ပုဂံျပည္ႀကီးမွာ မုဆိုးမပင္ ဘုရားတည္ႏိုင္တဲ့အထိ ခ်မ္းသာေစခဲ့တဲ့ ရွင္အဇၨေဂါဏရဲ႕

ပုဂံျပည္ႀကီးမွာ မုဆိုးမပင္ ဘုရားတည္ႏိုင္တဲ့အထိ ခ်မ္းသာေစခဲ့တဲ့ ရွင္အဇၨေဂါဏရဲ႕

ပုဂံျပည္ႀကီးမွာ မုဆိုးမပင္ ဘုရားတည္ႏိုင္တဲ့အထိ ခ်မ္းသာေစခဲ့တဲ့ ရွင္အဇၨေဂါဏရဲ႕

ပုဂံသမိုင္းကို ေျပာရမည္ဆိုလွ်င္ ရွင္အဇၨေဂါဏသည္ မပါမၿပီးေခ်။ရွင္အဇၨေဂါဏ ေခၚ ရွင္မထီးဆိုသည္မွာ ေထရဝါဒ မထြန္းကားမွီ ပုဂံျပည္ ေသဥ္လည္ေၾကာင္ မင္းတရားႀကီးလက္ထက္တြင္ ေလာကီေရးရာ အဂၢိရတ္ဖိုထိုးျခင္းမွ ဓါတ္လုံးေအာင္ၿပီး ပုဂံျပည္တြင္ မုဆိုးမပင္ ဘုရားတည္ႏိုင္သည္ဟု ေျပာစမွတ္တြင္ခဲ့သူ ျဖစ္သည္။

ပုံျပင္ ဒ႑ာရီ ယုံၾကည္သူတို႔အဖို႔ ပုဂံျပည္သည္ ဤမွ်နယ္နမိတ္အတြင္းတြင္ ဘုရားေပါင္းေျမာက္မ်ားစြာ တည္ရွိၾကျခင္းသည္ ရွင္အဇၨေဂါဏေၾကာင့္ ျဖစ္သည္ဟု ယုံၾကည္ၾကသည္မွာလည္း မထူးဆန္းပါ။

ရွင္အဇၨေဂါဏ ဒ႑ာရီကိုေျပာရမည္ဆိုလွ်င္ ခရစ္ႏွစ္ (344 ခုမွ 387) ခုႏွစ္အထိ နန္းစံခဲ့ေသာ ေသဥ္လည္ေၾကာင္မင္းတရားႀကီး လက္ထက္ခန႔္က ျဖစ္ခဲ့သည္။ ရွင္အဇၨေဂါဏသည္ ေ႐ႊျဖစ္လမ္း၊ ေငြျဖစ္လမ္းလိုက္ေနေသာ အဂၢိရတ္ထိုးျခင္း ေအာင္ျမင္ပါက ပုဂံတစ္ျပည္လုံးခ်မ္းသာလိမ့္မည္။

ဓါတ္လုံး မေပါက္ခဲ့ပါက မိမိ၏ မ်က္လုံးႏွစ္လုံးကို ထိုးေဖာက္ပစ္ရန္ အာမခံခဲ့သည္။ ေသဥ္လည္ေၾကာင္ မင္းႀကီးက ယုံၾကည္ေသာေၾကာင့္ ဓါတ္လုံးထိုးရန္ ဘုရင့္ဘ႑ာတိုက္မွ ေ႐ႊမ်ားထုတ္ယူကာ ဓါတ္လုံးေ႐ႊေကြၽးသည္။ ဘုရင္သည္ စိတ္ရွည္သည္းခံကာ ဘ႑ာတိုက္မွ ေ႐ႊတစ္ဝက္ခန႔္ကို ထုတ္ေပးခဲ့သည္။

ဓါတ္လုံးမေပါက္ခဲ့ဘဲ ဆက္လက္ထိုးရင္း ဘ႑ာေတာ္ ၃ ပုံ ၁ ပုံသာ က်န္ေတာ့သည္။ ေနာက္ဆုံး ဘုရင္ အေတာ္ပင္ စိတ္ပ်က္သြားကာ ဘ႑ာတိုက္ရွိ ေ႐ႊမ်ားလည္း အကုန္ ကုန္ၿပီးသြား ေလေတာ့သည္။

