Angelina Jolie နဲ႔ ကြာရွင္းခဲ့တာကိုလုံးဝေနာင္တမရဘူးဆိုတဲ့ Brad Pitt

Angelina Jolie နဲ႔ ကြာရွင္းခဲ့တာကိုလုံးဝေနာင္တမရဘူးဆိုတဲ့ Brad Pitt

ကာလရွည္ၾကာ ခ်စ္ခဲ့ၾကၿပီးမွ လမ္းခြဲ ျပတ္စဲခဲ့ၾကတဲ့ Celebrity စုံတြဲေတြထဲမွာ Brad Pitt နဲ႔ Jolie လည္းပါဝင္ပါတယ္။ အားလုံးလည္း သိၾကတဲ့အတိုင္း Brad Pitt နဲ႔ Jolie ရဲ႕ အခ်စ္ဇာတ္လမ္းဟာ ဆယ္ႏွစ္ေလာက္ကို ၾကာျမင့္ခဲ့ၿပီး တစ္ကမာၻလုံးက ပရိသတ္ေတြေရွ႕မွာ စတင္ခဲ့သလို ဂ႐ုတစိုက္ေစာင့္ၾကည့္ေနၾကတဲ့ မ်က္လုံးေတြ ေရွ႕မွာပဲ လမ္းခြဲခဲ့ၾကရတာပါ။ ႏွစ္ေယာက္စလုံးဟာ ငယ္႐ြယ္ေသးတဲ့ အခ်ိန္မွာ ေတြ႕ခဲ့ၾကတာျဖစ္ၿပီး သူတို႔ ႏွစ္ေယာက္ရဲ႕ တစ္ေယာက္အေပၚတစ္ေယာက္ထားတဲ့ နက္ရႈိင္းတဲ့ အခ်စ္ေတြက ကမာၻတစ္ဝွမ္းလုံးက ပရိသတ္ေတြကို အားက်စိတ္ျဖစ္ေစခဲ့ပါတယ္။

Brad Pitt နဲ႔ Jolie ဟာအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြဲေနၾကတာ တစ္ႏွစ္ေက်ာ္ၿပီ ျဖစ္ေပမယ့္ အတိအလင္း ကြာရွင္းျပတ္စဲျခင္း မရွိခဲ့ၾကတာေၾကာင့္ သူတို႔ႏွစ္ေယာက္ျပန္မ်ား ေပါင္းမလားဆိုၿပီး ပရိသတ္ေတြက ေမွ်ာ္လင့္ ေနခဲ့ၾကေသးတာပါ။ ဒါေပမယ့္ ဒီႏွစ္ 2018 ႏွစ္စပိုင္းမွာ Jolie က စၿပီး Brad Pitt နဲ႔ ကြာရွင္းခြင့္ေပးဖို႔ တရား႐ုံးေတာ္ကို ဦးတိုက္ေလွ်ာက္ထားခဲ့ ခ်ိန္မွာ ပရိသတ္ေတြရဲ႕ေမွ်ာ္လင့္ခ်က္ေတြ ေရစုန္ေမ်ာခဲ့ရပါေတာ့တယ္။ Jolie က Brad Pitt ဟာ အေဖေကာင္း မပီသဘူး၊ဖခင္တာဝန္မေက်ဘူး၊ကေလးေတြကို ေငြေၾကးမေထာက္ပံ့ဘူး၊ ကေလးေတြကို ညႇင္းပန္းႏွိပ္စက္တယ္ စသျဖင့္ အေၾကာင္းအရာေတြ ေတာ္ေတာ္မ်ားမ်ားနဲ႔ ကြာရွင္းလို ေၾကာင္းေတာင္းဆိုတာျဖစ္ၿပီး ကေလးစားရိတ္လည္း ေတာင္းဆိုခဲ့ပါတယ္။

