သင့္ရဲ႕အသက္အႏၲရာယ္ကို ဒုကၡေပးႏိုင္တဲ့ အစားအေသာက္ ( ၇ )မ်ိဳး

သင့္ရဲ႕အသက္အႏၲရာယ္ကို ဒုကၡေပးႏိုင္တဲ့ အစားအေသာက္ ( ၇ )မ်ိဳး

သင့္ရဲ႕အသက္အႏၲရာယ္ကို ဒုကၡေပးႏိုင္တဲ့ အစားအေသာက္ ( ၇ )မ်ိဳး

အထူးအဆန္းေတြကိုမွ စားခ်င္သူမ်ားကေတာ့ အရာသာအသစ္ေတြကို ျမည္းစမ္းၾကည့္ခ်င္ၾကမွာပဲ ။ ပုံမွန္စြဲမက္စရာ အစားအစာေတြလည္း အမ်ားႀကီးရွိပါတယ္ ။ ဒါေပမယ့္ သင္ေရာ အထူးအဆန္းေတြကို ျမည္းစမ္းၾကည့္ခ်င္လား ။ဒါဆိုရင္ေတာ့ အခု ကြၽန္ေတာ္တို႔ ေျပာျပမယ့္ အႏၲရာယ္မ်ားၿပီး ေသေစႏိုင္တဲ့ အစားအေသာက္မ်ားကို ၾကည့္လိုက္ရေအာင္ ။

ဒီအစားအစာေတြဟာ အစားးအေသာက္လို႔ ေခၚဖို႔ေတာင္ မသင့္ေတာ္ပါဘူး ။ ဒါေပမယ့္လည္း ထူးျခားဆန္းျပားတဲ့ အရသာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားဟာ စားေသာက္ဖို႔ေ႐ြးခ်ယ္ ေနတုန္းပါပဲ ။ လူအနည္းငယ္ကေတာ့ ဒါေတြကလြဲၿပီး စားစရာမရွိတဲ့အတြက္ စားသုံးရတာပါ ။ အစားအေသာက္ ၇ မ်ိဳးကို တစ္ခ်က္ေလာက္ ၾကည့္လိုက္ၾကရေအာင္ ။

၁. အသည္းကင္ဆာသုပ္

နာမည္ၾကား႐ုံနဲ႔တင္ သင္ ေအာ္ဂလီဆန္ သြားမယ္ဆိုေပမယ့္ ထိုင္းႏိုင္ငံမွာ အေရွ႕ေျမာက္ပိုင္းမွာေတာ့ ၿမိန္ရွည္ယွက္ရည္ စားၾကတဲ့ အရာတစ္ခုပါပဲ ။ ဒီအစားအစာမွာ ပါဝင္တဲ့အရာေတြကေတာ့ ငါးအသားစိမ္း သံပရာရည္နဲ႔ င႐ုတ္သီးစပ္စပ္ ရယ္ ပု႐ြက္ဆိတ္ အနီေတြရယ္ပဲျဖစ္ပါတယ္ ။ ဘာလို႔အသည္းကင္ဆာသုပ္လို႔ ေခၚရသလဲဆိုေတာ့ ဒီအစားအစာမွာ ပါဝင္တဲ့ ပါဝင္ပစၥည္းေတြဟာ အသည္းကင္ဆာ ျဖစ္ႏိုင္ေခ် ၅၀ ရာခိုင္ႏႈန္းရွိလို႔ပါပဲ ။ အဓိက တရားခံကေတာ့ ငါးအသားေပၚမွာ ရွိေနတဲ့ ကပ္ပါးေကာင္ေတြ ေၾကာင့္ပါပဲ ။ စားသုံးသူေတြကေတာ့ ထူးျခားတဲ့ အရာသာကို ျမည္းစမ္းၾကည့္ခ်င္တာေၾကာင့္ ကပ္ပါးေကာင္ေတြကိုပါ စားသုံးေလ့ရွိပါတယ္ ။

