မြင့်မိုရ်တောင်အကြောင်း သိကောင်းစရာ

မြင့်မိုရ်တောင်အကြောင်း သိကောင်းစရာ
မြင့်မိုရ်တောင်အကြောင်း သိကောင်းစရာ

 

မြင့်မိုရ်တောင်အကြောင်း သိကောင်းစရာ

မြင်းမိုရ်တောင်နှင့်ပတ်သတ်၍လူအများကစိတ်ဝင်စားကြသည်။အထူးသဖြင့် ဗုဒ္ဓဘာသာဝင်များကပို၍စိတ်ဝင်စားကြသည်။ကျွန်ုပ်ငယ်စဉ်က

မြင်းမိုရ်တောင်နှင့်ပတ်သတ်၍ဖတ်ခဲ့သောစာအုပ်များ လူကြီးများပြောပြသောအကြောင်းအရာများ ကျမ်းများမှဆိုသောအချက်ကိုဗဟုသုတ အနေနှင့်တင်ပေးလိုက်ပါသည်။

အလောင်းစည်သူမင်းသည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသောမင်းတစ်ပါးဖြစ်သောကြောင့် သွားလိုရာနေရာသို့လက်ညိုးညွှန်ပါက

ဖောင်စကြာသွားနိုင်သော ရေလမ်းပေါ်သည်ဟု အဆိုများရှိသည်။သို့ကြောင့်ဖောင်စကြာဖြင့် မြင်းမိုရ်တောင်သို့အရောက်သွားလေသည်။

အလောင်းစည်သူမင်း၏ ဘုန်းတန်ခိုးကြောင့် မြင်းမိုရ်တောင်သို့ရောက်နိုင်သည်ကိုသိမြင်သော သိကြားမင်းသည်

တာဝတိံသာမှဆင်း၍တားလေ၏။၎င်းက အဘိုးအိုယောင်ဆောင်၍ တားခြင်းဖြစ်သည်။

“အသင်မင်းကြီးဘယ်အရပ်ကိုသွားပါမည်နည်း” “ငါသည် မြင်းမိုရ်တောင်ကိုရောက်လိုသောကြောင့် ခရီးထွက်လာခြင်းဖြစ်သည်”

“မြင်းမိုရ်တောင်ဟာ လူသားတွေမရောက်နိုင်သော နေရာဖြစ်ပေတယ် အသင်မင်းကြီးသွားလျှင်လဲ မြင်းမိုရ်တောင်အားတွေ့မြင်ခွင့်ရမည်မဟုတ်ပေ”

“အဘယ်သို့ကြံဆောင်ရမည်နည်း”

“မြင်းမိုရ်တောင်ကိုတွေ့ခွင့်မရသော်လဲ ထိုနေရာမှအသံကိုကြားရသောနေရာအား ငါပို့ဆောင်ပေးမည်”

“ကောင်းပါပြီ မရောက်နိုင်သော်လဲ အသံကြားရလျှင်ကျေနပ်ပါပြီ”

ဟုပြောသဖြင့် သိကြားမင်းတန်ခိုးဖြင့် မြင်းမိုရ်တောင်၏အောက်ခြေအရောက်ပို့ပေး၏။၎င်းတို့ကိုပို့ဆောင်ပေးသောနေရာမှာ

မြင်းမိုရ်တောင်၏ တောင်ဘက်ဖြစ်၏။ထိုနေရာတွင် ပတ္တမြားအညိုရောင်များတောက်ပသောကြောင့် ပါလာသူများမှာမျက်လုံးမဖွင့်နိုင်အောင်ဖြစ်ကြ၏။

သိကြားမင်းက အလောင်းစည်သူမင်းအားပြော၏။

“မင်းကြီးသင်ရောက်နေသောနေရာသည် မြငးမိုရ်တောင်၏တောင်ဘက်ခြမ်းဖြစ်ပေသည်။မျက်စိကိုပုဝါဖြင့်ကွယ်ထားပါ။

မကွယ်ပါက မြင်းမိုရ်တောင်မှထွက်လာသော အလင်းရောင်ထိကာ မျက်စိများပျက်စီးခြင်းသို့ရောက်ပါလိမ့်မည်။”

