ေလယာဥ္ေပၚမွာ စကားစျမည္ေျပာရင္း ခ်စ္သြားၾကသူႏွစ္ေယာက္ရဲ႕အေၾကာင္း

ေလယာဥ္ေပၚမွာ စကားစျမည္ေျပာရင္း ခ်စ္သြားၾကသူႏွစ္ေယာက္ရဲ႕အေၾကာင္း
ေလယာဥ္ေပၚမွာ စကားစျမည္ေျပာရင္း ခ်စ္သြားၾကသူႏွစ္ေယာက္ရဲ႕အေၾကာင္း

ေလယာဥ္ေပၚမွာ စကားစျမည္ေျပာရင္း ခ်စ္သြားၾကသူႏွစ္ေယာက္ရဲ႕အေၾကာင္း

လူသားေတြရဲ႕ေရစက္ဆိုတာ သိပ္ကိုဆန္းက်ယ္လြန္းပါတယ္။ ၾကားဖူးၾကတယ္မလား ငယ္ငယ္ေလးတုန္းက ႐ိုက္ခဲ့တဲ့တစ္ေယာက္ဓာတ္ပုံထဲမွာ တစ္ေယာက္ကပါေနၿပီး လက္ထပ္ၿပီးေတာ့မွ သိခဲ့တဲ့အျဖစ္မ်ိဳးေတြ၊ မူႀကိဳတူတူတက္ဖူးတဲ့သူနဲ႔ မသိဘဲ လက္ထပ္တာမ်ိဳးေတြကို။ အခုေဖာ္ျပေပးမယ့္ ဇာတ္လမ္းေလးကလည္း ထိုနည္းတူစြာပါပဲ။ ေလယာဥ္ဖူးစာေပါ့။ တ႐ုတ္မီဒီယာေတြၾကားမွာ လတ္တေလာ ေရပန္းစားေနတဲ့ အျဖစ္အပ်က္ေလးပါ။

ဒီအေၾကာင္းကိုေတာ့ Ya Chao ဆိုတဲ့ ထိုင္ဝမ္လူငယ္ေလးရဲ႕ Facebook မွာ တင္ထားခဲ့တာပါ။ အဲဒီေန႔က အလုပ္ကေနအထုတ္ခံခဲ့ရလို႔ဆိုၿပီး ထိုင္ဝမ္ကိုေလယာဥ္စီးၿပီး စိတ္ညစ္ညစ္နဲ႔ျပန္လာခဲ့ပါတယ္။

ေလယာဥ္ေပၚေရာက္တဲ့အခ်ိန္မွာေတာ့ ဆံပင္ပန္းေရာင္ေလးနဲ႔ အရမ္းကိုခ်စ္ဖို႔ေကာင္းတဲ့ ေကာင္မေလးတစ္ေယာက္ကို သူ႔ရဲ႕ေဘးကခုံမွာထိုင္ေနတာကို ေတြ႕ခဲ့ရပါတယ္။ လူငယ္ခ်င္းလည္းျဖစ္၊ ေဘးခ်င္းကပ္လ်က္ခရီးသည္လည္းျဖစ္တာေၾကာင့္ စကားစျမည္ေျပာျဖစ္ၾကခဲ့ၿပီးေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ေတာ္ေတ္ာေလးကိုမထင္မွတ္ထားေလာက္ေအာင္ကိုရင္းႏွီးကြၽမ္းဝင္သြားခဲ့ၾကပါတယ္။

႐ုတ္တရက္ ေလယဥ္တုန္ခါသြားတဲ့အခ်ိန္မွာ ေယာင္ယမ္းၿပီးတစ္ေယာက္လက္တစ္ေယာက္ ကိုင္ခဲ့မိလို႔ေတာင္မွပဲ ရွက္ကိုးရွက္ကမ္းျဖစ္ခဲ့ရျပန္ပါေသးတယ္တဲ့။ အၾကည့္ခ်င္းဖလွယ္ေနခ်ိန္မွာပဲ ေကာင္မေလးဖက္ကစကာ မ်က္လုံးလႊဲသြားခဲ့ၿပီး အိပ္ေတာ့မယ္ဆိုတာ မ်က္လုံးကိုကာၿပီး ေခါင္းေနာက္မွီကာလွဲေနခဲ့ပါတယ္။ ဒါေပမဲ့လည္း Ya Chao ဟာ ေကာင္မေလးရဲ႕လက္ကို ထပ္ကိုင္ခဲ့ၿပီး အဲဒီအခ်ိန္မွာေတာ့ လုံးဝအလႊတ္မေပးေတာ့ပါဘူးတဲ့..

