အာဆင္နယ္အသင္းနဲ႔ မန္ယူအသင္း အႏိုင္ရရွိခဲ့တဲ့ ယူ႐ိုပါလိဂ္ အုပ္စုပြဲစဥ္ ( ဟိုက္လိုက္ )

အာဆင္နယ္အသင္းနဲ႔ မန္ယူအသင္း အႏိုင္ရရွိခဲ့တဲ့ ယူ႐ိုပါလိဂ္ အုပ္စုပြဲစဥ္ ( ဟိုက္လိုက္ )

အာဆင္နယ္အသင္းနဲ႔ မန္ယူအသင္း အႏိုင္ရရွိခဲ့တဲ့ ယူ႐ိုပါလိဂ္ အုပ္စုပြဲစဥ္ ( ဟိုက္လိုက္ )

အဂၤလန္ ကလပ္အသင္းေတြ ျဖစ္တဲ့ အာဆင္နယ္အသင္းနဲ႔ မန္ယူအသင္း တို႔ဟာ ဒီကေန႔ မနက္ အေစာပိုင္းမွာ ယူ႐ိုပါလိဂ္ အုပ္စုပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ ကစားခဲ့ၾကတာျဖစ္ၿပီး အႏိုင္ ရလဒ္ေတြ အသီးသီး ရရွိခဲ့ၾကတာပဲ ျဖစ္ပါတယ္ ။ ယူ႐ိုပါလိဂ္ အဖြင့္ပြဲစဥ္မွာ ရလဒ္ ေကာင္းေတြ ရရွိသြားခဲ့ ၾကတာပဲ ျဖစ္ပါတယ္ ။

အာဆင္နယ္အသင္း အေနနဲ႔ အဖြင့္ပြဲစဥ္ကို ဂ်ာမန္ကလပ္ ဖရန႔္ဖတ္နဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ၿပီး အိမ္ရွင္ အသင္းကို သုံးဂိုး ဂိုးမရွိနဲ႔ ဂိုးျပတ္ အႏိုင္ရရွိခဲ့ တာပဲ ျဖစ္ပါတယ္ ။ ေဘာလုံး ပိုင္ဆိုင္မႈ အေနနဲ႔ ၾကည့္မယ္ ဆိုရင္ အိမ္ရွင္ ဖရန႔္ဖတ္က အနည္းငယ္ အသာစီး ရယူ ထားႏိုင္ခဲ့ပါတယ္ ။ အာဆင္နယ္အသင္း အတြက္ အႏိုင္ဂိုး ေတြကို ပထမပိုင္း ၃၈ မိနစ္မွာ ဝီေလာ့က ဉီးေဆာင္ဂိုး သြင္းယူခဲ့တာ ျဖစ္ၿပီး ၈၅ မိနစ္မွာ ဆာကာနဲ႔ ၈၈ မိနစ္မွာ အူဘာမီရန္း တို႔က သြင္းယူခဲ့ၿပီး ၃ ဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္ ။

အိမ္ရွင္ ဖရန္႕ဖတ္ အသင္းအေနနဲ႕ ဒုတိယပုိင္းမွာ ေခ်ပဂုိး ျပန္လည္ရယူဖုိ႔ အေကာင္းမြန္ဆံုး ပံုစံနဲ႔ ၾကိဳးစားခဲ့ေပမယ့္ ပြဲခ်ိန္ မိနစ္ ၇၉ မွာ ဒိုမီနစ္ခ္ ႏွစ္ဝါတနီနဲ႔ အထုတ္ခံခဲ့ရၿပီးေနာက္ အာဆင္နယ္အသင္းရဲ႕ ဖိအားေအာက္ကုိ ျပန္လည္ေရာက္ရွိသြားျပီး ေနာက္ထပ္ ေပးဂုိးႏွစ္ဂုိး ခြင့္ျပဳလုိက္ရတာပဲ ျဖစ္ပါတယ္ ။