“ကောင်းလှပေပြီ”

“မြင်းမိုရ်တောင်၏ တောင်ဘက်တွင် ဇမ္ဗူသပြေပင်ရှိ၏ ထိုသပြေပင် အသီးကြွေသံကိုနားဆင်ပါလော့” ထိုအချိန်နားထဲသို့သာယာသောအသံချို့ဝင်လာသည်။

“ရွှီ ရွှီ ရွှီ ရွှီ”

“ပလုပ် ပလုပ် ပလုပ် ပလုပ်”

“ဝုန်း” ဟူသောအသံများပင်ဖြစ်သည်။

နှဲကဲသို့သာယာသောလေတိုးသံ သပြေသီးကြွေကျသံနှင့်အတူ ဝုန်း ဟူသောအသံကိုပါကြားရသဖြင့် မင်းကြီးကမေးလေသည်။

“ဘယ်လိုအသံမျိုးတွေဖြစ်သနည်း”

“ပထမကြားကသောအသံသည် ဇမ္ဗူသပြေပင်ကိုလေတိုးသောအသံဖြစ်ပြီး ဒုတိယကြားရသောအသံသည် သပြေသီးများကြွေကျသောအသံဖြစ်၍

တတိယကြားရသောအသံမှာ ရေထဲသို့ကြလာသောသပြေသီးများကို ငါးကြီး အာနန္ဒာမှ ဟပ်၍စားသောအသံဖြစ်ပေသည်။”

ထိုအသံများကိုကြားရသောအခါ မင်းကြီးစိတ်ထဲကြည်နူးအေးချမ်းစိတ်ဖြစ်ပေါ်လာသည်။သို့ကြောင့်ထိုအသံများကိုမှတ်သားစေပြီး

ထိုအသံတို့ကိုအတုယူပြီး အလှုပွဲလုပ်သောအခါအသုံးပြုသော ဗျောသံကို စီမံစေသည်။

ထို့နောက် လူမင်းဘုန်းကြီးနတ်မင်းမနေသာ ဟူသောစကားအတိုင်း အလောင်းစည်သူမင်းသည်သာသနာပြုမင်းတစ်ပါးဖြစ်လာမည်ကို

မြင်သောကြောင့် ကူညီစောင့်ရှောက်ပေးရန်အကြံဖြစ်လေသည်။ထို့ကြောင့် အဝန်း ၁၀ ယူဇနာတိုင်အောင်

သင်းပျံ့မွှေးကြိုင်သော သရက္ခန်သားကိုဖြတ်ယူလျှက် မင်းကြီးအားပေးလေသည်။

“အရှင်မင်းကြီး ဤသရက္ခန်သားသည် ဆယ်ယူဇနာတိုင်အောင် သင်းပျံ့မွှေးကြိုင်၏။ဤသရက္ခန်သားကို မြတ်စွာဘုရားရုပ်ပွားတော်

ထုလုပ်ကိုးကွယ်သော် မြင်းမိုရ်တောင်ကို ရောက်ရသည်ထက်ပင် အကျိုးကျေးဇူးများစွာရပေလိမ့်မည်”ဟုပြောဆိုပြီး ဌာပနာထည့်ရန်ဓာတ်တော်တို့ကိုပါ တစ်ပါတည်းပေးလိုက်၏။

၎င်းတို့မှာ- သီသဓာတ်တော်(၆)ဆူ သီးချာဓာတ်တော်(၁)ဆူ လက်ယာနားမွှေးတော်မှဖြစ်သောဓာတ်တော်(၁)ဆူ ကျောက်ကပ်တော်မှဖြစ်သောဓာတ်တော်(၁)ဆူ

သရီရဓာတ်တော်(၁)ဆူ လက်ယာလက်မောင်းမှဖြစ်တော်မူသောဓာတ်တော်(၁)ဆူ နှလုံးမှဖြစ်သောဓာတ်တော်(၁)ဆူ စုစုပေါင်း

ဓာတ်တော် ၁၂ ဆူအားပေးအပ်လေ၏။ထို့နောက်မှာသိကြားမင်းကပင် သရက္ခန်သားကို သရက္ခန်ရုပ်ပွားတော်(၅)ဆူနှင့်စူးဆောက်မှကျသော