Brad Pitt ကေတာ့ သူတို႔ ကြဲေနခဲ့ကတည္းက ကေလးေတြရဲ႕စားရိတ္မွန္သမွ်ကိုေရာ၊ Jolie ေနေနတဲ့ အိမ္ကိုဝယ္ဖို႔ပါ ပိုက္ဆံထုတ္ ေပးထားခဲ့တာျဖစ္ေၾကာင္းနဲ႔ Jolie က Brad Pitt ကိုကေလးေတြနဲ႔ေတြ႕ခြင့္မရေအာင္ အမ်ိဳးစုံ ေႏွာက္ယွက္ခဲ့ေၾကာင္းေတြ ျပန္ေျဖရွင္းထားခဲ့ပါတယ္။ အရႈပ္အရွင္းေတြအားလုံးၿငိမ္သြားၿပီးတဲ့ ေနာက္မွာေတာ့ Jolie ဟာ Brad Pitt ကို လြမ္းစျပဳေနသလို သူလုပ္ခဲ့တာေတြကိုလည္းေနာင္တရေနေၾကာင္း၊ Brad Pitt နဲ႔ ကြာရွင္းလိုက္ျခင္းအတြက္ႀကီးစြာေသာေနာင္တရေနေၾကာင္း သတင္းေတြထြက္လာခဲ့ပါတယ္။ မိန္းကေလးေတြဟာ ဘယ္ေလာက္ပဲအသက္ႀကီးႀကီး ကေလးဆန္တတ္တုန္းပဲ မဟုတ္လား။ ေဒါသထြက္ေနတုန္း လုပ္မိလုပ္ရာေတြလုပ္တတ္ေပမယ့္ ေနာက္မွႀကိတ္ၿပီး ေနာင္တရတတ္တာမ်ိဳးေလ။ ဒါေပမယ့္ အခုေတာ့ အရာအားလုံး လြန္သြားခဲ့ပါၿပီ။

Brad Pitt က Jolie နဲ႔ ကြာရွင္းခဲ့တာကိုလုံးဝေနာင္တမရဘူးလို႔ဆိုပါတယ္။ အတူရွိခဲ့တဲ့အခ်ိန္ေတြမွာ Jolie ရဲ႕ တကယ့္စိတ္အမွန္ကိုသူသိခြင့္မရခဲ့ဘူးလို႔ေတာင္ သံသယျဖစ္ေနခဲ့ပါတယ္တဲ့။ ဘာေၾကာင့္လဲဆိုေတာ့ Brad Pitt ဟာ သူကာလရွည္ၾကာခ်စ္ခဲ့ၿပီး၊လက္ထပ္ခဲ့ၿပီး ကေလးေတြအတူျပဳစုပ်ိဳးေထာင္ခဲ့တဲ့ မိန္းကေလးတစ္ေယာက္က သူ႔ကို မဟုတ္တမ္းတရားေတြစြပ္စြဲၿပီး နာက်င္ေစလိမ့္မယ္လို႔ဘယ္တုန္းကမွမထင္မထားခဲ့လို႔ပါတဲ့။

ဒါေပမယ့္ အျခားေသာသတင္းေတြအရလည္း Jolie နဲ႔ကြဲေနခဲ့တဲ့ လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက Brad Pitt ဟာ ငယ္႐ြယ္ၿပီးခ်စ္ဖို႔ေကာင္းတဲ့၊အံ့မခန္းေအာင္ျမင္မႈေတြရထားတဲ့ Selena Gomez ဆိုတဲ့အဆိုေတာ္ေကာင္မေလးရဲ႕ ေဖ်ာ္ေျဖပြဲေတြကို ခရီးသြားဟန္လႊဲပုံနဲ႔ ဝင္ေရာက္အားေပးေလ့ရွိၿပီး Selena ရဲ႕ အဝတ္လဲခန္းထဲအထိဝင္ၿပီးႏႈတ္ဆက္ဖူးေၾကာင္း၊ အားလပ္ခ်ိန္ေတြမွာ Selena နဲ႔ စကားလက္ဆုံက်ၿပီးေပ်ာ္႐ႊင္ေနတတ္ေၾကာင္းေတြသိရတာမို႔ Brad Pitt က Selena နဲ႔ တြဲခုတ္ခ်င္ေနတာနဲ႔ Jolie နဲ႔ ျပန္ေပါင္းဖို႔စိတ္မပါေတာ့တာဆိုတဲ့ေဝဖန္မႈေတြလည္းထြက္ေနခဲ့ပါတယ္။ Selena ကလည္း Brad Pitt က သူ႔ရဲ႕အခ်စ္ဦးပါလို႔ Interview ေတြမွာေျဖဖူးတယ္မဟုတ္လား။