၂ .Fagu

ဂ်ပန္ ကိုရီးယားနဲ႔ စင္ကာပူမွာ နာမည္ႀကီးတဲ့ ဒီလူသတ္သမား ဟင္းလ်ာဟာလည္း တကယ္ေတာ့ ေဈးအရမ္းႀကီးပါတယ္ ။ ငါးပူတင္းအသားစိမ္းကို လႊာၿပီးေတာ့ ဆာရွိမိအျဖစ္ စီမံထားတဲ့ ဟင္းလ်ာပါ ။ ငါးအသားကေတာ့အႏၲရယ္ မရွိေပမယ့္ စားသုံးသူေတြအရမ္းႀကိဳက္တဲ့ ငါးပူတင္း အသည္းကေတာ့ Neurotoxin Tetrodotoxin ဆိုတဲ့ အဆိပ္ေတြ ပါဝင္ပါတယ္ ။

၃. ေစာင္းလ်ားသီး

လူေတြ သာမန္စားသုံးေနၾကတဲ့ ေစာင္းလ်ားသီးဟာလည္း အႏၲရယ္မ်ားတဲ့ အစားအေသာက္တစ္ခုပါပဲ ။ ေစာင္းလ်ားသီးထဲမွာ Nerotoxin ဆိုတဲ့ အဆိပ္ဓါတ္ ပါဝင္ပါတယ္ ။ သင္က်န္းမာေရး ေကာင္းေနတဲ့ အခ်ိန္မွာေတာ့ခႏၶာကိုယ္က ဒီအဆိပ္ကို ေခ်ဖ်က္ႏိုင္ပါတယ္ ။ ဒါေပမယ့္လည္း သင့္မွာ ေက်ာက္ကပ္ျပႆနာ ရွိေနရင္ေတာ့ ေစာင္းလ်ားသီး ေဖ်ာ္ရည္တစ္ခြက္ ေသာက္ခဲ့မယ္ဆိုရင္ ေအာ့အန္တာ ေျခလက္ထုံက်င္တာ ကေယာင္ေျခာက္ျခားျဖစ္တာနဲ႔ ႂကြက္သားေတြ ေယာင္ယမ္းတာမ်ိဳး ခံစားရႏိုင္ပါတယ္ ။

၄. Ackee

ကာေရဗီယန္နဲ႔ အေနာက္အာဖရိကမွာ ေပါမ်ားတဲ့ Ackee အသီးဟာကို ဆားသိပ္ၿပီးျဖစ္ေစ ဝိုင္ျပဳလုပ္ၿပီးျဖစ္ေစ စားသုံးၾကပါတယ္ ။ ၾကည့္ရတာ အဆိပ္အေတာက္ ျဖစ္ႏိုင္တဲ့ပုံ မေပၚေပမယ့္ အသီးထဲမွာ Hypoglycin A နဲ႔ B ကဲ့သို႔ေသာ အဆိပ္ေတြ ပါဝင္ေနပါတယ္ ။ အဆိပ္ရွိတဲ့ အပိုင္းကို စားမိရင္ေတာ့ ၂ နာရီကေန ၆ နာရီအထိ ေအာ့အန္တတ္ပါတယ္ ။ ကံမေကာင္းတဲ့ အေျခအေနတစ္ခုမွာ ဆိုရင္ေတာ့ ကေယာင္ကတမ္းေတြျဖစ္ၿပီး ကိုမာဝင္ကာ ေသဆုံးသြားႏိုင္ပါတယ္ ။