သစ်သားစများကိုသစ်စေးသရိုးနယ်လျက် ထုလုပ်တော်ရုပ်ပွားတော် (၁) ဆူ စုစုပေါင်းရုပ်ပွားတော် (၆) ဆူအား မင်းကြီးကိုပေးအပ်ခဲ့သည်။

ဤကား မြင်းမိုရ်တောင်ရှိသည်ဟူသော သာဓကအချို့ပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အလောင်းစည်သူမင်းကြီးကိုသိကြားမင်းထုလုပ်ပေးခဲ့သော သရက္ခန်ဘုရားတို့မှာ ပခုက္ကူနယ်တွင်ကိုးကွယ်လျက်ရှိကြပြီ

း စည်သူရှင်သရက္ခန်ဘုရားနှင့်ရွှေတန့်တစ်သရက္ခန်ဘုရားတို့မှာ ထင်ရှားသောဘုရားများဖြစ်ကြသည်။

အခြားသာဓကတစ်ခုမှာ မြတ်စွာဘုရား၏အောင်ခြင်း ၈ ပါးတွင် နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမတော်မူသောအခန်း၌ မြင်းမိုရ်တောင်အကြောင်းဖော်ပြထားသည်ကိုတွေ့ကလေသည်။

ဗုဒ္ဓကျမ်းစာများနှင့်မြန်မာ့စွယ်စုံကျမ်းတို့တွင်ဖော်ပြထားသော မြင်းမိုရ်တောင်နှင့်ပတ်သက်သောအကြောင်းအရာများကိုဖော်ပြပါမည်။

တောင်တကာတို့၏မင်းဖြစ်သော မြင်းမိုရ်တောင်သည် မဟာသမုဒ္ဒရာ၏အပေါ် ယူဇနာ ၈၄၀၀၀ မြင့်၍ မဟာသမုဒ္ဒရာ၏အောက်

ယူဇာန ၈၄၀၀၀ နစ်မြုပ်နေ၏။မြင်းမိုရ်တောင်ထိပ်မြေအရပ်သည် အလုံးစုံသောမြေအရပ်တို့မဖြစ်ပေါ်မီ ရှေးဦးပထမဖြစ်ပေါ်လာ၍ ယူဇနာ ၈၄၀၀၀ ကျယ်၏။

မြင်းမိုရ်တောင်ဖြစ်ပေါ်လာပုံ

မြင်းမိုရ်တောင်ဦးစွာပထမဖြစ်ပေါ်လာပုံမှာ ဤသို့ဖြစ်၏။ကမ္ဘာကိုမီးလောင်၍ စကြာဝဋာကုဋေတစ်သိန်းလုံး အကုန်ဘာမှမကျန်အောင်ပျက်စီးသွားပြီးနောက်

ကမ္ဘာပြုမိုးကြီးရွာသဖြင့် အကုန်လုံးရေနှင့်ပြည့်ကုန်၏။ထိုရေတို့သည် အထက်ပဌမဈာန်ဗြဟ္မာဘုံမှ တစ်ဖြည်းဖြည်းလျော့နည်း၍လာရာ

မြင်းမိုရ်တောင်မည်သောနေရာ၌ ရေတို့သည်အလွန်ပျစ်ချွဲလာ၏။ကာလတန်ကြာသောအခါ ထိုရွှံ့ပျစ်ချွဲကြီးမှရွှံ့လွှာကြီးဖြစ်လာ၏။ဤရွှံ့လွှာခဲကြီးသည်

လှည်းဘီးကဲ့သို့ဝိုင်းလျက်ရှိကာ ယူဇနာ ၈၄၀၀၀ ကျယ်၏။ယုဂန္ဓိုလ်တောင်သည် ယူဇာ ၄၂၀၀၀ မြင့်၏။နေလနက္ခတ်တို့သည် မြင်းမိုရ်တောင်ကို

လက်ယာရစ်လှည့်၍ ယုဂန္ဓိုလ်တောင်ထိပ်နှင့်မျှသော ယူဇနာ ၄၂၀၀၀ မြင့်သောကောင်းကင်တွင် မြား၏လျှင်ခြင်းထက် ဆယ်ဆမကသော

