သင့္ကေလးငယ္ကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈမခံရေစဖို႔ ကာကြယ္ႏိုင္မယ့္နည္းလမ္းမ်ား

သင့္ကေလးငယ္ကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈမခံရေစဖို႔ ကာကြယ္ႏိုင္မယ့္နည္းလမ္းမ်ား

သင့္ကေလးငယ္ကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈမခံရေစဖို႔ ကာကြယ္ႏိုင္မယ့္နည္းလမ္းမ်ား

ဒီေန႔ ေခတ္မွာ ကေလးငယ္ ေတြအတြက္ လုံၿခဳံမႈ ဆိုတာ တကယ့္ကို သတိထား ရမယ့္ ကိစၥတစ္ခု ျဖစ္လာခဲ့ပါၿပီ။ ဘာလို႔လဲဆိုေတာ့ ေနရာတိုင္းမွာ အခြင့္အေရးသမားေတြ၊ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေတြ ျပဳလုပ္ဖို႔အခါအခြင့္ေခ်ာင္းေနတဲ့သူေတြ ရွိေနတာေၾကာင့္ပါပဲ။ သင့္ရဲ႕ ကေလးငယ္ကို ဒီလူေတြရဲ႕လက္က လြတ္ေအာင္ ဘယ္လို ကာကြယ္ေပးႏိုင္လဲ။ ဘယ္လိုေစာင့္ေရွာက္ေပးမလဲ။ ေအာက္မွာပါတဲ့အခ်က္ေလးေတြကို ဖတ္ၾကည့္မယ္ဆိုရင္ သင္ ဗဟုသုတ ရႏိုင္ပါလိမ့္မယ္။

(၁)။ သူစိမ္းေတြကို မယုံၾကည္ေစဖို႔

ကိုယ့္ရဲ႕မိသားစုဝင္ေတြကလြဲၿပီး ျပင္ပက သူစိမ္းေတြကို ယုံယုံၾကည္ၾကည္မဆက္ဆံဖို႔ ကေလးကို အၿမဲမွာထားပါ။ တစ္ေယာက္ေယာက္က မုန႔္ေကြၽးမယ္ေျပာၿပီး ေခၚသြားရင္ မလိုက္ဖို႔၊ လမ္းႀကဳံစက္ဘီး၊ဆိုင္ကယ္၊ကား စတာေတြနဲ႔ေခၚသြားရင္ မလိုက္ဖို႔၊ အ႐ုပ္ေတြ၊ကစားစရာေတြ လက္ေဆာင္ေပးရင္ မယူဖို႔ စတာေတြကို အၿမဲမွာဖို႔မေမ့ပါနဲ႔။ ကေလး ေတြဟာ သူတို႔ ႀကိဳက္တဲ့အရာေတြနဲ႔ ဆြဲေဆာင္ခံရရင္ လူစိမ္းေတြကို ယုံၾကည္သြား တတ္တာေၾကာင့္ သင့္ရဲ႕ကေလးငယ္ကို သူစိမ္းေတြနဲ႔ ပတ္သက္ၿပီး ေသခ်ာေလး မွာထားဖို႔ လိုပါတယ္။

