အေဖ့ သမီးေလး အေကာင္းအဆိုး ကို အမွား အမွန္ကို ခြဲျခားႏိုင္တဲ့လူတစ္ေယာက္ျဖစ္ႏိုင္ပါေစ (မ်က္ရည္ခိုင္မွဖတ္ပါ)

အေဖ့ သမီးေလး အေကာင္းအဆိုး ကို အမွား အမွန္ကို ခြဲျခားႏိုင္တဲ့လူတစ္ေယာက္ျဖစ္ႏိုင္ပါေစ (မ်က္ရည္ခိုင္မွဖတ္ပါ)

အေဖ့ သမီးေလး အေကာင္းအဆိုး ကို အမွား အမွန္ကို ခြဲျခားႏိုင္တဲ့လူတစ္ေယာက္ျဖစ္ႏိုင္ပါေစ (မ်က္ရည္ခိုင္မွဖတ္ပါ)

ျဖစ္ရပ္မွန္ ဇတ္လမ္းေလးတစ္ပုဒ္ ပါ ”

တစ္ခါတုန္းက ႐ြာကေလးတစ္႐ြာမွာ သားအဖ ႏွစ္ေယာက္ရွိတယ္ ။ ဖခင္ျဖစ္သူက သမီးေလကို ေမြးေမြးၿပီး ကတည္းက အလြန္အမင္းကို ခ်စ္ျမတ္ႏိုးခဲ့ရတယ္ ။

သမီးေလး ေမြးၿပီးလို႔ လသားအ႐ြယ္မွာပဲ မိခင္က ဆုံးပါးရွာတဲ့အတြက္ မိတဆိုးသမီးေလးဆိုၿပီး လိုေလေသးမရွိ ထားခဲ့တယ္ ။ဒါေပမယ့္လည္း ဘဝကံႏုံခ်ာလြန္းတဲ့အတြက္ ဆင္းဆင္းရဲရဲ႕ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ေနခဲ့ရရွာတယ္ ။ဒီလိုနဲ႔ သမီးေလး အပ်ိဳေပါက္အ႐ြယ္ေရာက္လာခဲ့တယ္ ။

“ အေဖ . . သမီး ၿမိဳ႕မွာသြားၿပီးေက်ာင္းတက္ခ်င္တယ္ ” အားတက္သေရာ ေျပာလာတဲ့ သမီးငယ္စကားေၾကာင့္ ဖခင္ျဖစ္သူရဲ႕ ရင္ထဲ ဆို႔နင့္သြားခဲ့ရတယ္ ။

“ ေအးပါသမီးရယ္ အေဖပိုင္တဲ့လယ္ကေလးေရာင္းၿပီး သမီးကို ၿမိဳ႕ေက်ာင္းထားေပးမွာေပါ့ ” ဆိုၿပီးအားေပးစကားေျပာဆိုခဲ့တယ္ ။

ဒီလိုနဲ႔ သမီးေလးတစ္ေယာက္ၿမိဳ႕ေက်ာင္းကို တက္ခဲ့ပါၿပီ ။လယ္ယာ မဲ့ျဖစ္သြားတဲ့ ဖခင္ကေတာ့ ေတာ႐ြာမွာပဲ သူမ်ားလယ္ကို အငွားသြားလုပ္လိုက္ ၊ သူမ်ားခိုင္းတာေလးလုပ္လိုက္နဲ႔ ခ်ိဳ႕တဲ့စြာေနခဲ့ရတယ္ ။

လစဥ္လတိုင္း ရသမွ် ပိုက္ဆံေလးကို ျခစ္ျခဳတ္စုလို႔ သမီးေလးအတြက္ ေပးပိုရရွာတယ္ ။တစ္ေန႔ေတာ့ သမီးေလးကိုေတြ႕ခ်င္လြန္းအားႀကီးတဲ့ဖခင္က ၿမိဳ႕ကို တက္သြားၿပီး သမီးေလးေက်ာင္းကိုလိုက္သြားခဲ့တယ္ ။