လျင်ခြင်းနှင့်သွားကြ၏။ ဣသိန္ဓိုရ်တောင်သည် ယူဇနာ ၂၁၀၀၀ မြင့်၍ ကရဝိတောင်မှာ ယူဇနာ ၁၀၅၀၀ မြင့်၏။သုဒဿနတောင်သည်

ယူဇနာ ၅၂၅၀ မြင့်၍ နေမိန္ဓရတောင်သည် ယူဇနာ ၂၆၂၅ မြင့်လျက် ဝနတကတောင်သည် ၁၃၀၂ ယူဇနာ ၂ ဂါဝုတ်မြင့်၏။

မြင်းမိုရ်တောင်၏အေ့ရှဘက်ခြမ်းသည် ငွေသားအတိပြီး၏။

မြောက်ဘက်အခြမ်းသည် ရွှေသားအတိပြီး၏။

တောင်အရပ်အခြမ်းသည် ပတ္တမြားအညိုတိပြီး၏။

အနောက်ရပ်အခြမ်းကား ဖလ်သားအတိပြီး၏။

ဤရွှံ့ခဲ၏ နံဘေး၌ရေအစုအဝေးကား အလွန်ကြည်၍ကျဲ၏။ထိုရေကြည်ရေကျဲတို့သည် တစ်ဖန်ခန်းလျော့၍လာပြန်၏။မြင်းမိုရ်တောင်ကြီးကားခဲမလျော့ပဲ

အောက်သို့တိုး၍ ထူ၍ထူ၍လာ၏။နောက်ဆုံးတွင် မဟာသမုဒ္ဒရာ အပေါ်သို့ ယူဇနာ ၈၄၀၀ မြင့်၍တည်နေ၏။

ယုဂန္ဓိုလ်တောင် ဣသိန္ဓိုရ်တောင် ကရဝိတောင် သုဒဿနတောင် နေမိန္ဓရတောင် ဝိနတကတောင် အဿကဏ်တောင် မည်သော တောင် ၇ လုံးသည်

မြင်းမိုရ်တောင်ကိုဝိုင်းရံလျက်ရှိသည်။ထိုတောင်စဉ် ၇ ထပ်ကြားတွင် သီဒါ တန်သည် အစဉ်တိုင်း မြင်းမိုရ်တောင်ကို ဗဟိုပြု၍ဝိုင်းရံလျက်ရှိကြပြန်သည်။

အဆိုပါ သီဒါ ၇ တန်တို့သည် အထပ်ထပ်ဝန်းရံလျက်ရှိကာ ရေကွင်းကြီးများကဲ့သို့ရှိနေလေသည်။ဖုန်မှုန့်မြေ ရွှံ့မြေဟူ၍မရှိပေ။မြင်းမိုရ်တောင်၏

အရပ်လေးမျက်နှာတွင် ကျွန်းငယ် ၅၀၀ စီခြံရံလျက် ကျွန်းကြီးလေးကျွန်းဖြစ်ပေါ်၏။အေ့ရှကျွန်းနှင့်အနောက်ကျွန်းတို့ကား ယူဇနာ ၇၀၀၀ကျယ်၏

။မြောက်ကျွန်းကားယူဇာနာ ၈၀၀၀ ကျယ်၍ တောင်ကျွန်းကား ယူဇနာ ၁၀၀၀၀ ကျယ်၏။စကြာဝဠာတစ်ခု၌ ဤကဲ့သို့မြင်းမိုရ်တောင်ကိုဗဟိုပြု၍

သီဒါ ၇ တန်တောင်စဉ် ၇ ထပ် ဝန်းရံလျက်ရှိကြကုန်၏။မြင်းမိုရ်တောင်၏ အရပ်လေးမျက်နှာတွင် ကျွန်းကြီးလေးကျွန်းရှိ၏။

ရှေးအခါကမြန်မာဆိုရိုးများတွင် “လူသူမရောက်မြင်းမိုရ်တောင်””သုံးကျွန်းလင်းခိုက် တစ်ကျွန်းမိုက်”ဟူ၍ ရည်ညွှန်းဖော်ပြချက်များပါ၏။လေးကျွန်းတစ်မြင်းမိုရ်ရှိသော