ပရိသတ္ႀကီးေရာ..ဘယ္လိုထင္လဲ။ Brad Pitt နဲ႔ Jolie တို႔ ဇာတ္လမ္းတစ္ခန္းရပ္သြားရတာဟာ Jolie ရဲ႕ အမွားေတြအျပင္ Selena ပါ ပါဝင္ပတ္သက္ေနမယ္ထင္လား။ ဒါမွမဟုတ္ ေရစက္ကုန္ခ်ိန္တန္လို႔ပဲလို႔ထင္လား။

Unicode …

Angelina Jolie နဲ့ ကွာရှင်းခဲ့တာကိုလုံးဝနောင်တမရဘူးဆိုတဲ့ Brad Pitt

ကာလရှည်ကြာ ချစ်ခဲ့ကြပြီးမှ လမ်းခွဲ ပြတ်စဲခဲ့ကြတဲ့ Celebrity စုံတွဲတွေထဲမှာ Brad Pitt နဲ့ Jolie လည်းပါဝင်ပါတယ်။ အားလုံးလည်း သိကြတဲ့အတိုင်း Brad Pitt နဲ့ Jolie ရဲ့ အချစ်ဇာတ်လမ်းဟာ ဆယ်နှစ်လောက်ကို ကြာမြင့်ခဲ့ပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေရှေ့မှာ စတင်ခဲ့သလို ဂရုတစိုက်စောင့်ကြည့်နေကြတဲ့ မျက်လုံးတွေ ရှေ့မှာပဲ လမ်းခွဲခဲ့ကြရတာပါ။ နှစ်ယောက်စလုံးဟာ ငယ်ရွယ်သေးတဲ့ အချိန်မှာ တွေ့ခဲ့ကြတာဖြစ်ပြီး သူတို့ နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ နက်ရှိုင်းတဲ့ အချစ်တွေက ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေကို အားကျစိတ်ဖြစ်စေခဲ့ပါတယ်။

Brad Pitt နဲ့ Jolie ဟာအကြောင်းအမျိုးမျိုးကြောင့် ကွဲနေကြတာ တစ်နှစ်ကျော်ပြီ ဖြစ်ပေမယ့် အတိအလင်း ကွာရှင်းပြတ်စဲခြင်း မရှိခဲ့ကြတာကြောင့် သူတို့နှစ်ယောက်ပြန်များ ပေါင်းမလားဆိုပြီး ပရိသတ်တွေက မျှော်လင့် နေခဲ့ကြသေးတာပါ။ ဒါပေမယ့် ဒီနှစ် 2018 နှစ်စပိုင်းမှာ Jolie က စပြီး Brad Pitt နဲ့ ကွာရှင်းခွင့်ပေးဖို့ တရားရုံးတော်ကို ဦးတိုက်လျှောက်ထားခဲ့ ချိန်မှာ ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရပါတော့တယ်။ Jolie က Brad Pitt ဟာ အဖေကောင်း မပီသဘူး၊ဖခင်တာဝန်မကျေဘူး၊ကလေးတွေကို ငွေကြေးမထောက်ပံ့ဘူး၊ ကလေးတွေကို ညှင်းပန်းနှိပ်စက်တယ် စသဖြင့် အကြောင်းအရာတွေ တော်တော်များများနဲ့ ကွာရှင်းလို ကြောင်းတောင်းဆိုတာဖြစ်ပြီး ကလေးစားရိတ်လည်း တောင်းဆိုခဲ့ပါတယ်။

