လမ္းျဖတ္ကူးရင္း ဖုန္းၾကည့္ေနသူေတြကို ဒဏ္ေၾကးတပ္မယ့္ ၾသစေၾတးလ်ႏိုင္ငံ ။

လမ္းျဖတ္ကူးရင္း ဖုန္းၾကည့္ေနသူေတြကို ဒဏ္ေၾကးတပ္မယ့္ ၾသစေၾတးလ်ႏိုင္ငံ ။

အခုေနာက္ပိုင္းမွာ မိုဘိုင္း ဖုန္းေတြဟာ လူေတြရဲ႕ ေန႔စဥ္ဘဝမွာ မရွိ မျဖစ္လို အသုံးျပဳေန ၾကတဲ့ အရာ တစ္ခု ျဖစ္လာပါၿပီ။ နားေနခ်ိန္မွာ တင္မက လမ္းေတြေပၚမွာ သြားရင္ လာရင္း ဖုန္းသုံးေနတာေတြ အမ်ား အျပားပါပဲ။ အထူး သျဖင့္ လမ္းကူးရင္း ဖုန္းသုံးတာမ်ိဳးဟာ သုံးစြဲသူ အတြက္ အေတာ္ေလး အႏၲရာယ္မ်ားသလို ပတ္ဝန္းက်င္ကိုလည္း အေႏွာင့္ အယွက္ ျဖစ္ေစပါတယ္။ ၾသစေၾတးလ်ႏိုင္ငံမွာေတာ့ အဲဒီလို အျပဳအမူအတြက္ ဒဏ္ေၾကး ခ်မွတ္ဖို႔ စတင္ လုပ္ေဆာင္ ေနပါၿပီ။

အဲဒါကေတာ့ လမ္းကူး ေနခ်ိန္မွာ ဖုန္းကို ၾကည့္ေနတဲ့ လမ္းသြား လမ္းလာေတြကို ေဒၚလာ ၂၀၀ ဒဏ္ေၾကး တပ္ေတာ့မွာ ျဖစ္ပါ တယ္။ သက္ဆိုင္ရာ တာဝန္ရွိသူ တစ္ေယာက္က 9 News သတင္းဌာနကို ေျပာၾကားရာမွာ အဲဒီလို ဒဏ္ေၾကး သတ္မွတ္လိုက္တာဟာ လမ္းသြား လမ္းလာေတြကို အႏၲရာယ္ကင္းေစမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ လမ္းျဖတ္ကူးရင္း ဖုန္းၾကည့္တာကို အာ႐ုံ ေထြျပားစြာ လမ္းျဖတ္ ကူးမႈအျဖစ္ သတ္မွတ္ၿပီး ဒဏ္ေၾကး တပ္သြား မယ္လို႔ သိရပါတယ္။

အရင္ကတည္းက ၾသစေၾတးလ်မွာ လမ္းသြား လမ္းလာေတြ လမ္းျဖတ္ ကူးေနခ်ိန္ မီတာ ၂၀ အတြင္း ကား ျဖတ္မေမာင္းရတဲ့ ဥပေဒမ်ိဳး ရွိခဲ့ၿပီး လမ္းျဖတ္ ကူးေတြကို ျဖတ္ကူး ခြင့္မေပးခဲ့ရင္ ကားေမာင္းသူေတြ ဒဏ္ေၾကး ေဆာင္ရပါတယ္။ ေဒသခံ အမ်ိဳးသမီးတစ္ေယာက္က “လုံၿခဳံေရးအတြက္ ကားေမာင္း သူမွာေရာ လမ္းသြား လမ္းလာေတြမွာပါ ညီတူ ညီမွ် တာဝန္ရွိပါ ယ္။ လုံၿခဳံေရးကို အေႏွာင့္အယွက္ ျဖစ္ေစရင္ေတာ့ တူညီတဲ့ ဒဏ္ေၾကး တပ္သင့္ပါတယ္” လို႔ သူ႔ အျမင္ကို ထုတ္ေဖာ္ ေျပာျပ ခဲ့ပါတယ္။