ကမ္ဘာကြီးကို တစ်စကြာဝဠာဟုခေါ်သည်။ဤသည်မှာ ဗုဒ္ဓဘာသာတို့၏အယူအဆဖြစ်သည်။

ကျမ်းဂန်များ၌ သမုဒ္ဒရာလေးစင်း ကျွန်းကြီးလေးကျွန်း တောင်စဉ်ခုနှစ်ထပ်နှင့် သီတာခုနှစ်တန်တို့၏အလယ်၌ မြင်းမိုရ်တောင်ရှိသည်ဟုဖော်ပြထားသည်။

စကြာဝဠာဟူသည် ဝန်းဝိုင်းသောတွင်းကြီးဟုခေါ်သည်။အပေါ်စီးမှကြည့်လျှင်အေ့ရှအနောက်တောင်မြောက် အစွဲပြု၍ အောက်ပါအတိုင်းအတာတို့ရှိသည်။

(က)အထုတ်အချင်းအတိုင်းအရှည်ပမာဏ

(၁.၂၀၃.၄၅၀)ယူဇနာ

(ခ)လုံးပတ်အတိုင်းအတာပမာဏ

(၃.၆၁၀.၃၅၀)ယူဇနာ

(ဂ)မြေကြီးထုပမာဏ

(၂၄၀.၀၀၀)ယူဇနာ

(ဃ)မြေခံရေထုပမာဏ

(၄၉၀.၀၀၀)ယူဇနာ

(င)မြေခံလေထုပမာဏ

(၉၆၀.၀၀၀)ယူဇနာ

နေဝင်နေထွက်မှုမှာ စကြာဝဠာ အဝန်းအဝိုင်းမှထွက်ခြင်း တက်ခြင်းကိုရည်ရွယ်၍ ယင်းနေထွက်ရာ နေဝင်ရာကို စကြာဝဠာတောင်ဟုတင်စားခေါ်ဝေါ်ခြင်းဖြစ်သည်

။ရေမြုပ် ရေပေါ် နှစ်ပြန်ရှိမှုကို”၈၄၀၀၀ နှစ်ပြန်ဆောင်သည် ထိုတောင်ထိပ်မှာ မိုးရပ်ချာ၌”ဟု ကိုးခန်းပျို့တွင်တွေ့ရသည်။တာဝတိံသာနတ်ပြသည်

မြင်းမိုရ်တောင်၏အမြင့် ယူဇနာ ၁၀၀၀၀ ၌ တည်၏။ထို တာဝတိံသာနတ်ပြည်ကား စကြာဝဠာတောင်နှင့်တစ်ဆက်တည်းတည်၏။မြင်းမိုရ်တောင်သည်

ခုံလောက် ၃ ခု ပေါ်တွင် တည်ထားသော ထမင်းအိုးကဲ့သို့ ကျောက်ထွတ် ၃ ခုအတွင်းသို့ ယူဇနာ ၄၀၀၀ တိုင်ဝင်လျက်ရှိ၏။

ရာဇမတ္တဏ်ကျမ်းအဆိုရ လေ၌ရေတည် ရေပေါ်၌မြေတည်ပြီး မြေပေါ်တွင်စကြာဝဠာတောင်နှုတ်ခမ်းသည်ဝန်းဝိုင်းကြောင်း အလယ်တွင်မြင်းမိုရ်တောင်ပေါက်ကြောင်း

မြေပြင်တွင် လူ တိရိစ္ဆာန် ပြိတ္တာစသည်တို့နေကြောင်းဖော်ပြထားသည်။မြင်းမိုရ်တောင်အထက်ပိုင်းတွင် တာဝတိံသာနတ်များနေကြပြီ

း အောက်ပိုင်းမှမြေပြင်အထိ စတုမဟာရာဇ်နတ်တို့နေကြသည်။သို့ဖြစ်၍ နေ လ နက္ခတ်တာရာ စသည့်အနန္တသည် စတုမဟာရာဇ်နတ်တို့၏ နေရာဖြစ်သည်ဟု အဆိုရှိပေသည်။

