ဆန္ေဆးရည္ရဲ႕ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးမ်ား

ဆန္ေဆးရည္ရဲ႕ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးမ်ား

ဆန္ေဆးရည္ရဲ႕ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးမ်ား

လူအေတာ္ မ်ားမ်ားဟာ သူတို႔ ထမင္းခ်က္တဲ့ အခါ သုံးတဲ့ ဆန္ေဆးရည္ကို လႊင့္ပစ္တတ္ၾက ပါတယ္ ။ ဒါဟာ တကယ္ေတာ့ ဆန္ေဆးရည္ ကေပးတဲ့ အလွ အပနဲ႔ ပတ္ သက္တဲ့ အက်ိဳးေက်းဇူး ေတြကို ျဖဳန္းတီး ပစ္ေနတာနဲ႔ အတူတူ ပါပဲ ။ ဆန္ေဆးရည္မွာအေရျပားနဲ႔ ဆံပင္ အတြက္ အက်ိဳးရွိတဲ့ ဗီတာမင္နဲ႔ သတၱဳဓါတ္ ေတြ ပါဝင္ ပါတယ္ ။

ဆန္ေဆးရည္ရဲ႕ ေနာက္ကြယ္ကပုံျပင္

ဆန္ေဆးရည္ကို ႏွစ္ေပါင္း မ်ားစြာ ကတည္းက အေရွ႕ပိုင္း ယဥ္ေက်းမႈေတြမွာ အသိ အမွတ္ျပဳ ေနၾကပါတယ္ ။ အေရွ႕တိုင္းသူ ေတြ အသား အရည္ လွပတာ အံ့ၾသစရာ မရွိပါဘူး ။

အတိတ္ ကာလတုံးက အေရွ႕ေတာင္ အာရွ ႏိုင္ငံေတြ မွာအမ်ိဳးသမီး ေတြဟာ သူတို႔ရဲ႕ မ်က္ႏွာနဲ႔ ဆံပင္ အတြက္ ဆန္ေဆးရည္ ကို အသုံးျပဳ ၾကၿပီး ဆန္ေဆးရည္နဲ႔ ေတာင္ ေရစိမ္ခ်ိဳး ေလ့ ရွိၾက ပါတယ္ ။ ဆန္ေဆးေရ ထဲမွာ Ferulic acid လို႔ေခၚတဲ့ ဓါတ္တိုး ဆန႔္က်င္ ဂုဏ္သတၱိ ရွိတဲ့ ဓါတ္တစ္မ်ိဳး ပါဝင္ၿပီး ႏုနယ္ ပ်ိဳျမစ္ၿပီး လင္းလက္ ေတာက္ပတဲ့ အသားအေရကို ထိန္းသိမ္း ေပးပါ တယ္ ။

ဆန္ေဆးရည္ကိုမ်က္ႏွာသစ္ေဆးအျဖစ္ အသုံးျပဳပါတယ္ ။

ဂြမ္းလုံးေလးနဲ႔ ဆန္ေဆးရည္ထဲကို ႏွစ္ၿပီးမ်က္ႏွာေပၚ ကေန ျပန္သုတ္ေပးျခင္း အားျဖင့္ မ်က္ႏွာက သန႔္ရွင္းေရး ျပဳလုပ္ဖို႔ အသုံးျပဳႏိုင္ ပါတယ္ ။ ဒါဟာ အားထည့္စရာ မလိုပဲ ႐ိုးရွင္းၿပီး ႏွစ္မိနစ္ေလာက္ပဲ ၾကာမွာ ျဖစ္ပါတယ္ ။ သင္လုပ္ရမွာကေတာ့ အေရျပားေပၚ ေျခာက္သြားခ်ိန္ကို စိတ္ရွည္လက္ရွည္ ေစာင့္ရမွာျဖစ္ပါတယ္ ။ ဒါမွသာ အာဟာရ ဓါတ္ေတြ အေရျပားထဲကို ေသေသခ်ာခ်ာ ဝင္သြားမွာ ျဖစ္ပါတယ္ ။

