Crd : tonightfootballreport
Unicode :
သင့်အတွက် ဝိတ်မတက်အောင် စားသုံးသင့်တဲ့ အစားအစာပုံစံများ
သင် ဝိတ်မတက် လောက်ဘူး ထင်ပြီး စားသုံး နေတဲ့ အရာတွေက တကယ်တော့ ကယ်လိုရီ ပမာဏများစွာ ပါဝင်ပြီး သင့်ကို အဝလွန် စေနိုင်ပါတယ်။ဒါကြောင့် ခံတွင်းတောင်း လာရင် စားသင့်တဲ့ ကယ်လိုရီနည်းတဲ့ အလား သဏ္ဍာန်အရာတွေကို ဖော်ပြပေး လိုက်ပါတယ်။
1. Sorbets instead of ice cream
လူတိုင်း ရေခဲမုန့်ကို ကြိုက်နှစ် ကြပါတယ်။တကယ်တမ်း ရေခဲမုန့်ကြီးပဲ သီးသန့် စားလိုက်မယ်ဆို သင်ထင်သလို မဟုတ်ပဲ ကယ်လိုရီ ပမာဏများများကို ခန္ဓာကိုယ်က လက်ခံ လိုက်ရမှာဖြစ်ပါတယ်။ဒီတော့ ရေခဲမုန့်နဲ့ တွဲပြီး စားသင့်တဲ့ ကယ်လိုရီကို လျှော့တဲ့ အစားကတော့ ဘယ်ရီသီး တွေဖြစ်ပါတယ်။သူနဲ့ တွဲဖက်ပြီး စားပေး သင့်ပါတယ်။
2. Gingerbread instead of chocolate
ချောကလက်ကလဲ ဒီလို ပါပဲ။နို့နဲ့ ပြုလုပ်တဲ့ ချောကလက်ဆို ပိုလိုကတောင် ဝိတ်တက် စေပါတယ်။အာသာပြေဖို့ ချောကလက်ခဲ မကြိုက်ပဲ ချောကလက်နဲ့ ဂျင်း နာနာပွင့်တို့နဲ့ ရောထားတဲ့ ကိတ်ဟာ အရသာလည်း အလွန် ကောင်းမွန်ပြီး ချောကလက် စားရသလို ဖြစ်စေပါတယ်။သူက ဝိတ်မတက်ပါဘူး။
3. Tuna in its own juice instead of in oil
တူနာငါးကတော့ မြန်မာနိုင်ငံမှာ အစားနည်းပါတယ်။ကျန်းမာရေး အတွက် စားသုံးသူ အနည်းငယ်တော့ ရှိပါတယ်။ဆီသွပ်ဗူးထဲက တူနာငါးကို တချို့က ပြန်ကြော်တာ ချက်တာ ပြုလုပ်တတ်ပါတယ်။သူ့ကို ဆီနဲ့ထိတဲ့အခါ ကယ်လိုရီတိုး လာမှာဖြစ်ပြီး စည်သွပ်ဗူးမှာ ပါတဲ့ အတိုင်းစားမယ်ဆို ကျန်းမာရေး အတွက်ရော ဝိတ်အတွက်ပါ အထူး ကောင်းမွန်ပါတယ်။
4. Popcorn instead of trail mix
လူဟာ အပျင်းပြေ တခုခုကို ဝါးနေ ချင်ပါတယ်။ဒါက မိန်းကလေးတွေရဲ့ အဓိက ပြဿနာပါ။ဒီလို ဝါးတဲ့အခါ တချို့က သီဟိုစေ့တို့ အခွံမာသီးတို့ကို ရွေးချယ် လိုက်မယ်ဆို သင်ဟာ ဝိတ်မကျနိုင်ဖြစ်သွားပါ လိမ့်မယ်။သူတို့မှာ ကယ်လိုရီပမာဏများတဲ့ အတွက်ကြောင့် သာမာန် ပြောင်းဖူးဖူးပေါက်ပေါက်လေး တွေက အကောင်း မွန်ဆုံးပဲ ဖြစ်ပါတယ်။
5. Fruit instead of cookies
ကွတ်ကီး တွေမှာ အချိုဓာတ် ပမာဏ ပါဝင်ပြီး သင့်ရဲ့ ကယ်လိုရီကို တိုးလာစေ နိုင်ပါတယ်။တကယ်လို့ ပါးစပ်က အချိုတောင်းလို့ ကွတ်ကီး စားချင်ရင်တောင် စပျစ်သီးတို့ စတော်ဘယ်ရီတို့နဲ့ တွဲစား ပေးသင့်ပါတယ်။
6. Oatmeal instead of store-bought muesli
ကွေကာလို ချောကလက်လို ပါတဲ့ အချိုမုန့်တွေကို ရှောင်နိုင်ရင် ကောင်းပါတယ်။တခါတလေမှာ သင်ဟာ ဒါကို ဝိတ်တက် တယ်လို့ ထင်မှာမဟုတ်ပါဘူး။တကယ်က ဒါတွေဟာ တကယ့်ကို ဝိတ်တတ်စတြေ့ အစားအစာတွေဖြစ်ပြီး သူတို့ကို သီးသန့်မစား အချဉ်ဓာတ် အနည်းငယ်ပါတဲ့ အသီးအနှံနဲ့ တွဲဖက် စားသုံး ပေးသင့်ပါတယ်။
7. Frozen potatoes instead of fresh potatoes
အာလူးကို စားသုံးတဲ့ အခါမှာလည်း သင့်တော်တဲ့ ကယ်လိုဖြစ်အောင် ချိန်ညှိ စားသုံး သင့်ပါတယ်။အကြောင်းကတော့ အာလူးကို သင်ဟာ ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆို ကယ်လိုရီပိုတိုးတဲ့ အစားအစာ ဖြစ်သွားဖြစ်ပြီး အပြင်မှာပဲထားပြီး စားသုံးသင့်ပါတယ်။
8. Veggie chips instead of potato chips
ဆီကြော်မုန့်တိုင်းကတော့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။တို့ဟူးကြော်၊အာလူးကြော်တွေဟာ နေ့စဉ် အစားအစာလို ဖြစ်နေပြီးး အသီးအနှံတို့ တချို့နဲ့ ရောကြော်တဲ့ အထူး မုန့်ထုတ်တွေကို သာ စားသင့် ပါတယ်။ရိုးရိုး အာလူးကြော် တိုဟူးကြော်တွေ ထက်စာရင် ငရုပ်သီး အနည်းငယ် ပါဝင်တဲ့ဟာကိုလည်း ရွေးချယ် စားသုံး သင့်ပါတယ်။