ပံသုပထဝီ၌ ရတနာတို့ဖြင့်ပြီးသောသဲပြင်ဝယ် အသူရာပြည်တည်ရှိသည်။မြင်းမိုရ်တောင်၏ အထက်ကောင်းကင်ဝယ် ယာမာ စသောနတ်ပြည်လေးပုံအဆင့်ဆင့်တည်၏။

အသူရာပြည်သည် မြင်းမိုရ်တောင်အောက်အထွတ် ၃ ခုတို့၏အလည် ယူဇနာ ၁၀၀၀၀ ရှိသောအရပ်တွင် တည်၏။ဝေပစိတ္တအသူရိန်နတ်မင်း

မင်းပြုသည်။မြင်းမိုရ်တောင်ကိုလှည့်ပတ်သွားရာ နေလမ်းကြောင်းသုံးသွယ်ရှိသည်။

(က)မဇ္ဈဝီထိ

(ခ)အန္ထောဝီထိ

(ဂ)ဗာဟီရဝီထိ တို့ဖြစ်သည်။

မဇ္ဈဝီထိအရ ပျမ်းမျှ မနီးမဝေး(၂၇၆.၈၉၂)ယူဇနာ ၂ ဂါဝုတ်ဖြင့်သွား၏။

အန္ထောဝီထိအရ ပျမ်းမျှမနီးမဝေး (၁၃၉.၃၉၁) ယူဇနာ ၁ ဂါဝုတ် ရှိ၏။

ဗာဟီရဝီထိအရ ပျမ်းမျှ မနီးမဝေး (၄၁၉.၇၉၉) ယူဇနာ ၃ ဂါဝုတ်ဖြစ်သည်။

မြင်းမိုရ်တောင်၏ပုံသဏ္ဏာန်သည် အခြားတောင်များကဲ့သို့ လေးထောင့်ပုံမဟုတ်ပေ အချွန်တက်ပုံလဲမဟုတ်ပေ အလုံးဟုမှတ်ရာ၏ဟု လုံးတော်ဆရာတော်က ရှင်းလင်းဖော်ပြသည်။

မြင်းမိုရ်တောင်တွင် အရပ်လေးမျက်နှာ အရောင်လေးပါးရှိ၏။(ထိုအရောင်တို့ကို အထက်တွင်ဖော်ပြခဲ့ပါသည်။)ကျမ်းဂန်လာ ကျွန်းကြီးလေးကျွန်းလဲရှိသည်။

(က)ဇမ္ဗူဒီပါတောင်ကျွန်းသည် လှည်းဦးသဏ္ဌာန်ရှိ၏။

(ခ)အေ့ရှကျွန်းသည် လထက်ဝက်သဏ္ဌာန်ရှိ၏။

(ဂ)မြောက်ကျွန်းသည် လေးထောင့်အင်းပျဉ် ပုံသဏ္ဌာန်ရှိ၏။

(ဃ)အနောက်ကျွန်းကား လပြည့်ဝန်း ပုံသဏ္ဌာန်ရှိလေ၏။

သို့ဖြစ်၍ “လေးကျွန်းတစ်မြင်းမိုရ်” ဟုဆိုကြခြင်းဖြစ်သည်။လေးကျွန်းသား လေးကျွန်းသူတို့မျက်နှာကား

မိမိတို့နေထိုင်ရာကျွန်းပုံသဏ္ဌာန်နှင့်တူ၏။ကျွန်းသူကျွန်းသားတို့၏အသက်အပိုင်းခြားကား တစ်ကျွန်းနှင့်တစ်ကျွန်းမတူပေ။

(က)ဇမ္ဗူဒိပ်ကျွန်းသားတို့၏သက်တမ်းသည်အမြဲမရှိ။ရံခါ ၁၀ နှစ်တန်းရှိ၍ ရံခါ အင်္သေချေတန်းရှိတတ်သည်။

(ခ)အေ့ရှကျွန်း(ပမုဝိဒေဟ)ကျွန်းသူကျွန်းသားတို့်သည် အသက် ၇၀၀ ကျော်နေရကုန်၏။

(ဂ)အနောက်ကျွန်း(အပရဂေါယာ) ကျွန်းသူကျွန်းသားတို့သည် အသက် ၅၀၀ ကျော်နေရကုန်၏။

(ဃ)မြောက်ကျွန်း(ဥတ္တကုရုံ)