ဆန္ေဆးရည္ကို မ်က္ႏွာမွာ တိုနာအျဖစ္ အသုံးျပဳပါတယ္ ။

တကယ္လို႔ သင္ဟာမိတ္ကပ္အမ်ားႀကီး သုံးတတ္တဲ့ သူဆိုရင္ သင့္ အသားအရည္ကို ၁၀၀% သန႔္ရွင္းေစဖို႔ မ်က္ႏွာ သန႔္စင္တဲ့ အရာ တစ္ခုခုကို သုံးသင့္ပါတယ္ ။ ဆန္ေဆး ရည္ကို သန႔္ရွင္းေရး လုပ္ၿပီးရင္လည္း တိုနာအျဖစ္ သုံးႏိုင္ပါ ေသးတယ္။ ဆန္ေဆးဟာ သင့္မ်က္ႏွာကို ၾကည္လင္ေစ ဖို႔ ေသြးစီးဆင္းမႈကို တိုးတက္ေစၿပီးသင့္ရဲ႕ ေခြၽးေပါက္ ေတြကို က်ဥ္းေစၿပီးေတာ့ သင့္အသားအေရကို တင္းရင္း ေစပါတယ္ ။

ဝက္ၿခံေပ်ာက္ကင္းေအာင္ ဆန္ေဆးရည္ကို အသုံးျပဳပါတယ္ ။

ဆန္ေဆးရည္ဟာ ေရာင္ရမ္းျခင္းကို က်ဆင္းေစျခင္းမွာ နာမည္ေက်ာ္ပါတယ္ ။ ဒါ့ေၾကာင့္ သူဟာဝက္ၿခံကိုေပ်ာက္ကင္းမႈကို အရွိန္ျမင့္တက္ေစပါတယ္ ။ ဝက္ၿခံေပၚမွာ လိမ္း လိုက္တဲ့အခါ ဝက္ၿခံအေျမာက္အမ်ား ထြက္ျခင္း ေၾကာင့္ ျဖစ္တတ္တဲ့ အနီကြက္ျဖစ္မႈကို သက္သာေစတဲ့ အဆီထြက္သက္သာေစတဲ့ အရည္အျဖစ္ အလုပ္လုပ္ပါတယ္ ။

ဆန္ေဆးရည္ကို ေခါင္းေလွ်ာ္ဖို႔ အသုံးျပဳပါတယ္ ။

သင့္ဆံပင္ကို ေတာက္ပသန္စြမ္းဖို႔အတြက္ ဆန္ေဆးရည္နဲ႔ ေခါင္းေလွ်ာ္တာကို စမ္းသပ္ၾကည့္သင့္ပါတယ္ ။ တကယ္လို႔ သင့္ဆံပင္ဟာ အာဟာရပိုမိုလိုအပ္ခဲ့ရင္ ဆန္ေဆးရည္ထဲကို essential oils အနည္းငယ္ ထည့္ပါ ။ သင့္ဦးေရျပားကို ႏူးညံ့စြာ ႏွိပ္နယ္ၿပီး ဆံ ပင္ေပၚမွာ ခဏထားၿပီးေတာ့ ေရသန႔္သန႔္နဲ႔ ျပန္လည္ေဆးေၾကာပါ ။ ဆန္ေဆးရည္မွာပါဝင္တဲ့ inositol ဟာ သင့္ဆံပင္ရဲ႕ က်ဳံ႔ႏိုင္ ဆန႔္ႏိုင္တဲ့ ဂုဏ္သတၱိကို အားေပးၿပီးပြတ္တိုက္ျခင္းကို သက္သာေစပါတယ္ ။