သမီးျဖစ္သူက ဖခင္ကိုေတြ႕တဲ့အခါ မ်က္ႏွာတစ္ခ်က္ပ်က္သြားၿပီး မသိခ်င္ေယာင္ေဆာင္လို႔ မေခၚမေျပာပဲ ထြက္သြားခဲ့တယ္ ။ ဖခင္က ဝမ္းနည္းစြာနဲ႔ပဲ ႐ြာကိုျပန္လာခဲ့တယ္ ။

ေနာက္တစ္ေန႔မွာ ႐ြာကိုသမီးျဖစ္သူလိုက္လာၿပီး ဖခင္ကိုေျပာတယ္ ။ “ အေဖရယ္ ရွက္စရာႀကီး သမီးေက်ာင္းကိုဘာလို႔လိုက္လာရတာလဲ … သမီးကိုေတြ႕ခ်င္တယ္ဆို စာေရးလိုက္ေပါ့ လာေတြ႕မွာေပါ့ အခုေတာ့ အေဖ့ကို သမီးအေဖမွန္းသာသိသြားရင္ သမီးရွက္လြန္းလို႔ မ်က္ႏွာေဖာ္ရဲမွာမဟုတ္ဘူး ” လို႔ေျပာခဲ့တယ္ ။

ဖခင္ျဖစ္သူက မ်က္ႏွာညႇိဳးႏြမ္းစြာနဲ႔ မ်က္ရည္ေတြစီးက်လို႔ သမီးျဖစ္သူကို ဘာမွျပန္မေျပာပဲ ေတြေတြႀကီးပဲစိုက္ၾကည့္ေနခဲ့တယ္ ။အဲဒီလိုနဲ႔ . . .သမီးေလးျဖစ္သူ ဘြဲ႕ယူတဲ့ေန႔ေရာက္လာပါၿပီ ။ သမီးျဖစ္သူက ႐ြာက အေဖလည္း ဘြဲ႕ယူတာ ၾကည့္ခ်င္မွာပဲေလ ငါ့အေဝးကေန ၾကည့္ခိုင္းရင္ရတာပဲဆိုၿပီး သူ႔အေဖကို ၿမိဳ႕ကိုလိုက္လာဖို႔ ႐ြာကိုစာပို႔လိုက္တယ္ ။ သိပ္မၾကာခင္မွာပဲ ႐ြာက စာျပန္လာတယ္ ။

“ သမီးေလး…။ သမီးေလး စာပိုတဲ့အခ်ိန္ အေဖလူ႔ေလာကမွာ မရွိေတာ့ဘူးကြယ္ သမီး ေလးၿမိဳ႕ကိုေခၚမယ့္ရက္ ဆို..အေဖ ဟာ တမလြန္မွာ ေရာက္ေနေရာေပါ့ ဒါေၾကာင့္ဒီစာေလးကို ႀကိဳေရးထားခဲ့တာပါ ..

သမီးေရ သမီးငယ္ငယ္တုန္းကေပါ့ သမီး နဲ႔အေဖ တျခား႐ြာကို သြားစဥ္က ေနကလည္းပူ လယ္ကြင္းျပင္ျပင္ထဲ မွာ စကားေလးမပီကလာပီကလာနဲ႔ သမီး ေရဆာတယ္လို႔ ပူဆာခဲ့တယ္ေနာ္ ။

အေဖတို႔ဆီမွာေသာက္ေရကလည္းပါမလာေတာ့ သမီးကို ေနရိပ္ထဲခဏထားၿပီး ကြင္းျပင္ႀကီးထဲ အေဖေျပးလႊားလို႔ တျခား႐ြာမွာ ေသာက္ေရ သြားယူခဲ့ဖူးတယ္ ။

သမီး ေနာက္ထပ္ ဆယ္ႏွစ္အ႐ြယ္ေလာက္မွာေပါ့ ။ သမီးေလး ေက်ာင္းမွာ မ်က္ႏွာမငယ္ရဖို႔ .. အေဖ ဟာ ေန႔တိုင္း ထမင္းတစ္နပ္ပဲ စားၿပီးၿခိဳးၿခံေခြၽတာခဲ့ဖူးတယ္ ။