၅. Pagpag

Pagpag ဆိုတာကေတာ့ ဖိလစ္ပိုင္အေခၚပါ ။ တကယ္ေတာ့ အမႈိက္ပုံးထဲက အစားအေသာက္ေတြကို ျပန္လည္သုံးစြဲထားတဲ့ ဟင္းလ်ာတစ္ခုပါ ။ ဒါကို ဟင္းလို႔ေတာင္ေတြးဖို႔ခက္ေပမယ့္ မနီလာလိုမ်ိဳး တခ်ိဳ႕ဆင္းရဲတဲ့ ႏိုင္ငံေတြမွာေတာ့ စားစရာဒီဟင္းပဲရွိပါတယ္ ။ Pagpag ရဲ႕ဆိုလိုရင္းကေတာ့ အမႈိက္မ်ားကို ခါခ်ျခင္းတဲ့… ။ ဆင္းရဲတဲ့ ႏိုင္ငံေတြက စားေသာက္ဆိုင္တစ္ခ်ိဳ႕ဟာ စားေသာက္ကုန္ေတြကို အမႈိက္ပုံးေတြ အျမန္စာေရာင္းခ်တဲ့ ေနရာမွ လႊင့္ပစ္ပစၥည္းေတြကို အသုံးျပဳပါတယ္ ။ ဒီအစားအေသာက္ေတြကို စားသုံးတဲ့အခါမွာ သင္ထင္ထားတဲ့ အတိုင္းပဲ ဝမ္းေရာဂါ တိုက္ဖိုက္နဲ႔ အသည္းေရာင္ အသားဝါေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္ ။ ဒါေပမယ့္လည္း တခ်ိဳ႕ငတ္ျပတ္ေနတဲ့ လူတန္းစား တစ္ခုအတြက္ေတာ့ ဒီေရာဂါေတြဟာ ၿခိမ္းေျခာက္မႈ တစ္ခုမဟုတ္ေတာ့ပါဘူး ။

၆ .Absinthe

ဥေရာပမွာ ၁၉ ရာစုေလာက္က စၿပီး လမ္းေဘး အႏုပညာရွင္ေတြၾကားမွာ နာမည္ေက်ာ္ခဲ့တဲ့ ဒီ Absinthe ဟာ ပုံမွန္မဟုတ္တဲ့ အရာေတြကို စိတ္ထဲမွာ ျမင္ေယာင္လာေစႏိုင္သလို ႐ူးသြပ္မႈ ဂေယာင္ေျခာက္ျခားျဖစ္မႈ နဲ႔ တျခားစိတ္ပိုင္းဆိုင္ရာ ျပႆနာေတြလည္း ျဖစ္ေပၚေစႏိုင္ပါတယ္ ။ သိပၸံနည္းက် စစ္ေဆးမႈအရေတာ့ ဒီ အစိမ္းေရာင္ ယမကာဟာ လူအေပၚမွာ အဲ့ဒီေလာက္ အက်ိဳးသက္ေရာက္မႈ မရွိဘူးလို႔ေျပာပါတယ္ ။ ျမင္ခ်င္ရာျမင္တာဟာ အရက္ရဲ႕ သက္ေရာက္မႈေၾကာင့္လို႔ အေျဖထုတ္ထားပါတယ္ ။ ဒါေပမယ့္လည္း တျခား ေလ့လာမႈေတြအရ Absinthe ယမကာဟာ အာ႐ုံေၾကာဆဲလ္ေတြ အေပၚမွာ ျပင္းထန္တဲ့ သက္ေရာက္မႈ ရွိတယ္လို႔ သိရွိထားရပါတယ္ ။