ရွင္အဇၨေဂါဏ၏ တပည့္မ်ားျဖစ္ေသာ ေက်ာ္စြာႏွင့္ ေသာ္တာလင္မယားတို႔ ဖိုကို မျပတ္တစ္လွည့္ စီဆြဲေပးၾကရင္း တစ္ညတြင္ အဂၢိရတ္ဖို အတြင္းမွ ရဲရဲနီေနေသာ ဓါတ္လုံးသည္ ေ႐ႊေရာင္ေျပာင္းလာကာ လင္းလက္ ေနေလေတာ့သည္။

ထိုဓါတ္လုံး ေအာင္သြားသည္ကို ၾကားလိုက္ေသာဘုရင္သည္ ရွင္အဇၨေဂါဏ ေက်ာင္းသို႔လိုက္လာခဲ့ၿပီး ကိစၥၿပီးေျမာက္သြားၿပီလား ဆိုသည္ကို ေမးျမန္းေလရာ ရွင္အဇၨေဂါဏက ဓါတ္လုံးေ႐ႊျဖစ္ပါၿပီ၊ ဓါတ္လုံးပြင့္ရန္ ေဆးရည္ စိမ္ရမည္ဟု ျပန္လည္မိန႔္ၾကားသည္။

ထို႔ေၾကာင့္ဘုရင္ကလည္း ေဆးရည္စိမ္ရန္ ေစာင့္ၾကည့္ေနေလ သည္။ ေပထုတ္ကိုယူကာ ဓါတ္ေဆးရည္အတြက္ ခ်ဥ္ရည္စိမ္ရမည္ ျဖစ္သျဖင့္ တပည့္လင္မယားအား ေရွာက္သီးယူ ေစကာ အရည္ညႇစ္ၿပီး ေရွာက္ရည္ထည့္ထားေသာ ခြက္အတြင္း ထည့္လိုက္သည္။

ထိုအခါ ဓါတ္လုံးသည္ အေရာင္မွိန္သြားသျဖင့္ ရွင္အဇၨေဂါဏက ဓါတ္လုံးပ်က္သြားေၾကာင္း သိလိုက္ရသည္။ဘုရင္လည္း ရွင္အဇၨေဂါဏ ေျပာထားေသာ စကားအတိုင္း ဘုရင္လည္း သူ၏မ်က္လုံးကို ေဖာက္ထုတ္ ပစ္လိုက္ေလသည္။ ေက်ာ္စြာတို႔လင္မယား ေက်ာင္းမွ ဆင္းေျပးသည္ကို ဘုရင္က လိုက္လံသုတ္သင္ရင္း အသက္ဆုံးရႈံးခဲ့ ရသည္။

ရွင္အဇၨေဂါဏလည္း စိတ္ဓါတ္က်သြားၿပီး ထိုဓါတ္လုံးအား ေက်ာင္းကုဋီတြင္ ကိုရင္ငယ္အား ပစ္ခ်ခိုင္းေလသည္။ ထိုအခါ ကုဋီမီးေလာင္သည္ဟု ကိုရင္ငယ္က ေလွ်ာက္ ထားရာ ရွင္အဇၨေဂါဏက ဓါတ္လုံးေပါက္သြားမွန္း သိသျဖင့္ ျပန္လည္ဆည္ယူေစခဲ့သည္။

စင္စစ္ ခ်ဥ္ေရႏွင့္ ခ်ီးေရ လြဲသြားျခင္းျဖစ္ေသာေၾကာင့္ ခ်ဥ္ေရႏွင့္စိမ္ေသာ္လည္း မေအာင္ ျမင္ ရျခင္း ျဖစ္ေလသည္။ ကပၸိယအား ေဈးသို႔ရရာ မ်က္လုံးဝယ္ရန္ ေစခိုင္းလိုက္သျဖင့္ ေဈးကြဲေနၿပီျဖစ္ရာ ဆိတ္မ်က္လုံး တစ္လုံးႏွင့္ ႏြားမ်က္လုံး တစ္လုံးသာ ရရွိခဲ့သည္။

