ေအးခ်မ္းျခင္း၏ လ် ို႔ဝွက္ခ်က္ ။

ေအးခ်မ္းျခင္း၏ လ် ို႔ဝွက္ခ်က္ ။

ေအးခ်မ္းျခင္း၏ လ် ို႔ဝွက္ခ်က္ ။

ေဆာင္းပါးတစ္ပုဒ္ ဖတ္လိုက္ရတယ္။ အားလုံးသိၾကတဲ့ အတိုင္း ဒီမိုက ေရစီ ဘိုးေအႀကီး အေမရိကန္ ႏိုင္ငံမွာ ေလးႏွစ္ သက္တမ္း ၂ ႀကိမ္ သမၼတ တာဝန္ ထမ္းေဆာင္ ၿပီးရင္ ေနာက္ထပ္ ဆက္လက္ အေ႐ြးခံခြင့္ မရွိေတာ့ဘူး။ အဲဒီ သမၼတက ဘယ္ ေလာက္ ႀကီးပဲ မိုးပ် ံေအာင္ ေတာ္ေတာ္၊ ဘယ္ေလာက္ ႀကီးပဲ တိုးတက္ ေအာင္လုပ္လုပ္ သမၼတ အျဖစ္ တာဝန္ ထမ္းေဆာင္ဖို႔ မေျပာနဲ႔။ သမၼတ ေလာင္းေလး အျဖစ္ ေတာင္ စာရင္း တင္ခြင့္ မရွိ ေတာ့ဘူး။

အာဏာကို ကန႔္သတ္ လိုက္တာ။ အႂကြင္းမဲ့ အာဏာဟာ အႂကြင္းမဲ့ ပ်က္စီး ေစတဲ့ အတြက္ အာဏာကို ကန႔္သတ္ လိုက္တာ။အဲဒီလိုနဲ႔ သမၼတေဟာင္းဟာ ျပည္သူ ေ႐ြးခ်ယ္ လိုက္တဲ့ သမၼတ အသစ္ လက္ထဲ တာဝန္ အရပ္ ရပ္ လႊဲေျပာင္းၿပီး သူ႔ဘာသာ သူ ဝါသနာ ပါရာနဲ႔ သူ။စာေရးလို ေရး၊ ေဟာေျပာပြဲေတြ လုပ္လို လုပ္။ လက္က်န္ လူ႔ ဘဝကို ျဖတ္သန္း ၾကတယ္။

က်ေတာ္ ဖတ္လိုက္ ရတဲ့ ေဆာင္းပါးထဲ မွာ ဖတ္ၿပီး ရင္ထဲ ေဆြးေဆြး ေျမ့ေျမ့ စြဲထင္ က်န္ခဲ့တာကေတာ့ သူ႐ို႕ ဆီမွာ သမၼတ ကလပ္ ဆိုတာ ရွိတယ္ ဆိုပဲ။ကလပ္ ဆိုလို႔ က်ေတာ္ တို႔ ဆီက ယဥ္ပါးေနတဲ့ ႏိုက္ကလပ္ တို႔လို၊ ေဒးကလပ္ တို႔လို အဲ … စာေရ းကလပ္တို႔လို မထင္လိုက္ ၾကနဲ႔ ဦး။

သူ႐ို႕ရဲ႕ သမၼတ ကလပ္မွာ အေမရိကန္ သမၼတအေဟာင္း ေတြလာ ၾကတယ္။ သြားၾကတယ္။ ေတြ႕ၾကတယ္။ ဆုံၾက တယ္ ။စားၾက တယ္ ။ ေသာက္ၾက တယ္ ။ေရွးေဟာင္းေႏွာင္း ျဖစ္ေတြ ေျပာၾကတယ္ ။ရင္ထဲ ထိထိရွရွ ခံစားလိုက္ ရတာက ေတာ့ သူတို႔ သမၼတတာဝန္ ထမ္းေဆာင္ခဲ့ တုန္းက ႀကဳံေတြ႕ခဲ့ ရတဲ့ အေတြ႕အႀကဳံေတြကို မူတည္ၿပီး သမၼတ အသစ္ကို အႀကံဉာဏ္ ေတြ ေပးၾကတယ္တဲ့။

အဲဒီလို သမၼတ အေဟာင္း ေတြ ေပးတဲ့ အႀကံဉာဏ္ ေတြ အေပၚသမၼတ အသစ္ ကလည္း ေလးေလး နက္နက္ လက္ခံ နားေထာင္ ေဆြးေႏြး သမႈ ျပဳတယ္တဲ့။အဲဒီ ေဆာင္းပါး ဖတ္ေနရင္း က်ေတာ့္ႏႈတ္က စကား တစ္ခြန္း လြတ္က် သြားတယ္။

” သင့္ျမတ္ လိုက္ၾကတာ”ဟုတ္တယ္။ သင့္ျမတ္လိုက္ ၾကတာ။ငါ့ အာဏာ ဝင္ယူတဲ့ လူ၊ ငါ့ကုလား ထိုင္ ဝင္ထိုင္ တဲ့ လူဆိုတဲ့ အေတြး အထင္ေတြ သူ႐ို႕မွာ မရွိ ၾကဘဲ တိုင္းျပည္ အတြက္ ေႏြးေႏြး ေထြးေထြး ဆက္ဆံ ႏိုင္စြမ္း ရွိၾက ပါလား။”ဒါေၾကာင့္ လည္း ေအးခ်မ္း ၾက တာပဲေလ” ။

ကိုဦးေဆြ

Unicode ..

အေးချမ်းခြင်း၏ လျ ို့ဝှက်ချက် ။

ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ အားလုံးသိကြတဲ့ အတိုင်း ဒီမိုက ရေစီ ဘိုးအေကြီး အမေရိကန် နိုင်ငံမှာ လေးနှစ် သက်တမ်း ၂ ကြိမ် သမ္မတ တာဝန် ထမ်းဆောင် ပြီးရင် နောက်ထပ် ဆက်လက် အရွေးခံခွင့် မရှိတော့ဘူး။ အဲဒီ သမ္မတက ဘယ် လောက် ကြီးပဲ မိုးပျ ံအောင် တော်တော်၊ ဘယ်လောက် ကြီးပဲ တိုးတက် အောင်လုပ်လုပ် သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ဖို့ မပြောနဲ့။ သမ္မတ လောင်းလေး အဖြစ် တောင် စာရင်း တင်ခွင့် မရှိ တော့ဘူး။

အာဏာကို ကန့်သတ် လိုက်တာ။ အကြွင်းမဲ့ အာဏာဟာ အကြွင်းမဲ့ ပျက်စီး စေတဲ့ အတွက် အာဏာကို ကန့်သတ် လိုက်တာ။အဲဒီလိုနဲ့ သမ္မတဟောင်းဟာ ပြည်သူ ရွေးချယ် လိုက်တဲ့ သမ္မတ အသစ် လက်ထဲ တာဝန် အရပ် ရပ် လွှဲပြောင်းပြီး သူ့ဘာသာ သူ ဝါသနာ ပါရာနဲ့ သူ။စာရေးလို ရေး၊ ဟောပြောပွဲတွေ လုပ်လို လုပ်။ လက်ကျန် လူ့ ဘဝကို ဖြတ်သန်း ကြတယ်။

ကျတော် ဖတ်လိုက် ရတဲ့ ဆောင်းပါးထဲ မှာ ဖတ်ပြီး ရင်ထဲ ဆွေးဆွေး မြေ့မြေ့ စွဲထင် ကျန်ခဲ့တာကတော့ သူရို့ ဆီမှာ သမ္မတ ကလပ် ဆိုတာ ရှိတယ် ဆိုပဲ။ကလပ် ဆိုလို့ ကျတော် တို့ ဆီက ယဉ်ပါးနေတဲ့ နိုက်ကလပ် တို့လို၊ ဒေးကလပ် တို့လို အဲ … စာရေ းကလပ်တို့လို မထင်လိုက် ကြနဲ့ ဦး။

သူရို့ရဲ့ သမ္မတ ကလပ်မှာ အမေရိကန် သမ္မတအဟောင်း တွေလာ ကြတယ်။ သွားကြတယ်။ တွေ့ကြတယ်။ ဆုံကြ တယ် ။စားကြ တယ် ။ သောက်ကြ တယ် ။ရှေးဟောင်းနှောင်း ဖြစ်တွေ ပြောကြတယ် ။ရင်ထဲ ထိထိရှရှ ခံစားလိုက် ရတာက တော့ သူတို့ သမ္မတတာဝန် ထမ်းဆောင်ခဲ့ တုန်းက ကြုံတွေ့ခဲ့ ရတဲ့ အတွေ့အကြုံတွေကို မူတည်ပြီး သမ္မတ အသစ်ကို အကြံဉာဏ် တွေ ပေးကြတယ်တဲ့။

အဲဒီလို သမ္မတ အဟောင်း တွေ ပေးတဲ့ အကြံဉာဏ် တွေ အပေါ်သမ္မတ အသစ် ကလည်း လေးလေး နက်နက် လက်ခံ နားထောင် ဆွေးနွေး သမှု ပြုတယ်တဲ့။အဲဒီ ဆောင်းပါး ဖတ်နေရင်း ကျတော့်နှုတ်က စကား တစ်ခွန်း လွတ်ကျ သွားတယ်။

” သင့်မြတ် လိုက်ကြတာ”ဟုတ်တယ်။ သင့်မြတ်လိုက် ကြတာ။ငါ့ အာဏာ ဝင်ယူတဲ့ လူ၊ ငါ့ကုလား ထိုင် ဝင်ထိုင် တဲ့ လူဆိုတဲ့ အတွေး အထင်တွေ သူရို့မှာ မရှိ ကြဘဲ တိုင်းပြည် အတွက် နွေးနွေး ထွေးထွေး ဆက်ဆံ နိုင်စွမ်း ရှိကြ ပါလား။”ဒါကြောင့် လည်း အေးချမ်း ကြ တာပဲလေ” ။

ကိုဦးဆွေ