၇ .ပီေလာပီနံ

ပီေလာပီနံဟာ ကမာၻ႔လူဦးေရ ၅၀၀ မီလ်ံေလာက္ရဲ႕ အဓိက အစားအစာျဖစ္ပါတယ္ ။ ဒီတစ္ပင္လုံး စားေသာက္ႏိုင္တဲ့ အပင္ကို အေမရိက အာရွနဲ႔ အာဖရိကေတြမွာ ေတြ႕ႏိုင္ပါတယ္ ။ ကိတ္မုန႔္ဖုတ္တဲ့ ေနရာမွာလည္း ထည့္သြင္း အသုံးျပဳၾကပါေသးတယ္ ။ သို႔ေသာ္လည္း သူ႔မွာလည္း ဆိုးက်ိဳးရွိပါတယ္ ။ ဘာေၾကာင့္လဲဆိုေတာ့ ပီေလာပီနံရဲ႕ အျမစ္နဲ႔ အ႐ြက္ေတြဟာ ေသေစႏိုင္ေလာက္တဲ့ ဆိုင္ရာႏိုက္အဆိပ္ကို ပါဝင္ေနတဲ့အတြက္ပါပဲ ။ အႏၲရယ္ကင္းစြာ စားေသာက္ႏိုင္ဖို႔အတြက္ ေသခ်ာေဆးေၾကာသန႔္စင္မႈ ျပဳလုပ္ရပါမယ္ ။ မဟုတ္ပဲ အႏၲရယ္ရွိတဲ့ ပီေလာပီနံကို စားမိရင္ေတာ့ သင္ေဆး႐ုံ ေရာက္သြားမွာ အမွန္ပါပဲ ။

Credit– Min Thu ( Daily Hot News )

Unicode ….

သင့်ရဲ့အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ အစားအသောက် ( ၇ )မျိုး

အထူးအဆန်းတွေကိုမှ စားချင်သူများကတော့ အရာသာအသစ်တွေကို မြည်းစမ်းကြည့်ချင်ကြမှာပဲ ။ ပုံမှန်စွဲမက်စရာ အစားအစာတွေလည်း အများကြီးရှိပါတယ် ။ ဒါပေမယ့် သင်ရော အထူးအဆန်းတွေကို မြည်းစမ်းကြည့်ချင်လား ။ဒါဆိုရင်တော့ အခု ကျွန်တော်တို့ ပြောပြမယ့် အန္တရာယ်များပြီး သေစေနိုင်တဲ့ အစားအသောက်များကို ကြည့်လိုက်ရအောင် ။

ဒီအစားအစာတွေဟာ အစားးအသောက်လို့ ခေါ်ဖို့တောင် မသင့်တော်ပါဘူး ။ ဒါပေမယ့်လည်း ထူးခြားဆန်းပြားတဲ့ အရသာကြောင့် လူတော်တော်များများဟာ စားသောက်ဖို့ရွေးချယ် နေတုန်းပါပဲ ။ လူအနည်းငယ်ကတော့ ဒါတွေကလွဲပြီး စားစရာမရှိတဲ့အတွက် စားသုံးရတာပါ ။ အစားအသောက် ၇ မျိုးကို တစ်ချက်လောက် ကြည့်လိုက်ကြရအောင် ။

၁. အသည်းကင်ဆာသုပ်

နာမည်ကြားရုံနဲ့တင် သင် အော်ဂလီဆန် သွားမယ်ဆိုပေမယ့် ထိုင်းနိုင်ငံမှာ အရှေ့မြောက်ပိုင်းမှာတော့ မြိန်ရှည်ယှက်ရည် စားကြတဲ့ အရာတစ်ခုပါပဲ ။ ဒီအစားအစာမှာ ပါဝင်တဲ့အရာတွေကတော့ ငါးအသားစိမ်း သံပရာရည်နဲ့ ငရုတ်သီးစပ်စပ် ရယ် ပုရွက်ဆိတ် အနီတွေရယ်ပဲဖြစ်ပါတယ် ။ ဘာလို့အသည်းကင်ဆာသုပ်လို့ ခေါ်ရသလဲဆိုတော့ ဒီအစားအစာမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဟာ အသည်းကင်ဆာ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းရှိလို့ပါပဲ ။ အဓိက တရားခံကတော့ ငါးအသားပေါ်မှာ ရှိနေတဲ့ ကပ်ပါးကောင်တွေ ကြောင့်ပါပဲ ။ စားသုံးသူတွေကတော့ ထူးခြားတဲ့ အရာသာကို မြည်းစမ်းကြည့်ချင်တာကြောင့် ကပ်ပါးကောင်တွေကိုပါ စားသုံးလေ့ရှိပါတယ် ။