လမ္းလုံၿခဳံ ေရးဆိုင္ရာ ကြၽမ္းက်င္သူ ေတြကလည္း လမ္းေလွ်ာက္ ေနခ်ိန္မွာ ဖုန္းကို ၾကည့္ေနတာ၊ အသုံးျပဳေနတာ ဟာ အာ႐ုံ လြတ္ေနတဲ့ မ်က္ကန္း အျပဳအမူတစ္ခု ျဖစ္တယ္လို႔ ဆိုပါတယ္။ ရဲေတြကေတာ့ လမ္းသြားရင္း ဖုန္းသုံး ေနတဲ့ လမ္းသြား လမ္းလာေတြအတြက္ တျခား ျပစ္ဒဏ္မ်ိဳး စဥ္းစားထားတာ မရွိေသးဘူးလို႔ ဆိုပါတယ္။

ကိုယ့္ဖုန္း ကိုယ္သုံးတာဟာ ကိုယ့္လြတ္လပ္ခြင့္ ျဖစ္တာေၾကာင့္ တားျမစ္ခြင့္မရွိေပမဲ့ အခုလို အမ်ားသြားလာေန တဲ့ လမ္းေပၚမွာ ဖုန္းသုံး တာဟာ အႏၲရာယ္ကို ဖိတ္ေခၚ ေနသလိုပါပဲ။ မိမိ ကိုယ္တိုင္အတြက္ အႏၲရာယ္ ရွိသလို မိမိအနီး ပတ္ဝန္းက်င္က တျခားလမ္းသြား လမ္းလာေတြနဲ႔ ကားေတြကိုပါ အေႏွာင့္အယွက္ ျဖစ္ေစၿပီး အခန႔္ မသင့္ရင္ အႏၲရာယ္ပါ ျဖစ္ေစ ႏိုင္ပါတယ္။

အဲဒါေၾကာင့္ အခုလို ဥပေဒမ်ိဳး သတ္မွတ္ထားတာ၊ ကန႔္သတ္ တားျမစ္ ထားတာမ်ိဳး မရွိဘူးဆိုရင္ေတာင္ လမ္းေလွ်ာက္ရင္း ဖုန္း သုံးတတ္တဲ့ အက်င့္ဆိုးကို မိမိ အတြက္ေရာ မိမိ ပတ္ဝန္းက်င္အတြက္ပါ ထည့္တြက္ၿပီး ဆင္ျခင္ သင့္ပါတယ္။

Unicode ….

လမ်းဖြတ်ကူးရင်း ဖုန်းကြည့်နေသူတွေကို ဒဏ်ကြေးတပ်မယ့် သြစတြေးလျနိုင်ငံ ။

အခုနောက်ပိုင်းမှာ မိုဘိုင်း ဖုန်းတွေဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ မရှိ မဖြစ်လို အသုံးပြုနေ ကြတဲ့ အရာ တစ်ခု ဖြစ်လာပါပြီ။ နားနေချိန်မှာ တင်မက လမ်းတွေပေါ်မှာ သွားရင် လာရင်း ဖုန်းသုံးနေတာတွေ အများ အပြားပါပဲ။ အထူး သဖြင့် လမ်းကူးရင်း ဖုန်းသုံးတာမျိုးဟာ သုံးစွဲသူ အတွက် အတော်လေး အန္တရာယ်များသလို ပတ်ဝန်းကျင်ကိုလည်း အနှောင့် အယှက် ဖြစ်စေပါတယ်။ သြစတြေးလျနိုင်ငံမှာတော့ အဲဒီလို အပြုအမူအတွက် ဒဏ်ကြေး ချမှတ်ဖို့ စတင် လုပ်ဆောင် နေပါပြီ။