ေကာင္ေလးဟာ တ႐ုတ္ျပည္မႀကီးကေန ထိုင္ဝမ္ကိုတစ္ေယာက္တည္း လာလည္သူေလးျဖစ္ၿပီး သူမရဲ႕ပထမဆုံးလုပ္ခ်င္တဲ့အရာကေတာ့ ထိုင္ေပဘူတာမွာအိပ္မွာပါတဲ့။ ေနာက္မွာေတာာ့ Juifen ကိုသြားကာ Kending ဖက္ကို ဆက္ၿပီး သမုဒၵရာႀကီးကို ၾကည့္ခ်င္တယ္လို႔ ေျပာခဲ့ဖူးပါေသးတယ္။

ေလယာဥ္ဟာ နာရီအနည္းငယ္သာၾကာၿပီးေနာက္မွာေတာ့ ေလဆိပ္ကိုဆိုက္ေရာက္ခဲ့ပါတယ္။ ေလဆိပ္ထဲဝင္ေတာ့လူဝင္မႈၾကည့္ၾကပ္ေရးနဲ႔ျပႆနာတက္လို႔ေတာင္ သူဝင္ရွင္းေပးခဲ့ရပါေသးတယ္။ ေနာာက္မွာေတာ့ ထိုင္ေပကိုဆက္သြားခဲ့ၿပီး တစ္ေနကုန္ေလွ်ာက္လည္ခဲ့ၾကရာ ရင္ဘတ္ခ်င္းနီးစပ္သငြားခဲ့ၿပီး အခုဆိုရင္ ခ်စ္သူေတြေတာင္ျဖစ္ေနၾကပါၿပီ။

Ya Chao ဟာ စ စ ခ်င္း မွာ ေတာ့ အ လုပ္ အ ထုတ္ ခံ ခဲ့ ရ လို႔ စိတ္ ညစ္ ကာ ေလ ယာဥ္ ေပၚ တက္ ခဲ့ ရ ေပ မယ့္ ေလ ယာဥ္ ေပၚ က ျပန္ ဆင္း တဲ့ အ ခ်ိန္ မွာ ေတာ့ ခ်စ္ ရ သူ ေလး နဲ႔ ၾကည္ ႏူး ေပ်ာ္ ႐ႊင္ စြာ လက္ တြဲ ၿပီး ဆင္း ခဲ့ ရ ပါ တယ္။ ယူ တို႔ ရဲ႕ အ နာ ဂတ္ မွာ လည္း ခ်စ္ ရ သူ ေလး ဟာ မ ထင္ မွတ္ ထား တဲ့ အ ေျခ အ ေန မွာ အ ေျခအ ေန မ ေ႐ြး ေပၚ လာ ႏိုင္ တာ မ လို႔…

Penny

Credit:Shwemom

Unicode

လေယာဉ်ပေါ်မှာ စကားစမြည်ပြောရင်း ချစ်သွားကြသူနှစ်ယောက်ရဲ့အကြောင်း

လူသားတွေရဲ့ရေစက်ဆိုတာ သိပ်ကိုဆန်းကျယ်လွန်းပါတယ်။ ကြားဖူးကြတယ်မလား ငယ်ငယ်လေးတုန်းက ရိုက်ခဲ့တဲ့တစ်ယောက်ဓာတ်ပုံထဲမှာ တစ်ယောက်ကပါနေပြီး လက်ထပ်ပြီးတော့မှ သိခဲ့တဲ့အဖြစ်မျိုးတွေ၊ မူကြိုတူတူတက်ဖူးတဲ့သူနဲ့ မသိဘဲ လက်ထပ်တာမျိုးတွေကို။ အခုဖော်ပြပေးမယ့် ဇာတ်လမ်းလေးကလည်း ထိုနည်းတူစွာပါပဲ။ လေယာဉ်ဖူးစာပေါ့။ တရုတ်မီဒီယာတွေကြားမှာ လတ်တလော ရေပန်းစားနေတဲ့ အဖြစ်အပျက်လေးပါ။

ဒီအကြောင်းကိုတော့ Ya Chao ဆိုတဲ့ ထိုင်ဝမ်လူငယ်လေးရဲ့ Facebook မှာ တင်ထားခဲ့တာပါ။ အဲဒီနေ့က အလုပ်ကနေအထုတ်ခံခဲ့ရလို့ဆိုပြီး ထိုင်ဝမ်ကိုလေယာဉ်စီးပြီး စိတ်ညစ်ညစ်နဲ့ပြန်လာခဲ့ပါတယ်။