ထိုမ်က္လုံးတို႔အား ရွင္အဇၨေဂါဏက သူ၏မ်က္လုံးအိမ္ အတြင္းသို႔ ျပန္ထည့္လိုက္သည္။ ပါဠိဘာသာအရ အဇၨသည္ “ဆိတ္”ျဖစ္ကာ ေဂါဏသည္ “ႏြား” ျဖစ္သည္ကို အ ေၾကာင္းျပဳကာ ရွင္မထီးအား ရွင္အဇၨေဂါဏ ဟုေခၚတြင္ခဲ့သည္။ ထိုအခ်ိန္မွစၿပီး ပုဂံျပည္ တစ္ျပည္လုံး မုဆိုးမပင္ ဘုရားတည္ႏိုင္သည္အထိ ခ်မ္းသာ ကုန္ၾကေလသည္။

သို႔ေသာ္ ရွင္အဇၨေဂါဏ၏ ရာဇဝင္ႏွင့္ပတ္သက္ေသာ တိက် ခိုင္မာေသာ အေထာက္ အထား၊ ေက်ာက္စာကိုမူ တစ္ခုမွ် မေတြ႕ရသျဖင့္ ဒ႑ာရီဆန္ေနသည္။ ဤ ဘုရားကို ေရွးေဟာင္းသုေတသနဌာနက ဘုရားအမွတ္( ၅၀၉– က) ဟု မွတ္ပုံတင္ထားသည္။ဘုရားေျမာက္ဖက္တြင္ ရွင္အဇၨေဂါဏ ဓါတ္ခန္းဖြင့္ထားေသာ အုတ္တိုက္တစ္ခုရွိကာ ႐ုပ္ပြားေတာ္ ၊ ရွင္အဇၨေဂါဏ ရကၠန္းစင္ေတာင္ ဆရာေတာ္႐ုပ္ထုႏွင့္ ဘိုးဘိုးေအာင္၊ ဘိုးမင္းေခါင္ ႐ုပ္တုမ်ားကို ထားရွိကာ အဓိဌာန္ဝင္လိုသူမ်ား လာေရာက္ကန္ေတာ့ၾကသည္ကို ေတြ႕ရသည္။

ဓါတ္ခန္း၏မူလ အလႉရွင္ကိုမူ မသိရေခ်။ ဤ ဘုရားဘြဲ႕ေတာ္ ေပးျဖစ္ခဲ့ပုံမွာ ဘုရားဝင္းအတြင္း အဂၢိရတ္ဖိုထိုးရာတြင္ အသုံးျပဳခဲ့ေသာ လုံကြဲမ်ား၊ မီးေသြးခဲႏွင့္ ျပာမ်ားေတြ႕ရွိခဲ့သျဖင့္ ရွင္အဇၨေဂါဏဘုရားဟု နာမည္ ေပးျခင္းသာ ျဖစ္ေလသည္။

ဘုရား၏ရာဇဝင္ကို အတိအက် မသိႏိုင္ေသာ္လည္း ဘုရား၏ တည္ေဆာက္ထားပုံ အျပင္ပန္းကို ေလ့လာႏိုင္သည္။ ရွင္အဇၨေဂါဏ ဘုရားသည္ ခုံအျမင့္ေပၚတြင္ တင္ကာ ေဆာက္လုပ္ထားသည္။

အလည္မ႑ိဳင္ (Centre Core ) ကို မထည့္သြင္းဘဲ အုတ္နံရံ ၄ ဘက္မွ တက္လာေသာ ခုံးမိုး ( ၄ ) ခုေပါင္းဆုံကာ စုထိုးေပါင္းမိုး ( Cross Vault )အျဖစ္အထက္သို႔ ကြမ္းေတာင္တက္ထားေသာ သာမာန္ပုဂံဘုရား တို႔ႏွင့္ မတူသည့္ ဘုရားျဖစ္သည္။

တိုင္မပါေသာ ဤတည္ေဆာက္ပုံမ်ိဳးသည္ ခုံးမိုးမ်ားကို ပိုင္ႏိုင္ ကြၽမ္းက်င္စြာ အသုံးခ်ႏိုင္ေသာ ပုဂံေခတ္၏ ေဆာက္လုပ္ေရး နည္းပညာကို ျပသေနေသာ ဗိသုကာျဖစ္ၿပီး ရွားပါး ဘုရားတစ္ဆူ လည္းျဖစ္သည္။

အျပင္ဖက္ပိုင္းတြင္ အဂၤေတ အမြန္းပန္း တို႔သည္ အေတာ္ပင္ ေကာင္းမြန္ ေနေသးသည္။ အတြင္းနံရံမ်ားတြင္ သမၺဳေဒၶ ဘုရားမ်ားစြာကို ပန္းခ်ီေရးဆြဲ ထားသည္။ ဤဘုရားကို ( ၁၂ ) ရာစုေႏွာင္းခန႔္က တည္ေဆာက္ခဲ့ေသာ ဘုရားဟု ပညာရွင္တို႔ ယူဆသည္။

