


ပရီးမီးယားလိဂ်ထိပ်သီးကလပ်မန်ချက်စတာယူနိုက်တက်အသင်းဟာစပါးနဲ့စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ လောရန်တေးကို (၂) နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ သဘော တူညီမှု ရရှိ ခဲ့ပြီလို့ သိရပါတယ်။












Ref: Sportbible

Oz11(မိုမိုလေး)

Unicode

(BREAKING!!!) လော်ရန်တေးကို (၂) နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ မန်ယူ

ပရီးမီးယားလိဂ်ထိပ်သီးကလပ်မန်ချက်စတာယူနိုက်တက်အသင်းဟာစပါးနဲ့စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ လောရန်တေးကို (၂) နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ သဘော တူညီမှု ရရှိ ခဲ့ပြီလု့ိ သိရပါတယ်။

မန်ယူအသင်းဟာ တိုက်စစ်အင်အားကိုဖြည့်တင်းနိုင်ဖို့အတွက် ပရီးမီးယား လိဂ်အတွေ့ အကြုံ ရှိပြီး သား လော်ရန်တေးကို အခုလို ခေါ်ယူဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့တိုက်စစ်ပိုင်းမှာ လူကာကူထွက်ခွာသွားပြီး ဆန်းချက်ဇ်ရဲ့အနာဂတ်ကလည်း မရေရာ တဲ့ အတွက် ဆိုးလ်ရှားဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုလျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာလည်း မန်ယူဟာ တိုက်စစ်ပိုင်းအတွက် ဒိုင်ဘာလား၊ မန်ဇူကစ်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင် မြင်ခဲ့ပါဘူး။

ဒါကြောင့် မန်ယူဟာ အခုအခါမှာတော့ စပါးအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ လော်ရန်တေးကို (၂) နှစ်စာချုပ် နဲ့ ခေါ်ယူတော့မှာပဲ ဖြစ်ပါတယ်။

လော်ရန်တေးကို စပါးကို ၂၀၁၇ ခုနှစ်က ရောက်ရှိလာခဲ့ပြီး အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းဒဏ်ရာ ရ ရှိနေချိန်မှာ အကောင်း ဆုံးအစားထိုးနိုင်ခဲ့သူပါ။

ပြီးခဲ့တဲ့ရာသီကလည်း စပါးအသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်လာခဲ့ရာမှာ လော်ရန်တေး ရဲ့သွင်းဂိုးတွေက အရေး ပါခဲ့ ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ဈေးကွက်ပိတ် သွား ခဲ့ပြီဖြစ် ပေမယ့် အလွတ်ပြောင်း ရွှေ့ ကြေးနဲ့ ကစားသမားတွေ ကို တော့ ခေါ်ယူလို့ ရနိုင်သေး တာဖြစ် ပါ တယ်။

လော် ရန် တေး ဟာ မန် ယူ အ တွက် အ ကျိုး ရှိ တဲ့ အင် အား ဖြည့် တင်း မှု ဖြစ် လာ မယ် လို့ ကျွမ်း ကျင် သူ တွေ သုံး သပ် ခဲ့ ကြ ပါ တယ်။

ဒါ ပေ မဲ့ လက် ရှိ မှာ လော် ရန် တေး ကို နာ ပို လီ က လည်း ကြား ဖြတ် ခေါ် ယူ ဖို့ စောင့် ကြည့် နေ လို့ မန် ယူ အ သင်း အ နေ နဲ့ လက် ဦး မှု ရ ယူ ထား နိုင် ဖို့ တော့ လို ပါ တယ်။

Ref: Sportbible

Oz11(မိုမိုလေး)