အိပ္ယာထဲကခ်က္ခ်င္းမထခ်င္တာဟာ ဉာဏ္ရည္ျမင့္မားတဲ့လကၡဏာတစ္ခုပါတဲ့

အိပ္ယာထဲကခ်က္ခ်င္းမထခ်င္တာဟာ ဉာဏ္ရည္ျမင့္မားတဲ့လကၡဏာတစ္ခုပါတဲ့

အိပ္ယာထဲကခ်က္ခ်င္းမထခ်င္တာဟာ ဉာဏ္ရည္ျမင့္မားတဲ့လကၡဏာတစ္ခုပါတဲ့

တစ္ခါ တစ္ေလ အိပ္ယာထဲက လုံးဝ မထႏိုင္ေတာ့လို႔ အလုပ္ကို ေနမေကာင္းဘူးလို႔ ေျပာၿပီး တစ္ေနကုန္ ဖုန္းေလးသုံးၿပီး အိပ္ ေနတတ္ သူေတြ ရွိတယ္ မဟုတ္လား။ မ်က္လုံးလည္း ဖြင့္မရ၊ ေျခေတြ လက္ေတြလည္း လႈပ္လို႔ မရနဲ႔ အိပ္ယာရဲ႕ ႏြံထဲမွာ နစ္ေျမာ ၾကသူေလးေတြ အတြက္ သတင္းေကာင္း တစ္ခု ပါးခ်င္ ပါတယ္။ ၿဗိတိန္ သုေတသီ Satoshi Kanazawa နဲ႔ Kaja Perina တို႔ရဲ႕ ေလ့လာခ်က္ကို Bright Side မွ ျပန္လည္ ကိုးကား ေဝမွ် ေပးသြားပါ မယ္ေနာ္။

မနက္ကို ေစာေစာ မထႏိုင္ဘဲ ေစာေစာထဖို႔ ဝန္ေလးေန သူေလးေတြ ဟာ မ်ားေသာအားျဖင့္ ေနာက္ က်မွ အိပ္တတ္ၾကတဲ့ ညဇီးကြက္ ေလးေတြပါ။ သူတို႔ ေလးေတြဟာ ညဖက္မွာ ေတာ္႐ုံ မအိပ္တတ္ဘဲ ဝါသနာပါရာ တစ္ခုခု သို႔မဟုတ္ အပန္းေျဖစရာ တစ္ခုခုနဲ႔ ႀကဳံဆုံ ေနရတဲ့ အတြက္ သန္းေခါင္ ပတ္ဝန္းက်င္ ေလာက္မွ အိပ္ေလ့ ရွိၾကၿပီး မနက္ထတဲ့ အခါ ၈ နာရီ၊ ၉ နာရီ ဆိုတာေတာင္ မနည္း အားယူၿပီး အိပ္ယာထဲ ကေန ထြက္ေန ရတတ္ ပါတယ္။

တကယ္ ေတာ့ ဒီလို လူမ်ိဳးေတြဟာ ယေန႔ ေခတ္ေနထိုင္မႈ ပုံစံနဲ႔ အကိုက္ညီ ဆုံးေသာ လူသားေတြ ျဖစ္တဲ့ အျပင္ကိုမွ အိပ္ခ်ိန္ မွန္ရင္ အိပ္ရ မယ္ဆိုတဲ့ အခ်ိန္ရဲ႕ ေစခိုင္းမႈ ေအာက္ကေန လုံးဝႀကီး ကြဲထြက္ေနတဲ့ အတြက္ မိမိ ကိုယ္ကိုယ္ အားကိုးၿပီး လြတ္လပ္ မႈကို ျမတ္ႏိုးသူ ေတြလို႔လည္း ေလ့လာခ်က္မွာ ေဖာ္ျပ ထားပါတယ္။ ဒီ အျပင္ကိုမွ အေပၚမွာ ေျပာထားတဲ့ အတိုင္း ကိုယ္စိတ္ ဝင္စားရာတစ္ခုခုနဲ႔ မအိပ္ဘဲ အခ်ိန္ျဖဳန္းေနတဲ့ အတြက္ ဒီလို လူမ်ိဳုးေတြဟာ ဘဝအတြက္ ေကာင္းက်ိဳးေပးတဲ့ အရာေတြ အေပၚ တပ္တပ္ မက္မက္နဲ႔ အာ႐ုံ စုစည္းကာ ေဆာင္႐ြက္ေလ့ရွိၿပီး အခက္ အခဲေတြကိုလည္း လြယ္လင့္ တကူ ေျဖရွင္းႏိုင္စြမ္း ေတြရွိတဲ့ အတြက္ ဉာဏ္ရည္ ျမင့္မားတဲ့ လကၡဏာရပ္ေတြကို ပိုင္ဆိုင္ ထားသူေလး ေတြပါတဲ့။

ေနာက္ထပ္ ေလ့လာခ်က္ တစ္ခုကေတာ့ ဒီလို ဉာဥ့္ ဇီးကြက္ေလး ေတြဟာ ပုံမွန္ အေစာႀကီး အိပ္ၿပီး အေစာႀကီး ထတဲ့ လူေတြ ထက္ ဘဝမွာ ေပ်ာ္႐ႊင္မႈ အႏွစ္ သာရေတြကို ပိုခံစား ရေလ့ ရွိေသးတယ္လို႔လည္း Southampton တကၠသိုလ္ရဲ႕ သုေတသန စာေစာင္မွာ ေဖာ္ျပ ထားပါ ေသးတယ္။ ေပ်ာ္႐ႊင္မႈ ဆိုတဲ့ ေနရာမွာ အေျခခံ လစာ အပါအဝင္ ဘဝမွာ သက္ေတာင့္ သက္သာ ေနထိုင္ ေနျခင္းနဲ႔ ေပါင္းသင္း ဆက္ဆံမႈ ပိုေကာင္းျခင္း တို႔လည္း ပါဝင္ လ်က္ရွိပါတယ္။

ဒါေပမဲ့ တစ္ခုရွိတာက အိပ္တိုင္း မေကာင္းတာပါပဲ။ ၂၄ နာရီရဲ တစ္ဝက္ တိတိျဖစ္တဲ့ ၁၂ နာရီပတ္ဝန္းက်င္ ေလာက္အထိ အိပ္ယာထဲမွာ အခ်ိန္ျဖဳန္း တတ္သူေတြဟာ အ႐ြယ္ မတိုင္ခင္ ေသဆုံးႏိုင္ေခ်လည္း ပိုမ်ား ေနတာကိုေတာ့ သတိျပဳ ရမွာပါ။ အေကာင္းဆုံး ကေတာ့ တစ္ေန႔ကို ၈ နာရီပတ္ဝန္းက်င္သာ အိပ္တာ အဆင္ အေျပဆုံး ပါပဲ။

Penny

Crd : shwemom

Unicode …

အိပ်ယာထဲကချက်ချင်းမထချင်တာဟာ ဉာဏ်ရည်မြင့်မားတဲ့လက္ခဏာတစ်ခုပါတဲ့

တစ်ခါ တစ်လေ အိပ်ယာထဲက လုံးဝ မထနိုင်တော့လို့ အလုပ်ကို နေမကောင်းဘူးလို့ ပြောပြီး တစ်နေကုန် ဖုန်းလေးသုံးပြီး အိပ် နေတတ် သူတွေ ရှိတယ် မဟုတ်လား။ မျက်လုံးလည်း ဖွင့်မရ၊ ခြေတွေ လက်တွေလည်း လှုပ်လို့ မရနဲ့ အိပ်ယာရဲ့ နွံထဲမှာ နစ်မြော ကြသူလေးတွေ အတွက် သတင်းကောင်း တစ်ခု ပါးချင် ပါတယ်။ ဗြိတိန် သုတေသီ Satoshi Kanazawa နဲ့ Kaja Perina တို့ရဲ့ လေ့လာချက်ကို Bright Side မှ ပြန်လည် ကိုးကား ဝေမျှ ပေးသွားပါ မယ်နော်။