ထို႔ေၾကာင့္ ဒ႑ာရီႏွင့္ ဆက္စပ္ကာ ဗိသုကာဆန္းၾကယ္ေသာ ရွင္အဇၨေဂါဏ ဘုရားအား ပုဂံသို႔ ေရာက္လွ်င္ သြားေရာက္ လည္ပတ္သင့္ပါေၾကာင္း ေရးသား တင္ဆက္လိုက္ပါသည္။

Credit to Writer

Unicode

ပုဂံပြည်ကြီးမှာ မုဆိုးမပင် ဘုရားတည်နိုင်တဲ့အထိ ချမ်းသာစေခဲ့တဲ့ ရှင်အဇ္ဇဂေါဏရဲ့

ပုဂံသမိုင်းကို ပြောရမည်ဆိုလျှင် ရှင်အဇ္ဇဂေါဏသည် မပါမပြီးချေ။ရှင်အဇ္ဇဂေါဏ ခေါ် ရှင်မထီးဆိုသည်မှာ ထေရဝါဒ မထွန်းကားမှီ ပုဂံပြည် သေဉ်လည်ကြောင် မင်းတရားကြီးလက်ထက်တွင် လောကီရေးရာ အဂ္ဂိရတ်ဖိုထိုးခြင်းမှ ဓါတ်လုံးအောင်ပြီး ပုဂံပြည်တွင် မုဆိုးမပင် ဘုရားတည်နိုင်သည်ဟု ပြောစမှတ်တွင်ခဲ့သူ ဖြစ်သည်။

ပုံပြင် ဒဏ္ဍာရီ ယုံကြည်သူတို့အဖို့ ပုဂံပြည်သည် ဤမျှနယ်နမိတ်အတွင်းတွင် ဘုရားပေါင်းမြောက်များစွာ တည်ရှိကြခြင်းသည် ရှင်အဇ္ဇဂေါဏကြောင့် ဖြစ်သည်ဟု ယုံကြည်ကြသည်မှာလည်း မထူးဆန်းပါ။

ရှင်အဇ္ဇဂေါဏ ဒဏ္ဍာရီကိုပြောရမည်ဆိုလျှင် ခရစ်နှစ် (344 ခုမှ 387) ခုနှစ်အထိ နန်းစံခဲ့သော သေဉ်လည်ကြောင်မင်းတရားကြီး လက်ထက်ခန့်က ဖြစ်ခဲ့သည်။ ရှင်အဇ္ဇဂေါဏသည် ရွှေဖြစ်လမ်း၊ ငွေဖြစ်လမ်းလိုက်နေသော အဂ္ဂိရတ်ထိုးခြင်း အောင်မြင်ပါက ပုဂံတစ်ပြည်လုံးချမ်းသာလိမ့်မည်။

ဓါတ်လုံး မပေါက်ခဲ့ပါက မိမိ၏ မျက်လုံးနှစ်လုံးကို ထိုးဖောက်ပစ်ရန် အာမခံခဲ့သည်။ သေဉ်လည်ကြောင် မင်းကြီးက ယုံကြည်သောကြောင့် ဓါတ်လုံးထိုးရန် ဘုရင့်ဘဏ္ဍာတိုက်မှ ရွှေများထုတ်ယူကာ ဓါတ်လုံးရွှေကျွေးသည်။ ဘုရင်သည် စိတ်ရှည်သည်းခံကာ ဘဏ္ဍာတိုက်မှ ရွှေတစ်ဝက်ခန့်ကို ထုတ်ပေးခဲ့သည်။

ဓါတ်လုံးမပေါက်ခဲ့ဘဲ ဆက်လက်ထိုးရင်း ဘဏ္ဍာတော် ၃ ပုံ ၁ ပုံသာ ကျန်တော့သည်။ နောက်ဆုံး ဘုရင် အတော်ပင် စိတ်ပျက်သွားကာ ဘဏ္ဍာတိုက်ရှိ ရွှေများလည်း အကုန် ကုန်ပြီးသွား လေတော့သည်။

