ကမာၻ႔အဆင့္ ၈၂ အိႏၵိယကစားသမားကို ႏွစ္ပြဲျပတ္အႏိုင္ရၿပီး ခ်န္ပီယံျဖစ္သြားျပန္တဲ့ သက္ထားသူဇာ

ကမာၻ႔အဆင့္ ၈၂ အိႏၵိယကစားသမားကို ႏွစ္ပြဲျပတ္အႏိုင္ရၿပီး ခ်န္ပီယံျဖစ္သြားျပန္တဲ့ သက္ထားသူဇာ

ျမန္မာကို ကမာၻ႔ အလယ္မွာ ဂုဏ္ေဆာင္ ေပးေနတဲ့ လက္ေ႐ြးစင္ ၾကက္ေတာင္မယ္ေလး မသက္ထားသူဇာကိုေတာ့ ေတာ္ေတာ္ မ်ားမ်ားလည္း ရင္းႏွီးၾကမယ္ ထင္ပါတယ္။ သက္ထား သူဇာကေတာ့ ျပည္ပ ႏိုင္ငံ အေဝးႀကီးေတြမွာ ျမန္မာ ကိုယ္စားျပဳ အေနနဲ႔ အၿမဲတမ္း လိုလို ဝင္ေရာက္ယွဥ္ၿပိဳင္ေပးခဲ့ၿပီး ယခု ေနာက္ပိုင္းမွာေတာ့ ၿပိဳင္ပြဲတိုင္း လိုလိုမွာ အႏိုင္ယူ ဗိုလ္စြဲၿပီး ခ်န္ပီယံ ဆုေတြကို အၿမဲသိမ္း ပိုက္ေနတာေၾကာင့္ ကမာၻကေတာင္ သိလာတဲ့ ၾကက္ေတာင္ မယ္ေလး ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လကလည္း အျခား ႏိုင္ငံေတြမွာ က်င္းပတဲ့ ၾကက္ေတာင္ ၿပိဳင္ပြဲေတြမွာလည္း ခ်န္ပီယံအျဖစ္ ဂုဏ္ယူ ဝင့္ႂကြားႏိုင္ၿပီး လက္ရွိမွာလည္း အေရွ႕ အာဖရိက Republic of Cote d’lvorie ႏိုင္ငံမွာ က်င္းပတဲ့ Cote D’Ivore International Series 2019 မွာ ခ်န္ပီယံဆုကို ရရွိၿပီး ျမန္မာႏိုင္ငံေတာ္ အလံကို ပထမေနရာမွာ လႊင့္ထူ ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

တဆက္ ထဲမွာပဲ မသက္ထားသူဇာကေတာ့ ၿပီးခဲ့တဲ့ တေခါက္ ခ်န္ပီယံဆုကို ရရွိခဲ့ တုန္းက ကမာၻ႔အဆင့္ ၁၀၂ သာ ရခဲ့ၿပီး လက္ ရွိမွာေတာ့ ေနာက္ထပ္ ခ်န္ပီယံ ထပ္ ျဖစ္ခဲ့တာေၾကာင့္ ကမာၻ႔အဆင့္ တက္ဖို႔ ရွိေနၿပီး လာမယ့္ အဂၤါေန႔မွာေတာ့ အတိအက် ထုတ္ျပန္သြားမယ္လို႔ သိရပါတယ္။

ဒီဆုေလး ရခဲ့တာနဲ႔ ပတ္သက္ၿပီး သက္ထားသူဇာကေတာ့ သူ႔ရဲ႕ ေဖ့ဘုတ္ အေကာင့္မွာေတာ့ “West Africa က Republic of Côte d’Ivoire ႏိုင္ငံမွာ က်င္းပတဲ့ Cote D’Ivore International Series 2019 မွာ ခ်န္ပီယံဆုကို ရရွိၿပီး ျမန္မာႏိုင္ငံေတာ္ အလံကို ပထမေနရာမွာ လႊင့္ ထူႏိုင္ခဲ့ပါၿပီ။ ၾသဂုတ္လထဲမွာ ႏိုင္ဂ်ီးရီးယားႏိုင္ငံ မွာက်င္းပမယ့္ Lagos International Badminton Classics 2019 မွာယွဥ္ၿပိဳင္ဖို႔ ရွိပါတယ္။ World Ranking Result အတိအက်ကို ေတာ့ အဂၤါေန႔က်ရင္ သိရမွာပါ။ ညီမကို အားေပးတဲ့ သူအားလုံးကို အထူး ေက်းဇူးတင္ရွိပါတယ္ရွင့္” ဆိုၿပီးေတာ့ တင္ထား တာ ျဖစ္ပါတယ္။

မသက္ထားသူဇာကေတာ့ ရႈံးထြက္ အဆင့္မွာ ေမာရစ္သွ်ကစားသမားကို ႏွစ္ပြဲ တစ္ပြဲ၊ ကြာတားဖိုင္နယ္တြင္ ပါကစၥတန္ ကစားသမားကို ႏွစ္ပြဲျပတ္၊ အႀကိဳ ဗိုလ္လုပြဲတြင္ အီရန္ ကစားသမားကို ႏွစ္ပြဲျပတ္ျဖင့္ အႏိုင္ရကာ ဗိုလ္လုပြဲသို႔ တက္ေရာက္ ခဲ့ျခင္း ျဖစ္ပါတယ္။ ထို႔ေနာက္ အိုင္ဗရီကို႔စ္ႏိုင္ငံ ဇူလိုင္ ၇ ရက္က က်င္းပတဲ့ ႏိုင္ငံတကာ ၾကက္ေတာင္ၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ သက္ထားသူဇာဟာ ကမာၻ႔အဆင့္ ၈၂ ရွိ အိႏၵိယ ကစားသမား Sri Krishna Priya Kudaravalli ကို ( ၂၁-၁၈) ( ၂၁-၁၃) မွတ္ ျဖင့္ ႏွစ္ပြဲျပတ္ အႏိုင္ရကာ ခ်န္ပီယံဆု ဆြတ္ခူးခဲ့တာ ျဖစ္ပါတယ္။

