ဘာစီလိုနာကို ျပန္မယ္လို႔ အတိအလင္း ထုတ္ေျပာလာတဲ့ ဂြါဒီယိုလာ

ဘာစီလိုနာကို ျပန္မယ္လို႔ အတိအလင္း ထုတ္ေျပာလာတဲ့ ဂြါဒီယိုလာ

လက္ရွိေဘာလုံးေလာကမွာ အေကာင္းဆုံးနဲ႔ အေတာ္ဆုံးနည္းျပတစ္ေယာက္ကို ေ႐ြးထုတ္ျပပါဆိုရင္ မန္စီးတီးနည္းျပဂြါဒီယိုလာကိုပဲ ၫႊန္းဆိုရမွာပါ။ ဂြါဒီယိုလာရဲ႕ေဘာလုံးအေတြးအေခၚ၊ ဂြါဒီယိုလာရဲ႕နည္းဗ်ဴဟာေတြက တကယ့္ကို အဆင့္အတန္းျမင့္မားၿပီး လက္ဖ်ားခါခ်င္စရာလို႔ဆိုရမွာပါ။ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္နဲ႔ လက္ရွိမန္စီးတီးအသင္းတို႔မွာ ဂြါဒီယိုလာစြမ္းေဆာင္ခဲ့တဲ့အရာေတြက တကယ့္ကို အသိအမွတ္ျပဳသင့္တဲ့အရာေတြပဲ ျဖစ္ပါတယ္။

သူကိုယ္သူ သက္ေသျပႏိုင္ဖို႔အတြက္၊ စိန္ေခၚမႈေတြကို ရင္ဆိုင္ခ်င္ဖို႔အတြက္ ဂြါဒီယိုလာဟာ ျပည္ပထြက္လာေပမယ့္ သူ႔ရင္ထဲမွာေတာ့ ဘာစီလိုနာက အၿမဲတမ္းကိန္းေအာင္ေနပါတယ္။ သူ႔ကို ပ်ိဳးေထာင္ေပးခဲ့တဲ့ ကက္တလန္ကို ဂြါဒီယိုလာတစ္ေယာက္ ဘယ္လိုလုပ္ေမ့ရက္ႏိုင္မွာလဲ။

ကတ္တလန္မွာေမြး၊ ကတ္တလန္မွာႀကီးပ်င္းခဲ့တဲ့ ဂြါဒီယိုလာရဲ႕စိတ္ထဲမွာေတာ့ တစ္ေန႔ကတ္တလန္ကို ျပန္မယ္ဆိုတဲ့စိတ္ဟာ အၿမဲတမ္းကိန္းေအာင္းေနပါတယ္။ အဲဒီဟာကို ဂြါဒီယိုလာက ၿပီးခဲ့တဲ့အင္တာဗ်ဴးတစ္ခုမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ မၾကာခင္မွာ ဒါမွမဟုတ္ ေနာက္တစ္ခ်ိန္ခ်ိန္က်ရင္ ဘာစီလိုနာကို ျပန္မွာပါ။ ဒါေပမယ့္ ဥကၠ႒တစ္ေယာက္အေနနဲ႔ေတာ့ မဟုတ္ပါဘူး။ ဥကၠ႒တစ္ေယာက္အျဖစ္ ေဆာင္႐ြက္ႏိုင္တဲ့ အရည္အခ်င္း ကြၽန္ေတာ့္မွာ မရွိပါဘူး။

ကြၽန္ေတာ့္ဟာ ျပည့္စုံတဲ့နည္းျပတစ္ေယာက္ျဖစ္ဖို႔ ႀကိဳးစားေနၿပီး ဘာစီလိုနာကို ျပန္သြားမွာပါ။ မၾကာခင္ ဒါမွမဟုတ္ ေနာင္တစ္ခ်ိန္ခ်ိန္မွာေပါ့ဗ်ာ”လို႔ ဂြါဒီယိုလာက ေျပာဆိုသြားခဲ့တာပါ။

Unicode ….

ဘာစီလိုနာကို ပြန်မယ်လို့ အတိအလင်း ထုတ်ပြောလာတဲ့ ဂွါဒီယိုလာ

လက်ရှိဘောလုံးလောကမှာ အကောင်းဆုံးနဲ့ အတော်ဆုံးနည်းပြတစ်ယောက်ကို ရွေးထုတ်ပြပါဆိုရင် မန်စီးတီးနည်းပြဂွါဒီယိုလာကိုပဲ ညွှန်းဆိုရမှာပါ။ ဂွါဒီယိုလာရဲ့ဘောလုံးအတွေးအခေါ်၊ ဂွါဒီယိုလာရဲ့နည်းဗျူဟာတွေက တကယ့်ကို အဆင့်အတန်းမြင့်မားပြီး လက်ဖျားခါချင်စရာလို့ဆိုရမှာပါ။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ လက်ရှိမန်စီးတီးအသင်းတို့မှာ ဂွါဒီယိုလာစွမ်းဆောင်ခဲ့တဲ့အရာတွေက တကယ့်ကို အသိအမှတ်ပြုသင့်တဲ့အရာတွေပဲ ဖြစ်ပါတယ်။

သူကိုယ်သူ သက်သေပြနိုင်ဖို့အတွက်၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်ဖို့အတွက် ဂွါဒီယိုလာဟာ ပြည်ပထွက်လာပေမယ့် သူ့ရင်ထဲမှာတော့ ဘာစီလိုနာက အမြဲတမ်းကိန်းအောင်နေပါတယ်။ သူ့ကို ပျိုးထောင်ပေးခဲ့တဲ့ ကက်တလန်ကို ဂွါဒီယိုလာတစ်ယောက် ဘယ်လိုလုပ်မေ့ရက်နိုင်မှာလဲ။

ကတ်တလန်မှာမွေး၊ ကတ်တလန်မှာကြီးပျင်းခဲ့တဲ့ ဂွါဒီယိုလာရဲ့စိတ်ထဲမှာတော့ တစ်နေ့ကတ်တလန်ကို ပြန်မယ်ဆိုတဲ့စိတ်ဟာ အမြဲတမ်းကိန်းအောင်းနေပါတယ်။ အဲဒီဟာကို ဂွါဒီယိုလာက ပြီးခဲ့တဲ့အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ မကြာခင်မှာ ဒါမှမဟုတ် နောက်တစ်ချိန်ချိန်ကျရင် ဘာစီလိုနာကို ပြန်မှာပါ။ ဒါပေမယ့် ဥက္ကဋ္ဌတစ်ယောက်အနေနဲ့တော့ မဟုတ်ပါဘူး။ ဥက္ကဋ္ဌတစ်ယောက်အဖြစ် ဆောင်ရွက်နိုင်တဲ့ အရည်အချင်း ကျွန်တော့်မှာ မရှိပါဘူး။

ကျွန်တော့်ဟာ ပြည့်စုံတဲ့နည်းပြတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပြီး ဘာစီလိုနာကို ပြန်သွားမှာပါ။ မကြာခင် ဒါမှမဟုတ် နောင်တစ်ချိန်ချိန်မှာပေါ့ဗျာ”လို့ ဂွါဒီယိုလာက ပြောဆိုသွားခဲ့တာပါ။