ရှင်အဇ္ဇဂေါဏ၏ တပည့်များဖြစ်သော ကျော်စွာနှင့် သော်တာလင်မယားတို့ ဖိုကို မပြတ်တစ်လှည့် စီဆွဲပေးကြရင်း တစ်ညတွင် အဂ္ဂိရတ်ဖို အတွင်းမှ ရဲရဲနီနေသော ဓါတ်လုံးသည် ရွှေရောင်ပြောင်းလာကာ လင်းလက် နေလေတော့သည်။

ထိုဓါတ်လုံး အောင်သွားသည်ကို ကြားလိုက်သောဘုရင်သည် ရှင်အဇ္ဇဂေါဏ ကျောင်းသို့လိုက်လာခဲ့ပြီး ကိစ္စပြီးမြောက်သွားပြီလား ဆိုသည်ကို မေးမြန်းလေရာ ရှင်အဇ္ဇဂေါဏက ဓါတ်လုံးရွှေဖြစ်ပါပြီ၊ ဓါတ်လုံးပွင့်ရန် ဆေးရည် စိမ်ရမည်ဟု ပြန်လည်မိန့်ကြားသည်။

ထို့ကြောင့်ဘုရင်ကလည်း ဆေးရည်စိမ်ရန် စောင့်ကြည့်နေလေ သည်။ ပေထုတ်ကိုယူကာ ဓါတ်ဆေးရည်အတွက် ချဉ်ရည်စိမ်ရမည် ဖြစ်သဖြင့် တပည့်လင်မယားအား ရှောက်သီးယူ စေကာ အရည်ညှစ်ပြီး ရှောက်ရည်ထည့်ထားသော ခွက်အတွင်း ထည့်လိုက်သည်။

ထိုအခါ ဓါတ်လုံးသည် အရောင်မှိန်သွားသဖြင့် ရှင်အဇ္ဇဂေါဏက ဓါတ်လုံးပျက်သွားကြောင်း သိလိုက်ရသည်။ဘုရင်လည်း ရှင်အဇ္ဇဂေါဏ ပြောထားသော စကားအတိုင်း ဘုရင်လည်း သူ၏မျက်လုံးကို ဖောက်ထုတ် ပစ်လိုက်လေသည်။ ကျော်စွာတို့လင်မယား ကျောင်းမှ ဆင်းပြေးသည်ကို ဘုရင်က လိုက်လံသုတ်သင်ရင်း အသက်ဆုံးရှုံးခဲ့ ရသည်။

ရှင်အဇ္ဇဂေါဏလည်း စိတ်ဓါတ်ကျသွားပြီး ထိုဓါတ်လုံးအား ကျောင်းကုဋီတွင် ကိုရင်ငယ်အား ပစ်ချခိုင်းလေသည်။ ထိုအခါ ကုဋီမီးလောင်သည်ဟု ကိုရင်ငယ်က လျှောက် ထားရာ ရှင်အဇ္ဇဂေါဏက ဓါတ်လုံးပေါက်သွားမှန်း သိသဖြင့် ပြန်လည်ဆည်ယူစေခဲ့သည်။

စင်စစ် ချဉ်ရေနှင့် ချီးရေ လွဲသွားခြင်းဖြစ်သောကြောင့် ချဉ်ရေနှင့်စိမ်သော်လည်း မအောင် မြင် ရခြင်း ဖြစ်လေသည်။ ကပ္ပိယအား ဈေးသို့ရရာ မျက်လုံးဝယ်ရန် စေခိုင်းလိုက်သဖြင့် ဈေးကွဲနေပြီဖြစ်ရာ ဆိတ်မျက်လုံး တစ်လုံးနှင့် နွားမျက်လုံး တစ်လုံးသာ ရရှိခဲ့သည်။

ထိုမျက်လုံးတို့အား ရှင်အဇ္ဇဂေါဏက သူ၏မျက်လုံးအိမ် အတွင်းသို့ ပြန်ထည့်လိုက်သည်။ ပါဠိဘာသာအရ အဇ္ဇသည် “ဆိတ်”ဖြစ်ကာ ဂေါဏသည် “နွား” ဖြစ်သည်ကို အ ကြောင်းပြုကာ ရှင်မထီးအား ရှင်အဇ္ဇဂေါဏ ဟုခေါ်တွင်ခဲ့သည်။ ထိုအချိန်မှစပြီး ပုဂံပြည် တစ်ပြည်လုံး မုဆိုးမပင် ဘုရားတည်နိုင်သည်အထိ ချမ်းသာ ကုန်ကြလေသည်။