မန္ခ်က္စတာယူႏိုက္တက္ အေနနဲ႔ Astana အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရာမွာေတာ့ လူငယ္ကစားသမားေတြကို အဓိက ပြဲထုတ္လာခဲ့တာျဖစ္ေပမယ့္ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ေကာင္းမြန္စြာ ထိန္းခ်ဳပ္ကစားသြားႏိုင္ခဲ့တာျဖစ္ၿပီး ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္မႈေတြလဲ သာလြန္ေကာင္းမြန္ခဲ့တာပဲ ျဖစ္ပါတယ္ ။ ဒါေပမယ့္လဲ မန္ယူအသင္းရဲ႕ အားနည္းခ်က္ျဖစ္ေနဆဲ ျဖစ္တဲ့ အဆုံးသတ္မပိုင္ႏိုင္မႈေတြေၾကာင့္ အိမ္ကြင္းမွာ အႏိုင္ တစ္ဂိုးနဲ႔သာ ေက်နပ္ခဲ့ရတာ ျဖစ္ၿပီး မန္ယူအသင္းအတြက္ အႏိုင္ဂိုးကိုေတာ့ လူငယ္တိုက္စစ္မႉး ဂရင္းဝုဒ္က ပြဲခ်ိန္ ၇၃ မိနစ္မွာ သြင္းယူခဲ့တာျဖစ္ပါတယ္ ။

Unicode

အာဆင်နယ်အသင်းနဲ့ မန်ယူအသင်း အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ် ( ဟိုက်လိုက် )

အင်္ဂလန် ကလပ်အသင်းတွေ ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်း တို့ဟာ ဒီကနေ့ မနက် အစောပိုင်းမှာ ယူရိုပါလိဂ် အုပ်စုပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားခဲ့ကြတာဖြစ်ပြီး အနိုင် ရလဒ်တွေ အသီးသီး ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ယူရိုပါလိဂ် အဖွင့်ပွဲစဉ်မှာ ရလဒ် ကောင်းတွေ ရရှိသွားခဲ့ ကြတာပဲ ဖြစ်ပါတယ် ။

အာဆင်နယ်အသင်း အနေနဲ့ အဖွင့်ပွဲစဉ်ကို ဂျာမန်ကလပ် ဖရန့်ဖတ်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး အိမ်ရှင် အသင်းကို သုံးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ တာပဲ ဖြစ်ပါတယ် ။ ဘောလုံး ပိုင်ဆိုင်မှု အနေနဲ့ ကြည့်မယ် ဆိုရင် အိမ်ရှင် ဖရန့်ဖတ်က အနည်းငယ် အသာစီး ရယူ ထားနိုင်ခဲ့ပါတယ် ။ အာဆင်နယ်အသင်း အတွက် အနိုင်ဂိုး တွေကို ပထမပိုင်း ၃၈ မိနစ်မှာ ဝီလော့က ဉီးဆောင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပြီး ၈၅ မိနစ်မှာ ဆာကာနဲ့ ၈၈ မိနစ်မှာ အူဘာမီရန်း တို့က သွင်းယူခဲ့ပြီး ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ် ။

အိမ်ရှင် ဖရန့်ဖတ် အသင်းအနေနဲ့ ဒုတိယပိုင်းမှာ ချေပဂိုး ပြန်လည်ရယူဖို့ အကောင်းမွန်ဆုံး ပုံစံနဲ့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် မိနစ် ၇၉ မှာ ဒိုမီနစ်ခ် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပြီးနောက် အာဆင်နယ်အသင်းရဲ့ ဖိအားအောက်ကို ပြန်လည်ရောက်ရှိသွားပြီး နောက်ထပ် ပေးဂိုးနှစ်ဂိုး ခွင့်ပြုလိုက်ရတာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာယူနိုက်တက် အနေနဲ့ Astana အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာတော့ လူငယ်ကစားသမားတွေကို အဓိက ပွဲထုတ်လာခဲ့တာဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကောင်းမွန်စွာ ထိန်းချုပ်ကစားသွားနိုင်ခဲ့တာဖြစ်ပြီး ဂိုးပေါက်ခြိမ်းခြောက်နိုင်မှုတွေလဲ သာလွန်ကောင်းမွန်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လဲ မန်ယူအသင်းရဲ့ အားနည်းချက်ဖြစ်နေဆဲ ဖြစ်တဲ့ အဆုံးသတ်မပိုင်နိုင်မှုတွေကြောင့် အိမ်ကွင်းမှာ အနိုင် တစ်ဂိုးနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပြီး မန်ယူအသင်းအတွက် အနိုင်ဂိုးကိုတော့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်က ပွဲချိန် ၇၃ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ် ။