ကျွန်းသူကျွန်းသားတို့၏အသက်ကား ၁၀၀၀ ရှည်၏။ကျမ်းဂန်အရ (အာယုကပ်)သည် ဆုတ်ကပ်မရှိမြဲနေသည်ဟုဆို၏။

အထက်ပါအချက်များသည် မြင်းမိုရ်တောင်နှင့်ပတ်သက်သောအချက်များဖြစ်သည်။ မြင်းမိုရ်တောင်နှင့်ပတ်သက်၍ ယခုထက်တိုင် သာဓက

ပြနိုင်သောအချက်များမှာ ဗျောသံနှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် လူအများကိုးကွယ်နေသော စည်သူရှင်ဘုရား ရွှေတန့်တစ်ဘုရား

အပါအဝင်သရက္ခန်ဘုရားငါးဆူဖြစ်ကြပေသည်။ထိုရုပ်ပွားတော် ၅ ဆူတို့မှာ မြင်းမိုရ်တောင်ခြေရင်း၌ သိကြားမင်းက အလောင်းစည်သူမင်းကြီးအား

သရက္ခန်သားဖြင့်ကိုယ်တိုင်ထုလုပ်ခဲ့သော ရုပ်ပွားတော် ၅ ဆူဖြစ်သဖြင့် မြင်းမိုရ်တောင်သည် ဗုဒ္ဓဘာသာဝင်တို့အလေးအနက်ထားရာ နေရာဖြစ်သည်။

မြင့်မိုရ်တောင်

မြင့်မိုရ်တောင် (မြင့်မိုရ်တောင်) စကြဝဠာ အလယ်ဗဟို ယူဇနာ တသိန်းခြောင်သောင်း ရှစ်ထောင်-မြင့်သော

မြင့်မိုရ်တောင်သည် တည်ရှိနေ၏။ ယူဇနာ ရှစ်သောင်း လေးထောင်သည် သမုဒ္ဒရာရေတွင် နစ်မြှုပ်နေ၏။

အထက်ပိုင်း မြင့်တက်နေသော အတိုင်းအတာမှာ ယူဇနာ ရှစ်သောင်း လေးထောက်-ရှိ၏။ ထို့ကြောင့် ရှစ်သောင်း လေးထောင်-အမြင့်ဆောင်သော မြင်းမိုရ်တောင်ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။

ထိုမြင့်မိုရ်တောင်ကြီး၏ ပတ်ဝန်းကျင်၌ သီတာခေါ် မြစ်တစင်းက တံတိုင်းခတ်သလို ပတ်ရံလျက် ရှိနေလေ၏။

ထိုသီတာ၏ပြင်ဘက် ယုဂန္ဓိုရ်တောင် တည်ရှိသည်။ အမြင့်မှာ မြင်းမိုရ်တောင်၏ တဝက်သာမြင့်၍ သမုဒ္ဒရာရေအတွင်းသို့

တဝက်ဝင်နေသည်။ ထိုယုဂန္ဓိုရ်တောင် ပြင်ဘက် သီတာမြစ်ခြား၍ ဣသိန္ဓိုရ်တောင် တည်ပြန်၏။ ပြင်ဘက်တွင် သီတာမြစ် ခြားပြန်၏။

ဤနည်းအတိုင်း မြင့်မိုရ်တောင်ကို သီတာ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြသည်။ ထိုတောင်များ၏ ပြင်ဘက်၌

သမုဒ္ဒရာရေပြင်ကြီးသည် စကြာဝဠာတံတိုင်းအထိ တည်ရှိလေသည်။ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီးကျွန်းငယ် အသွယ်သွယ်

ပေါ်ထွန်းလျက်ရှိရကား မြင့်မိုရ်တောင်အရှေ့ဘက်၌ အရှေ့ကျွန်း၊ ထို့အတူ တောင်၊ နောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော

ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ်ကြသည်။

(နတ်ပြည်)

