ကိုယ္တိုင္က ေသအံ့ဆဲဆဲ ျဖစ္ေနေပမယ့္ ညီမေလးကို ရေအာင္ကယ္ခဲ့တဲ့ ( ၅ ) ႏွစ္အ႐ြယ္ ကေလးငယ္

ကိုယ္တိုင္က ေသအံ့ဆဲဆဲ ျဖစ္ေနေပမယ့္ ညီမေလးကို ရေအာင္ကယ္ခဲ့တဲ့ ( ၅ ) ႏွစ္အ႐ြယ္ ကေလးငယ္

ကိုယ္တိုင္က ေသအံ့ဆဲဆဲ ျဖစ္ေနေပမယ့္ ညီမေလးကို ရေအာင္ကယ္ခဲ့တဲ့ ( ၅ ) ႏွစ္အ႐ြယ္ ကေလးငယ္

စစ္ပြဲေတြရဲ႕ ဒဏ္ေၾကာင့္ ကမာၻတစ္ဝန္း မွာ မိသားစုနဲ႔ ေဝးကြာခဲ့ရတဲ့ သူေတြ မိဘမဲ့ ျဖစ္ခဲ့ရတဲ့ သူေတြ ခ်စ္ရတဲ့သူေတြနဲ႔ ေသကြဲ ရွင္ကြဲ ကြဲခဲ့ရတဲ့သူေတြ ရွိေနပါတယ္ ။ ဒီအထဲမွာမွ ကမာၻ မီးေလာင္ သားေကာင္ခ်နင္း ဆိုသလိုပဲ လူေတြရဲ႕ ျဖဴစင္တဲ့စိတ္ ၾကမ္းတမ္းယုတ္ညံ့တဲ့ အတြင္းစိတ္ေတြကို ဒီလို အခက္အခဲေတြ ၾကားထဲမွာ ဟန္ေဆာင္မႈ ကင္းစြာျမင္ေတြ႕ရ မွာပါ ။ ဆီးရီးယားမွာ ျဖစ္ပြားခဲ့တဲ့ ကိစၥ တစ္ခုကေတာ့ အသက္ ၅ ႏွစ္ သာရွိေသးေပမယ့္ အနစ္နာခံ စိတ္နဲ႔ ကိုယ္ခ်င္းစာစိတ္ အျပည့္ရွိတဲ့ ကေလးငယ္ေလး တစ္ေယာက္ရဲ႕ သူ႔ရဲ႕ ညီမေလးအေပၚ ထားတဲ့ ေမတၱာကို ျမင္ေတြ႕ ႏိုင္မွာပါ ။

Riham လို႔ အမည္ရတဲ့ ဒီ႐ုပ္သံထဲမွာ ေတြ႕ရမယ့္ အသက္ ၅ ႏွစ္ အ႐ြယ္ ကေလးငယ္ေလးဟာ ႐ုရွားစစ္ေလယာဥ္က ႀကဲခ်ခဲ့တယ္လို႔ ယူဆရတဲ့ ဗုံးႀကဲ တိုက္ခိုက္မႈရဲ႕ နစ္နာသူတစ္ေယာက္ပါ ။ သူမရဲ႕ အိမ္ဟာ ဗုံးႀကဲ တိုက္ခိုက္ခံရတဲ့ အထဲမွာ ပါသြားခဲ့ၿပီး အပ်က္အစီးေတြ ၾကားထဲမွာ လသားအ႐ြယ္သာ ရွိေသးတဲ့ ညီမေလးျဖစ္သူနဲ႔ ပိတ္မိေနခဲ့တာပါ ။ စစ္ေလယာဥ္ရဲ႕ ဗုံးႀကဲတိုက္ခိုက္မႈ အၿပီးမွာ အိမ္နီးနားခ်င္းေတြနဲ႔ ကယ္ဆယ္ေရးအဖြဲ႕ဝင္ ေတြဟာ အပ်က္အစီးေတြ ၾကားထဲမွာ ပိတ္မိေနတဲ့သူေတြ နဲ႔ ဒဏ္ရာရရွိတဲ့သူေတြကို ကယ္ဆယ္ကုသ ေပးခဲ့ပါတယ္ ။ အဲ့ဒီ အထဲမွာမွ သနားစရာ ေကာင္းတဲ့ျမင္ကြင္းတစ္ခု ျဖစ္တဲ့ ဒီအသက္ ၅ ႏွစ္ အ႐ြယ္ ကေလးငယ္ကို ကယ္ဆယ္ခဲ့တဲ့ ႐ုပ္သံကို လူတစ္ေယာက္က ဗီဒီယို ႐ိုက္ယူထားလိုက္ ႏိုင္ခဲ့ပါတယ္ ။

