အမ်ိဳးသမီး အိမ္သာမွာ ေခ်ာင္း႐ိုက္ကင္မရာ တပ္ဆင္ၿပီး ဗီဒီယို ႐ိုက္ခဲ့တဲ့ သူ ေထာင္နန္းစံသြားရွာ

အမ်ိဳးသမီး အိမ္သာမွာ ေခ်ာင္း႐ိုက္ကင္မရာ တပ္ဆင္ၿပီး ဗီဒီယို ႐ိုက္ခဲ့တဲ့ သူ ေထာင္နန္းစံသြားရွာ

အမ်ိဳးသမီး အိမ္သာမွာ ေခ်ာင္း႐ိုက္ကင္မရာ တပ္ဆင္ၿပီး ဗီဒီယို ႐ိုက္ခဲ့တဲ့ သူ ေထာင္နန္းစံသြားရွာ

စပိုင္ ကင္မရာ ဆိုတာ တကယ္ေတာ့ လွ်ိဳဝွက္ကင္မရာ ျဖစ္ေပမဲ့လည္း ေနာက္ပိုင္း ေခတ္စကားအရ ေခ်ာင္း႐ိုက္ ကင္မရာလို႔ နာမည္ႀကီးလာာပါတယ္။ ဘာလို႔လဲဆိုရင္ ေခ်ာင္း႐ိုက္ဖို႔ အသုံးျပဳလာၾကတာေၾကာင့္ ျဖစ္ပါတယ္။ ခ်စ္သူစုံတြဲေတြ နဲ႔ အမ်ိဳးသမီးေတြကို အဓိက ေခ်ာင္း႐ိုက္ဖို႔ အသုံးျပဳလာၾကတာပါ။

အခု အမ်ိဳးသားတစ္ဦးဟာ အမ်ိဳးသမီး အိမ္သာမွာ ေခ်ာင္း႐ိုက္ ကင္မရာ တပ္ဆင္ဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ အဖမ္းခံခဲ့ရပါတယ္။TheSun သတင္းက အသက္ (၅၀) ႏွစ္အ႐ြယ္ရွိတဲ့ စက္ထိန္းသမား ပီတာ ဟတ္တလီ (Peter Hartley) ဟာ ဂ်ိမ္ ေဘာင္း (James Bond) အသံသြင္းဌာနက အမ်ိဳးသမီး အိမ္သာမွာ ေခ်ာင္း႐ိုက္ ကင္မရာ တပ္ဆင္ခဲ့တာ ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ဟတ္တလီဟာ အမ်ိဳးသမီး အေယာက္ (၃၀) ခန႔္ကို ေခ်ာင္း႐ိုက္ႏိုင္ခဲ့တာ ျဖစ္ၿပီး အိမ္သာမွာ ေခ်ာင္း႐ိုက္ ကင္မရာ တပ္ဆင္တာ လူအမိခံရတဲ့ေနာက္ သူ႔ကိုယ္သူ အဖမ္းခံခဲ့ပါတယ္။ဟက္တလီကို အဂၤလန္ႏိုင္ငံက၊ (Aylesbury Crown Court) တရား႐ုံမွာ ၾကားနာခဲ့ၿပီး သူကိုယ္တိုင္က သူဟာ သူတစ္ပါးရဲ႕လိင္ကိစၥကို တိတ္တခိုးေခ်ာင္းၾကည့္ရတာ သေဘာက်တဲ့သူ၊ (Voyeur) တစ္ေယာက္ ျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္။

တရားသူႀကီး ဖရန္စစ္ ရွရီဒန္ (Francis Sheridan) က ဟတ္တလီကို “သိပ္ ႐ြံဖို႔ေကာင္းတဲ့ တစ္ကိုယ္ေကာင္းသမား” လို႔ ေျပာခဲ့ၿပီး ေနာက္ဆုံးမွာ ေထာင္ဒဏ္ ခ်မွတ္သြားခဲ့ေတာ့တာ ျဖစ္ပါတယ္။The Sun သတင္းအရ၊ တရားသူႀကီး ဖရန္စစ္ဟာ အဂၤလန္ႏိုင္ငံ ေျမာက္ပိုင္း၊ Uxbridge မွာ ေနထိုင္တဲ့ ပီတာ ဟတ္တလီကို ေထာင္ဒဏ္ (၁၆)လ၊ (၁) ႏွစ္ေက်ာ္ေက်ာ္ေလး ခ်မွတ္ခဲ့တာ ျဖစ္တယ္လို႔ ေဖာ္ျပသြားခဲ့ပါတယ္။