နတ်ပြည်၊ ဗြဟ္မာ့ပြည် ပေါ်ထွန်းလာပုံမှာ ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။ နေလ၊ နက္ခတ်တို့သည်

စတုမဟာရာဇ်နတ်ပြည်၌ ပါဝင်သော ဘုံဗိမာန်များဟု ဆိုသည်။ မြင်းမိုရ်တောင်ထိပ်ပေါ်၌ တာဝတိံသာ နတ်ပြည်တည်ရှိ၏။ ယာမာ

၊ တုသိတာ၊ နိမ္မာနရတီ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည် လေးထပ်ကား မြေကြီးနှင့် လုံးဝမစပ်ဘဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ

တည်ရှိလေသည်။ ဗြဟ္မာဘုံများလည်း ထို့အတူပင်ဖြစ်၏။

မြင့်မိုရ်တောင်၏ ပုံသဏ္ဌာန်

မြင့်မိုရ်တောင်သည် အလယ်ပူ၍ အထက်ရှူးနေသော မရိုးစည်လုံးသဏ္ဌာန် ရှိလေသည်။ တောင်ခါးပန်းစွန်း ဆင်ဝင်အဆင့် ငါးဆင့်ရှိကုန်၏။

၎င်းကို အာလိန်ငါးဆင့်ဟု ခေါ်ဆို၏။ ပထမအာလိန်သည် ရေ၏အထက် ပေါ်နေရကား ထိုနေရာတွင် နဂါးမင်းနှင့် မြွေမျိုးတို့နေကြ၏။

ဒုတိယအာလိန်အဆင့်ကား လက်ပံတောကြီး၌ ဂဠုန်မင်းတို့ နေကြကုန်၏။ တတိယအာလိန်အဆင့်ကား ကုမ္ဘဏ်တို့ နေကြကုန်၏။

စတုတ္ထအာလိန်အဆင့်ကား ဘီလူးရက္ခိုသ်တို့ နေကြကုန်၏။ ပဉ္စမအာလိန်အဆင့်ကား မြင့်မိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏

ထိပ်နှင့် ညီမျှ၍ ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ အမည်ရှိသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ဖြစ်၏။

မြင်းမိုရ်တောင်၏ အရှေ့ဘက်မျက်နှာ ဓတရဋ္ဌနတ်မင်း။ တောင်ဘက်မျက်နှာ ဝိရူဠကနတ်မင်း။ အနောက်မျက်နှာ ဝိရူပက္ခနတ်မင်း။ မြောက်မျက်နှာ ကုဝေရနတ်မင်းများ နေကြကုန်၏။

မြင်းမိုရ်တောင်၏ အရောင်အဆင်းမှာ- အရှေ့မျက်နှာ ငွေရောင်။ အနောက်မျက်နှာ ဖန်ရောင်။ တောင်မျက်နှာ ဣန္ဒနီလာ မြရောင်။ မြောက်မျက်နှာ ရွှေရောင် ဖြစ်၏။

(အသုရာပြည်) မြင့်မိုရ် သတ္တရဗ္ဘန်တောင်အတွင်း၌ အပေါက်လိုဏ်ခေါင်း ယူဇနာ နှစ်သောင်း အကျယ်အပြော ရှိ၏

။ မြင့်မိုရ်တောင်မင်း၏အောက်၌ ခုံလောက်သုံးခု ခံလျက်ရှိ၏။ ခုံလောက်တခုသည် တခဲနက် နီရဲသော ပတ္တမြားကျောက်ဖြင့် ပြီး၏။

အခြားတခုမှာ နီလာကျောက်ပြားခဲကဲ့သို့ ရှိ၏။ အခြားတခုမှာ မြရောင်စိမ်းစိမ်းရှိလျက် ထွန်းလင်းတောက်ပ၏။ မြင့်မိုရ်တောင်အောက် မြခုံလောက်အကြား၌ အသုရာပြည်ရှိလေသည်။

ဖတ်ဖူးသမျှ ပြန်လည်မျှဝေပါသည်။ စာဖတ်သူတိုင်း ဗဟုသုတ တိုးပွားပါစေ။

Credit =Kaungmyat Thu. မှ ကူးယူဖော်ပြသည်

Share this: