ဒိတ္ဒိတ္ႀကဲ မင္းသမီး ၂ ေယာက္နဲ႔ အမိုက္စား ႐ုပ္ရွင္႐ိုက္ဦးမယ့္ ေဒါင္း

ဒိတ္ဒိတ္ႀကဲ မင္းသမီး ၂ ေယာက္နဲ႔ အမိုက္စား ႐ုပ္ရွင္႐ိုက္ဦးမယ့္ ေဒါင္း

ယခု ေနာက္ပိုင္း ႏွစ္ေတြ ထဲမွာမွ ပရိသတ္ အားေပးမႈ ႀကီးႀကီး မားမား ရရွိခဲ့ၿပီး ႏႈတ္ခမ္းနီ မေလးေတြရဲ႕ အသည္းစြဲ ျဖစ္လာတဲ့ မင္းသားေဒါင္း တေယာက္ ကေတာ့ လက္ရွိမွာ ႐ုပ္ရွင္ ဇာတ္ကားႀကီးေတြ အဆက္ မျပတ္ ႐ိုက္ေန ရတာကို ေတြ႕ ရမွာပါ။ မင္းသား ေဒါင္းကေတာ့ ဒ႑ာရီမိုး ဇာတ္ကား ႐ိုက္ၿပီး ေနာက္မွာေတာ့ ဆရာမ ခင္ခင္ထူးရဲ႕ “ဝတ္လဲေတာ္ ေ႐ႊပုဆိုး တန္းထိုးလို႔ ႀကိဳမယ္” ဆိုတဲ့ ဇာတ္ကားကို ႐ိုက္ဖို႔ ရွိေနၿပီး ဒီထဲမွာေတာ့ ဘယ္လို သ႐ုပ္ေဆာင္ ရမယ္ ဘယ္ မင္းသမီးနဲ႔ သ႐ုပ္ေဆာင္ရမလဲ ဆိုတာကိုေတာ့ ေျပာၾကား သြားခဲ့ပါတယ္။

ေဒါင္း ကေတာ့ Mc နဲ႔ အင္တာဗ်ဴးတြင္ “ေနာက္ထပ္ ကေတာ့ က်ေနာ္ ေ႐ႊပုဆိုး ႐ိုက္မယ္။ ဖတ္ၾကည့္ၿပီးၿပီ က်ေနာ္ အဲ့ဝတၳဳကို ဖတ္ၿပီးၿပီ သူတို႔ ကမ္းလွမ္း လာတဲ့ အခ်ိန္မွာ ဒီဇာတ္ေကာင္ကို က်ေနာ္ စိတ္ကူး ယဥ္ၾကည့္ လိုက္တယ္။ ဒီဇာတ္ေကာင္ကို လုပ္ရမယ့္ အပိုင္းက က်ေနာ့္မွာ စိန္ေခၚမႈေတြ အမ်ားႀကီးပဲ။ ဘာလို႔လဲ ဆိုေတာ့ အမ်ားႀကီး ေျပာင္းလဲရမွာ က်ေနာ့္ရဲ႕ ေျပာင္းလဲမႈက ကိုက်ီးညိဳ ျဖစ္မျဖစ္ကို ေဝဖန္ မႈေတြ ေတာင္းခံပါတယ္။ တူတူ ေျပာင္းလဲ ၾကည့္ၾကတာေပါ့”

“က်ေနာ္ ယုံၾကည္ တာကေတာ့ အဓိက ကေတာ့ သ႐ုပ္ေဆာင္ တေယာက္က စိတ္ပဲ။ ဘယ္ကာ႐ိုက္တာျဖစ္ျဖစ္ စိတ္က အဓိကပါပဲ။ ၿပီးေတာ့ ဆရာမနဲ႔လည္း စကားေျပာ ျဖစ္တယ္။ ဘယ္လို ေနရာမွာ အဲ့လိုလူေတြ ရွိလဲ။ ဘယ္လို ေနရာမွာ သြားၿပီးေတာ့ ေလ့လာ သင့္လဲ” ။