ပီတာ ဟတ္တလီဟာ အသက္ (၅၀) ႏွစ္အ႐ြယ္ ရွိသြားခဲ့ၿပီ ျဖစ္ေပမဲ့လည္း ဆႏၵကို သိကၡာနဲ႔ မထိန္းႏိုင္တာမို႔လို႔ စိတ္ေစရာကို လိုက္လုပ္ခဲ့ၿပီး အဆုံးသတ္ကေတာ့ အရွက္တကြဲနဲ႔ ေထာင္နန္းစံသြားခဲ့ရပါေတာ့တယ္။

Crd Ko khant ( D Nae Khit Media )

Unicode

အမျိုးသမီး အိမ်သာမှာ ချောင်းရိုက်ကင်မရာ တပ်ဆင်ပြီး ဗီဒီယို ရိုက်ခဲ့တဲ့ သူ ထောင်နန်းစံသွားရှာ

စပိုင် ကင်မရာ ဆိုတာ တကယ်တော့ လျှိုဝှက်ကင်မရာ ဖြစ်ပေမဲ့လည်း နောက်ပိုင်း ခေတ်စကားအရ ချောင်းရိုက် ကင်မရာလို့ နာမည်ကြီးလာာပါတယ်။ ဘာလို့လဲဆိုရင် ချောင်းရိုက်ဖို့ အသုံးပြုလာကြတာကြောင့် ဖြစ်ပါတယ်။ ချစ်သူစုံတွဲတွေ နဲ့ အမျိုးသမီးတွေကို အဓိက ချောင်းရိုက်ဖို့ အသုံးပြုလာကြတာပါ။

အခု အမျိုးသားတစ်ဦးဟာ အမျိုးသမီး အိမ်သာမှာ ချောင်းရိုက် ကင်မရာ တပ်ဆင်ဖို့ ကြိုးစားခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။TheSun သတင်းက အသက် (၅၀) နှစ်အရွယ်ရှိတဲ့ စက်ထိန်းသမား ပီတာ ဟတ်တလီ (Peter Hartley) ဟာ ဂျိမ် ဘောင်း (James Bond) အသံသွင်းဌာနက အမျိုးသမီး အိမ်သာမှာ ချောင်းရိုက် ကင်မရာ တပ်ဆင်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဟတ်တလီဟာ အမျိုးသမီး အယောက် (၃၀) ခန့်ကို ချောင်းရိုက်နိုင်ခဲ့တာ ဖြစ်ပြီး အိမ်သာမှာ ချောင်းရိုက် ကင်မရာ တပ်ဆင်တာ လူအမိခံရတဲ့နောက် သူ့ကိုယ်သူ အဖမ်းခံခဲ့ပါတယ်။ဟက်တလီကို အင်္ဂလန်နိုင်ငံက၊ (Aylesbury Crown Court) တရားရုံမှာ ကြားနာခဲ့ပြီး သူကိုယ်တိုင်က သူဟာ သူတစ်ပါးရဲ့လိင်ကိစ္စကို တိတ်တခိုးချောင်းကြည့်ရတာ သဘောကျတဲ့သူ၊ (Voyeur) တစ်ယောက် ဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

တရားသူကြီး ဖရန်စစ် ရှရီဒန် (Francis Sheridan) က ဟတ်တလီကို “သိပ် ရွံဖို့ကောင်းတဲ့ တစ်ကိုယ်ကောင်းသမား” လို့ ပြောခဲ့ပြီး နောက်ဆုံးမှာ ထောင်ဒဏ် ချမှတ်သွားခဲ့တော့တာ ဖြစ်ပါတယ်။The Sun သတင်းအရ၊ တရားသူကြီး ဖရန်စစ်ဟာ အင်္ဂလန်နိုင်ငံ မြောက်ပိုင်း၊ Uxbridge မှာ နေထိုင်တဲ့ ပီတာ ဟတ်တလီကို ထောင်ဒဏ် (၁၆)လ၊ (၁) နှစ်ကျော်ကျော်လေး ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ပီတာ ဟတ်တလီဟာ အသက် (၅၀) နှစ်အရွယ် ရှိသွားခဲ့ပြီ ဖြစ်ပေမဲ့လည်း ဆန္ဒကို သိက္ခာနဲ့ မထိန်းနိုင်တာမို့လို့ စိတ်စေရာကို လိုက်လုပ်ခဲ့ပြီး အဆုံးသတ်ကတော့ အရှက်တကွဲနဲ့ ထောင်နန်းစံသွားခဲ့ရပါတော့တယ်။

Crd Ko khant ( D Nae Khit Media )