သမီးေရ .. သမီးကို ဒါေတြျပန္ေျပာေနရတာ သမီးဆီက အေဖ့ေမတၱာကို နားလည္ေပးႏိုင္ဖို႔တစ္ခုပါပဲ ။သမီးေလး . . သမီးေလး သတိမထားမိလို႔ပါကြယ္ သမီးေလး ၿမိဳ႕ေက်ာင္းကို အေဖ အပတ္စဥ္တိုင္းေရာက္ပါတယ္ သမီးေလးရွက္မွာစိုးလို႔ အေဖ အေဝးကေနပဲ သမီးေလးကို ေငးေမာၾကည္ႏူးေနခဲ့ရတယ္ ။

သမီးရယ္ …သမီးဆီက အေဖဘာမွမေမွ်ာ္လင့္ပါဘူး လူ႔ဘဝဆိုတာက တိုတိုေလးပါ အဲဒီတိုတိုေလးအတြင္းမွာ သမီးကိုျပည့္ျပည့္စုံစုံမထားႏိုင္ခဲ့တဲ့အေဖ့ကိုယ္သာ အေဖယူႀကဳံးမရျဖစ္ခဲ့တာပါ

သမီးရယ္. . . အေဖတို႔ မိဘေတြဆိုတာ သားသမီးကိုေ႐ြးခ်ယ္ခြင့္မရွိသလို သားသမီးေတြကလည္းအေဖတို႔ကိုေ႐ြးခ်ယ္ခြင့္မရွိခဲ့ပါဘူး ။ဘဝအဆက္ဆက္က ျဖည့္ဆည္းလာတဲ့ ပါရမီေတြေၾကာင့္သာ ဒီဘဝမွာ မိဘနဲ႔သားသမီးဆိုၿပီး ေတာ္စပ္လာခဲ့ၾကရတာပါ ။

သမီးေလးေရ ..သမီးကို အေဖခြင့္လႊတ္ပါတယ္ ။ ကံတရားက မိဘကိုေစာ္ကားလို႔ အျပစ္ေပးမွာကို အေဖက စိုးရိမ္ပူပန္ေနခဲ့ရတာပါ ။သမီးေလး သြားေလရာ ခလုတ္မထိ ဆူးမညိပါေစနဲ႔ ။ ေဘးရန္ခပ္သိမ္းကင္းၿငိမ္းပါေစ …

သမီးေရ …ေဖေဖ သြားႏွင့္ၿပီ ..ကြယ္ လူ႔ေလာကမွာ အေကာင္းအဆိုးကို အမွားအမွန္ကို ခြဲျခားႏိုင္တဲ့လူတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားပါလို႔ ..မွာရင္း အေဖသြားႏွင့္ၿပီကြယ္ ……။

Credit – အရွင္နေႏၵာဘာသာ လကၤာရ

Unicode

အဖေ့ သမီးလေး အကောင်းအဆိုး ကို အမှား အမှန်ကို ခွဲခြားနိုင်တဲ့လူတစ်ယောက်ဖြစ်နိုင်ပါစေ (မျက်ရည်ခိုင်မှဖတ်ပါ)

ဖြစ်ရပ်မှန် ဇတ်လမ်းလေးတစ်ပုဒ် ပါ ”

တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိတယ် ။ ဖခင်ဖြစ်သူက သမီးလေကို မွေးမွေးပြီး ကတည်းက အလွန်အမင်းကို ချစ်မြတ်နိုးခဲ့ရတယ် ။

သမီးလေး မွေးပြီးလို့ လသားအရွယ်မှာပဲ မိခင်က ဆုံးပါးရှာတဲ့အတွက် မိတဆိုးသမီးလေးဆိုပြီး လိုလေသေးမရှိ ထားခဲ့တယ် ။ဒါပေမယ့်လည်း ဘဝကံနုံချာလွန်းတဲ့အတွက် ဆင်းဆင်းရဲရဲ့ချို့ချို့တဲ့တဲ့နေခဲ့ရရှာတယ် ။ဒီလိုနဲ့ သမီးလေး အပျိုပေါက်အရွယ်ရောက်လာခဲ့တယ် ။

“ အဖေ . . သမီး မြို့မှာသွားပြီးကျောင်းတက်ချင်တယ် ” အားတက်သရော ပြောလာတဲ့ သမီးငယ်စကားကြောင့် ဖခင်ဖြစ်သူရဲ့ ရင်ထဲ ဆို့နင့်သွားခဲ့ရတယ် ။

“ အေးပါသမီးရယ် အဖေပိုင်တဲ့လယ်ကလေးရောင်းပြီး သမီးကို မြို့ကျောင်းထားပေးမှာပေါ့ ” ဆိုပြီးအားပေးစကားပြောဆိုခဲ့တယ် ။

ဒီလိုနဲ့ သမီးလေးတစ်ယောက်မြို့ကျောင်းကို တက်ခဲ့ပါပြီ ။လယ်ယာ မဲ့ဖြစ်သွားတဲ့ ဖခင်ကတော့ တောရွာမှာပဲ သူများလယ်ကို အငှားသွားလုပ်လိုက် ၊ သူများခိုင်းတာလေးလုပ်လိုက်နဲ့ ချို့တဲ့စွာနေခဲ့ရတယ် ။

လစဉ်လတိုင်း ရသမျှ ပိုက်ဆံလေးကို ခြစ်ခြုတ်စုလို့ သမီးလေးအတွက် ပေးပိုရရှာတယ် ။တစ်နေ့တော့ သမီးလေးကိုတွေ့ချင်လွန်းအားကြီးတဲ့ဖခင်က မြို့ကို တက်သွားပြီး သမီးလေးကျောင်းကိုလိုက်သွားခဲ့တယ် ။

သမီးဖြစ်သူက ဖခင်ကိုတွေ့တဲ့အခါ မျက်နှာတစ်ချက်ပျက်သွားပြီး မသိချင်ယောင်ဆောင်လို့ မခေါ်မပြောပဲ ထွက်သွားခဲ့တယ် ။ ဖခင်က ဝမ်းနည်းစွာနဲ့ပဲ ရွာကိုပြန်လာခဲ့တယ် ။

နောက်တစ်နေ့မှာ ရွာကိုသမီးဖြစ်သူလိုက်လာပြီး ဖခင်ကိုပြောတယ် ။ “ အဖေရယ် ရှက်စရာကြီး သမီးကျောင်းကိုဘာလို့လိုက်လာရတာလဲ … သမီးကိုတွေ့ချင်တယ်ဆို စာရေးလိုက်ပေါ့ လာတွေ့မှာပေါ့ အခုတော့ အဖေ့ကို သမီးအဖေမှန်းသာသိသွားရင် သမီးရှက်လွန်းလို့ မျက်နှာဖော်ရဲမှာမဟုတ်ဘူး ” လို့ပြောခဲ့တယ် ။

ဖခင်ဖြစ်သူက မျက်နှာညှိုးနွမ်းစွာနဲ့ မျက်ရည်တွေစီးကျလို့ သမီးဖြစ်သူကို ဘာမှပြန်မပြောပဲ တွေတွေကြီးပဲစိုက်ကြည့်နေခဲ့တယ် ။အဲဒီလိုနဲ့ . . .သမီးလေးဖြစ်သူ ဘွဲ့ယူတဲ့နေ့ရောက်လာပါပြီ ။ သမီးဖြစ်သူက ရွာက အဖေလည်း ဘွဲ့ယူတာ ကြည့်ချင်မှာပဲလေ ငါ့အဝေးကနေ ကြည့်ခိုင်းရင်ရတာပဲဆိုပြီး သူ့အဖေကို မြို့ကိုလိုက်လာဖို့ ရွာကိုစာပို့လိုက်တယ် ။ သိပ်မကြာခင်မှာပဲ ရွာက စာပြန်လာတယ် ။

“ သမီးလေး…။ သမီးလေး စာပိုတဲ့အချိန် အဖေလူ့လောကမှာ မရှိတော့ဘူးကွယ် သမီး လေးမြို့ကိုခေါ်မယ့်ရက် ဆို..အဖေ ဟာ တမလွန်မှာ ရောက်နေရောပေါ့ ဒါကြောင့်ဒီစာလေးကို ကြိုရေးထားခဲ့တာပါ ..

