်ဖိုးထားတတ် သူတွေဟာ သူတို့ ကိုယ်တိုင် အမှားကို မကျူလွန် မိအောင် စောင့်ထိန်းနိုင်သလို သစ္စာဖောက် ခံရရင်တောင် အကြိမ်ကြိမ် သဘောထားကြီးစွာ နားလည် ခွင့်လွှတ်ပေးတယ်

ဘာလို့လဲဆိုရင် ကိုယ့်ဆီမှာ ရှိတဲ့ သစ္စာတရားကို အသက်မက တန်ဖိုးထား ခဲ့တော့ အလွယ်တကူ အပျက်စီးမခံနိုင်လို့ဘဲ ။ မေတ္တာကို လူတိုင်း အပေါ် ထားမိပေမဲ့ ပိုပေးမိတဲ့သူကို ပိုမြတ်နိုးတော့ အလွယ်တကူ အဆုံးရှုံး မခံနိုင်ကြတာလည်း ပါတယ် ။ အချစ် ဆိုတဲ့ စိတ်ခံစားမှုကို နှလုံးသားနဲ့ ရင်းပြီး ထိုက်ထိုက် တန်တန်ပေးခဲ့မိသူကို ကိုယ်ဘဲ ရယူ ပိုင်ဆိုင်ချင်တာက သဘာဝပါ ။

ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းသူတိုင်း ဒီတယောက်နဲ့ ပြတ်လိုက် ဟိုတယောက်နဲ့ တွဲလိုက် ဆိုတဲ့ စရိုက်မရှိသလို ဘယ်တော့မှ မလုပ်ဘူး ။ ဒီတယောက်သာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ခံထားတတ်ကြပါတယ် ။

တချို့ ပြေတာကြားဖူးတယ် ” ငါ့လောက် မင့်အပေါ် ဘယ်သူမှ အနစ်နာမခံဘူး ” ဆိုတဲ့ စကားရယ် ” မင်းအပေါ် ငါ့လောက် ဘယ်သူမှ မချစ်နိုင်ဘူး ” ဆိုတဲ့ စကားနဲ့ ချည်နှောင် ချင်သေးတာ ။ အတော်လေး ရယ်စရာကောင်းလှပါတယ် ။

ကိုယ်တောင် သူ့ထက် သာတယ် ထင်တဲ့ သူနဲ့ ဖောက်ပြန် နေသေးတာပဲ သူ့မှာလည်း သူ့အိုးနဲ့ သူ့ဆန် တန်တဲ့သူ မရှိနိုင်ဘူးတဲ့လား တွေးကြည့်ပါ ။ ကိုယ်တောင် သူ့ထက် ပို ဂရုစိုက်တဲ့သူ အနား ချဉ်းကပ်နေ သေးတာဘဲ သူ့မှာလည်း ကိုယ့်ထက်သာတဲ့သူ မရှိနိုင် တော့ဘူးလား မေးလိုက်ချင်မိတယ် ။

ကိုယ့်အပေါ် သစ္စာရှိရှိနဲ့ ချစ်တဲ့ ချစ်သူအပေါ် သစ္စာဖောက်သူတွေ အနေနဲ့ မိမိ မကောင်းတာတောင် ခခယယ တွဲကပ်နေတဲ့ ချစ်သူဟာ ဘဝ တလျှောက်လုံး လက်မလွှတ်သင့်တဲ့ ချစ်သူဆိုတာ သိစေချင်ပါတယ် ။

သစ္စာမဲ့သူတွေ အနေနဲ့ ကိုယ့်အပေါ် မေတ္တာကြီးမားစွာ ထားပေးတဲ့ တဖက်လူကို ပမာမခန့် မလုပ်ပါနဲ့ ။ အရမ်း ခံရခက်စေ ပါတယ် ။ သစ္စာကြီးသူတွေကို မဖြစ်နိုင်လို့ သစ္စာဖောက်ရင် ဖောက်သွားပါ ၊ ရိုးသားချင်ယောင်ဆောင်ပြီး ဆက်လိမ်ညာ မနေပါနဲ့တော့ ။

တဖက်လူ အတွက် သိသိရက်ကြီး ဆက်ဆံရတာ သေမတတ် မွန်းကြပ်စေ ပါတယ် ။ ကိုယ့်ချစ်သူက အရှေ့မှာ ချစ်တယ် ပြောပြီး နောက်ကွယ်မှာ ဖောက်ပြန် တာသိရင် နှလုံးသားတွေ နာကျင်မှုမျိုး ဘာနဲ့ မတူအောင် အရမ်းနာကျင်ရပါတယ် ။

သစ္စာတရား ဆိုတာ တခါတလေ ငွေဆိုတဲ့ အရာနဲ့ ယှဉ်လာရင် ဒူးထောက်လိုက်ရတာတွေ ရှိပါသလို တခါတလေတော့လည်း သာယာ ရှာသူတွေ အတွက် လှည့်စားခံရတာတွေ ရှိပါတယ် ။ ဘယ်လိုနည်းနဲ့ သစ္စာဖောက်မိသွားပါစေ လှေနံ နှစ်ဖက် နင်းနေတဲ့ ခြေပိုင်ရှင် မဖြစ်မိပါစေနဲ့ ။

” ငါ့လောက် မင်းအပေါ် ဘယ်သူကောင်းလဲ ” ဆိုတဲ့ ပုံစံ ” နင့်နားမှာ ငါ မရှိလို့ မဖြစ်ပါဘူး ” ဆိုတဲ့ အချိုးမျိုးတော့ သွားမလုပ်မိ စေနဲ့ ။ သင်မရှိလည်း နှာခေါင်းပေါက်က အသက်ရှုနိုင် သေးတယ် … သေမသွားဘူး ။ လောကကြီးထဲ မဖြစ်နိုင်လို့ လမ်းခွဲသွားကြတဲ့ သူတွေ အများအပြား အခုချိန်ထိ အသက်ဆက်ရှင်နေကြဆဲပါပဲ ။

လူတယောက်ကို မချစ်နိုင်တော့လို့ ရှေ့ဆက် လက်တွဲဖို့ မဖြစ်နိုင်တော့လို့ လမ်းခွဲမယ် ဆိုရင်တောင် သိက္ခာမဲ့စွာ သစ္စာဖောက်ပြီးမှ လမ်းခွဲခြင်းဟာ အယုတ်ညံ့ဆုံးပင် ဖြစ်ပါတယ်။

ဒါကြောင့် … လူ့တန်ဖိုးကို နာလည်စွာ လမ်းခွဲခြင်းမျိုး ရွေးချယ်တတ်ကြပါစေနော်…….

Crd Original Writer