လေယာဉ်ပေါ်ရောက်တဲ့အချိန်မှာတော့ ဆံပင်ပန်းရောင်လေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို သူ့ရဲ့ဘေးကခုံမှာထိုင်နေတာကို တွေ့ခဲ့ရပါတယ်။ လူငယ်ချင်းလည်းဖြစ်၊ ဘေးချင်းကပ်လျက်ခရီးသည်လည်းဖြစ်တာကြောင့် စကားစမြည်ပြောဖြစ်ကြခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တော်တေ်ာလေးကိုမထင်မှတ်ထားလောက်အောင်ကိုရင်းနှီးကျွမ်းဝင်သွားခဲ့ကြပါတယ်။

ရုတ်တရက် လေယဉ်တုန်ခါသွားတဲ့အချိန်မှာ ယောင်ယမ်းပြီးတစ်ယောက်လက်တစ်ယောက် ကိုင်ခဲ့မိလို့တောင်မှပဲ ရှက်ကိုးရှက်ကမ်းဖြစ်ခဲ့ရပြန်ပါသေးတယ်တဲ့။ အကြည့်ချင်းဖလှယ်နေချိန်မှာပဲ ကောင်မလေးဖက်ကစကာ မျက်လုံးလွှဲသွားခဲ့ပြီး အိပ်တော့မယ်ဆိုတာ မျက်လုံးကိုကာပြီး ခေါင်းနောက်မှီကာလှဲနေခဲ့ပါတယ်။ ဒါပေမဲ့လည်း Ya Chao ဟာ ကောင်မလေးရဲ့လက်ကို ထပ်ကိုင်ခဲ့ပြီး အဲဒီအချိန်မှာတော့ လုံးဝအလွှတ်မပေးတော့ပါဘူးတဲ့..

ကောင်လေးဟာ တရုတ်ပြည်မကြီးကနေ ထိုင်ဝမ်ကိုတစ်ယောက်တည်း လာလည်သူလေးဖြစ်ပြီး သူမရဲ့ပထမဆုံးလုပ်ချင်တဲ့အရာကတော့ ထိုင်ပေဘူတာမှာအိပ်မှာပါတဲ့။ နောက်မှာတောာ့ Juifen ကိုသွားကာ Kending ဖက်ကို ဆက်ပြီး သမုဒ္ဒရာကြီးကို ကြည့်ချင်တယ်လို့ ပြောခဲ့ဖူးပါသေးတယ်။

လေယာဉ်ဟာ နာရီအနည်းငယ်သာကြာပြီးနောက်မှာတော့ လေဆိပ်ကိုဆိုက်ရောက်ခဲ့ပါတယ်။ လေဆိပ်ထဲဝင်တော့လူဝင်မှုကြည့်ကြပ်ရေးနဲ့ပြဿနာတက်လို့တောင် သူဝင်ရှင်းပေးခဲ့ရပါသေးတယ်။ နောာက်မှာတော့ ထိုင်ပေကိုဆက်သွားခဲ့ပြီး တစ်နေကုန်လျှောက်လည်ခဲ့ကြရာ ရင်ဘတ်ချင်းနီးစပ်သငွားခဲ့ပြီး အခုဆိုရင် ချစ်သူတွေတောင်ဖြစ်နေကြပါပြီ။

Ya Chao ဟာ စ စ ချင်း မှာ တော့ အ လုပ် အ ထုတ် ခံ ခဲ့ ရ လို့ စိတ် ညစ် ကာ လေ ယာဉ် ပေါ် တက် ခဲ့ ရ ပေ မယ့် လေ ယာဉ် ပေါ် က ပြန် ဆင်း တဲ့ အ ချိန် မှာ တော့ ချစ် ရ သူ လေး နဲ့ ကြည် နူး ပျော် ရွှင် စွာ လက် တွဲ ပြီး ဆင်း ခဲ့ ရ ပါ တယ်။ ယူ တို့ ရဲ့ အ နာ ဂတ် မှာ လည်း ချစ် ရ သူ လေး ဟာ မ ထင် မှတ် ထား တဲ့ အ ခြေ အ နေ မှာ အ ခြေအ နေ မ ရွေး ပေါ် လာ နိုင် တာ မ လို့…

Penny

Credit:Shwemom