ထိုင္းအုပ္ခ်ဳပ္ေရးဝက္ဆိုက္ ၁၂၀ ကို ထိန္းခ်ဳပ္လိုက္ၿပီး ဝင္း ႏွင့္ ေဇာ္တို႔ရဲ႕ ပုံႏွင့္ ႏိုင္ငံေတာ္ သီခ်င္းကို တင္ထားခဲ့တဲ့ ျမန္မာဟက္ကာအဖြဲ႕

ထိုင္းအုပ္ခ်ဳပ္ေရးဝက္ဆိုက္ ၁၂၀ ကို ထိန္းခ်ဳပ္လိုက္ၿပီး ဝင္း ႏွင့္ ေဇာ္တို႔ရဲ႕ ပုံႏွင့္ ႏိုင္ငံေတာ္ သီခ်င္းကို တင္ထားခဲ့တဲ့ ျမန္မာဟက္ကာအဖြဲ႕
ထိုင္းအုပ္ခ်ဳပ္ေရးဝက္ဆိုက္ ၁၂၀ ကို ထိန္းခ်ဳပ္လိုက္ၿပီး ဝင္း ႏွင့္ ေဇာ္တို႔ရဲ႕ ပုံႏွင့္ ႏိုင္ငံေတာ္ သီခ်င္းကို တင္ထားခဲ့တဲ့ ျမန္မာဟက္ကာအဖြဲ႕

ထိုင္းအုပ္ခ်ဳပ္ေရးဝက္ဆိုက္ ၁၂၀ ကို ထိန္းခ်ဳပ္လိုက္ၿပီး ဝင္း ႏွင့္ ေဇာ္တို႔ရဲ႕ ပုံႏွင့္ ႏိုင္ငံ ေတာ္ သီခ်င္းကို တင္ထားခဲ့တဲ့ ျမန္မာဟက္ကာအဖြဲ႕

ထိုင္းႏိုင္ငံ၊ ေကာ့စမြီခ႐ိုင္၊ လိပ္ကြၽန္းမွာ ျဖစ္ပြားခဲ့တဲ့ လူသတ္မႈနဲ႔ ပတ္သက္ၿပီး ျမန္မာေ႐ႊ႕ေျပာင္း လုပ္သား ႏွစ္ဦးျဖစ္တဲ့ ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းတို႔ကို ေသဒဏ္ခ်မွတ္လိုက္တဲ့အတြက္ တရား မွ်တမႈနဲ႔ အမွန္တရား ေပၚေပါက္ေရးအတြက္ဆိုၿပီး Union of UnderGround Myanmar Hackers အဖြဲ႕က ထိုင္းအုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာဝက္ဆိုဒ္ ၁၂ဝ ကို ထိန္းခ်ဳပ္လိုက္ၿပီလို႔ ဒီကေန႔ ၾသဂုတ္လ ၃၁ ရက္ေန႔၊ မနက္ပိုင္းက ထုတ္ျပန္ထားပါတယ္။

Union of UnderGround Myanmar Hackers အဖြဲ႕က ထိန္းခ်ဳပ္လိုက္ၿပီးျဖစ္တဲ့ အဲ့ဒီ ထိုင္း အုပ္ ခ်ဳပ္ေရး ပိုင္းဆိုင္ရာဝက္ဆိုဒ္ေတြကို လက္ရွိမွာဝင္ၾကည့္မယ္ဆိုရင္ ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္း တို႔ရဲ႕ ပုံေတြနဲ႔အတူ ျမန္မာႏိုင္ငံေတာ္သီခ်င္း တီးလုံးအသံကိုပဲ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

ထိုင္းအုပ္ခ်ဳပ္ေရးဝက္ဆိုက္ ၁၂၀ ကို ထိန္းခ်ဳပ္လိုက္ၿပီး ဝင္း ႏွင့္ ေဇာ္တို႔ရဲ႕ ပုံႏွင့္ ႏိုင္ငံေတာ္ သီခ်င္းကို တင္ထားခဲ့တဲ့ ျမန္မာဟက္ကာအဖြဲ႕

၂၀၁၄ ခုႏွစ္ကထိုင္းႏိုင္ငံက လိပ္ကြၽန္းမွာအဂၤလန္ႏိုင္ငံက အသက္ ၂၄ ႏွစ္အ႐ြယ္ မစၥတာ ေဒးဗစ္ မီ ေလာ္နဲ႔ အသက္ ၂၃ ႏွစ္အ႐ြယ္ မစၥဟာနာဗစ္တိုရီယာတို႔အသတ္ခံခဲ့ရၿပီး အဲ့ဒီလူသတ္မႈ နဲ႔ပတ္သက္ လို႔စုံးစမ္းမႈအရ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားႏွစ္ဦးျဖစ္တဲ့ ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းတို႔ကို ထိုင္းရဲ တပ္ ဖြဲ႕က ဖမ္းဆီးတရားစြဲတင္ခဲ့တာျဖစ္ပါတယ္။

ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းတို႔ကို လူသတ္မႈ၊ မုဒိန္းမႈ၊ ပစၥည္းလုယက္မႈေတြအပါအဝင္ပုဒ္မ ၇ ခုနဲ႔ ေကာ့စမြီခ႐ိုင္ တရား႐ုံးက ၂ဝ၁၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၄ ရက္ေန႔မွာေသဒဏ္ခ်မွတ္ခဲ့ရပါတယ္။

ဒါေၾကာင့္ အယူခံအဆင့္ဆင့္တက္ခဲ့ေပမယ့္ပယ္ခ်ခံခဲ့ရၿပီး ေနာက္ဆုံး ထိုင္းႏိုင္ငံရဲ႕ အျမင့္ဆုံး တရား ႐ုံးခ်ဳပ္ကို အယူခံတက္ခဲ့ပါတယ္။ အဲ့ဒီအျမင့္ဆုံးတရား႐ုံးကလည္း ၾသဂုတ္လ ၂၉ ရက္ေန႔မွာ မူလ တရား႐ုံးရဲ႕ ေသဒဏ္ခ်အမိန႔္ကို သာဆက္လက္ အတည္ျပဳ ခဲ့တာေၾကာင့္ ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္း တို႔ အတြက္ ထိုင္းဘုရင္ထံကိုအသနားခံစာတင္ရန္သာက်န္ရွိပါတယ္။

ဒီလို ထိုင္းႏိုင္ငံရဲ႕အျမင့္ဆုံးတရား႐ုံးကလည္း ေသဒဏ္ကို ဆက္လက္အတည္ျပဳခဲ့တာေၾကာင့္ Union of UnderGround Myanmar Hackers အဖြဲ႕ကတရားမွ်တမႈ ရရွိေရးအတြက္ဆိုၿပီး ၾသဂုတ္လ ၃ဝ ရက္ေန႔ကစလို႔ ထိုင္းအုပ္ခ်ဳပ္ေရး ပိုင္းဆိုင္ရာဝက္ဆိုဒ္ေတြ ကိုတိုက္ ခိုက္ ခဲ့တာျဖစ္ပါတယ္။

မေန႔ကအထိဝက္ဆိုက္ 101 ခုကိုထိန္းခ်ဳပ္ခဲ့ၿပီး ယေန႔ေနာက္ထပ္ဝက္ဆိုက္ 19 ခုကိုထပ္မံ ထိန္းခ်ဳပ္ ခဲ့ တာျဖစ္ပါတယ္။ “က်ေနာ္တို႔ အေန နဲ႔ တစ္ျခားႏိုင္ငံတစ္ခု၏တရားစီရင္ေရးအား တရားသည္ျဖစ္ေစ မတရားသည္ျဖစ္ေစဝင္ေရာက္စြက္ဖက္ျခင္းျပဳလို႔မရပါဘူး။ သို႔ေသာ္မတရားေသာအျဖစ္ကို မတရား ဘူးလို႔လူသိေအာင္ေျပာလို႔ရသည္။

ထိုင္းတရားေရး၏ ဘက္လိုက္ဆုံးျဖတ္မႈ၊မတရားအက်င့္ယုတ္ မႈမ်ားကို ထိုင္းႏိုင္ငံသား မ်ားႏွင့္ တစ္ကြ အားလုံးသိေအာင္ေျပာဖို႔ တာဝန္ရွိသည္ဟုယူဆပါတယ္။

က်ေနာ္တို႔ျမန္မာႏိုင္ငံသား ညီအကိုမ်ားအေရးကိုက်ေနာ္တို႔မွ မလုပ္လွ်င္ ဘယ္သူမွလုပ္လိမ့္မည္မဟုတ္ပါ”လို႔

Union of UnderGround Myanmar Hackers အဖြဲ႕က ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ေျပာဆိုထားပါတယ္။

ခရက္ဒစ္

ထိုင်းအုပ်ချုပ်ရေးဝက်ဆိုက် ၁၂၀ ကို ထိန်းချုပ်လိုက်ပြီး ဝင်း နှင့် ဇော်တို့ရဲ့ ပုံနှင့် နိုင်ငံတော် သီချင်းကို တင်ထားခဲ့တဲ့ မြန်မာဟက်ကာအဖွဲ့

ထိုင်းနိုင်ငံ၊ ကော့စမွီခရိုင်၊ လိပ်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်း လုပ်သား နှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို သေဒဏ်ချမှတ်လိုက်တဲ့အတွက် တရား မျှတမှုနဲ့ အမှန်တရား ပေါ်ပေါက်ရေးအတွက်ဆိုပြီး Union of UnderGround Myanmar Hackers အဖွဲ့က ထိုင်းအုပ်ချုပ်ရေးပိုင်းဆိုင်ရာဝက်ဆိုဒ် ၁၂ဝ ကို ထိန်းချုပ်လိုက်ပြီလို့ ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့၊ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

Union of UnderGround Myanmar Hackers အဖွဲ့က ထိန်းချုပ်လိုက်ပြီးဖြစ်တဲ့ အဲ့ဒီ ထိုင်း အုပ် ချုပ်ရေး ပိုင်းဆိုင်ရာဝက်ဆိုဒ် တွေကို လက်ရှိမှာဝင်ကြည့်မယ်ဆိုရင် ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ရဲ့ ပုံတွေနဲ့အတူ မြန်မာနိုင်ငံတော်သီချင်း တီးလုံးအသံကိုပဲ တွေ့မြင်ရမှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကထိုင်းနိုင်ငံက လိပ်ကျွန်းမှာအင်္ဂလန်နိုင်ငံက အသက် ၂၄ နှစ်အရွယ် မစ္စတာ ဒေးဗစ် မီ လော်နဲ့ အသက် ၂၃ နှစ် အရွယ် မစ္စဟာနာဗစ်တိုရီယာတို့အသတ်ခံခဲ့ရပြီး အဲ့ဒီလူသတ်မှု နဲ့ပတ်သက် လို့စုံးစမ်းမှုအရ မြန်မာရွှေ့ပြောင်း လုပ်သား နှစ် ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို ထိုင်းရဲ တပ် ဖွဲ့က ဖမ်းဆီးတရားစွဲတင်ခဲ့တာဖြစ်ပါတယ်။

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းလုယက်မှုတွေအပါအဝင်ပုဒ်မ ၇ ခုနဲ့ ကော့စမွီခရိုင် တရားရုံးက ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာသေဒဏ်ချမှတ်ခဲ့ရပါတယ်။

ဒါကြောင့် အယူခံအဆင့်ဆင့်တက်ခဲ့ပေမယ့်ပယ်ချခံခဲ့ရပြီး နောက်ဆုံး ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တရား ရုံးချုပ်ကို အယူခံတက် ခဲ့ပါ တယ်။

အဲ့ဒီအမြင့်ဆုံးတရားရုံးကလည်း သြဂုတ်လ ၂၉ ရက်နေ့မှာ မူလ တရားရုံးရဲ့ သေဒဏ်ချအမိန့်ကို သာဆက်လက် အတည် ပြုခဲ့တာ ကြောင့်ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ အတွက် ထိုင်းဘုရင်ထံကိုအသနားခံစာတင်ရန်သာကျန်ရှိပါတယ်။

ဒီလို ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတရားရုံးကလည်း သေဒဏ်ကို ဆက်လက်အတည်ပြုခဲ့တာကြောင့် Union of UnderGround Myanmar Hackers အဖွဲ့ကတရားမျှတမှု ရရှိရေးအတွက်ဆိုပြီး သြဂုတ်လ ၃ဝ ရက်နေ့ကစလို့ ထိုင်းအုပ်ချုပ် ရေးပိုင်းဆိုင်ရာ ဝက်ဆိုဒ် တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မနေ့ကအထိဝက်ဆိုက် 101 ခုကိုထိန်းချုပ်ခဲ့ပြီး ယနေ့နောက်ထပ်ဝက်ဆိုက် 19 ခုကိုထပ်မံ ထိန်းချုပ် ခဲ့ တာဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့တစ်ခြားနိုင်ငံတစ်ခု၏တရားစီရင်ရေးအား တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေဝင် ရောက်စွက်ဖက်ခြင်းပြု လို့မရပါဘူး။ သို့သော်မတရားသောအဖြစ်ကို မတရား ဘူးလို့လူသိအောင်ပြောလို့ရသည်။

ထိုင်းတရားရေး၏ ဘက်လိုက်ဆုံးဖြတ်မှု၊မတရားအကျင့်ယုတ် မှုများကို ထိုင်းနိုင်ငံသား များနှင့် တစ်ကွ အားလုံးသိအောင်ပြောဖို့ တာဝန်ရှိသည်ဟုယူဆပါတယ်။

ကျနော်တို့မြန်မာနိုင်ငံသား ညီအကိုများအရေးကိုကျနော်တို့မှ မလုပ်လျှင် ဘယ်သူမှလုပ်လိမ့်မည်မဟုတ်ပါ”လို့

Union of UnderGround Myanmar Hackers အဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့မှာ ပြောဆိုထားပါတယ်။

ခရက်ဒစ်