မနက်ကို စောစော မထနိုင်ဘဲ စောစောထဖို့ ဝန်လေးနေ သူလေးတွေ ဟာ များသောအားဖြင့် နောက် ကျမှ အိပ်တတ်ကြတဲ့ ညဇီးကွက် လေးတွေပါ။ သူတို့ လေးတွေဟာ ညဖက်မှာ တော်ရုံ မအိပ်တတ်ဘဲ ဝါသနာပါရာ တစ်ခုခု သို့မဟုတ် အပန်းဖြေစရာ တစ်ခုခုနဲ့ ကြုံဆုံ နေရတဲ့ အတွက် သန်းခေါင် ပတ်ဝန်းကျင် လောက်မှ အိပ်လေ့ ရှိကြပြီး မနက်ထတဲ့ အခါ ၈ နာရီ၊ ၉ နာရီ ဆိုတာတောင် မနည်း အားယူပြီး အိပ်ယာထဲ ကနေ ထွက်နေ ရတတ် ပါတယ်။

တကယ် တော့ ဒီလို လူမျိုးတွေဟာ ယနေ့ ခေတ်နေထိုင်မှု ပုံစံနဲ့ အကိုက်ညီ ဆုံးသော လူသားတွေ ဖြစ်တဲ့ အပြင်ကိုမှ အိပ်ချိန် မှန်ရင် အိပ်ရ မယ်ဆိုတဲ့ အချိန်ရဲ့ စေခိုင်းမှု အောက်ကနေ လုံးဝကြီး ကွဲထွက်နေတဲ့ အတွက် မိမိ ကိုယ်ကိုယ် အားကိုးပြီး လွတ်လပ် မှုကို မြတ်နိုးသူ တွေလို့လည်း လေ့လာချက်မှာ ဖော်ပြ ထားပါတယ်။ ဒီ အပြင်ကိုမှ အပေါ်မှာ ပြောထားတဲ့ အတိုင်း ကိုယ်စိတ် ဝင်စားရာတစ်ခုခုနဲ့ မအိပ်ဘဲ အချိန်ဖြုန်းနေတဲ့ အတွက် ဒီလို လူမျိုုးတွေဟာ ဘဝအတွက် ကောင်းကျိုးပေးတဲ့ အရာတွေ အပေါ် တပ်တပ် မက်မက်နဲ့ အာရုံ စုစည်းကာ ဆောင်ရွက်လေ့ရှိပြီး အခက် အခဲတွေကိုလည်း လွယ်လင့် တကူ ဖြေရှင်းနိုင်စွမ်း တွေရှိတဲ့ အတွက် ဉာဏ်ရည် မြင့်မားတဲ့ လက္ခဏာရပ်တွေကို ပိုင်ဆိုင် ထားသူလေး တွေပါတဲ့။

နောက်ထပ် လေ့လာချက် တစ်ခုကတော့ ဒီလို ဉာဉ့် ဇီးကွက်လေး တွေဟာ ပုံမှန် အစောကြီး အိပ်ပြီး အစောကြီး ထတဲ့ လူတွေ ထက် ဘဝမှာ ပျော်ရွှင်မှု အနှစ် သာရတွေကို ပိုခံစား ရလေ့ ရှိသေးတယ်လို့လည်း Southampton တက္ကသိုလ်ရဲ့ သုတေသန စာစောင်မှာ ဖော်ပြ ထားပါ သေးတယ်။ ပျော်ရွှင်မှု ဆိုတဲ့ နေရာမှာ အခြေခံ လစာ အပါအဝင် ဘဝမှာ သက်တောင့် သက်သာ နေထိုင် နေခြင်းနဲ့ ပေါင်းသင်း ဆက်ဆံမှု ပိုကောင်းခြင်း တို့လည်း ပါဝင် လျက်ရှိပါတယ်။

ဒါပေမဲ့ တစ်ခုရှိတာက အိပ်တိုင်း မကောင်းတာပါပဲ။ ၂၄ နာရီရဲ တစ်ဝက် တိတိဖြစ်တဲ့ ၁၂ နာရီပတ်ဝန်းကျင် လောက်အထိ အိပ်ယာထဲမှာ အချိန်ဖြုန်း တတ်သူတွေဟာ အရွယ် မတိုင်ခင် သေဆုံးနိုင်ချေလည်း ပိုများ နေတာကိုတော့ သတိပြု ရမှာပါ။ အကောင်းဆုံး ကတော့ တစ်နေ့ကို ၈ နာရီပတ်ဝန်းကျင်သာ အိပ်တာ အဆင် အပြေဆုံး ပါပဲ။

Penny