Unicode …

ကမ္ဘာ့အဆင့် ၈၂ အိန္ဒိယကစားသမားကို နှစ်ပွဲပြတ်အနိုင်ရပြီး ချန်ပီယံဖြစ်သွားပြန်တဲ့ သက်ထားသူဇာ

မြန်မာကို ကမ္ဘာ့ အလယ်မှာ ဂုဏ်ဆောင် ပေးနေတဲ့ လက်ရွေးစင် ကြက်တောင်မယ်လေး မသက်ထားသူဇာကိုတော့ တော်တော် များများလည်း ရင်းနှီးကြမယ် ထင်ပါတယ်။ သက်ထား သူဇာကတော့ ပြည်ပ နိုင်ငံ အဝေးကြီးတွေမှာ မြန်မာ ကိုယ်စားပြု အနေနဲ့ အမြဲတမ်း လိုလို ဝင်ရောက်ယှဉ်ပြိုင်ပေးခဲ့ပြီး ယခု နောက်ပိုင်းမှာတော့ ပြိုင်ပွဲတိုင်း လိုလိုမှာ အနိုင်ယူ ဗိုလ်စွဲပြီး ချန်ပီယံ ဆုတွေကို အမြဲသိမ်း ပိုက်နေတာကြောင့် ကမ္ဘာကတောင် သိလာတဲ့ ကြက်တောင် မယ်လေး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကလည်း အခြား နိုင်ငံတွေမှာ ကျင်းပတဲ့ ကြက်တောင် ပြိုင်ပွဲတွေမှာလည်း ချန်ပီယံအဖြစ် ဂုဏ်ယူ ဝင့်ကြွားနိုင်ပြီး လက်ရှိမှာလည်း အရှေ့ အာဖရိက Republic of Cote d’lvorie နိုင်ငံမှာ ကျင်းပတဲ့ Cote D’Ivore International Series 2019 မှာ ချန်ပီယံဆုကို ရရှိပြီး မြန်မာနိုင်ငံတော် အလံကို ပထမနေရာမှာ လွှင့်ထူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

တဆက် ထဲမှာပဲ မသက်ထားသူဇာကတော့ ပြီးခဲ့တဲ့ တခေါက် ချန်ပီယံဆုကို ရရှိခဲ့ တုန်းက ကမ္ဘာ့အဆင့် ၁၀၂ သာ ရခဲ့ပြီး လက် ရှိမှာတော့ နောက်ထပ် ချန်ပီယံ ထပ် ဖြစ်ခဲ့တာကြောင့် ကမ္ဘာ့အဆင့် တက်ဖို့ ရှိနေပြီး လာမယ့် အင်္ဂါနေ့မှာတော့ အတိအကျ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဒီဆုလေး ရခဲ့တာနဲ့ ပတ်သက်ပြီး သက်ထားသူဇာကတော့ သူ့ရဲ့ ဖေ့ဘုတ် အကောင့်မှာတော့ “West Africa က Republic of Côte d’Ivoire နိုင်ငံမှာ ကျင်းပတဲ့ Cote D’Ivore International Series 2019 မှာ ချန်ပီယံဆုကို ရရှိပြီး မြန်မာနိုင်ငံတော် အလံကို ပထမနေရာမှာ လွှင့် ထူနိုင်ခဲ့ပါပြီ။ သြဂုတ်လထဲမှာ နိုင်ဂျီးရီးယားနိုင်ငံ မှာကျင်းပမယ့် Lagos International Badminton Classics 2019 မှာယှဉ်ပြိုင်ဖို့ ရှိပါတယ်။ World Ranking Result အတိအကျကို တော့ အင်္ဂါနေ့ကျရင် သိရမှာပါ။ ညီမကို အားပေးတဲ့ သူအားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်ရှင့်” ဆိုပြီးတော့ တင်ထား တာ ဖြစ်ပါတယ်။

မသက်ထားသူဇာကတော့ ရှုံးထွက် အဆင့်မှာ မောရစ်သျှကစားသမားကို နှစ်ပွဲ တစ်ပွဲ၊ ကွာတားဖိုင်နယ်တွင် ပါကစ္စတန် ကစားသမားကို နှစ်ပွဲပြတ်၊ အကြို ဗိုလ်လုပွဲတွင် အီရန် ကစားသမားကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက် ခဲ့ခြင်း ဖြစ်ပါတယ်။ ထို့နောက် အိုင်ဗရီကို့စ်နိုင်ငံ ဇူလိုင် ၇ ရက်က ကျင်းပတဲ့ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၈၂ ရှိ အိန္ဒိယ ကစားသမား Sri Krishna Priya Kudaravalli ကို ( ၂၁-၁၈) ( ၂၁-၁၃) မှတ် ဖြင့် နှစ်ပွဲပြတ် အနိုင်ရကာ ချန်ပီယံဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။