သမီးရေ သမီးငယ်ငယ်တုန်းကပေါ့ သမီး နဲ့အဖေ တခြားရွာကို သွားစဉ်က နေကလည်းပူ လယ်ကွင်းပြင်ပြင်ထဲ မှာ စကားလေးမပီကလာပီကလာနဲ့ သမီး ရေဆာတယ်လို့ ပူဆာခဲ့တယ်နော် ။

အဖေတို့ဆီမှာသောက်ရေကလည်းပါမလာတော့ သမီးကို နေရိပ်ထဲခဏထားပြီး ကွင်းပြင်ကြီးထဲ အဖေပြေးလွှားလို့ တခြားရွာမှာ သောက်ရေ သွားယူခဲ့ဖူးတယ် ။

သမီး နောက်ထပ် ဆယ်နှစ်အရွယ်လောက်မှာပေါ့ ။ သမီးလေး ကျောင်းမှာ မျက်နှာမငယ်ရဖို့ .. အဖေ ဟာ နေ့တိုင်း ထမင်းတစ်နပ်ပဲ စားပြီးခြိုးခြံချွေတာခဲ့ဖူးတယ် ။

သမီးရေ .. သမီးကို ဒါတွေပြန်ပြောနေရတာ သမီးဆီက အဖေ့မေတ္တာကို နားလည်ပေးနိုင်ဖို့တစ်ခုပါပဲ ။သမီးလေး . . သမီးလေး သတိမထားမိလို့ပါကွယ် သမီးလေး မြို့ကျောင်းကို အဖေ အပတ်စဉ်တိုင်းရောက်ပါတယ် သမီးလေးရှက်မှာစိုးလို့ အဖေ အဝေးကနေပဲ သမီးလေးကို ငေးမောကြည်နူးနေခဲ့ရတယ် ။

သမီးရယ် …သမီးဆီက အဖေဘာမှမမျှော်လင့်ပါဘူး လူ့ဘဝဆိုတာက တိုတိုလေးပါ အဲဒီတိုတိုလေးအတွင်းမှာ သမီးကိုပြည့်ပြည့်စုံစုံမထားနိုင်ခဲ့တဲ့အဖေ့ကိုယ်သာ အဖေယူကြုံးမရဖြစ်ခဲ့တာပါ

သမီးရယ်. . . အဖေတို့ မိဘတွေဆိုတာ သားသမီးကိုရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်းအဖေတို့ကိုရွေးချယ်ခွင့်မရှိခဲ့ပါဘူး ။ဘဝအဆက်ဆက်က ဖြည့်ဆည်းလာတဲ့ ပါရမီတွေကြောင့်သာ ဒီဘဝမှာ မိဘနဲ့သားသမီးဆိုပြီး တော်စပ်လာခဲ့ကြရတာပါ ။

သမီးလေးရေ ..သမီးကို အဖေခွင့်လွှတ်ပါတယ် ။ ကံတရားက မိဘကိုစော်ကားလို့ အပြစ်ပေးမှာကို အဖေက စိုးရိမ်ပူပန်နေခဲ့ရတာပါ ။သမီးလေး သွားလေရာ ခလုတ်မထိ ဆူးမညိပါစေနဲ့ ။ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ …

သမီးရေ …ဖေဖေ သွားနှင့်ပြီ ..ကွယ် လူ့လောကမှာ အကောင်းအဆိုးကို အမှားအမှန်ကို ခွဲခြားနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါလို့ ..မှာရင်း အဖေသွားနှင့်ပြီကွယ် ……။

Credit – အရှင်နန္ဒောဘာသာ လင်္ကာရ