“မင္းသမီးေတြ ကေတာ့ မကစ္နဲ႔ မေအးေသာင္းလို႔ ေျပာတာ ၾကားတယ္။ ဒါေပမယ့္လည္း ထုတ္လုပ္ေရး ေတြက ေျပာတာ ကေတာ့ ပိုၿပီးေတာ့ ေသခ်ာမယ္ ထင္ပါတယ္။ အဲ့ အပိုင္းကို ေသခ်ာမသိဘူး။ ကားကေတာ့ ဒီလထဲမွာ စ႐ိုက္မွာပါ” ။

“ဇာတ္လမ္းေတြ ေ႐ြးခ်ယ္ တာေကတာ့ က်ေနာ့္စိတ္ ခံစားခ်က္နဲ႔ ဆိုင္တာကို က်ေနာ့္ စိတ္ထဲမွာ သူတို႔က ရွိၿပီးသား က်ေနာ့္ စိတ္ခံစားခ်က္ကို ေတြးလိုက္ရင္ သူတို႔က ပါၿပီးသား။ ဒါေၾကာင့္ က်ေနာ့္႐ိုက္တဲ့ ကားေတြကို ပရိသတ္ အေနနဲ႔ စၿပီးေတာ့ ခံစားတယ္။ ၾကည့္သင့္ ၾကည့္ထိုက္လားေပါ့။ ၿပီးေတာ့ ဘယ္လို ခံယူခ်က္နဲ႔ ႐ိုက္တာလဲေပါ့။ ဒီဇာတ္ကားကို ႐ိုက္မယ့္ ဒါ႐ိုက္တာ ထုတ္လုပ္သူ ေတြက ဇာတ္ကားအေပၚ ဘယ္ေလာက္ တန္ဖိုး ထားလဲဆိုတာ ေတြးတယ္။ က်ေနာ္က မင္းသား မျဖစ္ခ်င္ဘူး။ သ႐ုပ္ေဆာင္ တေယာက္ျဖစ္ခ်င္တာ” ဟု ေျပာၾကား သြားခဲ့ပါတယ္။ ပရိသတ္ႀကီး ထဲမွာလည္း မင္းသား ေဒါင္းကို အားေပး ၾကမယ့္ သူေတြ ရွိၾကမယ္ ထင္ပါတယ္။

Unicode …

ဒိတ်ဒိတ်ကြဲ မင်းသမီး ၂ ယောက်နဲ့ အမိုက်စား ရုပ်ရှင်ရိုက်ဦးမယ့် ဒေါင်း

ယခု နောက်ပိုင်း နှစ်တွေ ထဲမှာမှ ပရိသတ် အားပေးမှု ကြီးကြီး မားမား ရရှိခဲ့ပြီး နှုတ်ခမ်းနီ မလေးတွေရဲ့ အသည်းစွဲ ဖြစ်လာတဲ့ မင်းသားဒေါင်း တယောက် ကတော့ လက်ရှိမှာ ရုပ်ရှင် ဇာတ်ကားကြီးတွေ အဆက် မပြတ် ရိုက်နေ ရတာကို တွေ့ ရမှာပါ။ မင်းသား ဒေါင်းကတော့ ဒဏ္ဍာရီမိုး ဇာတ်ကား ရိုက်ပြီး နောက်မှာတော့ ဆရာမ ခင်ခင်ထူးရဲ့ “ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ်” ဆိုတဲ့ ဇာတ်ကားကို ရိုက်ဖို့ ရှိနေပြီး ဒီထဲမှာတော့ ဘယ်လို သရုပ်ဆောင် ရမယ် ဘယ် မင်းသမီးနဲ့ သရုပ်ဆောင်ရမလဲ ဆိုတာကိုတော့ ပြောကြား သွားခဲ့ပါတယ်။