ဆန္ေဆးရည္နဲ႔ မိမိကိုယ္ကို ျပဳလုပ္ႏိုင္တဲ့ အရာကို အေကာင္းဆုံးျပဳလုပ္ဖို႔အတြက္ သင့္မွာဆန္နဲ႔ ေရပဲလိုအပ္ပါတယ္ ။ ဆန္ေဆးရည္ကိုေလလုံနဲ႔ ခြက္တစ္ခုထဲထည့္ၿပီး ေရခဲ ေသတၱာထဲမွာ တစ္ပတ္ၾကာေအာင္ သိမ္းဆည္းထားၿပီး အသုံးျပဳႏိုင္ပါတယ္ ။

Credit:mizzima

Unicode

ဆန်ဆေးရည်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

လူအတော် များများဟာ သူတို့ ထမင်းချက်တဲ့ အခါ သုံးတဲ့ ဆန်ဆေးရည်ကို လွှင့်ပစ်တတ်ကြ ပါတယ် ။ ဒါဟာ တကယ်တော့ ဆန်ဆေးရည် ကပေးတဲ့ အလှ အပနဲ့ ပတ် သက်တဲ့ အကျိုးကျေးဇူး တွေကို ဖြုန်းတီး ပစ်နေတာနဲ့ အတူတူ ပါပဲ ။ ဆန်ဆေးရည်မှာအရေပြားနဲ့ ဆံပင် အတွက် အကျိုးရှိတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ် တွေ ပါဝင် ပါတယ် ။

ဆန်ဆေးရည်ရဲ့ နောက်ကွယ်ကပုံပြင်

ဆန်ဆေးရည်ကို နှစ်ပေါင်း များစွာ ကတည်းက အရှေ့ပိုင်း ယဉ်ကျေးမှုတွေမှာ အသိ အမှတ်ပြု နေကြပါတယ် ။ အရှေ့တိုင်းသူ တွေ အသား အရည် လှပတာ အံ့သြစရာ မရှိပါဘူး ။

အတိတ် ကာလတုံးက အရှေ့တောင် အာရှ နိုင်ငံတွေ မှာအမျိုးသမီး တွေဟာ သူတို့ရဲ့ မျက်နှာနဲ့ ဆံပင် အတွက် ဆန်ဆေးရည် ကို အသုံးပြု ကြပြီး ဆန်ဆေးရည်နဲ့ တောင် ရေစိမ်ချိုး လေ့ ရှိကြ ပါတယ် ။ ဆန်ဆေးရေ ထဲမှာ Ferulic acid လို့ခေါ်တဲ့ ဓါတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိ ရှိတဲ့ ဓါတ်တစ်မျိုး ပါဝင်ပြီး နုနယ် ပျိုမြစ်ပြီး လင်းလက် တောက်ပတဲ့ အသားအရေကို ထိန်းသိမ်း ပေးပါ တယ် ။

ဆန်ဆေးရည်ကိုမျက်နှာသစ်ဆေးအဖြစ် အသုံးပြုပါတယ် ။

ဂွမ်းလုံးလေးနဲ့ ဆန်ဆေးရည်ထဲကို နှစ်ပြီးမျက်နှာပေါ် ကနေ ပြန်သုတ်ပေးခြင်း အားဖြင့် မျက်နှာက သန့်ရှင်းရေး ပြုလုပ်ဖို့ အသုံးပြုနိုင် ပါတယ် ။ ဒါဟာ အားထည့်စရာ မလိုပဲ ရိုးရှင်းပြီး နှစ်မိနစ်လောက်ပဲ ကြာမှာ ဖြစ်ပါတယ် ။ သင်လုပ်ရမှာကတော့ အရေပြားပေါ် ခြောက်သွားချိန်ကို စိတ်ရှည်လက်ရှည် စောင့်ရမှာဖြစ်ပါတယ် ။ ဒါမှသာ အာဟာရ ဓါတ်တွေ အရေပြားထဲကို သေသေချာချာ ဝင်သွားမှာ ဖြစ်ပါတယ် ။