ဗီဒီယိုထဲမွာ ေတြ႕ရမွာကေတာ့ အပ်က္အစီးေတြ ၾကားထဲမွာ ပိတ္မိေနတဲ့ ၾကားထဲမွာ ညီမေလးကို တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားၿပီး အုပ္မိုး ကာကြယ္ ေပးေနတဲ့ Riham ကိုျမင္ေတြ႕ရမွာ ျဖစ္ၿပီး ကယ္ဆယ္ေရး အဖြဲ႕ဝင္ေတြ ကယ္တဲ့ အခါမွာလည္း အေျခအေနမေကာင္းတဲ့ ၾကားက ညီမေလးကို ေသေသခ်ာခ်ာ ဂ႐ုစိုက္ၿပီး လွမ္းေပးလိုက္တဲ့ Rihamရဲ႕ပုံရိပ္ကို ေတြ႕ျမင္ရမွာပါ ။

ကယ္ဆယ္မႈေတြ ၿပီးတဲ့အခါမွာ Riham နဲ႔ သူမရဲ႕ လသားအ႐ြယ္ ညီမေလးကို ေဆး႐ုံမွာကုသမႈခံယူဖို႔ ပို႔ေပးခဲ့ၾကေပမယ့္ အေျခအေန မေကာင္းတဲ့ Riham ကေတာ့ ဝမ္းနည္းစရာ ေကာင္းေလာက္ေအာင္ပဲ အသက္ဆုံးရႈံး သြားခဲ့ရပါတယ္ ။ ညီမငယ္ ျဖစ္သူကေတာ့ ကုသမႈေတြ ခံယူေနရတုန္းပဲလို႔ သိရပါတယ္ ။

ဒီတိုက္ခိုက္မႈမွာ အရပ္သား ၅ေယာက္ ေသဆုံးခဲ့ၿပီ ျဖစ္တယ္လို႔ ယူဆရၿပီး ႐ုရွားစစ္တပ္ေလယာဥ္တစ္စင္းက ဗုံးႀကဲခဲ့တာ ျဖစ္တယ္လို႔ ယူဆရပါတယ္ ။ အတိုက္အခိုက္ ခံခဲ့ရတဲ့ဒီနယ္ေျမဟာ အပစ္အခတ္ ရပ္စဲေရး သေဘာတူညီမႈ ယူထားတဲ့ၿမိဳ႕ရဲ႕ ေနရာတစ္ခု ျဖစ္ၿပီး လူေပါင္း ၃ သန္းနီးပါး ေနထိုင္ေနတဲ့ ေနရာတစ္ခု ျဖစ္တယ္လို႔ သိရပါတယ္ ။

သေဘာတူညီမႈ အရ သူပုန္ေတြ အပါအဝင္ စစ္ေျပး ဒုကၡသည္ေတြနဲ႔ ျပည္သူေတြကို အဲ့ဒီမွာ ေနဖို႔ ခြင့္ျပဳထားၿပီး အပစ္အခတ္ ရပ္စဲေရး ေဒသထဲကေနရာတစ္ခုအျဖစ္ သတ္မွတ္ထားေပမယ့္ ၿပီးခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္ကမွ သမၼတကေန တစ္ခ်ိဳ႕ေနရာေတြကို ပစ္ခတ္ တိုက္ခိုက္ဖို႔ ျပန္လည္ ခြင့္ျပဳခဲ့တာျဖစ္ပါတယ္ ။

Credit-original

Unicode

ကိုယ်တိုင်က သေအံ့ဆဲဆဲ ဖြစ်နေပေမယ့် ညီမလေးကို ရအောင်ကယ်ခဲ့တဲ့ ( ၅ ) နှစ်အရွယ် ကလေးငယ်

စစ်ပွဲတွေရဲ့ ဒဏ်ကြောင့် ကမ္ဘာတစ်ဝန်း မှာ မိသားစုနဲ့ ဝေးကွာခဲ့ရတဲ့ သူတွေ မိဘမဲ့ ဖြစ်ခဲ့ရတဲ့ သူတွေ ချစ်ရတဲ့သူတွေနဲ့ သေကွဲ ရှင်ကွဲ ကွဲခဲ့ရတဲ့သူတွေ ရှိနေပါတယ် ။ ဒီအထဲမှာမှ ကမ္ဘာ မီးလောင် သားကောင်ချနင်း ဆိုသလိုပဲ လူတွေရဲ့ ဖြူစင်တဲ့စိတ် ကြမ်းတမ်းယုတ်ညံ့တဲ့ အတွင်းစိတ်တွေကို ဒီလို အခက်အခဲတွေ ကြားထဲမှာ ဟန်ဆောင်မှု ကင်းစွာမြင်တွေ့ရ မှာပါ ။ ဆီးရီးယားမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စ တစ်ခုကတော့ အသက် ၅ နှစ် သာရှိသေးပေမယ့် အနစ်နာခံ စိတ်နဲ့ ကိုယ်ချင်းစာစိတ် အပြည့်ရှိတဲ့ ကလေးငယ်လေး တစ်ယောက်ရဲ့ သူ့ရဲ့ ညီမလေးအပေါ် ထားတဲ့ မေတ္တာကို မြင်တွေ့ နိုင်မှာပါ ။