ဒေါင်း ကတော့ Mc နဲ့ အင်တာဗျူးတွင် “နောက်ထပ် ကတော့ ကျနော် ရွှေပုဆိုး ရိုက်မယ်။ ဖတ်ကြည့်ပြီးပြီ ကျနော် အဲ့ဝတ္ထုကို ဖတ်ပြီးပြီ သူတို့ ကမ်းလှမ်း လာတဲ့ အချိန်မှာ ဒီဇာတ်ကောင်ကို ကျနော် စိတ်ကူး ယဉ်ကြည့် လိုက်တယ်။ ဒီဇာတ်ကောင်ကို လုပ်ရမယ့် အပိုင်းက ကျနော့်မှာ စိန်ခေါ်မှုတွေ အများကြီးပဲ။ ဘာလို့လဲ ဆိုတော့ အများကြီး ပြောင်းလဲရမှာ ကျနော့်ရဲ့ ပြောင်းလဲမှုက ကိုကျီးညို ဖြစ်မဖြစ်ကို ဝေဖန် မှုတွေ တောင်းခံပါတယ်။ တူတူ ပြောင်းလဲ ကြည့်ကြတာပေါ့”

“ကျနော် ယုံကြည် တာကတော့ အဓိက ကတော့ သရုပ်ဆောင် တယောက်က စိတ်ပဲ။ ဘယ်ကာရိုက်တာဖြစ်ဖြစ် စိတ်က အဓိကပါပဲ။ ပြီးတော့ ဆရာမနဲ့လည်း စကားပြော ဖြစ်တယ်။ ဘယ်လို နေရာမှာ အဲ့လိုလူတွေ ရှိလဲ။ ဘယ်လို နေရာမှာ သွားပြီးတော့ လေ့လာ သင့်လဲ” ။

“မင်းသမီးတွေ ကတော့ မကစ်နဲ့ မအေးသောင်းလို့ ပြောတာ ကြားတယ်။ ဒါပေမယ့်လည်း ထုတ်လုပ်ရေး တွေက ပြောတာ ကတော့ ပိုပြီးတော့ သေချာမယ် ထင်ပါတယ်။ အဲ့ အပိုင်းကို သေချာမသိဘူး။ ကားကတော့ ဒီလထဲမှာ စရိုက်မှာပါ” ။

“ဇာတ်လမ်းတွေ ရွေးချယ် တာကေတာ့ ကျနော့်စိတ် ခံစားချက်နဲ့ ဆိုင်တာကို ကျနော့် စိတ်ထဲမှာ သူတို့က ရှိပြီးသား ကျနော့် စိတ်ခံစားချက်ကို တွေးလိုက်ရင် သူတို့က ပါပြီးသား။ ဒါကြောင့် ကျနော့်ရိုက်တဲ့ ကားတွေကို ပရိသတ် အနေနဲ့ စပြီးတော့ ခံစားတယ်။ ကြည့်သင့် ကြည့်ထိုက်လားပေါ့။ ပြီးတော့ ဘယ်လို ခံယူချက်နဲ့ ရိုက်တာလဲပေါ့။ ဒီဇာတ်ကားကို ရိုက်မယ့် ဒါရိုက်တာ ထုတ်လုပ်သူ တွေက ဇာတ်ကားအပေါ် ဘယ်လောက် တန်ဖိုး ထားလဲဆိုတာ တွေးတယ်။ ကျနော်က မင်းသား မဖြစ်ချင်ဘူး။ သရုပ်ဆောင် တယောက်ဖြစ်ချင်တာ” ဟု ပြောကြား သွားခဲ့ပါတယ်။ ပရိသတ်ကြီး ထဲမှာလည်း မင်းသား ဒေါင်းကို အားပေး ကြမယ့် သူတွေ ရှိကြမယ် ထင်ပါတယ်။