Brad Pitt ကတော့ သူတို့ ကွဲနေခဲ့ကတည်းက ကလေးတွေရဲ့စားရိတ်မှန်သမျှကိုရော၊ Jolie နေနေတဲ့ အိမ်ကိုဝယ်ဖို့ပါ ပိုက်ဆံထုတ် ပေးထားခဲ့တာဖြစ်ကြောင်းနဲ့ Jolie က Brad Pitt ကိုကလေးတွေနဲ့တွေ့ခွင့်မရအောင် အမျိုးစုံ နှောက်ယှက်ခဲ့ကြောင်းတွေ ပြန်ဖြေရှင်းထားခဲ့ပါတယ်။ အရှုပ်အရှင်းတွေအားလုံးငြိမ်သွားပြီးတဲ့ နောက်မှာတော့ Jolie ဟာ Brad Pitt ကို လွမ်းစပြုနေသလို သူလုပ်ခဲ့တာတွေကိုလည်းနောင်တရနေကြောင်း၊ Brad Pitt နဲ့ ကွာရှင်းလိုက်ခြင်းအတွက်ကြီးစွာသောနောင်တရနေကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်။ မိန်းကလေးတွေဟာ ဘယ်လောက်ပဲအသက်ကြီးကြီး ကလေးဆန်တတ်တုန်းပဲ မဟုတ်လား။ ဒေါသထွက်နေတုန်း လုပ်မိလုပ်ရာတွေလုပ်တတ်ပေမယ့် နောက်မှကြိတ်ပြီး နောင်တရတတ်တာမျိုးလေ။ ဒါပေမယ့် အခုတော့ အရာအားလုံး လွန်သွားခဲ့ပါပြီ။

Brad Pitt က Jolie နဲ့ ကွာရှင်းခဲ့တာကိုလုံးဝနောင်တမရဘူးလို့ဆိုပါတယ်။ အတူရှိခဲ့တဲ့အချိန်တွေမှာ Jolie ရဲ့ တကယ့်စိတ်အမှန်ကိုသူသိခွင့်မရခဲ့ဘူးလို့တောင် သံသယဖြစ်နေခဲ့ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ Brad Pitt ဟာ သူကာလရှည်ကြာချစ်ခဲ့ပြီး၊လက်ထပ်ခဲ့ပြီး ကလေးတွေအတူပြုစုပျိုးထောင်ခဲ့တဲ့ မိန်းကလေးတစ်ယောက်က သူ့ကို မဟုတ်တမ်းတရားတွေစွပ်စွဲပြီး နာကျင်စေလိမ့်မယ်လို့ဘယ်တုန်းကမှမထင်မထားခဲ့လို့ပါတဲ့။

ဒါပေမယ့် အခြားသောသတင်းတွေအရလည်း Jolie နဲ့ကွဲနေခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တွေကတည်းက Brad Pitt ဟာ ငယ်ရွယ်ပြီးချစ်ဖို့ကောင်းတဲ့၊အံ့မခန်းအောင်မြင်မှုတွေရထားတဲ့ Selena Gomez ဆိုတဲ့အဆိုတော်ကောင်မလေးရဲ့ ဖျော်ဖြေပွဲတွေကို ခရီးသွားဟန်လွှဲပုံနဲ့ ဝင်ရောက်အားပေးလေ့ရှိပြီး Selena ရဲ့ အဝတ်လဲခန်းထဲအထိဝင်ပြီးနှုတ်ဆက်ဖူးကြောင်း၊ အားလပ်ချိန်တွေမှာ Selena နဲ့ စကားလက်ဆုံကျပြီးပျော်ရွှင်နေတတ်ကြောင်းတွေသိရတာမို့ Brad Pitt က Selena နဲ့ တွဲခုတ်ချင်နေတာနဲ့ Jolie နဲ့ ပြန်ပေါင်းဖို့စိတ်မပါတော့တာဆိုတဲ့ဝေဖန်မှုတွေလည်းထွက်နေခဲ့ပါတယ်။ Selena ကလည်း Brad Pitt က သူ့ရဲ့အချစ်ဦးပါလို့ Interview တွေမှာဖြေဖူးတယ်မဟုတ်လား။

ပရိသတ်ကြီးရော..ဘယ်လိုထင်လဲ။ Brad Pitt နဲ့ Jolie တို့ ဇာတ်လမ်းတစ်ခန်းရပ်သွားရတာဟာ Jolie ရဲ့ အမှားတွေအပြင် Selena ပါ ပါဝင်ပတ်သက်နေမယ်ထင်လား။ ဒါမှမဟုတ် ရေစက်ကုန်ချိန်တန်လို့ပဲလို့ထင်လား။