Riham လို့ အမည်ရတဲ့ ဒီရုပ်သံထဲမှာ တွေ့ရမယ့် အသက် ၅ နှစ် အရွယ် ကလေးငယ်လေးဟာ ရုရှားစစ်လေယာဉ်က ကြဲချခဲ့တယ်လို့ ယူဆရတဲ့ ဗုံးကြဲ တိုက်ခိုက်မှုရဲ့ နစ်နာသူတစ်ယောက်ပါ ။ သူမရဲ့ အိမ်ဟာ ဗုံးကြဲ တိုက်ခိုက်ခံရတဲ့ အထဲမှာ ပါသွားခဲ့ပြီး အပျက်အစီးတွေ ကြားထဲမှာ လသားအရွယ်သာ ရှိသေးတဲ့ ညီမလေးဖြစ်သူနဲ့ ပိတ်မိနေခဲ့တာပါ ။ စစ်လေယာဉ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု အပြီးမှာ အိမ်နီးနားချင်းတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် တွေဟာ အပျက်အစီးတွေ ကြားထဲမှာ ပိတ်မိနေတဲ့သူတွေ နဲ့ ဒဏ်ရာရရှိတဲ့သူတွေကို ကယ်ဆယ်ကုသ ပေးခဲ့ပါတယ် ။ အဲ့ဒီ အထဲမှာမှ သနားစရာ ကောင်းတဲ့မြင်ကွင်းတစ်ခု ဖြစ်တဲ့ ဒီအသက် ၅ နှစ် အရွယ် ကလေးငယ်ကို ကယ်ဆယ်ခဲ့တဲ့ ရုပ်သံကို လူတစ်ယောက်က ဗီဒီယို ရိုက်ယူထားလိုက် နိုင်ခဲ့ပါတယ် ။

ဗီဒီယိုထဲမှာ တွေ့ရမှာကတော့ အပျက်အစီးတွေ ကြားထဲမှာ ပိတ်မိနေတဲ့ ကြားထဲမှာ ညီမလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး အုပ်မိုး ကာကွယ် ပေးနေတဲ့ Riham ကိုမြင်တွေ့ရမှာ ဖြစ်ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ ကယ်တဲ့ အခါမှာလည်း အခြေအနေမကောင်းတဲ့ ကြားက ညီမလေးကို သေသေချာချာ ဂရုစိုက်ပြီး လှမ်းပေးလိုက်တဲ့ Rihamရဲ့ပုံရိပ်ကို တွေ့မြင်ရမှာပါ ။

ကယ်ဆယ်မှုတွေ ပြီးတဲ့အခါမှာ Riham နဲ့ သူမရဲ့ လသားအရွယ် ညီမလေးကို ဆေးရုံမှာကုသမှုခံယူဖို့ ပို့ပေးခဲ့ကြပေမယ့် အခြေအနေ မကောင်းတဲ့ Riham ကတော့ ဝမ်းနည်းစရာ ကောင်းလောက်အောင်ပဲ အသက်ဆုံးရှုံး သွားခဲ့ရပါတယ် ။ ညီမငယ် ဖြစ်သူကတော့ ကုသမှုတွေ ခံယူနေရတုန်းပဲလို့ သိရပါတယ် ။

ဒီတိုက်ခိုက်မှုမှာ အရပ်သား ၅ယောက် သေဆုံးခဲ့ပြီ ဖြစ်တယ်လို့ ယူဆရပြီး ရုရှားစစ်တပ်လေယာဉ်တစ်စင်းက ဗုံးကြဲခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ် ။ အတိုက်အခိုက် ခံခဲ့ရတဲ့ဒီနယ်မြေဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ယူထားတဲ့မြို့ရဲ့ နေရာတစ်ခု ဖြစ်ပြီး လူပေါင်း ၃ သန်းနီးပါး နေထိုင်နေတဲ့ နေရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ် ။

သဘောတူညီမှု အရ သူပုန်တွေ အပါအဝင် စစ်ပြေး ဒုက္ခသည်တွေနဲ့ ပြည်သူတွေကို အဲ့ဒီမှာ နေဖို့ ခွင့်ပြုထားပြီး အပစ်အခတ် ရပ်စဲရေး ဒေသထဲကနေရာတစ်ခုအဖြစ် သတ်မှတ်ထားပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကမှ သမ္မတကနေ တစ်ချို့နေရာတွေကို ပစ်ခတ် တိုက်ခိုက်ဖို့ ပြန်လည် ခွင့်ပြုခဲ့တာဖြစ်ပါတယ် ။

Credit-original