အဲဒါကတော့ လမ်းကူး နေချိန်မှာ ဖုန်းကို ကြည့်နေတဲ့ လမ်းသွား လမ်းလာတွေကို ဒေါ်လာ ၂၀၀ ဒဏ်ကြေး တပ်တော့မှာ ဖြစ်ပါ တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ယောက်က 9 News သတင်းဌာနကို ပြောကြားရာမှာ အဲဒီလို ဒဏ်ကြေး သတ်မှတ်လိုက်တာဟာ လမ်းသွား လမ်းလာတွေကိအန္တရာယ်ကင်းစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လမ်းဖြတ်ကူးရင်း ဖုန်းကြည့်တာကို အာရုံ ထွေပြားစွာ လမ်းဖြတ် ကူးမှုအဖြစ် သတ်မှတ်ပြီး ဒဏ်ကြေး တပ်သွား မယ်လို့ သိရပါတယ်။

အရင်ကတည်းက သြစတြေးလျမှာ လမ်းသွား လမ်းလာတွေ လမ်းဖြတ် ကူးနေချိန် မီတာ ၂၀ အတွင်း ကား ဖြတ်မမောင်းရတဲ့ ဥပဒေမျိုး ရှိခဲ့ပြီး လမ်းဖြတ် ကူးတွေကို ဖြတ်ကူး ခွင့်မပေးခဲ့ရင် ကားမောင်းသူတွေ ဒဏ်ကြေး ဆောင်ရပါတယ်။ ဒေသခံ အမျိုးသမီးတစ်ယောက်က “လုံခြုံရေးအတွက် ကားမောင်း သူမှာရော လမ်းသွား လမ်းလာတွေမှာပါ ညီတူ ညီမျှ တာဝန်ရှိပါ ယ်။ လုံခြုံရေးကို အနှောင့်အယှက် ဖြစ်စေရင်တော့ တူညီတဲ့ ဒဏ်ကြေး တပ်သင့်ပါတယ်” လို့ သူ့ အမြင်ကို ထုတ်ဖော် ပြောပြ ခဲ့ပါတယ်။

လမ်းလုံခြုံ ရေးဆိုင်ရာ ကျွမ်းကျင်သူ တွေကလည်း လမ်းလျှောက် နေချိန်မှာ ဖုန်းကို ကြည့်နေတာ၊ အသုံးပြုနေတာ ဟာ အာရုံ လွတ်နေတဲ့ မျက်ကန်း အပြုအမူတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတွေကတော့ လမ်းသွားရင်း ဖုန်းသုံး နေတဲ့ လမ်းသွား လမ်းလာတွေအတွက် တခြား ပြစ်ဒဏ်မျိုး စဉ်းစားထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ကိုယ့်ဖုန်း ကိုယ်သုံးတာဟာ ကိုယ့်လွတ်လပ်ခွင့် ဖြစ်တာကြောင့် တားမြစ်ခွင့်မရှိပေမဲ့ အခုလို အများသွားလာနေ တဲ့ လမ်းပေါ်မှာ ဖုန်းသုံး တာဟာအန္တရာယ်ကို ဖိတ်ခေါ် နေသလိုပါပဲ။ မိမိ ကိုယ်တိုင်အတွက် အန္တရာယ် ရှိသလို မိမိအနီး ပတ်ဝန်းကျင်က တခြားလမ်းသွား လမ်းလာတွေနဲ့ ကားတွေကိုပါ အနှောင့်အယှက် ဖြစ်စေပြီး အခန့် မသင့်ရင် အန္တရာယ်ပါ ဖြစ်စေ နိုင်ပါတယ်။

အဲဒါကြောင့် အခုလို ဥပဒေမျိုး သတ်မှတ်ထားတာ၊ ကန့်သတ် တားမြစ် ထားတာမျိုး မရှိဘူးဆိုရင်တောင် လမ်းလျှောက်ရင်း ဖုန်း သုံးတတ်တဲ့ အကျင့်ဆိုးကို မိမိ အတွက်ရော မိမိ ပတ်ဝန်းကျင်အတွက်ပါ ထည့်တွက်ပြီး ဆင်ခြင် သင့်ပါတယ်။