၂ .Fagu

ဂျပန် ကိုရီးယားနဲ့ စင်ကာပူမှာ နာမည်ကြီးတဲ့ ဒီလူသတ်သမား ဟင်းလျာဟာလည်း တကယ်တော့ ဈေးအရမ်းကြီးပါတယ် ။ ငါးပူတင်းအသားစိမ်းကို လွှာပြီးတော့ ဆာရှိမိအဖြစ် စီမံထားတဲ့ ဟင်းလျာပါ ။ ငါးအသားကတော့အန္တရယ် မရှိပေမယ့် စားသုံးသူတွေအရမ်းကြိုက်တဲ့ ငါးပူတင်း အသည်းကတော့ Neurotoxin Tetrodotoxin ဆိုတဲ့ အဆိပ်တွေ ပါဝင်ပါတယ် ။

၃. စောင်းလျားသီး

လူတွေ သာမန်စားသုံးနေကြတဲ့ စောင်းလျားသီးဟာလည်း အန္တရယ်များတဲ့ အစားအသောက်တစ်ခုပါပဲ ။ စောင်းလျားသီးထဲမှာ Nerotoxin ဆိုတဲ့ အဆိပ်ဓါတ် ပါဝင်ပါတယ် ။ သင်ကျန်းမာရေး ကောင်းနေတဲ့ အချိန်မှာတော့ခန္ဓာကိုယ်က ဒီအဆိပ်ကို ချေဖျက်နိုင်ပါတယ် ။ ဒါပေမယ့်လည်း သင့်မှာ ကျောက်ကပ်ပြဿနာ ရှိနေရင်တော့ စောင်းလျားသီး ဖျော်ရည်တစ်ခွက် သောက်ခဲ့မယ်ဆိုရင် အော့အန်တာ ခြေလက်ထုံကျင်တာ ကယောင်ခြောက်ခြားဖြစ်တာနဲ့ ကြွက်သားတွေ ယောင်ယမ်းတာမျိုး ခံစားရနိုင်ပါတယ် ။

၄. Ackee

ကာရေဗီယန်နဲ့ အနောက်အာဖရိကမှာ ပေါများတဲ့ Ackee အသီးဟာကို ဆားသိပ်ပြီးဖြစ်စေ ဝိုင်ပြုလုပ်ပြီးဖြစ်စေ စားသုံးကြပါတယ် ။ ကြည့်ရတာ အဆိပ်အတောက် ဖြစ်နိုင်တဲ့ပုံ မပေါ်ပေမယ့် အသီးထဲမှာ Hypoglycin A နဲ့ B ကဲ့သို့သော အဆိပ်တွေ ပါဝင်နေပါတယ် ။ အဆိပ်ရှိတဲ့ အပိုင်းကို စားမိရင်တော့ ၂ နာရီကနေ ၆ နာရီအထိ အော့အန်တတ်ပါတယ် ။ ကံမကောင်းတဲ့ အခြေအနေတစ်ခုမှာ ဆိုရင်တော့ ကယောင်ကတမ်းတွေဖြစ်ပြီး ကိုမာဝင်ကာ သေဆုံးသွားနိုင်ပါတယ် ။