ဆန်ဆေးရည်ကို မျက်နှာမှာ တိုနာအဖြစ် အသုံးပြုပါတယ် ။

တကယ်လို့ သင်ဟာမိတ်ကပ်အများကြီး သုံးတတ်တဲ့ သူဆိုရင် သင့် အသားအရည်ကို ၁၀၀% သန့်ရှင်းစေဖို့ မျက်နှာ သန့်စင်တဲ့ အရာ တစ်ခုခုကို သုံးသင့်ပါတယ် ။ ဆန်ဆေး ရည်ကို သန့်ရှင်းရေး လုပ်ပြီးရင်လည်း တိုနာအဖြစ် သုံးနိုင်ပါ သေးတယ်။ ဆန်ဆေးဟာ သင့်မျက်နှာကို ကြည်လင်စေ ဖို့ သွေးစီးဆင်းမှုကို တိုးတက်စေပြီးသင့်ရဲ့ ချွေးပေါက် တွေကို ကျဉ်းစေပြီးတော့ သင့်အသားအရေကို တင်းရင်း စေပါတယ် ။

ဝက်ခြံပျောက်ကင်းအောင် ဆန်ဆေးရည်ကို အသုံးပြုပါတယ် ။

ဆန်ဆေးရည်ဟာ ရောင်ရမ်းခြင်းကို ကျဆင်းစေခြင်းမှာ နာမည်ကျော်ပါတယ် ။ ဒါ့ကြောင့် သူဟာဝက်ခြံကိုပျောက်ကင်းမှုကို အရှိန်မြင့်တက်စေပါတယ် ။ ဝက်ခြံပေါ်မှာ လိမ်း လိုက်တဲ့အခါ ဝက်ခြံအမြောက်အများ ထွက်ခြင်း ကြောင့် ဖြစ်တတ်တဲ့ အနီကွက်ဖြစ်မှုကို သက်သာစေတဲ့ အဆီထွက်သက်သာစေတဲ့ အရည်အဖြစ် အလုပ်လုပ်ပါတယ် ။

ဆန်ဆေးရည်ကို ခေါင်းလျှော်ဖို့ အသုံးပြုပါတယ် ။

သင့်ဆံပင်ကို တောက်ပသန်စွမ်းဖို့အတွက် ဆန်ဆေးရည်နဲ့ ခေါင်းလျှော်တာကို စမ်းသပ်ကြည့်သင့်ပါတယ် ။ တကယ်လို့ သင့်ဆံပင်ဟာ အာဟာရပိုမိုလိုအပ်ခဲ့ရင် ဆန်ဆေးရည်ထဲကို essential oils အနည်းငယ် ထည့်ပါ ။ သင့်ဦးရေပြားကို နူးညံ့စွာ နှိပ်နယ်ပြီး ဆံ ပင်ပေါ်မှာ ခဏထားပြီးတော့ ရေသန့်သန့်နဲ့ ပြန်လည်ဆေးကြောပါ ။ ဆန်ဆေးရည်မှာပါဝင်တဲ့ inositol ဟာ သင့်ဆံပင်ရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ ဂုဏ်သတ္တိကို အားပေးပြီးပွတ်တိုက်ခြင်းကို သက်သာစေပါတယ် ။

ဆန်ဆေးရည်နဲ့ မိမိကိုယ်ကို ပြုလုပ်နိုင်တဲ့ အရာကို အကောင်းဆုံးပြုလုပ်ဖို့အတွက် သင့်မှာဆန်နဲ့ ရေပဲလိုအပ်ပါတယ် ။ ဆန်ဆေးရည်ကိုလေလုံနဲ့ ခွက်တစ်ခုထဲထည့်ပြီး ရေခဲ သေတ္တာထဲမှာ တစ်ပတ်ကြာအောင် သိမ်းဆည်းထားပြီး အသုံးပြုနိုင်ပါတယ် ။

Credit:mizzima