(၂)။ သင္ကိုယ္တိုင္လည္း မယုံပါနဲ႔

သင္ကိုယ္တိုင္လည္း သူစိမ္းေတြ၊ အသိ အကြၽမ္းေတြ၊ သူငယ္ခ်င္းေတြ လက္ထဲ ကေလးကို ယုံယုံၾကည္ၾကည္ ထည့္လိုက္ဖို႔ ဘယ္ေသာအခါမွ မစဥ္းစားပါနဲ႔။ ကိုယ္နဲ႔ မိတ္ေဆြ ျဖစ္ေနေပမယ့္လည္း သူ႔ရဲ႕အတြင္းစိတ္ ထဲမွာ ဘာရွိေနမယ္ ဆိုတာ မသိရဘူးေလ။ ေနာက္ၿပီးေတာ့ ကိုယ့္ရဲ႕ေဆြမ်ိဳးသားခ်င္းထဲ ကေန ကိုယ့္ရဲ႕ကေလးကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားတာမ်ိဳးေတြလည္း မၾကာခဏ ၾကားေနရတာပဲမဟုတ္လား။ ဒီေတာ့ သင္ကိုယ္တိုင္လည္း ဘယ္သူ႔ကိုမွ မယုံတာအေကာင္းဆုံးပါ။ ကေလးကို ကိုယ္မဟုတ္တဲ့ တျခားတစ္ေယာက္ရဲ႕ လက္ထဲ ယုံယုံ ၾကည္ၾကည္ထည့္လိုက္ဖို႔ မစဥ္းစားပါနဲ႔။

(၃)။ သင့္မွာနာမည္စာရင္းတစ္ခု ရွိပါေစ

သင့္ရဲ႕ ခင္ပြန္း၊ ဒါမွမဟုတ္ သင့္ရဲ႕ ဇနီးသည္ ၊ သင့္ရဲ႕ အေဖနဲ႔အေမ ၊ သင့္ရဲ႕ ညီမေလး စသျဖင့္ သင္အယုံၾကည္ရဆုံးလို႔ ထင္တဲ့ သူေတြကို စာရင္းတစ္ခု လုပ္ထားပါ။ သင္ မအားတဲ့ အခ်ိန္ သင့္ကေလးေက်ာင္း အႀကိဳအပို႔လုပ္တာတို႔၊ သင့္ကေလးကို အိမ္မွာထားခဲ့ဖို႔ လိုတာတို႔ဆိုရင္ အဲဒီစာရင္းထဲမွာ ရွိတဲ့ လူေတြက လြဲလို႔ ဘယ္သူနဲ႔မွ မထားခဲ့ပါနဲ႔။ တကယ္လို႔ သင့္ရဲ႕ စာရင္းထဲက လူေတြက သင္လိုအပ္တဲ့ အခ်ိန္မွာ ရွိ မေနဘူးဆိုရင္ ကေလးကို သင့္ရဲ႕ သြားေလ ရာ သာ ေခၚသြားပါ။ အဲဒါက ပိုၿပီး လုံၿခဳံ ပါလိမ့္မယ္။

(၄)။ သင္ေပးပါ

သင့္ရဲ႕ ကေလးငယ္ကို ခႏၶာကိုယ္ အစိတ္အပိုင္းေတြနဲ႔ ပတ္သက္တဲ့ ဗဟုသုတ ေတြ သင္ေပးပါ။ ဘယ္အစိတ္ အပိုင္းကေတာ့ အေရးႀကီးတယ္။ ဘယ္အစိတ္ အပိုင္းကိုေတာ့ျဖင့္ အထိ ခံလို႔မရဘူး။ စသျဖင့္ သူတို႔ကို သင္ေပးထားဖို႔ လိုပါတယ္။ သင့္အေနနဲ႔ ကေလး တစ္ေယာက္က ဒါေတြ သိစရာမလိုဘူးလို႔ မေတြးပါနဲ႔။ အဲဒီလို ဗဟုသုတ ေတြကို သူတို႔ၾကားဖူးထားျခင္းက ကေလးေတြ အတြက္ တကယ္ပဲ အေထာက္အပံ့ ျဖစ္ေစမွာပါ။

(၅)။ တစ္ေယာက္တည္း စိတ္ခ်လက္ခ်လႊတ္မထားပါနဲ႔

သင့္အေနနဲ႔ အရမ္း အလုပ္မ်ားေနတယ္ ဆိုရင္ေတာင္ ကေလးကိုေတာ့ တစ္ေယာက္တည္း စိတ္ခ်လက္ခ် လႊတ္မထားပါနဲ႔။ ကိုယ္က မီးဖိုထဲမွာ အလုပ္ရႈပ္ ေနခ်ိန္၊ ကေလးက ၿခံထဲမွာ ေဆာ့ေနတယ္ဆိုရင္ေတာင္ ၿခံတံခါးကို ေသာ့ေသခ်ာ ခတ္ထားတာမ်ိဳး လုပ္ထားပါ။ ႐ြယ္တူကေလးေတြနဲ႔ ကစားေနတယ္ ဆိုရင္ေတာင္ သင့္ရဲ႕မ်က္စိ ေအာက္မွာ ကစားေနတာမ်ိဳးက သင့္ကေလး အတြက္ ပိုၿပီး လုံၿခဳံေစ ပါလိမ့္မယ္။

Linn

Crd .:shwemom

Unicode …

သင့်ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုမခံရစေဖို့ ကာကွယ်နိုင်မယ့်နည်းလမ်းများ

ဒီနေ့ ခေတ်မှာ ကလေးငယ် တွေအတွက် လုံခြုံမှု ဆိုတာ တကယ့်ကို သတိထား ရမယ့် ကိစ္စတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ အခွင့်အရေးသမားတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပြုလုပ်ဖို့အခါအခွင့်ချောင်းနေတဲ့သူတွေ ရှိနေတာကြောင့်ပါပဲ။ သင့်ရဲ့ ကလေးငယ်ကို ဒီလူတွေရဲ့လက်က လွတ်အောင် ဘယ်လို ကာကွယ်ပေးနိုင်လဲ။ ဘယ်လိုစောင့်ရှောက်ပေးမလဲ။ အောက်မှာပါတဲ့အချက်လေးတွေကို ဖတ်ကြည့်မယ်ဆိုရင် သင် ဗဟုသုတ ရနိုင်ပါလိမ့်မယ်။

(၁)။ သူစိမ်းတွေကို မယုံကြည်စေဖို့

ကိုယ့်ရဲ့မိသားစုဝင်တွေကလွဲပြီး ပြင်ပက သူစိမ်းတွေကို ယုံယုံကြည်ကြည်မဆက်ဆံဖို့ ကလေးကို အမြဲမှာထားပါ။ တစ်ယောက်ယောက်က မုန့်ကျွေးမယ်ပြောပြီး ခေါ်သွားရင် မလိုက်ဖို့၊ လမ်းကြုံစက်ဘီး၊ဆိုင်ကယ်၊ကား စတာတွေနဲ့ခေါ်သွားရင် မလိုက်ဖို့၊ အရုပ်တွေ၊ကစားစရာတွေ လက်ဆောင်ပေးရင် မယူဖို့ စတာတွေကို အမြဲမှာဖို့မမေ့ပါနဲ့။ ကလေး တွေဟာ သူတို့ ကြိုက်တဲ့အရာတွေနဲ့ ဆွဲဆောင်ခံရရင် လူစိမ်းတွေကို ယုံကြည်သွား တတ်တာကြောင့် သင့်ရဲ့ကလေးငယ်ကို သူစိမ်းတွေနဲ့ ပတ်သက်ပြီး သေချာလေး မှာထားဖို့ လိုပါတယ်။

(၂)။ သင်ကိုယ်တိုင်လည်း မယုံပါနဲ့

သင်ကိုယ်တိုင်လည်း သူစိမ်းတွေ၊ အသိ အကျွမ်းတွေ၊ သူငယ်ချင်းတွေ လက်ထဲ ကလေးကို ယုံယုံကြည်ကြည် ထည့်လိုက်ဖို့ ဘယ်သောအခါမှ မစဉ်းစားပါနဲ့။ ကိုယ်နဲ့ မိတ်ဆွေ ဖြစ်နေပေမယ့်လည်း သူ့ရဲ့အတွင်းစိတ် ထဲမှာ ဘာရှိနေမယ် ဆိုတာ မသိရဘူးလေ။ နောက်ပြီးတော့ ကိုယ့်ရဲ့ဆွေမျိုးသားချင်းထဲ ကနေ ကိုယ့်ရဲ့ကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားတာမျိုးတွေလည်း မကြာခဏ ကြားနေရတာပဲမဟုတ်လား။ ဒီတော့ သင်ကိုယ်တိုင်လည်း ဘယ်သူ့ကိုမှ မယုံတာအကောင်းဆုံးပါ။ ကလေးကို ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့ လက်ထဲ ယုံယုံ ကြည်ကြည်ထည့်လိုက်ဖို့ မစဉ်းစားပါနဲ့။

(၃)။ သင့်မှာနာမည်စာရင်းတစ်ခု ရှိပါစေ

သင့်ရဲ့ ခင်ပွန်း၊ ဒါမှမဟုတ် သင့်ရဲ့ ဇနီးသည် ၊ သင့်ရဲ့ အဖေနဲ့အမေ ၊ သင့်ရဲ့ ညီမလေး စသဖြင့် သင်အယုံကြည်ရဆုံးလို့ ထင်တဲ့ သူတွေကို စာရင်းတစ်ခု လုပ်ထားပါ။ သင် မအားတဲ့ အချိန် သင့်ကလေးကျောင်း အကြိုအပို့လုပ်တာတို့၊ သင့်ကလေးကို အိမ်မှာထားခဲ့ဖို့ လိုတာတို့ဆိုရင် အဲဒီစာရင်းထဲမှာ ရှိတဲ့ လူတွေက လွဲလို့ ဘယ်သူနဲ့မှ မထားခဲ့ပါနဲ့။ တကယ်လို့ သင့်ရဲ့ စာရင်းထဲက လူတွေက သင်လိုအပ်တဲ့ အချိန်မှာ ရှိ မနေဘူးဆိုရင် ကလေးကို သင့်ရဲ့ သွားလေ ရာ သာ ခေါ်သွားပါ။ အဲဒါက ပိုပြီး လုံခြုံ ပါလိမ့်မယ်။

(၄)။ သင်ပေးပါ

သင့်ရဲ့ ကလေးငယ်ကို ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေ သင်ပေးပါ။ ဘယ်အစိတ် အပိုင်းကတော့ အရေးကြီးတယ်။ ဘယ်အစိတ် အပိုင်းကိုတော့ဖြင့် အထိ ခံလို့မရဘူး။ စသဖြင့် သူတို့ကို သင်ပေးထားဖို့ လိုပါတယ်။ သင့်အနေနဲ့ ကလေး တစ်ယောက်က ဒါတွေ သိစရာမလိုဘူးလို့ မတွေးပါနဲ့။ အဲဒီလို ဗဟုသုတ တွေကို သူတို့ကြားဖူးထားခြင်းက ကလေးတွေ အတွက် တကယ်ပဲ အထောက်အပံ့ ဖြစ်စေမှာပါ။

(၅)။ တစ်ယောက်တည်း စိတ်ချလက်ချလွှတ်မထားပါနဲ့

သင့်အနေနဲ့ အရမ်း အလုပ်များနေတယ် ဆိုရင်တောင် ကလေးကိုတော့ တစ်ယောက်တည်း စိတ်ချလက်ချ လွှတ်မထားပါနဲ့။ ကိုယ်က မီးဖိုထဲမှာ အလုပ်ရှုပ် နေချိန်၊ ကလေးက ခြံထဲမှာ ဆော့နေတယ်ဆိုရင်တောင် ခြံတံခါးကို သော့သေချာ ခတ်ထားတာမျိုး လုပ်ထားပါ။ ရွယ်တူကလေးတွေနဲ့ ကစားနေတယ် ဆိုရင်တောင် သင့်ရဲ့မျက်စိ အောက်မှာ ကစားနေတာမျိုးက သင့်ကလေး အတွက် ပိုပြီး လုံခြုံစေ ပါလိမ့်မယ်။

Linn

Crd .:shwemom