၅. Pagpag

Pagpag ဆိုတာကတော့ ဖိလစ်ပိုင်အခေါ်ပါ ။ တကယ်တော့ အမှိုက်ပုံးထဲက အစားအသောက်တွေကို ပြန်လည်သုံးစွဲထားတဲ့ ဟင်းလျာတစ်ခုပါ ။ ဒါကို ဟင်းလို့တောင်တွေးဖို့ခက်ပေမယ့် မနီလာလိုမျိုး တချို့ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ စားစရာဒီဟင်းပဲရှိပါတယ် ။ Pagpag ရဲ့ဆိုလိုရင်းကတော့ အမှိုက်များကို ခါချခြင်းတဲ့… ။ ဆင်းရဲတဲ့ နိုင်ငံတွေက စားသောက်ဆိုင်တစ်ချို့ဟာ စားသောက်ကုန်တွေကို အမှိုက်ပုံးတွေ အမြန်စာရောင်းချတဲ့ နေရာမှ လွှင့်ပစ်ပစ္စည်းတွေကို အသုံးပြုပါတယ် ။ ဒီအစားအသောက်တွေကို စားသုံးတဲ့အခါမှာ သင်ထင်ထားတဲ့ အတိုင်းပဲ ဝမ်းရောဂါ တိုက်ဖိုက်နဲ့ အသည်းရောင် အသားဝါရောဂါတွေ ဖြစ်လာနိုင်ပါတယ် ။ ဒါပေမယ့်လည်း တချို့ငတ်ပြတ်နေတဲ့ လူတန်းစား တစ်ခုအတွက်တော့ ဒီရောဂါတွေဟာ ခြိမ်းခြောက်မှု တစ်ခုမဟုတ်တော့ပါဘူး ။

၆ .Absinthe

ဥရောပမှာ ၁၉ ရာစုလောက်က စပြီး လမ်းဘေး အနုပညာရှင်တွေကြားမှာ နာမည်ကျော်ခဲ့တဲ့ ဒီ Absinthe ဟာ ပုံမှန်မဟုတ်တဲ့ အရာတွေကို စိတ်ထဲမှာ မြင်ယောင်လာစေနိုင်သလို ရူးသွပ်မှု ဂယောင်ခြောက်ခြားဖြစ်မှု နဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ဖြစ်ပေါ်စေနိုင်ပါတယ် ။ သိပ္ပံနည်းကျ စစ်ဆေးမှုအရတော့ ဒီ အစိမ်းရောင် ယမကာဟာ လူအပေါ်မှာ အဲ့ဒီလောက် အကျိုးသက်ရောက်မှု မရှိဘူးလို့ပြောပါတယ် ။ မြင်ချင်ရာမြင်တာဟာ အရက်ရဲ့ သက်ရောက်မှုကြောင့်လို့ အဖြေထုတ်ထားပါတယ် ။ ဒါပေမယ့်လည်း တခြား လေ့လာမှုတွေအရ Absinthe ယမကာဟာ အာရုံကြောဆဲလ်တွေ အပေါ်မှာ ပြင်းထန်တဲ့ သက်ရောက်မှု ရှိတယ်လို့ သိရှိထားရပါတယ် ။

၇ .ပီလောပီနံ

ပီလောပီနံဟာ ကမ္ဘာ့လူဦးရေ ၅၀၀ မီလျံလောက်ရဲ့ အဓိက အစားအစာဖြစ်ပါတယ် ။ ဒီတစ်ပင်လုံး စားသောက်နိုင်တဲ့ အပင်ကို အမေရိက အာရှနဲ့ အာဖရိကတွေမှာ တွေ့နိုင်ပါတယ် ။ ကိတ်မုန့်ဖုတ်တဲ့ နေရာမှာလည်း ထည့်သွင်း အသုံးပြုကြပါသေးတယ် ။ သို့သော်လည်း သူ့မှာလည်း ဆိုးကျိုးရှိပါတယ် ။ ဘာကြောင့်လဲဆိုတော့ ပီလောပီနံရဲ့ အမြစ်နဲ့ အရွက်တွေဟာ သေစေနိုင်လောက်တဲ့ ဆိုင်ရာနိုက်အဆိပ်ကို ပါဝင်နေတဲ့အတွက်ပါပဲ ။ အန္တရယ်ကင်းစွာ စားသောက်နိုင်ဖို့အတွက် သေချာဆေးကြောသန့်စင်မှု ပြုလုပ်ရပါမယ် ။ မဟုတ်ပဲ အန္တရယ်ရှိတဲ့ ပီလောပီနံကို စားမိရင်တော့ သင်ဆေးရုံ ရောက်သွားမှာ အမှန်ပါပဲ ။

Credit– Min Thu ( Daily Hot News )