သို့သော် ရှင်အဇ္ဇဂေါဏ၏ ရာဇဝင်နှင့်ပတ်သက်သော တိကျ ခိုင်မာသော အထောက် အထား၊ ကျောက်စာကိုမူ တစ်ခုမျှ မတွေ့ရသဖြင့် ဒဏ္ဍာရီဆန်နေသည်။ ဤ ဘုရားကို ရှေးဟောင်းသုတေသနဌာနက ဘုရားအမှတ်( ၅၀၉– က) ဟု မှတ်ပုံတင်ထားသည်။ဘုရားမြောက်ဖက်တွင် ရှင်အဇ္ဇဂေါဏ ဓါတ်ခန်းဖွင့်ထားသော အုတ်တိုက်တစ်ခုရှိကာ ရုပ်ပွားတော် ၊ ရှင်အဇ္ဇဂေါဏ ရက္ကန်းစင်တောင် ဆရာတော်ရုပ်ထုနှင့် ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ရုပ်တုများကို ထားရှိကာ အဓိဌာန်ဝင်လိုသူများ လာရောက်ကန်တော့ကြသည်ကို တွေ့ရသည်။

ဓါတ်ခန်း၏မူလ အလှူရှင်ကိုမူ မသိရချေ။ ဤ ဘုရားဘွဲ့တော် ပေးဖြစ်ခဲ့ပုံမှာ ဘုရားဝင်းအတွင်း အဂ္ဂိရတ်ဖိုထိုးရာတွင် အသုံးပြုခဲ့သော လုံကွဲများ၊ မီးသွေးခဲနှင့် ပြာများတွေ့ရှိခဲ့သဖြင့် ရှင်အဇ္ဇဂေါဏဘုရားဟု နာမည် ပေးခြင်းသာ ဖြစ်လေသည်။

ဘုရား၏ရာဇဝင်ကို အတိအကျ မသိနိုင်သော်လည်း ဘုရား၏ တည်ဆောက်ထားပုံ အပြင်ပန်းကို လေ့လာနိုင်သည်။ ရှင်အဇ္ဇဂေါဏ ဘုရားသည် ခုံအမြင့်ပေါ်တွင် တင်ကာ ဆောက်လုပ်ထားသည်။

အလည်မဏ္ဍိုင် (Centre Core ) ကို မထည့်သွင်းဘဲ အုတ်နံရံ ၄ ဘက်မှ တက်လာသော ခုံးမိုး ( ၄ ) ခုပေါင်းဆုံကာ စုထိုးပေါင်းမိုး ( Cross Vault )အဖြစ်အထက်သို့ ကွမ်းတောင်တက်ထားသော သာမာန်ပုဂံဘုရား တို့နှင့် မတူသည့် ဘုရားဖြစ်သည်။

တိုင်မပါသော ဤတည်ဆောက်ပုံမျိုးသည် ခုံးမိုးများကို ပိုင်နိုင် ကျွမ်းကျင်စွာ အသုံးချနိုင်သော ပုဂံခေတ်၏ ဆောက်လုပ်ရေး နည်းပညာကို ပြသနေသော ဗိသုကာဖြစ်ပြီး ရှားပါး ဘုရားတစ်ဆူ လည်းဖြစ်သည်။

အပြင်ဖက်ပိုင်းတွင် အင်္ဂတေ အမွန်းပန်း တို့သည် အတော်ပင် ကောင်းမွန် နေသေးသည်။ အတွင်းနံရံများတွင် သမ္ဗုဒ္ဓေ ဘုရားများစွာကို ပန်းချီရေးဆွဲ ထားသည်။ ဤဘုရားကို ( ၁၂ ) ရာစုနှောင်းခန့်က တည်ဆောက်ခဲ့သော ဘုရားဟု ပညာရှင်တို့ ယူဆသည်။

ထို့ကြောင့် ဒဏ္ဍာရီနှင့် ဆက်စပ်ကာ ဗိသုကာဆန်းကြယ်သော ရှင်အဇ္ဇဂေါဏ ဘုရားအား ပုဂံသို့ ရောက်လျှင် သွားရောက် လည်ပတ်သင့်ပါကြောင်း ရေးသား တင်ဆက်လိုက်ပါသည်။

Credit to Writer